【 အလှအပနှင့်ကျန်းမာရေး 】မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis)

【  အလှအပနှင့်ကျန်းမာရေး  】မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis)

မုန့်ချိုအိတ် (Pancreas) လို့ခေါ်တဲ့ အရာက ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ ဒီလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။
(၁)အစာချေအင်ဇိုင်းများ ထုတ်ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစာချေဖျက်ခြင်း လုပ်ငန်းတွင်ပါဝင်ခြင်း
(၂)ခန္ဓာကိုယ် သကြားဓါတ်ကို အဓိက ထိန်းညှိပေးတဲ့ ဟော်မုန်းနှစ်မျိုးဖြစ်တဲ့ အင်ဆူလင်နှင့် glucagon ဟော်မုန်းနှစ်မျိုးကို ထုတ်ပေးခြင်း တို့ဖြစ်ပါသည်။

မုန့်ချိုအိတ် ရောင်ရမ်းခြင်းမှာ ရုတ်တရက်ဖြစ်တဲ့ ပန်ကရိယ ရောင်ရမ်းခြင်း (Acute Pancreatitis) နဲ့ ကြာရှည် ပန်ကရိယ ရောင်ရမ်းခြင်း (Chronic Pancreatitis) ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။

ဘယ်အရာတွေက မုန့်ချိုအိတ် (ပန်ကရိယ) ရောင်ခြင်းကို ဖြစ်စေသလဲ?
Acute pancreatitis လို့ခေါ်တဲ့ ရုတ်တရက် ပန်ကရိယရောင်ခြင်းကို ဖြစ်စေတဲ့ အချက်တွေကတော့ -
-အရက် အလွန်အကျွံသောက်မိခြင်း
-သည်းခြေလမ်းကြောင်းကျောက်ပိတ်ခြင်း သို့မဟုတ် Ampulla of Vater လို့ခေါ်တဲ့ သည်းခြေလမ်းကြောင်းနဲ့ ပန်ကရိယကထွက်တဲ့ ပြွန်တို့ဆုံရာ အဝ မူမမှန်ဘဲ ကျုံ့နေခြင်း
-ERCP လို့ခေါ်တဲ့ သည်းခြေလမ်းကြောင်းတလျှောက် ရောဂါရှာဖွေတဲ့ မှန်ပြောင်းကြည့်ပြီးချိန်တွင် ဖြစ်တတ်ခြင်း
-ခန္ဓာကိုယ်တွင်း TG လို့ခေါ်တဲ့ အဆီတွေ အလွန်အကျွံများခြင်း
-Autoimmune ခေါ် ရောဂါခုခံမှု စံနှုန်းမှာယွင်းပီး မိမိ ခန္ဓာကိုယ် တစ်ရှူးတွေကို ပြန်တိုက်ခံရတဲ့ ရောဂါရှိသူတွေ
-အချို့သော ဆေးများ (ဥပမာ - ဆီးဆေး - thiazide နှင့် gliptins)
-အချို့သော ဗိုင်းရပ်စ်ပိုးဝင်ခြင်းများ (ဥပမါ-ပါးချိတ်ရောင် virus (mump)
(ဒီအရာတွေက ပန်ကရိယရဲ့ ချေဖက်တဲ့ အင်ဇိုင်းတွေကို အများကြီးထွက်စေပြီး ဒီအင်ဇိုင်းတွေက ပန်ကရိယ နဲ့ အနီးအနားက တစ်ရှူးတွေကို ဖျက်ပစ်လို့ ရောင်ရမ်းစေတာပါ) ဘာအကြောင်းရင်းမှ မရှိဘဲ idiopathic လို့ခေါ်တဲ့ ရောင်ရမ်းခြင်းလည်း ဖြစ်နိုင်ပါတယ်။

