【 ဆောင်းပါး 】 “အရှေ့တောင်အာရှနိုင်ငံများနှင့် ကိုရိုနာဗိုင်းရပ်စ်ဂယက်”

【 ဆောင်းပါး 】 “အရှေ့တောင်အာရှနိုင်ငံများနှင့် ကိုရိုနာဗိုင်းရပ်စ်ဂယက်”

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့က တရုတ်နိုင်ငံ ဝူဟန်မြို့သို့ အသစ်အဆန်းလက်ဆောင်တစ်ခု ရောက်ရှိလာခဲ့သည်။လက်ဆောက်အမည်က ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ဟူသော ကူးစက်အဖျားရောဂါပိုးဖြစ်သည်။

ဝူဟန်မြို့သို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ရှိလာခဲ့သော COVID – 19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကူးစက်ခံရသူပေါင်း ၈၃, ၀၀၀ အထိရှိပြီး သေဆုံးသူ ၂၈၅၀ ကျော်အထိ ရှိလာခဲ့သည်။ထိုသို့သောအနေအထားက COVID – 19 မှာ အလွန်စိုးရိမ်ဖွယ်ရာ ကူးစက်ရောဂါအဖြစ် ကမ္ဘာကြီးက သတိထားစောင့်ကြည့်လာခဲ့ရသည်။

လက်ရှိအချိန်ထိ COVID – 19 ကူးစက်ရောဂါ ပျံ့နှံ့မှုသည် တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အီတလီ၊ ဘရာဇီးနှင့် ဖင်လန်နိုင်ငံကဲ့သို့သော နိုင်ငံများအထိ ခြေဆန့်လာခဲ့သည်ကို တွေ့ကြရသည်။သို့တစေ COVID – 19 ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ ထူးခြားမှုမှာ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအို၊ ဘရူနိုင်း၊ အရှေ့တီမော၊ အင်ဒိုနီးရှား စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးတစ်ယောက်မှ တွေ့ရှိမှုမရှိသေးခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံဆိုလျှင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့ကို နေ့စဉ်တိုက်ရိုက် လေယာဉ်ခရီးစဉ် ရှိနေဆဲဖြစ်သည်။ဆိုရလျှင် အရှေ့တောင်အာရှနိုင်ငံများ အားလုံးနီးပါးလောက်သည် တရုတ်နိုင်ငံနှင့် စီးပွားရေးအရ မကင်းရာမကင်းကြောင်း နိုင်ငံများဖြစ်သည်။တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းအများစုသည် အရှေ့တောင်အာရှဒေသတွင် အကြီးဆုံးဖြစ်သည်။ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့သည်။သိုသိုသိပ်သိပ် ပြုလုပ်ကျင်းပခဲ့သော အစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများအနေနဲ့ တရုတ်နိုင်ငံနှင့် အတူလက်တွဲကာ ကူးစက်ရောဂါကို ကြံ့ကြံ့ခံတွန်းလှန်သွားမည့် ရည်ရွယ်ချက်ကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။

