【 ဆေးပညာဆောင်းပါး 】 "ကိုဗစ်-၁၉ မျိုးဗီဇ ကွန်ရက်သရုပ်ခွဲခြင်းအရ ကမ္ဘာ့ကူးစက် ရောဂါ၏ ရင်းမြစ်ကို ဖေါ်ထုတ်"

【  ဆေးပညာဆောင်းပါး  】 "ကိုဗစ်-၁၉ မျိုးဗီဇ ကွန်ရက်သရုပ်ခွဲခြင်းအရ ကမ္ဘာ့ကူးစက် ရောဂါ၏ ရင်းမြစ်ကို ဖေါ်ထုတ်"

ဝူဟန်မှ ဥရောပနှင့် မြောက်အမေရိကသို့ ရောဂါပျံ့နှံ့နေချိန်တွင် ကိန်းဘရစ်ချ် ၊ ဗြိတိန်နှင့် ဂျာမဏီမှ သုတေသီများသည် လူသားများတွင် ကိုဗစ်-၁၉ ဆင့်ကဲဖြစ်ပေါ်မှုလမ်းကြောင်းကို မျိုးဗီဇကွန်ရက်နည်းလမ်းများ အသုံးပြုပြီး ပြန်လည်တည်ဆောက်ခဲ့ကြသည်။

လူသား လူနာမှ အဆင့်ဆင့်ထုတ်ယူထားသော ပြီးပြည့်စုံသည့် မျိုးဗီဇအတွဲ (genomes) ၁၆၀ ကိုသရုပ်ခွဲလေ့လာခြင်းအားဖြင့် သုတေသီများသည် ဗိုင်းရပ်စ်ဆင်းသက်ပြောင်းလဲမှု အဆင့် များတွင် မျိုးဗီဇ အဆင့်ဆင့် ပြောင်းလံပုံမှတဆင့် ကိုရိုနာဗိုင်းဂရပ်စ်သစ် မူလပျံ့နှံ့မှု လမ်း ကြောင်းကို ပုံဖေါ်ခဲ့သည်။

“ကိုဗစ်-၁၉ ရဲ့ မိသားစု သစ်ပင်ကို သေသေသပ်သပ် ခြေရာခံဖို့ မျိုးဗီဇ အဆင့်ဆင့် ပြောင်းလဲပုံ အများကြီးရှိပါတယ်။ ကျနော်တို့ဟာ ဖြစ်နိုင်တဲ့ မိသားစုသစ်ပင် အားလုံးကို တပြိုင်နက် ပုံဖေါ်ဖို့ သချင်္ာစည်းမျဉ်းတွေကို အသုံးပြုခဲ့တယ်” ဟု ကိန်းဘရစ်ချ်တက္ကသိုလ်မှ သုတေသန ခေါင်းဆောင် မျိုးဗီဇပညာရှင် ဒေါက်တာ ပီတာ ဖေါ့စတာ ပြောသည်။

ဒီနည်းလမ်းတွေဟာ သမိုင်းမတင်မီကာလ လူသားများရွှေ့ပြောင်းနေထိုင်မှုကို ဒီအန်အေ မျိုးဗီဇ က တဆင့်ပုံဖေါ်တဲ့နည်းလို့ လူသိများပါတယ်။ ကိုဗစ်-၁၉ လို ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်မှု လမ်းကြောင်းကို ခြေရာခံဖို့ ဒီနည်းကို ပထမဆုံးအသုံးပြုတာလို့ ကျနော်တို့ ထင်ပါ တယ်” ဟု သူပြောသည်။

ထိုသုတေသနအဖွဲ့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့ အတွင်း ကမ္ဘာတဝှမ်းမှ နမူနာယူထားသော genome မျိုးဗီဇအတွဲများမှ အချက်အလက် များကို လေ့လာခဲ့သည်။ ထိုသုတေသနအရ မျိုးဗီဇအရ နီးကပ်သော ကိုဗစ်-၁၉ မျိုးကွဲ အတွဲ သုံးခု ရှိကြောင်း သိရပြီး ၎င်းတို့ကို အေ၊ဘီနှင့် စီဟု အမည်ပေးထားသည်။

