【 အလှအပနှင့်ကျန်းမာရေး 】မျက်စိအတွင်းတိမ်

  【  အလှအပနှင့်ကျန်းမာရေး  】မျက်စိအတွင်းတိမ်

ပထမဆုံးအနေနဲ့မျက်စိရဲ့မှန်ဘီလူးအကြောင်းပြောပြချင်ပါတယ်။မျက်စိရဲ့ မှန်ဘီလူးဟာ မျက်ဝန်း(iris)နဲ့ သူငယ်အိမ်ကြားမှာရှိပါတယ်။ သူဟာ ကင်မရာတလုံးရဲ့ မှန်ဘီလူးလိုပဲအလုပ်လုပ်ပါတယ်။ အလင်းတန်းတွေ ကိုမျက်လုံးနောက်ဖက်ကအမြင်လွှာပေါ်မှာစုဆုံစေပြီးပုံရိပ်ကိုမှတ်သားပါတယ်။ မှန်ဘီလူးဟာမျက်လုံးကို နီးနီးဝေးဝေး ပြတ်သားစွာမြင်နိုင်အောင် ချိန်ပေးပါတယ်။ မှန်ဘီလူးကိုအများအားဖြင့် ရေ၊ ပရိုတိန်းနဲ့ ဖွဲ့စည်း ထားပါတယ်။

ပရိုတိန်းဟာမှန်ဘီလူးကို ကြည်လင်နေစေပြီး အလင်းကောင်း စွာဖြတ် သွားနိုင်အောင် တိကျတဲ့ပုံစံနဲ့ စီစဉ်ထားပါတယ်။ မျက်လုံးအတွင်း တိမ် ဆိုတာ မျက်လုံးများ၏မှန်ဘီလူးများ မကြည်လင်ခြင်း(မျက်လုံးရဲ့ မှန် ဘီလူး မှာတိမ်သဖွယ် အုပ်ဆိုင်းနေခြင်း)ကြောင့် အမြင်အာရုံ ချို့ယွင်း လာခြင်း ကို မျက်စိအတွင်းတိမ်ဖြစ်ခြင်းဟုခေါ်ပါတယ်။

တိမ်အများစုဟာတဖြည်းဖြည်းကြီးထွားလာပြီးအစပိုင်းမှာတော့ အမြင် အာရုံကို အနှောက်အယှက် မပေးပါဘူး။ ကြာလာတာနဲ့အမျှ မြင်ကွင်းကို ထိခိုက်လာစေပါတယ်။ တိမ်တခုဟာ သင့်အမြင်အာရုံကို နှောက်ယှက် စပြုလာပြီဆိုရင် ခွဲစိတ်မှုခံယူဖို့ လိုပါတယ်။

မျက်စိအတွင်းတိမ်ဖြစ်ရသောအကြောင်းရင်းများစွာရှိသော်လည်းအသက် ကြီး လာခြင်းသည် အဓိကအကြောင်းရင်းဖြစ်ပါသည်။ ဆီးချိုရှိခြင်း၊ဆေးလိပ်သောက်ခြင်း၊ ခရမ်းလွန်ရောင်ခြည်ထိတွေ့ခြင်း၊ စတီးရွိုက်များရေရှည်သုံးခြင်း၊ မျက်စိဒဏ်ရာရဖူးခြင်း၊ မိသားစုတွင်း အတွင်း တိမ်ရောဂါသည်ရှိခြင်း နှင့် ဓာတ်ရောင်ခြည် ကုထုံး တို့ကြောင့် လည်းဖြစ်နိုင်ပါသည်။

 မျက်စိအတွင်းတိမ်လက္ခဏာများ။ • မျက်စိမကြည်လင်ခြင်း (သို့) မှုန်ဝါးခြင်း။

• အရောင်များမှိန်နေခြင်း။
• အမြင်နှစ်ထပ်ဖြစ်နေခြင်း။
• မျက်မှန် (သို့) မျက်ကပ်မှန် ပါဝါအမြဲပြောင်းလဲခြင်း။
• ညဘက်ကြည့်မကောင်းခြင်း။
• စူးရှတောက်ပသောအလင်းကိုမခံနိုင်ခြင်း။
ဥပမာ - ကားရှေ့မီး၊ မီးအိမ် (သို့) နေရောင်။
• အမြင်အာရုံတွင် အစက်အပြောက်များပေါ်နေခြင်း
• တောက်ပသောအလင်းရောင်ကြောင့် မျက်စိကြိမ်းတတ်ခြင်း
• အလင်းရောင်တဝိုက်တွင် အရောင်စက်ဝိုင်းမြင်ရခြင်း
• မြင်ကွင်းအရောင်ဝါးလာခြင်း မျက်စိအတွင်းတိမ်ရှိသည်ကို မည်သို့သိရှိနိုင်မည်နည်း။ • မျက်စိအမြင်အာရုံစစ်ဆေးခြင်း။
• မျက်စိသူငယ်အိမ်ကျယ်စေသည့်ဆေးခတ်ပြီး မျက်လုံးစစ်ဆေးခြင်း။
• မျက်စိရေတိမ်ဖိအားစစ်ဆေးခြင်း။ မျက်စိအတွင်းတိမ်ကိုကုသခြင်း။

