【 အလှအပနှင့်ကျန်းမာရေး 】နှာခေါင်းသွေးလျှံခြင်း

【 အလှအပနှင့်ကျန်းမာရေး 】နှာခေါင်းသွေးလျှံခြင်း

နှာခေါင်းသွေးလျှံခြင်းဟာ နှာခေါင်းထိပ်မှာရှိသွေးကြောလေးတွေက သွေးထွက်ခြင်းကြောင့်ဖြစ်တာဖြစ်ပါတယ်။

နှာခေါင်းသွေးလျှံခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းများကတော့

၁- နှာခေါင်းမကြာခဏနှိုက်ခြင်းကြောင့် နှာခေါင်းတွင်ဒဏ်ရာဖြစ်ခြင်း

၂- နှာခေါင်းအမြှေးပါးခြောက်ခြင်း

များသောအားဖြင့်ရာသီဥတုအေးတဲ့ဆောင်းရာသီမှာ၊

နှာ‌ခေါင်းအမြှေးပါးခြောက်ခြင်းကြောင့်နှာခေါင်းသွေးလျှံခြင်းပိုဖြစ်တတ်ပါတယ်။

၃- နှာခေါင်းထိခိုက်မိခြင်း

၄- နှာစေး၊အအေးမိခြင်း

၅- ဓါတ်မတည့်ခြင်း

၆- သွေးကျဲဆေးသောက်သုံးနေရသူများ

၇- သွေးတွင်းသွေးမွှားဥပမာဏနည်းခြင်း

၈- သွေးမတိတ်‌ ရောဂါ၊သွေးရောဂါရှိသူများ

၉- နှာခေါင်းအတွင်းအလုံးအကျိတ်ရှိသူများ တွင်လည်းနှာခေါင်းသွေးလျှံနိုင်ပါတယ်။

နှာခေါင်းသွေးလျှံပြီဆိုရင်ဘယ်လိုရှေးဦးစွာပြုမူသင့်ပါသလဲ?

  •  နှာခေါင်းသွေးလျှံပြီဆိုရင်  ထိုင်ခုံတွင်တည့်မတ်စွာထိုင်ပါ။ခေါင်းကိုတည့်မတ်စွာထားပါ။ သို့မဟုတ်ခေါင်းကိုအနည်းငယ်ငုံ့ပြီး နှာခေါင်းထိပ်ကိုလက်မနဲ့လက်ညှိုးဖြင့်၁၀ မိနစ်ခန့် ဖိထားရပါမယ်။
  • အသက်ကိုပါးစပ်မှဖြေးညင်းစွာရှူသွင်းရှူထုတ်ပြုလုပ်ပါ။
  • နှာခေါင်းကိုရေခဲကပ်ခြင်းပြုလုပ်နိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာဆေးရုံကိုသွားဖို့လိုမလဲ?

  • နှာခေါင်းကိုဖိပြီးညှစ်ထားရာကသွေးမတိတ်ပဲမိနစ် ၂၀ ကျော်ပြီဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို သွားရောက်ပြသဖို့လိုပါတယ်။
  • အသက် ၂နှစ်အောက်ကလေးတွေမှာနှာခေါင်းသွေးလျှံခြင်း
  • ပြင်းထန်တဲ့ထိခိုက်မှုကြောင့်ဖြစ်တဲ့နှာခေါင်းသွေးလျှံခြင်း

(ဥပမာ-မော်တော်ယာဉ်တိုက်ခြင်း)

  • နှာခေါင်းသွေးပမာဏများခြင်း
  • နှာခေါင်းသွေးလျှံခြင်းအပြင်ရင်ဘတ်အောင့်ခြင်း၊

အသက်ရှူရခက်ခဲခြင်းမောခြင်း၊ခေါင်းမူးခြင်း

  • သွေးမတိတ်ခြင်း၊သွေးရောဂါရှိသူများ
  • မကြာခဏနှာခေါင်းသွေးလျှံသူများ
  • သွေးကျဲဆေးသောက်နေရသူများတွင်နှာ‌ခေါင်း‌သွေးလျှံခြင်း စတဲ့အခြေအနေတွေမှာဆေးရုံကိုသွားရောက်ပြသဖို့လိုပါတယ်။

နှာခေါင်းသွေးလျှံခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

  • ရာသီဥတုအေးချိန်မှာနှာခေါင်းအမြှေးပါးမခြောက်သွေ့အောင် အစိုဓါတ်ထိန်းပေးတဲ့ Humidifier ရေငွေ့စက် အသုံးပြုနိုင်ပါတယ်။
  • နှာခေါင်းမကြာခဏနှိုက်ခြင်းကိုရှောင်ကြဉ်ခြင်း
  • ကလေးငယ်များရဲ့လက်သည်းကိုပုံမှန်ညှပ်ပေးခြင်းကလည်း နှာခေါင်း ဒဏ်ရာရခြင်းကိုလျော့ချပေးနိုင်ပါတယ်။

Dr.Phyu

Photo credit- Verywell Health