လူသားများသို့ မူလကူးစက်သည့် မျိုးဗီဇအတွဲဖြစ်သည့် လင်းနို့များတွင် တွေ့ရသော ကိုဗစ်-၁၉ (အေ) ကို ဝူဟန်တွင်တွေ့ရသော်လည်း အံ့သြစရာကောင်းသည်မှာ ထို အမျိုးအစားသည် ဝူဟန် တွင် အဓိကတွေ့ရသော အမျိုးအစားမဟုတ်ခြင်းပင်ဖြစ်သည်။

အေ မှ မျိုးဗီဇပြောင်းလဲထွက်ပေါ်လာသောဗိုင်းရပ်စ်ကို ဝူဟန်တွင် နေထိုင်ဖူးသော အမေရိကန် များတွင် တွေ့ရပြီး ဗိုင်းရပ်စ်အေ အများအပြားကို အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျှမှ လူနာများတွင် တွေ့ရသည်။ ဝူဟန်တွင် အဓိက ကူးစက်သည့် ဗိုင်းရပ်စ်မျိုးဖြစ်သည့် ဘီ ကို အရှေ့အာရှ တဝှမ်းတွင် တွေ့ရသည်ဟု ဆိုသည်။ သို့သော်ထို မျိုးကွဲသည် မျိုးဗီဇ ထပ်မံ ပြောင်းလဲ ခြင်းမရှိဘဲ ထိုဒေသတွင်းမှ ကျော်လွန်ပျံ့နှံ့ခြင်းမရှိပေ။ ဝူဟန်တွင်သာ စတင်ဖြစ်ပေါ် ပြီး အရှေ့အာရှ ပြင်ပတွင် ကိုဗစ်-၁၉ ထိုအမျိုးအစားအတွက် ခုခံအားဖြစ်စေသည့် သဘောဖြစ် သည်ဟု သုတေသီများပြောသည်။

ဥရောပတွင် အဓိက အမျိုးအစားဖြစ်သည့် ဗိုင်းရပ်စ် စီ အမျိုးအစားကို ပြင်သစ်၊ အီတလီ၊ ဆွီဒင်နှင့် အင်္ဂလန်မှ အစောပိုင်းလူနာများတွင် တွေ့ရသည်။ ထိုအမျိုးအစားကို တရုတ်နိုင်ငံမှ ဓါတ်ခွဲခန်းနမူနာ များတွင် တွေ့ရခြင်းမရှိသော်လည်း စင်္ကာပူ၊ ဟောင်ကောင်နှင့် တောင်ကိုရီးယား မှ နမူနာများတွင် တွေ့ရသည်။

အီတလီတွင် ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှု ဂျာမဏီနိုင်ငံတွင် ပထမဆုံးကူးစက်မှုဖြစ်သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ ကူးစက်မှုမှ စတင်ခဲ့ကြောင်းနှင့် အီတလီနိုင်ငံတွင် အစောပိုင်းက ကူးစက်မှု တခုသည် စင်္ကာပူမှ မျိုးကွဲဖြစ်ကြောင်း ယခုလေ့လာမှုအရသိရသည်။ ပိုမို အရေးကြီး သည် မှာ ၎င်းတို့၏ မျိုးဗီဇ ကွန်ရက်စနစ်သည် ထူထောင်ထားသည့် ကူးစက်မှုလမ်းကြောင်းကို အတိအကျခြေရာခံနိုင်ကြောင်း သုတေသီများ ပြောကြားခဲ့ခြင်းဖြစ်သည်။ သိရှိပြီး ရောဂါ ကူးစက်မှုများ အကြား မျိုးဗီဇအဆင့်ဆင့် ပြောင်းလဲမှုနှင့် ဗိုင်းရပ်စ်မျိုးဆက်များကို ဆက်စပ် ခြင်းနည်းလမ်းဖြစ်သည်။