မျက်စိအတွင်းတိမ်အများစုတွင် အနည်းကျဉ်းအမြင်အာရုံေ၀ဝါးမှုကို မျက်မှန်တပ်စေခြင်း၊ အလင်းစူးရှတောက်ပမှုကို နေကာမျက်မှန် တပ်စေခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

အကယ်၍ မျက်မှန်ပါဝါအသစ်ခဏခဏလဲရခြင်း (သို့) နေ့စဉ်ပုံမှန် လှုပ်ရှားမှုတို့တွင်အခက်ကြုံလာပြီဆိုပါက မျက်စိအတွင်းတိမ် ခွဲစိတ်မှု လုပ်ရန် ဆရာဝန်မှအကြံပေးပါလိမ့်မည်။ မျက်စိအတွင်း တိမ် ခွဲစိတ်မှု ဆိုသည်မှာ မကြည်လင်သောတိမ်ရှိနေသည့်မျက်စိမှန်ဘီလူးများကို မှန်ဘီလူးအတုများဖြင့် အစားထိုးခွဲစိတ်ခြင်းဖြစ်ပါသည်။

ထိုလုပ်ဆောင်ချက်သည် ယေဘူယျအားဖြင့် အန္တရာယ်ကင်းပြီး၊ လုပ်ဆောင်ပြီး နာရီပိုင်းအကြာတွင် အိမ်ပြန်နိုင်ပါသည်။ ကိုယ်ပိုင် ကားဖြင့် လာပါက တစ်စုံတစ်ယောက်ကို မောင်းနှင်ပို့ဆောင်ခိုင်းရမည်ဖြစ်ပြီး၊ ခွဲစိတ်ပြီးနေ့တွင် ကိုယ်တိုင်မောင်းနှင်ရန် မသင့်တော်ပေ။

ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာနိုင်ပြီး၊ ထိုအချိန်ကာလအတွင်း ပြင်းထန်သောအားကစားလုပ်ခြင်းကို ရှောင်ကြဉ် ရပါမည်။ ခွဲစိတ်ပြီးချက်ချင်း အမြင်အာရုံပြန်လည်ကောင်းမွန် လာသည်ကိုသတိပြုမိပါလိမ့်မည်။

ချက်ချင်းမကောင်းခဲ့သည်ဆိုပါကလည်း မစိုးရိန်ပါနှင့်။ မှန်ဘီလူး အသစ် အစား ထိုးထည့်ထားခြင်းကြောင့် ကျင့်သားရရန်၊ အနာကျက်ရန် အချိန် လိုအပ်ခြင်းကြောင့်ဖြစ်ပါသည်။

(  Zawgyi  )

 ပထမဆုံးအေနနဲ႔မ်က္စိရဲ႕မွန္ဘီလူးအေၾကာင္းေျပာျပခ်င္ပါတယ္။မ်က္စိရဲ႕ မွန္ဘီလူးဟာ မ်က္ဝန္း(iris)နဲ႔ သူငယ္အိမ္ၾကားမွာရွိပါတယ္။ သူဟာ ကင္မရာတလုံးရဲ႕ မွန္ဘီလူးလိုပဲအလုပ္လုပ္ပါတယ္။ အလင္းတန္းေတြ ကိုမ်က္လုံးေနာက္ဖက္ကအျမင္လႊာေပၚမွာစုဆုံေစၿပီးပုံရိပ္ကိုမွတ္သားပါတယ္။ မွန္ဘီလူးဟာမ်က္လုံးကို နီးနီးေဝးေဝး ျပတ္သားစြာျမင္ႏိုင္ေအာင္ ခ်ိန္ေပးပါတယ္။ မွန္ဘီလူးကိုအမ်ားအားျဖင့္ ေရ၊ ပ႐ိုတိန္းနဲ႔ ဖြဲ႕စည္း ထားပါတယ္။

ပ႐ိုတိန္းဟာမွန္ဘီလူးကို ၾကည္လင္ေနေစၿပီး အလင္းေကာင္း စြာျဖတ္ သြားႏိုင္ေအာင္ တိက်တဲ့ပုံစံနဲ႔ စီစဥ္ထားပါတယ္။ မ်က္လုံးအတြင္း တိမ္ ဆိုတာ မ်က္လုံးမ်ား၏မွန္ဘီလူးမ်ား မၾကည္လင္ျခင္း(မ်က္လုံးရဲ႕ မွန္ ဘီလူး မွာတိမ္သဖြယ္ အုပ္ဆိုင္းေနျခင္း)ေၾကာင့္ အျမင္အာ႐ုံ ခ်ိဳ႕ယြင္း လာျခင္း ကို မ်က္စိအတြင္းတိမ္ျဖစ္ျခင္းဟုေခၚပါတယ္။