လက်ရှိ တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ဖြစ်ပွားနေသော ဗိုင်းရပ်စ်သည် တုပ်ကွေးအဖျားရောဂါကဲ့သို့ ကူးစက်ပျံ့နှံ့လွယ်သည်။ကူးစက်ပျံ့နှံ့မှုရပ်တန့်ရန်လည်း အလွန်တရာခက်ခဲလှသည်ဟု ဘန်ကောက်အခြေစိုက် လန်ဒန် ရောဂါကာကွယ်ရေးနှင့် အပူပိုင်းဆိုင်ရာ ဆေးပညာကျောင်းမှ ဂုဏ်ထူးဆောင်ပါမောက္ခ ရစ်ချက်ကိုကာ က ပြောကြားခဲ့သည်။ဗိုင်းရပ်စ်ကူးစက်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်က အရှေ့တောင်အာရှနိုင်ငံများမှ အစိုးရအတော်များများက ကူးစက်ရောဂါ၏ ခြိမ်းခြောက်မှုအပေါ် များစွာအလေးထားခဲ့ခြင်းရှိပုံမရဟု ဆိုသည်။ဆိုရလျှင် အများပြည်သူကျန်းမာရေးအတွက် တင်းတင်းကြပ်ကြပ် ကြိုတင်ကာကွယ်ခြင်း၊ သတိပေးမှုပြုခြင်းမျိုးထက် ကြက်သွန် နီနှင့် အရက်သို့သော ဆေးမြီးတိုများက ဗိုင်းရပ်စ်ပိုးကို ကောင်းစွာဖယ်ရှားပေးနိုင်သည်ဟူသော ပြောဆိုမှုများပင် ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံဆိုလျှင် ဝူဟန်ခရီးစဉ်အချို့မှအပ တရုတ်နိုင်ငံ လေကြောင်းခရီးစဥ်များကို ဖျက်သိမ်းပေးခြင်းမရှိဟု သိရသည်။ထို့အပြင် ၀ူဟန်မြို့တွင် သောင်တင်နေသော နိုင်ငံသားများကို အရှေ့တောင်အာရှနိုင်ငံများက အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နေသည့်တိုင်အောင် ကမ္ဘောဒီးယားနိုင်ငံက ပြန်လည်ခေါ်ဆောင်ခြင်းမရှိဟုလည်း သိရသည်။လိုအပ်သည့်အချိန်တွင် မိတ်ဆွေအဖြစ်နေပေးခြင်းသည်သာ မိတ်ဆွေစစ်မိတ်ဆွေမှန်ဖြစ်သည်ဟူသော စာသားကိုပင် ကမ္ဘောဒီးယားဝန်ကြီးချုပ်က သူ၏ဖေ့ဘွတ်ခ်စာမျက်နှာပေါ်တွင် တင်ခဲ့ပါသေးသည်။

ကယ်လီဖိုးနီးယားပြည်နယ် အနောက်တိုင်းကောလိပ်မှ ကမ္ဘောဒီးယားနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ ဆိုဖာလီယာ ကတော့ ကမ္ဘောဒီးယားနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါရှာဖွေစစ်ဆေးမှုတို့နှင့် ပတ်သက်လျှင် အားနည်းမှုအရှိဆုံးနိုင်ငံဖြစ်ကြောင်း သုံးသပ်ခဲ့ပါသည်။
ယခုလအစောပိုင်းလောက်က ဟားဗတ် အများပြည်သူကျန်းမာရေးဆိုင်ရာကျောင်းမှ သုတေသီ ၅ ဦး၏ လေ့လာဆန်းစစ်မှုအရ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရောဂါကူးစက်ခံရသူအရေအတွက်နှင့် ပတ်သက်သည့် စာရင်းကိန်းဂဏန်းမှာ ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း၊ အလားတူပင် ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာတစ်ဦးမှမရှိဟူသော အစီရင်ခံမှုမှာလည်း မယုံကြည်နိုင်ဖွယ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဟားဗတ် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာစင်တာမှ ညွှန်မှူး မတ်လစ်ဆစ်ချ်ကမူ ထိုသို့သော အရှေ့တောင်အာရှနိုင်ငံများတွင် ရောဂါကူးစက်ခံရသူမရှိခြင်းမှာ အလွန်ကံကောင်းလှကြောင်း ပြောကြားခဲ့သည်။အင်ဒိုနီးရှားနိုင်ငံဆိုလျှင် နှစ်စဉ် တရုတ်လူမျိုးခရီးသွား ၂ သန်းရှိကြောင်း၊ ဘာလီကျွန်းရှိ တရုတ်ကောင်စစ်ဝန်ရုံး၏ အဆိုအရ ဘာလီသို့လာရောက်လည်ပတ်သည့် တရုတ်လူမျိုး ခရီးသွား ၅၀၀၀ အနက် ၂၀၀ မှာ ဝူဟန်မြို့မှဖြစ်သည်ဟု ဆိုသည်။ဘာလီသို့လာရောက်သော တရုတ်လူမျိုးခရီးသွားများတွင် ရောဂါကူးစက်ခံရသူ မတွေ့ရှိဟု အင်ဒိုနီးရှားဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