ထို့ကြောင့် ၎င်းတို့၏ မျိုးဗီဇဆင့်ကဲဖြစ်ပေါ်တိုးတက်မှု နည်းလမ်းကို နောက်ဆုံး ကိုရိုနာဗိုင်းရပ် မျိုးဗီဇတွဲ ဆင့်ကဲဖြစ်ပေါ်မှုတွင်သုံးပြီး အနာဂတ် ရောဂါကူးစက်မှု မြင်မားမည့် နေရာများကို ကြိုတင်ဟောကိန်းထုတ်နိုင်ကြောင်းသုတေသီများပြောသည်။

“မျိုးဗီဇပြောင်းလဲမှု ကွန်ရက်သုတေသနဟာ မှတ်တမ်းတင်မထားတဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေကို ဖေါ်ထုတ်ပြီး သူတို့ကို သီးခြားခွဲထားစောင့်ကြည့်ပြီး ကမ္ဘာတဝှမ်းကူးစက်မှုကို ကာကွယ်နိုင်တယ်” ဟု ကိန်းဘရစ်ချ်ရှိ ရှေးဟောင်း သုတေသန မက်ဒေါ်နယ် အင်စတီကျုနှင့် ထိုတက္ကသိုလ်မှ ဆက်လက် ပညာသင်ကြားရေ အင်စတီကျုမှ သုတေသီ ဖေါ့စတာ ပြောသည်။
 
ထိုတွေ့ရှိချက်များကို Proceedings of the National Academy of Sciences (PNAS) ၏ ယနေ့ထုတ်ဂျာနယ်တွင် ဖေါ်ပြခဲ့သည်။ ထိုလေ့လာမှုတွင် အသုံးပြုသော ဆော့ဖ်ဝဲလ်နှင့် ကိုရိုနာ ဗိုင်းရပ် မျိုးဗီဇတွဲ ၁၀၀၀ ကျော်ကို ခွဲခြားရေးတွက်ထားခြင်းတို့ကို www.fluxus-technology.com. တွင် အခမဲ့ ရယူနိုင်သည်။

ဗိုင်းရပ်စ် အေ သည် လင်းနို့များနှင့်သင်ခွေချပ်များတွင် တွေ့ရသည့် ဗိုင်းရပ်စ်နှင့် ဆက်စပ်နေပြီး ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းဟု သုတေသီများယူဆသည်။ ဘီ အမျိုးအစားသည် အေမှ ဆင်းသက်လာပြီး မျိုးဗီဇပြောင်းလဲမှု အဆင့်နှစ်ခုဖြင့် ခွဲခြားထားသည်။ စီ အမျိုးအစားမှာ ဘီ မှ ပေါက်ဖွားလာခြင်းဖြစ်သည်။

ဘီအမျိုးအစားကို အရှေ့အာရှတွင်သာတွေ့ရခြင်းမှာ သီးခြားသေးငယ်သောကူးစက်မှုမှ ဗိုင်းရပ်စ်မျိုးသစ် ပေါ်ပေါက်လာသည့် စတင်ဖြစ်ပွားသည့် သက်ရောက်မှုဖြစ်သော မျိုးဗီဇ အကျပ်အတည်း ကြောင့်ဖြစ်ကြောင်း သုတေသီများပြောသည်။

