【 အလှအပနှင့်ကျန်းမာရေး 】အာရုံကြောညပ်ခြင်းကြောင့်ဖြစ်သောလက်ဖဝါးထုံကျဉ်ခြင်း(Carpal Tunnel Syndrome)

【 အလှအပနှင့်ကျန်းမာရေး 】အာရုံကြောညပ်ခြင်းကြောင့်ဖြစ်သောလက်ဖဝါးထုံကျဉ်ခြင်း(Carpal Tunnel Syndrome)

Carpal Tunnel Syndrome ဆိုတာက‌တော့လက်ကောက်ဝတ်ရှိ median nerve လို့ခေါ်တဲ့ အာရုံကြောတွင်ဖိအားများခြင်းကြောင့် လက်ဝါးထုံကျဉ်ခြင်းကိုခံစားရ‌ စေတဲ့ရောဂါဖြစ်ပါတယ်။

ဘယ်လိုသူတွေမှာဖြစ်နိုင်ချေပိုများပါသလဲ?

-     လက်ကောက်ဝတ်နားတစ်ဝိုက်တွင် အရိုးကျိုးခြင်း၊အဆစ်များရောင်ရမ်းခြင်းစတဲ့အခြေအနေတွေမှာဖြစ်နိုင်ချေပိုများပါတယ်။

-     အမျိုးသမီးတွေဟာ အမျိုးသားတွေထက် carpal tunnel syndrome ဖြစ်နိုင်ချေပိုများပါတယ်။

-     ဆီးချိုရောဂါရှိသူများ၊

-     သွေးလေးဖက်နာရောဂါရှိသူများ၊

-     အဝလွန်သူများ၊

-     တုန်ခါစေသောစက်ပစ္စည်းများကိုရေရှည်အသုံးပြုရသူများ

-     ဟော်မုန်းပြောင်းလဲခြင်းဖြစ်စေသော သွေးဆုံးပြီးသူများ၊ လည်ပင်းသိုင်းရွိုက်ရောဂါ ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ

-     ကွန်ပျူတာ စာစီစာရိုက်ခြင်းကဲ့သို့‌သောရေရှည် လက်လှုပ်ရှားမှုပြုလုပ်ရသူများ၊စတဲ့သူတွေမှာ ရောဂါဖြစ်နိုင်ချေပိုများပါတယ်။

ရောဂါလက္ခဏာတွေကတော့

-     လက်ချောင်းများထုံကျဉ်ခြင်း

-     လက်ဖဝါး၊လက်ချောင်းများရောင်ရမ်းခြင်း

-     လက်ဖဝါး၊လက်ချောင်းများထုံကျဉ်ခြင်းသည် ညဖက်တွင်ပိုဆိုးခြင်း၊

-     လက်ဖဝါး၊လက်ချောင်းများကိုခါလျှင်နာကျင်မှုအနည်းငယ်

သက်သာခြင်း

-     လက်မ၊လက်ညှိုး၊လက်ခလယ်၊လက်သူကြွယ် တို့တွင် အပ်နှင့်ထိုးသကဲ့သို့စူးသည့်ခံစားချက်ရှိခြင်း

-     လက်ဖဝါးတွင် ဆုပ်ကိုင်မှုအားမရှိခြင်း‌ကြောင့် ပစ္စည်းများမကြာခဏလွတ်ကျခြင်း စသည့်ရောဂါလက္ခဏာများခံစားရနိုင်ပါတယ်။

Carpal Tunnel Syndrome လက်ကောက်ဝတ်အာရုံကြောညပ်ခြင်းမဖြစ်အောင်ဘယ်လိုကာကွယ်လို့ရပါသလဲ?

-     နေ့စဉ်လက်လှုပ်ရှားမှုပြုလုပ်ရသောစာစီစာရိုက်ခြင်း၊

တုန်ခါနေသောစက်ယန္တရားများနေ့စဉ်ကိုင်တွယ်အသုံးပြုရသူများနှင့် အခြားသောလက်လှုပ်ရှားမှုများ သောအားကစားသမား များအနေနှင့် လက်ကို ဆက်တိုက်အားစိုက်ခြင်းမပြုလုပ်ဘဲ အနားပေး၍ အလုပ် လုပ်သင့်ပါတယ်။

-     ရာသီဥတုအေးသောအချိန်မျိုးတွင် လက်ချောင်းများကိုနွေးထွေးစွာထားပါ။

-     စာစီစာရိုက်ပြုလုပ်ရသူများအနေနှင့် စာရိုက်သည့်အခါလက်ကို သက်သောင့်သက်သာဖြစ်အောင် ထား၍လက်ကောက်ဝတ်တွင်ဒဏ်မပိအောင်ထားပါ။‌

Carpal Tunnel Syndrome ကိုဘယ်လိုကုသလို့ရပါသလဲ?

-     Wrist Splinting ဟုခေါ်သော လက်ကောက်ဝတ်အထိန်းတပ်ဆင်ခြင်း

-     ရောဂါအ‌ခြေအနေ‌ပေါ်မူတည်၍သောက်ဆေး၊ထိုးဆေးများဖြင့်ကုသခြင်း

-     ခွဲစိတ်ကုသခြင်းစသဖြင့် နည်းအမျိုးမျိုးနဲ့ကုသနိုင်ပါတယ်။

 

Dr.Phyu

Photo credit- Kompas-com