ပန်ကရိယ ရောင်ရမ်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ?
Acutely ရုတ်တရက် ပန်ကရိယ ရောင်းရမ်းရင်တော့-
-ဗိုက်ရဲ့ အပေါ်ပိုင်းမှာ နာရီပိုင်းကြာအောင် ပြင်းပြင်းထန်ထန်အောင့်ခြင်း
-နောက်ကျောဘက်သို့ အောင့်ခြင်း
-ပျို့အန်ခြင်း
- အူလှုပ်ရှားမှုနည်းခြင်း paralytic ileus
-ဗိုက်ရဲ့ဘေးဘက်ခြမ်း flanks မှာ ညိုမည်းခြင်း (Grey Turner's sign)
-ချက် ပတ်ပတ်လည်မှာ ညိုမည်းခြင်း (Cullen's sign)
-ပြင်းထန်တဲ့ ရောင်ရမ်းခြင်းဖြစ်ရင်တော့
Hypovolaemic shock ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
(၈၀ ရာခိုင်နှုန်းလောက်သော ပန်ကရိယ ရောင်ရမ်းခြင်းတွေက ပြင်းထန်လေ့မရှိပေမယ့် ၁၀ရါခိုင်နှုန်းလောက်ကတော့ ဖြစ်ပီး ပထမအပတ်အတွင်းမှာ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်)

နောက်ဆက်တွဲဆိုးကျိုးများ
-ခန္ဓာကိုယ်တကိုယ်လုံးက အစိတ်အပိုင်းတွေ ရောင်ရမ်းခြင်း (Systemic Inflammatory response syndrome, SIRS)
- သွေးတွင်းအချိုဓါတ်များခြင်း
-ပန်ကရိယတွင် ပြည်တည်ခြင်း (Abscess)၊ အရည်အိတ်ဖြစ်ခြင်း (Pseudocyst)
- ရေဖျင်းဖြစ်ခြင်း၊ အဆုတ်ရေဝင်ခြင်း
-အစာအိမ်လမ်းကြောင်း အပေါ်ပိုင်းမှ သွေးထွက်ခြင်း
-အသားဝါခြင်း (သည်းခြေလမ်းကြောင်းကို ဖိမိခြင်းကြောင့်)

ဘယ်လိုရောဂါရှာဖွေမှုတွေ လုပ်ဖို့လိုလဲ?
- သွေးထဲမှာ serum amylase လို့ခေါ်တဲ့ အင်ဇိုင်း ပမာဏ စစ်ဆေးခြင်း
-ဝမ်းဗိုက် အာထရာဆောင်း သို့မဟုတိ ကွန်ပျုတာဓါတ်မှန် စီတီ ရိုက်ခြင်း
-ရောဂါ ပြင်းထန်မှုအတွက် လိုအပ်တဲ့ သွေးစစ်ဆေးမှုများလုပ်ခြင်း

ကုသခြင်း
ပန်ကရိယ ရောင်ရမ်းခြင်းဟာ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်တာကြောင့် ရောဂါမြန်မြန်ရှာဖွေပြီး ကုသဖို့ လိုအပ်ပါတယ်။ ၁)အနာသက်သာအောင် ဆေးပေးခြင်း၊
၂)နှာခေါင်းပိုက်နဲ့လိုအပ်တဲ့အာဟာရပေးခြင်း
၃) ပိုးသတ်ဆေးများပေးခြင်းပြုလုပ်ခြင်း
 ရောဂါပြင်းထန်တဲ့ လက္ခဏာတွေရှိလာရင်တော့ အထူးကြပ်မတ်ကုသဆောင်မှာ ကုသရသည်အထိ ဖြစ်နိုင်ပါတယ်။
 သည်းခြေကျောက်ကြောင့်ဖြစ်တဲ့ ပန်ကရိယရောင်ရမ်းခြင်း အတွက်တော့ မှန်ပြောင်းဖြင့် ကျောက်ထုတ်ခြင်း '(ERCP) လုပ်ဖို့လိုမှာပါ။ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ပြည်တည်ခြင်း Abscess၊ တစ်ရှူ းပုပ်သွားခြင်းတွေရှိရင်တော့ ချက်ချင်း ဖောက်ထုတ်ပစ်ဖို့လိုမှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီဝက (  ဆေး-၁ )

(  Zawgyi  )

 မုန႔္ခ်ိဳအိတ္ (Pancreas) လို႔ေခၚတဲ့ အရာက ကြၽန္ေတာ္တို႔ ခႏၶာကိုယ္မွာ အေရးႀကီးတဲ့ ဒီလုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္ေပးပါတယ္။
(၁)အစာေခ်အင္ဇိုင္းမ်ား ထုတ္ေပးျခင္းျဖင့္ ခႏၶာကိုယ္ရဲ႕ အေရးႀကီးတဲ့ အစာေခ်ဖ်က္ျခင္း လုပ္ငန္းတြင္ပါဝင္ျခင္း
(၂)ခႏၶာကိုယ္ သၾကားဓါတ္ကို အဓိက ထိန္းညႇိေပးတဲ့ ေဟာ္မုန္းႏွစ္မ်ိဳးျဖစ္တဲ့ အင္ဆူလင္ႏွင့္ glucagon ေဟာ္မုန္းႏွစ္မ်ိဳးကို ထုတ္ေပးျခင္း တို႔ျဖစ္ပါသည္။