အခြားစဉ်းစားသင့်သည့်အချက်တခုလည်းရှိကြောင်း ဖေါ့စတာပြောသည်။ “ဝူဟန် ဘီ ဗိုင်းရပ်စ် မျိုးက ကိုယ်ခံစွမ်းအားအရ သိုမဟုတ် ပတ်ဝန်းကျင်အရ အရှေ့အာရှ လူအများအပြားကို ကူးစက်စေနိုင်တယ်။ အရှေ့အာရှပြင်ပ ခုခံအားကို ကျော်လွှားဖို့ မျိုးဗီဇ ပြောင်းလဲမှုလိုတယ်။ ဒီကနဦးအဆင့်မှာ အခြားနေရာတွေထက် အရှေ့အာရှမှာ ဗိုင်းရပ်စ် မျိုးဗီဇပြောင်းလဲမှုနှုန်း နှေးကွေးတာကို ကျနော်တို့ တွေ့နိုင်တယ်။ ကျနော်တို့မှာရှိတဲ့ အသေးစိတ်ဗိုင်းရပ်စ်ကူးစက်မှု ကွန်ရက်က ကိုဗစ်-၁၉ ဟာ မျိုးဗီဇပြောင်းလဲမှုအများအပြားကြောင့် ပျောက်ကွယ်မသွားခင် ကူးစက်ရောဂါတွေရဲ့ ကနဦးအဆင့်ကို သိနိုင်တယ်။ ကြယ်ပေါက်ကွဲမှုအစဦးကို မြင်လိုက်ရ သလိုပေါ့” ဟု သူပြောသည်။

ယနေ့ PNAS လေ့လာမှုကို ပြုလုပ်ပြီးနောက် သုတေသီများသည် ဗိုင်းရပ်စ်မျိုးဗီဇတွဲ ၁၀၀၁ ခုကိုလေ့လာခဲ့သည်။ ထိုလေ့လာမှုကို အခြားပညာရှင်များလေ့လာရခြင်း မရှိသေးသော်လည်း လူသားများအကြား ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုသည် စက်တင်ဘာလလယ်နှင့် ဒီဇင်ဘာလ အစောပိုင်းကြားတွင် ဖြစ်ခဲ့ကြောင်း ဖေါ့စတာပြောသည်။

သုတေသီများအသုံးပြုသည့် မျိုးဗီဇပြောင်းလဲမှု ကွန်ရက်နည်းလမ်းသည် ဂရပ်တခုတည်းတွင် ဆင့်ကဲဖြစ်စဉ်ပြ မိသားစုသစ်ပင်အများအပြားကို တပြိုင်နက် ပုံဖေါ်ပေးနိုင်ပြီး ထိုနည်းကို ၁၉၇၉ ခုနှစ်တွင် နယူဇီလန်က စတင်ဖေါ်ထုတ်ကာ ဂျာမန်သချင်္ာပညာရှင်များက ၁၉၉၀ ခုနှစ်များတွင် အဆင့်မြှင့်တင်ခဲ့သည်။ ထိုနည်းလမ်းကို PNAS စာတမ်းရှင်တဦးဖြစ်သည့် ပါမောက္ခ ကောလင်း ရမ်းဖရူးက ၁၉၉၈ ခုနှစ်တွင် စတင်အာရုံစိုက်မိသည်။ ရမ်းဖရူးသည် ကိန်းဘရစ်ချ်တက္ကသိုလ်မှ ပထမဆုံး ရှေးဟောင်း သုတေသနအဖွဲကို တည်ထောင်ခဲ့သည်။

(  Zawgyi  )

 ဝူဟန္မွ ဥေရာပႏွင့္ ေျမာက္အေမရိကသို႔ ေရာဂါပ်ံ႕ႏွံ႔ေနခ်ိန္တြင္ ကိန္းဘရစ္ခ်္ ၊ ၿဗိတိန္ႏွင့္ ဂ်ာမဏီမွ သုေတသီမ်ားသည္ လူသားမ်ားတြင္ ကိုဗစ္-၁၉ ဆင့္ကဲျဖစ္ေပၚမႈလမ္းေၾကာင္းကို မ်ိဳးဗီဇကြန္ရက္နည္းလမ္းမ်ား အသုံးျပဳၿပီး ျပန္လည္တည္ေဆာက္ခဲ့ၾကသည္။

