【အလှအပနှင့်ကျန်းမာရေး 】Attention Deficit Hyperactivity Disorder (ADHD) (ဂနာမငြိမ် အသွက်လွန်ခြင်း)

【အလှအပနှင့်ကျန်းမာရေး 】Attention Deficit Hyperactivity Disorder (ADHD) (ဂနာမငြိမ် အသွက်လွန်ခြင်း)

ADHD လို့အတိုကောက်ခေါ်ကြတဲ့ ရောဂါဟာ ကလေးတွေမှာတွေ့ရများတဲ့ ဂနာမငြိမ် အသွက်လွန်တဲ့ရောဂါဖြစ်ပါတယ်။

ADHD ဟာ အရွယ်ရောက်ချိန်မှာ

ရောဂါလက္ခဏာလျော့နည်းသွားနိုင်ပါတယ်။

ဒါ‌ပေမယ့်တချို့လူတွေမှာတော့ အရွယ်ရောက်တဲ့အချိန်ထိ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ADHD ရောဂါကြောင့် ကလေးရဲ့ပေါင်းသင်းဆက်ဆံရေး၊ ကလေးရဲ့စွမ်းဆောင်ရည်စတဲ့ လုပ်ဆောင်မှုတွေ ကိုထိခိုက်နိုင်ပါတယ်။

ဂနာမငြိမ်အသွက်လွန်တဲ့ ADHD ရောဂါလက္ခဏာတွေက‌တော့

  • အာရုံမစိုက်နိုင်ခြင်း

(ကျောင်းသင်ခန်းစာများတွင်အာရုံမစိုက်နိုင်ခြင်း၊ အလုပ်တစ်ခုထဲအပေါ်မှာ အာရုံမစိုက်နိုင်ခြင်း၊ ကစားနည်းတစ်မျိုးထဲအပေါ်မှာ အာရုံမစိုက်နိုင်ခြင်း)

  • စိတ်အာရုံပျံ့လွင့်လွယ်ခြင်း

(‌ကျောင်းမှာဆရာဆရာမစာသင်နေချိန်တွင် အာရုံစူးစိုက်မှုမရှိခြင်း၊

 စိတ်အာရုံစူးစိုက်မှုလိုအပ်သည့် ကစားနည်း၊သင်ခန်းစာများသင်ချိန်တွင် စိတ်ပျံ့လွင့်ခြင်း)

  • အငြိမ်မနေနိုင်ခြင်း

(တစ်နေရာထဲတွင် ငြိမ်ငြိမ်မနေနိုင်ခြင်း၊လူကြီးကငြိမ်ငြိမ်နေခိုင်းချိန်တွင် ပြေးလွှားနေခြင်း)

  • စကားအလွန်အမင်းများခြင်း

(အခြားသူစကားပြောချိန်တွင် စကားဖြတ်၍ အဆက်မပြတ်ပြောခြင်း) စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

 ADHD ဖြစ်နိုင်ချေများစေတဲ့အချက်တွေကတော့

  • မိသားစုမျိုးရိုးထဲမှာ ADHD ရောဂါဖြစ်ဖူးသူများ
  • ကိုယ်ဝန်ဆောင်ချိန်တွင် အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်း
  • လမစေ့ပဲမွေးဖွားသောကလေးများ
  • ပတ်ဝန်းကျင်တွင် (lead)ခဲဆိပ် ထိတွေ့မှုရှိသူများ စတဲ့ကလေးတွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။

ADHD ဖြစ်နိုင်ချေကိုလျော့ချဖို့အတွက်

  • ကိုယ်ဝန်ဆောင်ချိန်မှာ အရက်ဆေးလိပ်၊မူးယစ်ဆေးဝါးသုံးစွဲမှုကိုရှောင်ကြဉ်သင့်ပါတယ်။
  • ပတ်ဝန်းကျင်မှာခဲဆိပ်ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ခြင်း
  • အသက် ၅နှစ်အောက်ကလေးများကို တီဗီဂိမ်း၊ဗီဒီယိုဂိမ်းများ အလွန်အကျွံ ဆော့ကစားခြင်း ကိုလျော့ချခြင်း စတဲ့နည်းလမ်းတွေနဲ့ ရောဂါဖြစ်နိုင်ချေကို လျော့ချနိုင်ပါတယ်။

ADHD ကြောင့်ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါသလဲ?

  • ကျောင်းသင်ခန်းစာတွေမှာအာရုံမစိုက်နိုင်ခြင်းကြောင့် ကလေးရဲ့မိမိကိုယ်ကိုယုံကြည်မှုကျဆင်းခြင်း၊အတန်းထဲတွင် စွမ်းဆောင်ရည်ရမှတ်များကြောင့် စိတ်ဖိစီးမှုခံစားရခြင်း
  • ရွယ်တူကလေးများနဲ့ပေါင်းသင်းဆက်ဆံရေးတွင်ခက်ခဲခြင်း
  • ကလေးအရွယ်တွင်စိတ်ဒဏ်ရာရမှုကြောင့် အရွယ်ရောက်ချိန်တွင် အရက်မူးယစ်ဆေးဝါးများသုံးစွဲနိုင်ချေမြင့်မားခြင်း စတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ADHD ရောဂါကိုဘယ်လိုကုသနိုင်ပါသလဲ?

  • ADHD ရောဂါကို ဆေးဝါးများ၊ ကုထုံးနည်းလမ်းအမျိုးမျိုးနဲ့ကုသနိုင်ပါတယ်။
  • တရားထိုင်ခြင်း၊ယောဂ လေ့ကျင့်ခန်းများပြုလုပ်ခြင်း
  • မိဘ၊ဆရာပူးပေါင်း၍ ကလေးကို စိတ်ရှည်စွာ အာရုံစူးစိုက်မှုရနိုင်ဖို့ လေ့ကျင့်ခန်းများ၊ ကစားနည်းများ ပြုလုပ်ပေးခြင်း၊
  • social skill လို့‌ ခေါ်တဲ့ပေါင်းသင်းဆက်ဆံရေးကောင်းစေမယ့် training သင်ကြားရေးသင်ခန်းစာများလေ့ကျင့်ခြင်း

စသဖြင့် ဆေးဝါးများအပြင် နည်းလမ်းအမျိုးမျိုးနဲ့ကုသနိုင်ပါတယ်။

ကလေးအရွယ်ဟာ ဆော့ကစားတဲ့အရွယ်ဖြစ်လို့ခုန်ပေါက်ပြေးလွှားခြင်းဟာပုံမှန်ကလေးတွေမှာလည်း တွေ့ရနိုင်ပါတယ်။

မိမိကလေးဟာပုံမှန်ထက်ပိုပြီးဂနာမငြိမ်ဖြစ်တယ်လို့ခံစားရရင်တော့ ကလေးအထူးကုဆရာဝန်ထံသွားရောက်ပြသပြီးလိုအပ်ပါကထိရောက်တဲ့ကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။

 

Dr.Phyu

Photo crd