မုန႔္ခ်ိဳအိတ္ ေရာင္ရမ္းျခင္းမွာ ႐ုတ္တရက္ျဖစ္တဲ့ ပန္ကရိယ ေရာင္ရမ္းျခင္း (Acute Pancreatitis) နဲ႔ ၾကာရွည္ ပန္ကရိယ ေရာင္ရမ္းျခင္း (Chronic Pancreatitis) ဆိုၿပီး ႏွစ္မ်ိဳးခြဲႏိုင္ပါတယ္။

ဘယ္အရာေတြက မုန႔္ခ်ိဳအိတ္ (ပန္ကရိယ) ေရာင္ျခင္းကို ျဖစ္ေစသလဲ?
Acute pancreatitis လို႔ေခၚတဲ့ ႐ုတ္တရက္ ပန္ကရိယေရာင္ျခင္းကို ျဖစ္ေစတဲ့ အခ်က္ေတြကေတာ့ -
-အရက္ အလြန္အကြၽံေသာက္မိျခင္း
-သည္းေျခလမ္းေၾကာင္းေက်ာက္ပိတ္ျခင္း သို႔မဟုတ္ Ampulla of Vater လို႔ေခၚတဲ့ သည္းေျခလမ္းေၾကာင္းနဲ႔ ပန္ကရိယကထြက္တဲ့ ႁပြန္တို႔ဆုံရာ အဝ မူမမွန္ဘဲ က်ဳံ႕ေနျခင္း
-ERCP လို႔ေခၚတဲ့ သည္းေျခလမ္းေၾကာင္းတေလွ်ာက္ ေရာဂါရွာေဖြတဲ့ မွန္ေျပာင္းၾကည့္ၿပီးခ်ိန္တြင္ ျဖစ္တတ္ျခင္း
-ခႏၶာကိုယ္တြင္း TG လို႔ေခၚတဲ့ အဆီေတြ အလြန္အကြၽံမ်ားျခင္း
-Autoimmune ေခၚ ေရာဂါခုခံမႈ စံႏႈန္းမွာယြင္းပီး မိမိ ခႏၶာကိုယ္ တစ္ရႉးေတြကို ျပန္တိုက္ခံရတဲ့ ေရာဂါရွိသူေတြ
-အခ်ိဳ႕ေသာ ေဆးမ်ား (ဥပမာ - ဆီးေဆး - thiazide ႏွင့္ gliptins)
-အခ်ိဳ႕ေသာ ဗိုင္းရပ္စ္ပိုးဝင္ျခင္းမ်ား (ဥပမါ-ပါးခ်ိတ္ေရာင္ virus (mump)
(ဒီအရာေတြက ပန္ကရိယရဲ႕ ေခ်ဖက္တဲ့ အင္ဇိုင္းေတြကို အမ်ားႀကီးထြက္ေစၿပီး ဒီအင္ဇိုင္းေတြက ပန္ကရိယ နဲ႔ အနီးအနားက တစ္ရႉးေတြကို ဖ်က္ပစ္လို႔ ေရာင္ရမ္းေစတာပါ) ဘာအေၾကာင္းရင္းမွ မရွိဘဲ idiopathic လို႔ေခၚတဲ့ ေရာင္ရမ္းျခင္းလည္း ျဖစ္ႏိုင္ပါတယ္။