ဟားဗတ် ကူးစက်ရောဂါပျံ့နှံ့ကာကွယ်ခြင်းဆိုင်ရာ ပညာရှင် လစ်ဆစ်ချ်ကမူ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ကမ္ဘာ့လူဦးရေ၏ ၄၀ မှ၍ ၇၀ ရာခိုင်နှုန်းလောက်ကို ကူးစက်ခံထားရဖွယ်ရှိသည်ဟု ခန့်မှန်းခဲ့သည်။သို့တစေ ဗိုင်းရပ်စ်ကူးစက်ခံထားရသူအားလုံးမှာ ဖျားနာခြင်းဖြစ်ချင်မှဖြစ်မည်ဟု ဆိုသည်။အင်ဒိုနီးရှားနိုင်ငံ၏ ကျန်းမာရေးအရာရှိတို့ကမူ သူတို့အနေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း လမ်းညွှန်ထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေကြောင်း အထူးသဖြင့် လေဆိပ်များတွင် ကိုယ်အပူချိန်စစ်ဆေးမှုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အခြားသော အရှေ့တောင်အာရှနိုင်ငံများသည်လည်း ဗိုင်းရပ်စ်နှင့်ပတ်သက်၍ အလားတူ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်သော်လည်း လေ့လာဆန်းစစ်မှုအရ နယ်စပ်ဝင်ပေါက်နေရာများတွင် စစ်ဆေးမှုများမှာ ထိရောက်မှုမရှိဟု ဆိုကြသည်။

အင်ဒိုနီးရှားနိုင်ငံအစိုးရ၏ ပြောကြားမှုအရ ဖေဖော်ဝါရီလ ၂ ရက်နေ့က ဝူဟန်မှနေ၍ အမိနိုင်ငံသို့ ပြန်လည်ခေါ် ဆောင်လာသော အင်ဒိုနီးရှားနိုင်ငံသား ၁၄၃ ဦးအား တပ်မတော်ဆေးရုံတွင် ၁၄ ရက်ကြာခန့် တသီးတစ်သန့်ထားကာ စောင့်ရှောက်ခဲ့ကြကြောင်း၊ သတ်မှတ်ရက် ကုန်ဆုံးချိန်အထိ အဆိုပါနိုင်ငံသား ၁၄၃ ဦးတွင် အဖျားရောဂါဝေဒနာ ခံစားရခြင်းမရှိဟု ပြောကြားခဲ့သည်။စင်စစ် ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းကိရိယာ အကူအညီမပါ စမ်းသပ်စစ်ဆေး၍ မဖြစ်နိုင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ဗိုင်းရပ်စ် စစ်ဆေးသည့် ဓာတ်ခွဲခန်းကိရိယာများ မရှိသေးဟု ဆိုသည်။

အလားတူပင် မြန်မာနိုင်ငံတွင်လည်း အင်ဒိုနီးရှားနိုင်ငံကဲ့သို့ပင် ဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာ တစ်ဦးမျှမရှိဟုဆိုသည်။ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဗိုင်းရပ်စ်ရှာဖွေစစ်ဆေးသည့် ဓာတ်ခွဲခန်းကိရိယာများ ရောက်ရှိလာသည့်တိုင်အောင် ရောဂါပိုးကူးစက်ခံရသည့်လူနာ တွေ့ရှိသည်ဟူသော စာရင်းထွက်ပေါ်လာခဲ့ခြင်းမရှိဟု သိရသည်။ယခုလအစောပိုင်းကမူ WHO ညွှန်ကြားရေးမှူးချုပ် အီဒရော့စ် အက်ဟာနွမ် အီဘရီယီဆပ် က အားနည်းသော ကျန်းမာရေးဆိုင်ရာစနစ်ကြောင့် ကိုရိုနာဗိုင်းရပ်စ် နိုင်ငံအများအပြားသို့ ကူးစက်ပျံ့နှံ့သွားမည်ကို အထူးစိုးရိမ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံ အတော်များများသည် ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းအရ ငွေကြေးသုံးစွဲမှုနည်းပါးကြသည်ဟု ဆိုကြသည်။မည်သို့ဆိုစေ အရှေ့တောင်အာရှနိုင်ငံအနေဖြင့် ဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ပတ်သက်၍ ထိရောက်သော ကြိုတင်ပြင်ဆင်မှုများ ပြုထားသင့်သည်ဟု ပါမောက္ခ ကိုကာ က ပြောကြားခဲ့သည်။ယခုအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရမှုအ တိုင်းအဆပမာဏကို အတိအကျသိရှိရသေးခြင်းမရှိရာ လက်ရှိအချိန်တွင် ခရီးသွားလာမှုကိုပိတ်ပင်ခြင်း ရောဂါပိုးကူးစက်ခံထားရသူများကို သီးခြားခွဲထား၍ ကုသပေးခြင်းတို့က ကမ္ဘာလုံးဆိုင်ရာ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ကန့်သတ်ဟန့်တားနိုင်မည့် ထိရောက်သောဆောင်ရွက်မှုဖြစ်ကြောင်း ဂျော့ချ်ဝါရှင်တန်တက္ကသိုလ် အများပြည်သူကျန်းမာရေးဆိုင်ရာကျောင်းမှ ရောဂါပိုးမွှားဗေဒပညာရှင် ခရစ္စတိုဖာမိုး က ပြောကြားခဲ့ပါကြောင်း …။