လူသား လူနာမွ အဆင့္ဆင့္ထုတ္ယူထားေသာ ၿပီးျပည့္စုံသည့္ မ်ိဳးဗီဇအတြဲ (genomes) ၁၆၀ ကိုသ႐ုပ္ခြဲေလ့လာျခင္းအားျဖင့္ သုေတသီမ်ားသည္ ဗိုင္းရပ္စ္ဆင္းသက္ေျပာင္းလဲမႈ အဆင့္ မ်ားတြင္ မ်ိဳးဗီဇ အဆင့္ဆင့္ ေျပာင္းလံပုံမွတဆင့္ ကို႐ိုနာဗိုင္းဂရပ္စ္သစ္ မူလပ်ံ႕ႏွံ႔မႈ လမ္း ေၾကာင္းကို ပုံေဖၚခဲ့သည္။

“ကိုဗစ္-၁၉ ရဲ႕ မိသားစု သစ္ပင္ကို ေသေသသပ္သပ္ ေျခရာခံဖို႔ မ်ိဳးဗီဇ အဆင့္ဆင့္ ေျပာင္းလဲပုံ အမ်ားႀကီးရွိပါတယ္။ က်ေနာ္တို႔ဟာ ျဖစ္ႏိုင္တဲ့ မိသားစုသစ္ပင္ အားလုံးကို တၿပိဳင္နက္ ပုံေဖၚဖို႔ သခ်ၤာစည္းမ်ဥ္းေတြကို အသုံးျပဳခဲ့တယ္” ဟု ကိန္းဘရစ္ခ်္တကၠသိုလ္မွ သုေတသန ေခါင္းေဆာင္ မ်ိဳးဗီဇပညာရွင္ ေဒါက္တာ ပီတာ ေဖါ့စတာ ေျပာသည္။

ဒီနည္းလမ္းေတြဟာ သမိုင္းမတင္မီကာလ လူသားမ်ားေ႐ႊ႕ေျပာင္းေနထိုင္မႈကို ဒီအန္ေအ မ်ိဳးဗီဇ က တဆင့္ပုံေဖၚတဲ့နည္းလို႔ လူသိမ်ားပါတယ္။ ကိုဗစ္-၁၉ လို ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ကူးစက္မႈ လမ္းေၾကာင္းကို ေျခရာခံဖို႔ ဒီနည္းကို ပထမဆုံးအသုံးျပဳတာလို႔ က်ေနာ္တို႔ ထင္ပါ တယ္” ဟု သူေျပာသည္။

ထိုသုေတသနအဖြဲ႕သည္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္ေန႔မွ ၂၀၂၀ ခုႏွစ္ မတ္လ ၄ ရက္ေန႔ အတြင္း ကမာၻတဝွမ္းမွ နမူနာယူထားေသာ genome မ်ိဳးဗီဇအတြဲမ်ားမွ အခ်က္အလက္ မ်ားကို ေလ့လာခဲ့သည္။ ထိုသုေတသနအရ မ်ိဳးဗီဇအရ နီးကပ္ေသာ ကိုဗစ္-၁၉ မ်ိဳးကြဲ အတြဲ သုံးခု ရွိေၾကာင္း သိရၿပီး ၎တို႔ကို ေအ၊ဘီႏွင့္ စီဟု အမည္ေပးထားသည္။

လူသားမ်ားသို႔ မူလကူးစက္သည့္ မ်ိဳးဗီဇအတြဲျဖစ္သည့္ လင္းႏို႔မ်ားတြင္ ေတြ႕ရေသာ ကိုဗစ္-၁၉ (ေအ) ကို ဝူဟန္တြင္ေတြ႕ရေသာ္လည္း အံ့ၾသစရာေကာင္းသည္မွာ ထို အမ်ိဳးအစားသည္ ဝူဟန္ တြင္ အဓိကေတြ႕ရေသာ အမ်ိဳးအစားမဟုတ္ျခင္းပင္ျဖစ္သည္။