ပန္ကရိယ ေရာင္ရမ္းရင္ ဘယ္လိုေရာဂါလကၡဏာေတြ ခံစားရမလဲ?
Acutely ႐ုတ္တရက္ ပန္ကရိယ ေရာင္းရမ္းရင္ေတာ့-
-ဗိုက္ရဲ႕ အေပၚပိုင္းမွာ နာရီပိုင္းၾကာေအာင္ ျပင္းျပင္းထန္ထန္ေအာင့္ျခင္း
-ေနာက္ေက်ာဘက္သို႔ ေအာင့္ျခင္း
-ပ်ိဳ႕အန္ျခင္း
- အူလႈပ္ရွားမႈနည္းျခင္း paralytic ileus
-ဗိုက္ရဲ႕ေဘးဘက္ျခမ္း flanks မွာ ညိဳမည္းျခင္း (Grey Turner's sign)
-ခ်က္ ပတ္ပတ္လည္မွာ ညိဳမည္းျခင္း (Cullen's sign)
-ျပင္းထန္တဲ့ ေရာင္ရမ္းျခင္းျဖစ္ရင္ေတာ့
Hypovolaemic shock ရတဲ့အထိ ျဖစ္ႏိုင္ပါတယ္။
(၈၀ ရာခိုင္ႏႈန္းေလာက္ေသာ ပန္ကရိယ ေရာင္ရမ္းျခင္းေတြက ျပင္းထန္ေလ့မရွိေပမယ့္ ၁၀ရါခိုင္ႏႈန္းေလာက္ကေတာ့ ျဖစ္ပီး ပထမအပတ္အတြင္းမွာ အသက္အႏၲရာယ္ရွိသည္အထိ ျဖစ္ႏိုင္ပါတယ္)

ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား
-ခႏၶာကိုယ္တကိုယ္လုံးက အစိတ္အပိုင္းေတြ ေရာင္ရမ္းျခင္း (Systemic Inflammatory response syndrome, SIRS)
- ေသြးတြင္းအခ်ိဳဓါတ္မ်ားျခင္း
-ပန္ကရိယတြင္ ျပည္တည္ျခင္း (Abscess)၊ အရည္အိတ္ျဖစ္ျခင္း (Pseudocyst)
- ေရဖ်င္းျဖစ္ျခင္း၊ အဆုတ္ေရဝင္ျခင္း
-အစာအိမ္လမ္းေၾကာင္း အေပၚပိုင္းမွ ေသြးထြက္ျခင္း
-အသားဝါျခင္း (သည္းေျခလမ္းေၾကာင္းကို ဖိမိျခင္းေၾကာင့္)

ဘယ္လိုေရာဂါရွာေဖြမႈေတြ လုပ္ဖို႔လိုလဲ?
- ေသြးထဲမွာ serum amylase လို႔ေခၚတဲ့ အင္ဇိုင္း ပမာဏ စစ္ေဆးျခင္း
-ဝမ္းဗိုက္ အာထရာေဆာင္း သို႔မဟုတိ ကြန္ပ်ဳတာဓါတ္မွန္ စီတီ ႐ိုက္ျခင္း
-ေရာဂါ ျပင္းထန္မႈအတြက္ လိုအပ္တဲ့ ေသြးစစ္ေဆးမႈမ်ားလုပ္ျခင္း

ကုသျခင္း
ပန္ကရိယ ေရာင္ရမ္းျခင္းဟာ အသက္အႏၲရာယ္ရွိသည္အထိ ျဖစ္ႏိုင္တာေၾကာင့္ ေရာဂါျမန္ျမန္ရွာေဖြၿပီး ကုသဖို႔ လိုအပ္ပါတယ္။ ၁)အနာသက္သာေအာင္ ေဆးေပးျခင္း၊
၂)ႏွာေခါင္းပိုက္နဲ႔လိုအပ္တဲ့အာဟာရေပးျခင္း
၃) ပိုးသတ္ေဆးမ်ားေပးျခင္းျပဳလုပ္ျခင္း
 ေရာဂါျပင္းထန္တဲ့ လကၡဏာေတြရွိလာရင္ေတာ့ အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသရသည္အထိ ျဖစ္ႏိုင္ပါတယ္။
 သည္းေျခေက်ာက္ေၾကာင့္ျဖစ္တဲ့ ပန္ကရိယေရာင္ရမ္းျခင္း အတြက္ေတာ့ မွန္ေျပာင္းျဖင့္ ေက်ာက္ထုတ္ျခင္း '(ERCP) လုပ္ဖို႔လိုမွာပါ။ ေနာက္ဆက္တြဲ ဆိုးက်ိဳးျဖစ္တဲ့ ျပည္တည္ျခင္း Abscess၊ တစ္ရႉ းပုပ္သြားျခင္းေတြရွိရင္ေတာ့ ခ်က္ခ်င္း ေဖာက္ထုတ္ပစ္ဖို႔လိုမွာပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီဝက (  ေဆး-၁ )