မြင့်နောင်မိုး
REF : Time
မတ် - ၁၁
( Zawgyi )
၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ (၃) ရက္ေန႔က တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕သို႔ အသစ္အဆန္းလက္ေဆာင္တစ္ခု ေရာက္ရွိလာခဲ့သည္။လက္ေဆာက္အမည္က ကို႐ိုနာဗိုင္းရပ္စ္ (COVID – 19) ဟူေသာ ကူးစက္အဖ်ားေရာဂါပိုးျဖစ္သည္။

ဝူဟန္ၿမိဳ႕သို႔ ဆိုင္းမဆင့္ဗုံမဆင့္ ေရာက္ရွိလာခဲ့ေသာ COVID – 19 ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈသည္ ၂၀၂၀ ျပည့္ႏွစ္ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔အထိ ကူးစက္ခံရသူေပါင္း ၈၃, ၀၀၀ အထိရွိၿပီး ေသဆုံးသူ ၂၈၅၀ ေက်ာ္အထိ ရွိလာခဲ့သည္။ထိုသို႔ေသာအေနအထားက COVID – 19 မွာ အလြန္စိုးရိမ္ဖြယ္ရာ ကူးစက္ေရာဂါအျဖစ္ ကမာၻႀကီးက သတိထားေစာင့္ၾကည့္လာခဲ့ရသည္။

လက္ရွိအခ်ိန္ထိ COVID – 19 ကူးစက္ေရာဂါ ပ်ံ႕ႏွံ႔မႈသည္ တ႐ုတ္ႏိုင္ငံအျပင္ ေတာင္ကိုရီးယား၊ အီတလီ၊ ဘရာဇီးႏွင့္ ဖင္လန္ႏိုင္ငံကဲ့သို႔ေသာ ႏိုင္ငံမ်ားအထိ ေျခဆန႔္လာခဲ့သည္ကို ေတြ႕ၾကရသည္။သို႔တေစ COVID – 19 ကူးစက္ပ်ံ႕ႏွံ႔မႈႏွင့္ ပတ္သက္၍ ထူးျခားမႈမွာ တ႐ုတ္ႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ျမန္မာ၊ လာအို၊ ဘ႐ူႏိုင္း၊ အေရွ႕တီေမာ၊ အင္ဒိုနီးရွား စသည့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ဗိုင္းရပ္စ္ကူးစက္ခံရသူ တစ္ဦးတစ္ေယာက္မွ ေတြ႕ရွိမႈမရွိေသးျခင္းျဖစ္သည္။

အင္ဒိုနီးရွားႏိုင္ငံဆိုလွ်င္ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕ကို ေန႔စဥ္တိုက္႐ိုက္ ေလယာဥ္ခရီးစဥ္ ရွိေနဆဲျဖစ္သည္။ဆိုရလွ်င္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား အားလုံးနီးပါးေလာက္သည္ တ႐ုတ္ႏိုင္ငံႏွင့္ စီးပြားေရးအရ မကင္းရာမကင္းေၾကာင္း ႏိုင္ငံမ်ားျဖစ္သည္။တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ခရီးသြားလုပ္ငန္းအမ်ားစုသည္ အေရွ႕ေတာင္အာရွေဒသတြင္ အႀကီးဆုံးျဖစ္သည္။ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္း အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို က်င္းပခဲ့သည္။သိုသိုသိပ္သိပ္ ျပဳလုပ္က်င္းပခဲ့ေသာ အစည္းအေဝးတြင္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအေနနဲ႔ တ႐ုတ္ႏိုင္ငံႏွင့္ အတူလက္တြဲကာ ကူးစက္ေရာဂါကို ႀကံ့ႀကံ့ခံတြန္းလွန္သြားမည့္ ရည္႐ြယ္ခ်က္ကို ထုတ္ေဖာ္ေၾကညာခဲ့ပါတယ္။