ေအ မွ မ်ိဳးဗီဇေျပာင္းလဲထြက္ေပၚလာေသာဗိုင္းရပ္စ္ကို ဝူဟန္တြင္ ေနထိုင္ဖူးေသာ အေမရိကန္ မ်ားတြင္ ေတြ႕ရၿပီး ဗိုင္းရပ္စ္ေအ အမ်ားအျပားကို အေမရိကန္ျပည္ေထာင္စုႏွင့္ ၾသစေၾတးလွ်မွ လူနာမ်ားတြင္ ေတြ႕ရသည္။ ဝူဟန္တြင္ အဓိက ကူးစက္သည့္ ဗိုင္းရပ္စ္မ်ိဳးျဖစ္သည့္ ဘီ ကို အေရွ႕အာရွ တဝွမ္းတြင္ ေတြ႕ရသည္ဟု ဆိုသည္။ သို႔ေသာ္ထို မ်ိဳးကြဲသည္ မ်ိဳးဗီဇ ထပ္မံ ေျပာင္းလဲ ျခင္းမရွိဘဲ ထိုေဒသတြင္းမွ ေက်ာ္လြန္ပ်ံ႕ႏွံ႔ျခင္းမရွိေပ။ ဝူဟန္တြင္သာ စတင္ျဖစ္ေပၚ ၿပီး အေရွ႕အာရွ ျပင္ပတြင္ ကိုဗစ္-၁၉ ထိုအမ်ိဳးအစားအတြက္ ခုခံအားျဖစ္ေစသည့္ သေဘာျဖစ္ သည္ဟု သုေတသီမ်ားေျပာသည္။

ဥေရာပတြင္ အဓိက အမ်ိဳးအစားျဖစ္သည့္ ဗိုင္းရပ္စ္ စီ အမ်ိဳးအစားကို ျပင္သစ္၊ အီတလီ၊ ဆြီဒင္ႏွင့္ အဂၤလန္မွ အေစာပိုင္းလူနာမ်ားတြင္ ေတြ႕ရသည္။ ထိုအမ်ိဳးအစားကို တ႐ုတ္ႏိုင္ငံမွ ဓါတ္ခြဲခန္းနမူနာ မ်ားတြင္ ေတြ႕ရျခင္းမရွိေသာ္လည္း စကၤာပူ၊ ေဟာင္ေကာင္ႏွင့္ ေတာင္ကိုရီးယား မွ နမူနာမ်ားတြင္ ေတြ႕ရသည္။

အီတလီတြင္ ပထမဆုံး ဗိုင္းရပ္စ္ကူးစက္မႈ ဂ်ာမဏီႏိုင္ငံတြင္ ပထမဆုံးကူးစက္မႈျဖစ္သည့္ ဇန္နဝါရီလ ၂၇ ရက္ေန႔ ကူးစက္မႈမွ စတင္ခဲ့ေၾကာင္းႏွင့္ အီတလီႏိုင္ငံတြင္ အေစာပိုင္းက ကူးစက္မႈ တခုသည္ စကၤာပူမွ မ်ိဳးကြဲျဖစ္ေၾကာင္း ယခုေလ့လာမႈအရသိရသည္။ ပိုမို အေရးႀကီး သည္ မွာ ၎တို႔၏ မ်ိဳးဗီဇ ကြန္ရက္စနစ္သည္ ထူေထာင္ထားသည့္ ကူးစက္မႈလမ္းေၾကာင္းကို အတိအက်ေျခရာခံႏိုင္ေၾကာင္း သုေတသီမ်ား ေျပာၾကားခဲ့ျခင္းျဖစ္သည္။ သိရွိၿပီး ေရာဂါ ကူးစက္မႈမ်ား အၾကား မ်ိဳးဗီဇအဆင့္ဆင့္ ေျပာင္းလဲမႈႏွင့္ ဗိုင္းရပ္စ္မ်ိဳးဆက္မ်ားကို ဆက္စပ္ ျခင္းနည္းလမ္းျဖစ္သည္။

