【 အလှအပနှင့်ကျန်းမာရေး 】ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)
ခေါင်းတစ်ခြမ်းကိုက်ရောဂါဆိုတာကတော့ နာတာရှည် ခေါင်းကိုက်ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ခေါင်းတစ်ခြမ်းထဲကပဲထိုးပြီးကိုက်ခဲမှုဖြစ်စေလို့ ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့ခေါ်ကြတာဖြစ်ပါတယ်။
Migraine လို့ခေါ်တဲ့ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာ တစ်ခါကိုက်ပြီဆိုရင် နာရီပိုင်းကနေ ရက်ပိုင်းအထိကြာမြင့်နိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ရောဂါဟာအမျိုးသမီးတွေမှာအဖြစ်များတဲ့
ရောဂါလည်းဖြစ်ပါတယ်။
အချို့သောသူတွေမှာ ခေါင်းမကိုက်ခင်မှာမျက်စိအမြင်အာရုံတွင် အလင်းတန်းများမြင်ခြင်း၊အစက်အပြောက်များမြင်ခြင်း၊ မျက်စိအမြင်အာရုံကြည့်၍မကောင်းခြင်း စတဲ့ အကြိုလက္ခဏာတွေခံစားရနိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့
-ခေါင်းတစ်ခြမ်းထဲတဒိန်းဒိန်းနဲ့ထိုးပြီးကိုက်ခြင်း
ခေါင်းကိုက်တာနဲ့အတူ အခြားသောလက္ခဏာတွေဖြစ်တဲ့
- ပျို့အန်ခြင်း
- အလင်းရောင်စူးလျှင်၊ဆူညံသောအသံများကြားလျှင်၊အနံ့စူးစူးရှုမိလျှင်
ခေါင်းပိုကိုက်ခြင်း
- လက်နှင့်ခြေထောက်များထုံကျဉ်ခြင်း
- လက်နှင့်ခြေထောက်များ အားမရှိခြင်း စတဲ့ရောဂါလက္ခဏာတွေပါခံစားရနိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေအနေနဲ့ ခေါင်းကိုက်ခြင်းကို ပိုဆိုးစေတဲ့ အချက်တွေကိုသိထားပြီးရှောင်ကြဉ်ဖို့လိုပါတယ်။
ဘယ်အချက်တွေကခေါင်းတစ်ခြမ်းကိုက်ခြင်းကိုပိုဆိုးစေပါသလဲ?
- အရက်သောက်ခြင်း
- ကဖင်းဓါတ်များသောကော်ဖီ၊လက်ဖက်ရည်သောက်ခြင်း
- အိပ်ရေးပျက်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- ချောကလက်(Chocolate)၊ချိစ် (Cheese)၊ ငန်လွန်းသောအစားအစာများ၊ ဆေးသကြား (Artificial Sweeteners)စသောအစားအစာများစားခြင်း
- ဟော်မုန်းနှစ်မျိုးပါသောကိုယ်ဝန်တားဆေးသောက်ခြင်း
- ဟော်မုန်းပြောင်းလဲမှုများသော ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊နှင့် သွေးဆုံးပြီးချိန်တွေမှာခေါင်းတစ်ခြမ်းကိုက်ခြင်းပိုဖြစ်နိုင်ပါတယ်။
- ဆူညံလွန်းသောအသံများ၊ စူးရှလွန်းသောအလင်း၊ ပြင်းလွန်းသောအနံ့များကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုဘယ်လိုကုသရမလဲ?
ခေါင်းတစ်ခြမ်းကိုက်ရောဂါကို
- ရောဂါအခြေအနေပေါ်မူတည်၍ ပါရာစီတမော (Paracetamol) နှင့် အအန်ပျောက်ဆေး (Metoclopramide)သောက်ဆေး နဲ့ကုသနိုင်ပါတယ်။
- ဆေးဝါးများနဲ့ကုသခြင်းအပြင် တရားထိုင်ခြင်း၊ယောဂလေ့ကျင့်ခန်းများပြုလုက်ခြင်း၊ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းစတဲ့နည်းလမ်းတွေနဲ့စိတ်ဖိစီးမှုကိုလျော့ချပေးတဲ့လေ့ကျင့်ခန်းမျိုးတွေပြုလုပ်သင့်ပါတယ်။
- အိပ်ရေးဝဝအိပ်ခြင်း
- အာဟာရပြည့်ဝအောင်စားသောက်ခြင်းစတဲ့နည်းလမ်းတွေနဲ့ ရောဂါကိုသက်သာစေနိုင်ပါတယ်။
Dr.Phyu
Photo credit-SSB health care