လက္ရွိ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ျဖစ္ပြားေနေသာ ဗိုင္းရပ္စ္သည္ တုပ္ေကြးအဖ်ားေရာဂါကဲ့သို႔ ကူးစက္ပ်ံ႕ႏွံ႔လြယ္သည္။ကူးစက္ပ်ံ႕ႏွံ႔မႈရပ္တန႔္ရန္လည္း အလြန္တရာခက္ခဲလွသည္ဟု ဘန္ေကာက္အေျခစိုက္ လန္ဒန္ ေရာဂါကာကြယ္ေရးႏွင့္ အပူပိုင္းဆိုင္ရာ ေဆးပညာေက်ာင္းမွ ဂုဏ္ထူးေဆာင္ပါေမာကၡ ရစ္ခ်က္ကိုကာ က ေျပာၾကားခဲ့သည္။ဗိုင္းရပ္စ္ကူးစက္ေရာဂါ စတင္ျဖစ္ပြားသည့္အခ်ိန္က အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွ အစိုးရအေတာ္မ်ားမ်ားက ကူးစက္ေရာဂါ၏ ၿခိမ္းေျခာက္မႈအေပၚ မ်ားစြာအေလးထားခဲ့ျခင္းရွိပုံမရဟု ဆိုသည္။ဆိုရလွ်င္ အမ်ားျပည္သူက်န္းမာေရးအတြက္ တင္းတင္းၾကပ္ၾကပ္ ႀကိဳတင္ကာကြယ္ျခင္း၊ သတိေပးမႈျပဳျခင္းမ်ိဳးထက္ ၾကက္သြန္ နီႏွင့္ အရက္သို႔ေသာ ေဆးၿမီးတိုမ်ားက ဗိုင္းရပ္စ္ပိုးကို ေကာင္းစြာဖယ္ရွားေပးႏိုင္သည္ဟူေသာ ေျပာဆိုမႈမ်ားပင္ ထြက္ေပၚလာခဲ့သည္ဟု ဆိုသည္။

ကေမာၻဒီးယားႏိုင္ငံဆိုလွ်င္ ဝူဟန္ခရီးစဥ္အခ်ိဳ႕မွအပ တ႐ုတ္ႏိုင္ငံ ေလေၾကာင္းခရီးစဥ္မ်ားကို ဖ်က္သိမ္းေပးျခင္းမရွိဟု သိရသည္။ထို႔အျပင္ ၀ူဟန္ၿမိဳ႕တြင္ ေသာင္တင္ေနေသာ ႏိုင္ငံသားမ်ားကို အေရွ႕ေတာင္အာရွႏိုင္ငံမ်ားက အမိႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ေနသည့္တိုင္ေအာင္ ကေမာၻဒီးယားႏိုင္ငံက ျပန္လည္ေခၚေဆာင္ျခင္းမရွိဟုလည္း သိရသည္။လိုအပ္သည့္အခ်ိန္တြင္ မိတ္ေဆြအျဖစ္ေနေပးျခင္းသည္သာ မိတ္ေဆြစစ္မိတ္ေဆြမွန္ျဖစ္သည္ဟူေသာ စာသားကိုပင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္က သူ၏ေဖ့ဘြတ္ခ္စာမ်က္ႏွာေပၚတြင္ တင္ခဲ့ပါေသးသည္။

ကယ္လီဖိုးနီးယားျပည္နယ္ အေနာက္တိုင္းေကာလိပ္မွ ကေမာၻဒီးယားႏိုင္ငံေရးဆိုင္ရာ ကြၽမ္းက်င္သူ ဆိုဖာလီယာ ကေတာ့ ကေမာၻဒီးယားႏိုင္ငံသည္ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ေရာဂါရွာေဖြစစ္ေဆးမႈတို႔ႏွင့္ ပတ္သက္လွ်င္ အားနည္းမႈအရွိဆုံးႏိုင္ငံျဖစ္ေၾကာင္း သုံးသပ္ခဲ့ပါသည္။
ယခုလအေစာပိုင္းေလာက္က ဟားဗတ္ အမ်ားျပည္သူက်န္းမာေရးဆိုင္ရာေက်ာင္းမွ သုေတသီ ၅ ဦး၏ ေလ့လာဆန္းစစ္မႈအရ ကေမာၻဒီးယားႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔တြင္ ေရာဂါကူးစက္ခံရသူအေရအတြက္ႏွင့္ ပတ္သက္သည့္ စာရင္းကိန္းဂဏန္းမွာ ျဖစ္ႏိုင္ဖြယ္ရာမရွိေၾကာင္း၊ အလားတူပင္ ကမာၻ႔စတုတၳေျမာက္ လူဦးေရအမ်ားဆုံးႏိုင္ငံျဖစ္သည့္ အင္ဒိုနီးရွားႏိုင္ငံတြင္ ဗိုင္းရပ္စ္ကူးစက္ခံရသည့္ လူနာတစ္ဦးမွမရွိဟူေသာ အစီရင္ခံမႈမွာလည္း မယုံၾကည္ႏိုင္ဖြယ္ျဖစ္သည္ဟု ေဖာ္ျပခဲ့သည္။

