
【 အလှအပနှင့်ကျန်းမာရေး 】ပန်ကရိယရောင်ခြင်း (Pancreatitis)
ပန်ကရိယ ဆိုတာကတော့ ကျွန်မတို့ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်မှာတစ်စိတ်တစ်ပိုင်းပါဝင်ပြီး ခန္ဓာကိုယ် ရဲ့သကြားဓာတ်ကိုထိန်းပေးတဲ့အင်ဆူလင် ဟော်မုန်းကိုထုတ်ပေးပါတယ်။
ပန်ကရိယရောင်ရမ်းခြင်းကိုရုတ်တရက်ရောင်ရမ်းခြင်းနဲ့ နာတာရှည်ပန်ကရိယရောင်ရမ်းခြင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။
ပန်ကရိယရောင်ခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့
- အရက်သောက်ခြင်း
(အထူးသဖြင့် ပွဲလမ်းသဘင်၊ပါတီပွဲများတွင် အရက်ကိုအလွန်အမင်းသောက်သုံးခြင်း၊အဆီများလွန်းသောအစားအသောက်များစားသောက်ခြင်း စတာတွေကြောင့် ရုတ်တရက် ပန်ကရိယရောင်ခြင်းအဖြစ်များပါတယ်။)
- သည်းခြေအိတ်တွင်ကျောက်တည်ခြင်း
- သွေးတွင်း (Triglycerides)အဆီဓါတ်များခြင်း
- အဝလွန်ခြင်း
- သွေးတွင်းကယ်ဆီယမ်ဓါတ်များခြင်း
- ဆီးချိုရောဂါရှိသူများ
- ဝမ်းဗိုက်တွင်ထိခိုက်ဒဏ်ရာရခြင်း
- ရောဂါပိုးဝင်ခြင်း
- Cystice Fibrosis လို့ခေါ်တဲ့ ရောဂါ
- အချို့သောဆေးဝါးများ စတာတွေကြောင့် ပန်ကရိယရောင်ခြင်းဖြစ်နိုင်ပါတယ်။
ရုတ်တရက်ပန်ကရိယရောင်တဲ့ရောဂါလက္ခဏာတွေကတော့
- ဗိုက်အောင့်ခြင်း
(ဗိုက်အောင့်ခြင်းအပြင်ကျော အနောက်ဖက်တွင်အောင့်ခြင်း)
(အစာစားပြီးချိန်၊အဆီများလွန်းသောအစာများစားပြီးချိန်၊အရက်အလွန်အကျွံသောက်ပြီးချိန်တွင် ဗိုက်အောင့်ခြင်း)
- ပျို့အန်ခြင်း
- ကိုယ်အပူချိန်တက်ခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်း
နာတာရှည်ပန်ကရိယရောင်ခြင်းလက္ခဏာတွေကတော့
- ဗိုက်အောင့်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- ဝမ်းထဲတွင်အဆီပါခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
ပန်ကရိယရောင်ခြင်းကြောင့် နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်
- ပန်ကရိယတွင် အရည်အိတ်ဖြစ်ခြင်း
- ပန်ကရိယ ကင်ဆာ
- ဆီးချိုရောဂါ
- ကျောက်ကပ်ပျက်စီးခြင်းစတဲ့နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်။
ပန်ကရိယရောင်ခြင်းမဖြစ်အောင်ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့
- အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
- ဆေးလိပ်သောက်ပါကဆေးလိပ်ဖြတ်ပါ။
- အဝမလွန်အောင်ထိန်းသိမ်းပါ။
- နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
- အဆီနည်းသောအစားအသောက်များကိုစားသုံးပါ။
ပန်ကရိယရောင်ခြင်းရောဂါခံစားနေရသူတွေအနေနဲ့ ဆရာဝန်နဲ့သေချာစွာစစ်ဆေးကုသမှုခံယူဖို့လိုပါတယ်။ အစားအသောက်နဲ့နေထိုင်မှုပုံစံကိုပါပြုပြင်ပြောင်းလဲပြီးကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်စားသောက်ဖို့တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit- Verywell Health