【 အလှအပနှင့်ကျန်းမာရေး 】ခွေးရူးပြန်ရောဂါ

【 အလှအပနှင့်ကျန်းမာရေး 】ခွေးရူးပြန်ရောဂါ

ခွေးရူးပြန်ရောဂါဖြစ်ပြီဆိုတာနဲ့ သေဆုံးနိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိတဲ့အတွက်လူတွေရဲ့အသက်အန္တရာယ်ကိုခြိမ်းခြောက်လျက်ရှိတဲ့ကြောက်မက်ဖွယ်ရောဂါဖြစ်ပါတယ်။

ဒါကြောင့်ခွေးရူးပြန်ရောဂါရဲ့လက္ခဏာတွေနဲ့ ခွေးရူးပြန်ရောဂါမဖြစ်အောင်ကာကွယ်ရမယ့်‌အချက်လေးတွေပြောပြပေးလိုပါတယ်။

ခွေးရူးပြန်ရောဂါက ဘယ်လိုကူးစက်နိုင်ပါသလဲ?

ခွေးရူးပြန်ရောဂါဟာ ခွေး၊ကြောင်၊မြေခွေး၊လင်းနို့ ၊ဆိတ်၊မြင်း အစရှိတဲ့ခွေးရူးပြန်ပိုးကူးစက်ခံနေရသော နို့တိုက်သတ္တဝါ များမှတစ်ဆင့် လူသို့ကူးစက်နိုင်ပြီး ခွေးကိုက်ခံရခြင်းကြောင့် ကူးစက်ခံရခြင်းကပိုများပါတယ်။

ခွေးရူးပြန်ရောဂါရဲ့ရောဂါလက္ခဏာတွေကတော့

၁- ဖျားခြင်း၊ခေါင်းကိုက်ခြင်း

၂- ပျို့အန်ခြင်း

၃- ဂနာမငြိမ်ခြင်း၊တက်ခြင်း

၄-မူး‌ဝေထိုင်းမှိုင်းခြင်း

၅- ရေ၊အစာမျိုချရခက်ခဲခြင်း

၆-တံတွေးများထွက်ခြင်း

၇- ရေကြောက်ခြင်း

၈- အလင်းရောင်နှင့်လေကိုကြောက်ခြင်း

၉- ဂယောင်ခြောက်ခြားဖြစ်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုလူတွေမှာခွေးရူးပြန်ရောဂါဖြစ်နိုင်ချေပိုများပါသလဲ?

၁- မျက်နှာနဲ့လည်ပင်းမှာ‌ ခွေးရူးအကိုက်ခံရပါကခွေးရူးပြန်ရောဂါပျံ့နှံ့နိုင်ချေပိုများပါတယ်။

၂- လင်းနို့များရှိသောဂူထဲတွင်အလုပ်လုပ်သူများ

၃- တိရစ္ဆာန်များအားထိတွေ့ကိုင်တွယ်မှုများသူများ

စတဲ့သူတွေမှာရောဂါကူးစက်ခံရနိုင်ချေပိုများပါတယ်။

ခွေးရူးပြန်ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?

၁- မိမိအိမ်တွင်ရှိ‌ သောအိမ်မွေးတိရစ္ဆာန်များကိုခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပေးပါ။

၂- လင်းနို့များရှိသောနေရာတွင်အလုပ်လုပ်ရသူများ၊တိရစ္ဆာန်များနှင့် ထိတွေ့၍အလုပ်လုပ်ကိုင်ရသူများအနေနဲ့ခွေးရူးပြန်ကာကွယ်ဆေးကို ကြိုတင်ထိုးထားသင့်ပါတယ်။

၃- ခွေးကိုက်ခံရပါက ဒဏ်ရာကိုရေနှင့်ဆပ်ပြာဖြင့် သေချာစွာဆေးကြောပြီး ဒဏ်ရာကိုသန့်စင်စွာ ဖုံးအုပ်ပါ။ထို့နောက် နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့ အမြန်ဆုံးသွားရောက်၍

 ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံပါ။

၄- ခွေးရူးပြန်‌ ရောဂါကာကွယ်ရန်ဒဏ်ရာအခြေအနေပေါ်မူတည်၍ လိုအပ်ပါက အရေးပေါ်ကိုယ်ခံအားဆေး immunoglobulin ကိုပါ ခွေးရူးပြန်ကာကွယ်ဆေး နဲ့အတူ ထိုးနှံဖို့လိုအပ်ပါတယ်။

၅- တိရစ္ဆာန်များရဲ့ခံတွင်းထဲမှာမေးခိုင်ပိုးပါရှိနေနိုင်တဲ့အတွက် မေးခိုင်ကာကွယ်ဆေးကိုပါထိုးနှံဖို့လိုပါတယ်။

ခွေရူးပြန်ရောဂါဟာ ရောဂါလက္ခဏာပြသချိန်မှ ကုသမယ်ဆိုရင် သေဆုံးနိုင်ချေများတဲ့အတွက် ခွေးကိုက်ခံရခြင်း၊တိရစ္ဆာန် အကိုက်ခံရခြင်းများရှိပါက ‌ဒဏ်ရာကိုသေချာစွာဆေးကြောပြီးနီးစပ်ရာ ဆေးရုံ၊ဆေးခန်းမှာ ကာကွယ်ဆေးထိုးနှံဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo credit- Dreamstime.com