ဟားဗတ္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈဆိုင္ရာစင္တာမွ ၫႊန္မႉး မတ္လစ္ဆစ္ခ်္ကမူ ထိုသို႔ေသာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ ေရာဂါကူးစက္ခံရသူမရွိျခင္းမွာ အလြန္ကံေကာင္းလွေၾကာင္း ေျပာၾကားခဲ့သည္။အင္ဒိုနီးရွားႏိုင္ငံဆိုလွ်င္ ႏွစ္စဥ္ တ႐ုတ္လူမ်ိဳးခရီးသြား ၂ သန္းရွိေၾကာင္း၊ ဘာလီကြၽန္းရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံး၏ အဆိုအရ ဘာလီသို႔လာေရာက္လည္ပတ္သည့္ တ႐ုတ္လူမ်ိဳး ခရီးသြား ၅၀၀၀ အနက္ ၂၀၀ မွာ ဝူဟန္ၿမိဳ႕မွျဖစ္သည္ဟု ဆိုသည္။ဘာလီသို႔လာေရာက္ေသာ တ႐ုတ္လူမ်ိဳးခရီးသြားမ်ားတြင္ ေရာဂါကူးစက္ခံရသူ မေတြ႕ရွိဟု အင္ဒိုနီးရွားဆရာဝန္တစ္ဦးက ေျပာၾကားခဲ့သည္။

ဟားဗတ္ ကူးစက္ေရာဂါပ်ံ႕ႏွံ႔ကာကြယ္ျခင္းဆိုင္ရာ ပညာရွင္ လစ္ဆစ္ခ်္ကမူ ကမာၻလုံးဆိုင္ရာ ကို႐ိုနာဗိုင္းရပ္စ္ပိုးသည္ ကမာၻ႔လူဦးေရ၏ ၄၀ မွ၍ ၇၀ ရာခိုင္ႏႈန္းေလာက္ကို ကူးစက္ခံထားရဖြယ္ရွိသည္ဟု ခန႔္မွန္းခဲ့သည္။သို႔တေစ ဗိုင္းရပ္စ္ကူးစက္ခံထားရသူအားလုံးမွာ ဖ်ားနာျခင္းျဖစ္ခ်င္မွျဖစ္မည္ဟု ဆိုသည္။အင္ဒိုနီးရွားႏိုင္ငံ၏ က်န္းမာေရးအရာရွိတို႔ကမူ သူတို႔အေနႏွင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း လမ္းၫႊန္ထားေသာ လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္ေနေၾကာင္း အထူးသျဖင့္ ေလဆိပ္မ်ားတြင္ ကိုယ္အပူခ်ိန္စစ္ေဆးမႈကို အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

အျခားေသာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသည္လည္း ဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ အလားတူ လုပ္ထုံးလုပ္နည္းအတိုင္း စစ္ေဆးေဆာင္႐ြက္မည္ျဖစ္ေသာ္လည္း ေလ့လာဆန္းစစ္မႈအရ နယ္စပ္ဝင္ေပါက္ေနရာမ်ားတြင္ စစ္ေဆးမႈမ်ားမွာ ထိေရာက္မႈမရွိဟု ဆိုၾကသည္။