ထို႔ေၾကာင့္ ၎တို႔၏ မ်ိဳးဗီဇဆင့္ကဲျဖစ္ေပၚတိုးတက္မႈ နည္းလမ္းကို ေနာက္ဆုံး ကို႐ိုနာဗိုင္းရပ္ မ်ိဳးဗီဇတြဲ ဆင့္ကဲျဖစ္ေပၚမႈတြင္သုံးၿပီး အနာဂတ္ ေရာဂါကူးစက္မႈ ျမင္မားမည့္ ေနရာမ်ားကို ႀကိဳတင္ေဟာကိန္းထုတ္ႏိုင္ေၾကာင္းသုေတသီမ်ားေျပာသည္။

“မ်ိဳးဗီဇေျပာင္းလဲမႈ ကြန္ရက္သုေတသနဟာ မွတ္တမ္းတင္မထားတဲ့ ကိုဗစ္-၁၉ ကူးစက္မႈေတြကို ေဖၚထုတ္ၿပီး သူတို႔ကို သီးျခားခြဲထားေစာင့္ၾကည့္ၿပီး ကမာၻတဝွမ္းကူးစက္မႈကို ကာကြယ္ႏိုင္တယ္” ဟု ကိန္းဘရစ္ခ်္ရွိ ေရွးေဟာင္း သုေတသန မက္ေဒၚနယ္ အင္စတီက်ဳႏွင့္ ထိုတကၠသိုလ္မွ ဆက္လက္ ပညာသင္ၾကားေရ အင္စတီက်ဳမွ သုေတသီ ေဖါ့စတာ ေျပာသည္။
 
ထိုေတြ႕ရွိခ်က္မ်ားကို Proceedings of the National Academy of Sciences (PNAS) ၏ ယေန႔ထုတ္ဂ်ာနယ္တြင္ ေဖၚျပခဲ့သည္။ ထိုေလ့လာမႈတြင္ အသုံးျပဳေသာ ေဆာ့ဖ္ဝဲလ္ႏွင့္ ကို႐ိုနာ ဗိုင္းရပ္ မ်ိဳးဗီဇတြဲ ၁၀၀၀ ေက်ာ္ကို ခြဲျခားေရးတြက္ထားျခင္းတို႔ကို www.fluxus-technology.com. တြင္ အခမဲ့ ရယူႏိုင္သည္။

ဗိုင္းရပ္စ္ ေအ သည္ လင္းႏို႔မ်ားႏွင့္သင္ေခြခ်ပ္မ်ားတြင္ ေတြ႕ရသည့္ ဗိုင္းရပ္စ္ႏွင့္ ဆက္စပ္ေနၿပီး ေရာဂါျဖစ္ပြားရျခင္းအေၾကာင္းရင္းဟု သုေတသီမ်ားယူဆသည္။ ဘီ အမ်ိဳးအစားသည္ ေအမွ ဆင္းသက္လာၿပီး မ်ိဳးဗီဇေျပာင္းလဲမႈ အဆင့္ႏွစ္ခုျဖင့္ ခြဲျခားထားသည္။ စီ အမ်ိဳးအစားမွာ ဘီ မွ ေပါက္ဖြားလာျခင္းျဖစ္သည္။

ဘီအမ်ိဳးအစားကို အေရွ႕အာရွတြင္သာေတြ႕ရျခင္းမွာ သီးျခားေသးငယ္ေသာကူးစက္မႈမွ ဗိုင္းရပ္စ္မ်ိဳးသစ္ ေပၚေပါက္လာသည့္ စတင္ျဖစ္ပြားသည့္ သက္ေရာက္မႈျဖစ္ေသာ မ်ိဳးဗီဇ အက်ပ္အတည္း ေၾကာင့္ျဖစ္ေၾကာင္း သုေတသီမ်ားေျပာသည္။

