
【 အလှအပနှင့်ကျန်းမာရေး 】ထိပ်ခတ်နာရောဂါ (Sinusitis)
ထိပ်ခတ်နာရောဂါကတော့ ဦးခေါင်းခွံ၊မျက်နှာအရိုးနှင့် နှာခေါင်းနားတစ်ဝိုက် air sinus လို့ခေါ်တဲ့ဂလိုင်အခေါင်းပေါက်လေး တွေရောင်ရမ်းမှုကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။
ထိပ်ခတ်နာရောဂါကြောင့် နှာခေါင်းအတွင်းနှာရည်အကျိအချွဲများစီးဆင်းမှုပိတ်ဆို့ပြီး နှာခေါင်းပိတ်ခြင်းကြောင့် အသက်ရှူရခက်ခဲခြင်းကိုဖြစ်စေနိုင်ပါတယ်။
ထိပ်ခတ်နာရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
၁- နှာခေါင်းထဲတွင် nasal polyp လို့ခေါ်တဲ့ အသားလုံးဖြစ်ခြင်း
၂- အသက်ရှူလမ်းကြောင်းတွင် ရောဂါပိုးဝင်ရောက်ခြင်း
၃- ဓါတ်မတည့်မှုကြောင့် ရောင်ရမ်းခြင်း
၄- နှာခေါင်းရိုးပုံသဏ္ဌာန်မမှန်ခြင်း
စတဲ့အချက်တွေက ထိပ်ခတ်နာရောဂါကိုဖြစ်စေနိုင်ပါတယ်။
ထိပ်ခတ်နာရောဂါရဲ့လက္ခဏာတွေကတော့
၁- နှာခေါင်းပိတ်ခြင်း
၂- နှာရည်ယိုခြင်း၊ စိမ်း၀ါရောင်အနံ့နံသောနှာရည်ပုပ်များထွက်ခြင်း
၃- နှာရည်များနှာခေါင်းအနောက်ဘက်သို့ နှာရည်စီးကျခြင်း
၄- အနံ့ မရခြင်း
၅- အသက်ရှူရခက်ခဲခြင်း
၆- နှာခေါင်းတစ်ဝိုက် မျက်နှာ၊နဖူး၊ပါးရိုး များကိုက်ခဲခြင်း
၇- ခေါင်းကိုက်ခြင်း
၈- နားကိုက်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
ထိပ်ခတ်နာရောဂါ ကိုသေချာစွာကုသမှုမခံယူပါက
နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
- မျက်လုံးတွင်ရောဂါပိုးဝင်ရောက်ခြင်းကြောင့် အမြင်အာရုံဆုံးရှုံးခြင်း
- ဦးနှောက်တွင်းရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဦးနှောက်အမြှေးပါးရောင်ခြင်း
- အရိုးအတွင်းရောဂါပိုးဝင်ရောက်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်ပါတယ်။
ထိပ်ခတ်နာရောဂါကိုဘယ်လိုကုသမလဲ?
- နှာခေါင်းအတွင်းသန့်စင်ခြင်း
- ပိုးသတ်ဆေးများ၊သောက်ဆေးများဖြင့်ကုသခြင်း
- ခွဲစိတ်ကုသခြင်း စတဲ့နည်းလမ်းများနဲ့ကုသနိုင်ပါတယ်။
ဒါကြောင့်မိမိမှာထိပ်ခတ်နာရောဂါခံစားနေရတယ်လို့ သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံသွားရောက်ပြသပြီးကုသမှုခံယူသင့်ပါတယ်။
Photo credit- Houston Sinus Surgery
Dr.Phyu