အင္ဒိုနီးရွားႏိုင္ငံအစိုးရ၏ ေျပာၾကားမႈအရ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔က ဝူဟန္မွေန၍ အမိႏိုင္ငံသို႔ ျပန္လည္ေခၚ ေဆာင္လာေသာ အင္ဒိုနီးရွားႏိုင္ငံသား ၁၄၃ ဦးအား တပ္မေတာ္ေဆး႐ုံတြင္ ၁၄ ရက္ၾကာခန႔္ တသီးတစ္သန႔္ထားကာ ေစာင့္ေရွာက္ခဲ့ၾကေၾကာင္း၊ သတ္မွတ္ရက္ ကုန္ဆုံးခ်ိန္အထိ အဆိုပါႏိုင္ငံသား ၁၄၃ ဦးတြင္ အဖ်ားေရာဂါေဝဒနာ ခံစားရျခင္းမရွိဟု ေျပာၾကားခဲ့သည္။စင္စစ္ ကို႐ိုနာဗိုင္းရပ္စ္သည္ ဓာတ္ခြဲခန္းကိရိယာ အကူအညီမပါ စမ္းသပ္စစ္ေဆး၍ မျဖစ္ႏိုင္ေၾကာင္း၊ အင္ဒိုနီးရွားႏိုင္ငံတြင္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔အထိ ဗိုင္းရပ္စ္ စစ္ေဆးသည့္ ဓာတ္ခြဲခန္းကိရိယာမ်ား မရွိေသးဟု ဆိုသည္။

အလားတူပင္ ျမန္မာႏိုင္ငံတြင္လည္း အင္ဒိုနီးရွားႏိုင္ငံကဲ့သို႔ပင္ ဗိုင္းရပ္စ္ကူးစက္ခံရသည့္လူနာ တစ္ဦးမွ်မရွိဟုဆိုသည္။ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔က ဗိုင္းရပ္စ္ရွာေဖြစစ္ေဆးသည့္ ဓာတ္ခြဲခန္းကိရိယာမ်ား ေရာက္ရွိလာသည့္တိုင္ေအာင္ ေရာဂါပိုးကူးစက္ခံရသည့္လူနာ ေတြ႕ရွိသည္ဟူေသာ စာရင္းထြက္ေပၚလာခဲ့ျခင္းမရွိဟု သိရသည္။ယခုလအေစာပိုင္းကမူ WHO ၫႊန္ၾကားေရးမႉးခ်ဳပ္ အီဒေရာ့စ္ အက္ဟာႏြမ္ အီဘရီယီဆပ္ က အားနည္းေသာ က်န္းမာေရးဆိုင္ရာစနစ္ေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ႏိုင္ငံအမ်ားအျပားသို႔ ကူးစက္ပ်ံ႕ႏွံ႔သြားမည္ကို အထူးစိုးရိမ္လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

အေရွ႕ေတာင္အာရွႏိုင္ငံ အေတာ္မ်ားမ်ားသည္ က်န္းမာေရးႏွင့္ပတ္သက္၍ ႏိုင္ငံတကာစံႏႈန္းအရ ေငြေၾကးသုံးစြဲမႈနည္းပါးၾကသည္ဟု ဆိုၾကသည္။မည္သို႔ဆိုေစ အေရွ႕ေတာင္အာရွႏိုင္ငံအေနျဖင့္ ဗိုင္းရပ္စ္ကူးစက္ေရာဂါႏွင့္ ပတ္သက္၍ ထိေရာက္ေသာ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳထားသင့္သည္ဟု ပါေမာကၡ ကိုကာ က ေျပာၾကားခဲ့သည္။ယခုအခ်ိန္ထိ ဗိုင္းရပ္စ္ကူးစက္ခံရမႈအ တိုင္းအဆပမာဏကို အတိအက်သိရွိရေသးျခင္းမရွိရာ လက္ရွိအခ်ိန္တြင္ ခရီးသြားလာမႈကိုပိတ္ပင္ျခင္း ေရာဂါပိုးကူးစက္ခံထားရသူမ်ားကို သီးျခားခြဲထား၍ ကုသေပးျခင္းတို႔က ကမာၻလုံးဆိုင္ရာ ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ႔မႈကို ကန႔္သတ္ဟန႔္တားႏိုင္မည့္ ထိေရာက္ေသာေဆာင္႐ြက္မႈျဖစ္ေၾကာင္း ေဂ်ာ့ခ်္ဝါရွင္တန္တကၠသိုလ္ အမ်ားျပည္သူက်န္းမာေရးဆိုင္ရာေက်ာင္းမွ ေရာဂါပိုးမႊားေဗဒပညာရွင္ ခရစၥတိုဖာမိုး က ေျပာၾကားခဲ့ပါေၾကာင္း …။

ျမင့္ေနာင္မိုး
REF : Time
မတ္ - ၁၁