အျခားစဥ္းစားသင့္သည့္အခ်က္တခုလည္းရွိေၾကာင္း ေဖါ့စတာေျပာသည္။ “ဝူဟန္ ဘီ ဗိုင္းရပ္စ္ မ်ိဳးက ကိုယ္ခံစြမ္းအားအရ သိုမဟုတ္ ပတ္ဝန္းက်င္အရ အေရွ႕အာရွ လူအမ်ားအျပားကို ကူးစက္ေစႏိုင္တယ္။ အေရွ႕အာရွျပင္ပ ခုခံအားကို ေက်ာ္လႊားဖို႔ မ်ိဳးဗီဇ ေျပာင္းလဲမႈလိုတယ္။ ဒီကနဦးအဆင့္မွာ အျခားေနရာေတြထက္ အေရွ႕အာရွမွာ ဗိုင္းရပ္စ္ မ်ိဳးဗီဇေျပာင္းလဲမႈႏႈန္း ေႏွးေကြးတာကို က်ေနာ္တို႔ ေတြ႕ႏိုင္တယ္။ က်ေနာ္တို႔မွာရွိတဲ့ အေသးစိတ္ဗိုင္းရပ္စ္ကူးစက္မႈ ကြန္ရက္က ကိုဗစ္-၁၉ ဟာ မ်ိဳးဗီဇေျပာင္းလဲမႈအမ်ားအျပားေၾကာင့္ ေပ်ာက္ကြယ္မသြားခင္ ကူးစက္ေရာဂါေတြရဲ႕ ကနဦးအဆင့္ကို သိႏိုင္တယ္။ ၾကယ္ေပါက္ကြဲမႈအစဦးကို ျမင္လိုက္ရ သလိုေပါ့” ဟု သူေျပာသည္။

ယေန႔ PNAS ေလ့လာမႈကို ျပဳလုပ္ၿပီးေနာက္ သုေတသီမ်ားသည္ ဗိုင္းရပ္စ္မ်ိဳးဗီဇတြဲ ၁၀၀၁ ခုကိုေလ့လာခဲ့သည္။ ထိုေလ့လာမႈကို အျခားပညာရွင္မ်ားေလ့လာရျခင္း မရွိေသးေသာ္လည္း လူသားမ်ားအၾကား ကိုဗစ္-၁၉ ကူးစက္ပ်ံ႕ႏွံ႔မႈသည္ စက္တင္ဘာလလယ္ႏွင့္ ဒီဇင္ဘာလ အေစာပိုင္းၾကားတြင္ ျဖစ္ခဲ့ေၾကာင္း ေဖါ့စတာေျပာသည္။

သုေတသီမ်ားအသုံးျပဳသည့္ မ်ိဳးဗီဇေျပာင္းလဲမႈ ကြန္ရက္နည္းလမ္းသည္ ဂရပ္တခုတည္းတြင္ ဆင့္ကဲျဖစ္စဥ္ျပ မိသားစုသစ္ပင္အမ်ားအျပားကို တၿပိဳင္နက္ ပုံေဖၚေပးႏိုင္ၿပီး ထိုနည္းကို ၁၉၇၉ ခုႏွစ္တြင္ နယူဇီလန္က စတင္ေဖၚထုတ္ကာ ဂ်ာမန္သခ်ၤာပညာရွင္မ်ားက ၁၉၉၀ ခုႏွစ္မ်ားတြင္ အဆင့္ျမႇင့္တင္ခဲ့သည္။ ထိုနည္းလမ္းကို PNAS စာတမ္းရွင္တဦးျဖစ္သည့္ ပါေမာကၡ ေကာလင္း ရမ္းဖ႐ူးက ၁၉၉၈ ခုႏွစ္တြင္ စတင္အာ႐ုံစိုက္မိသည္။ ရမ္းဖ႐ူးသည္ ကိန္းဘရစ္ခ်္တကၠသိုလ္မွ ပထမဆုံး ေရွးေဟာင္း သုေတသနအဖြဲကို တည္ေထာင္ခဲ့သည္။