တိမ္အမ်ားစုဟာတျဖည္းျဖည္းႀကီးထြားလာၿပီးအစပိုင္းမွာေတာ့ အျမင္ အာ႐ုံကို အေႏွာက္အယွက္ မေပးပါဘူး။ ၾကာလာတာနဲ႔အမွ် ျမင္ကြင္းကို ထိခိုက္လာေစပါတယ္။ တိမ္တခုဟာ သင့္အျမင္အာ႐ုံကို ေႏွာက္ယွက္ စျပဳလာၿပီဆိုရင္ ခြဲစိတ္မႈခံယူဖို႔ လိုပါတယ္။

မ်က္စိအတြင္းတိမ္ျဖစ္ရေသာအေၾကာင္းရင္းမ်ားစြာရွိေသာ္လည္းအသက္ ႀကီး လာျခင္းသည္ အဓိကအေၾကာင္းရင္းျဖစ္ပါသည္။ ဆီးခ်ိဳရွိျခင္း၊ေဆးလိပ္ေသာက္ျခင္း၊ ခရမ္းလြန္ေရာင္ျခည္ထိေတြ႕ျခင္း၊ စတီး႐ြိဳက္မ်ားေရရွည္သုံးျခင္း၊ မ်က္စိဒဏ္ရာရဖူးျခင္း၊ မိသားစုတြင္း အတြင္း တိမ္ေရာဂါသည္ရွိျခင္း ႏွင့္ ဓာတ္ေရာင္ျခည္ ကုထုံး တို႔ေၾကာင့္ လည္းျဖစ္ႏိုင္ပါသည္။

 မ်က္စိအတြင္းတိမ္လကၡဏာမ်ား။ • မ်က္စိမၾကည္လင္ျခင္း (သို႔) မႈန္ဝါးျခင္း။

• အေရာင္မ်ားမွိန္ေနျခင္း။
• အျမင္ႏွစ္ထပ္ျဖစ္ေနျခင္း။
• မ်က္မွန္ (သို႔) မ်က္ကပ္မွန္ ပါဝါအၿမဲေျပာင္းလဲျခင္း။
• ညဘက္ၾကည့္မေကာင္းျခင္း။
• စူးရွေတာက္ပေသာအလင္းကိုမခံႏိုင္ျခင္း။
ဥပမာ - ကားေရွ႕မီး၊ မီးအိမ္ (သို႔) ေနေရာင္။
• အျမင္အာ႐ုံတြင္ အစက္အေျပာက္မ်ားေပၚေနျခင္း
• ေတာက္ပေသာအလင္းေရာင္ေၾကာင့္ မ်က္စိႀကိမ္းတတ္ျခင္း
• အလင္းေရာင္တဝိုက္တြင္ အေရာင္စက္ဝိုင္းျမင္ရျခင္း
• ျမင္ကြင္းအေရာင္ဝါးလာျခင္း မ်က္စိအတြင္းတိမ္ရွိသည္ကို မည္သို႔သိရွိႏိုင္မည္နည္း။ • မ်က္စိအျမင္အာ႐ုံစစ္ေဆးျခင္း။
• မ်က္စိသူငယ္အိမ္က်ယ္ေစသည့္ေဆးခတ္ၿပီး မ်က္လုံးစစ္ေဆးျခင္း။
• မ်က္စိေရတိမ္ဖိအားစစ္ေဆးျခင္း။ မ်က္စိအတြင္းတိမ္ကိုကုသျခင္း။

မ်က္စိအတြင္းတိမ္အမ်ားစုတြင္ အနည္းက်ဥ္းအျမင္အာ႐ုံေ၀ဝါးမႈကို မ်က္မွန္တပ္ေစျခင္း၊ အလင္းစူးရွေတာက္ပမႈကို ေနကာမ်က္မွန္ တပ္ေစျခင္းျဖင့္ ကာကြယ္ႏိုင္ပါသည္။

အကယ္၍ မ်က္မွန္ပါဝါအသစ္ခဏခဏလဲရျခင္း (သို႔) ေန႔စဥ္ပုံမွန္ လႈပ္ရွားမႈတို႔တြင္အခက္ႀကဳံလာၿပီဆိုပါက မ်က္စိအတြင္းတိမ္ ခြဲစိတ္မႈ လုပ္ရန္ ဆရာဝန္မွအႀကံေပးပါလိမ့္မည္။ မ်က္စိအတြင္း တိမ္ ခြဲစိတ္မႈ ဆိုသည္မွာ မၾကည္လင္ေသာတိမ္ရွိေနသည့္မ်က္စိမွန္ဘီလူးမ်ားကို မွန္ဘီလူးအတုမ်ားျဖင့္ အစားထိုးခြဲစိတ္ျခင္းျဖစ္ပါသည္။

ထိုလုပ္ေဆာင္ခ်က္သည္ ေယဘူယ်အားျဖင့္ အႏၲရာယ္ကင္းၿပီး၊ လုပ္ေဆာင္ၿပီး နာရီပိုင္းအၾကာတြင္ အိမ္ျပန္ႏိုင္ပါသည္။ ကိုယ္ပိုင္ ကားျဖင့္ လာပါက တစ္စုံတစ္ေယာက္ကို ေမာင္းႏွင္ပို႔ေဆာင္ခိုင္းရမည္ျဖစ္ၿပီး၊ ခြဲစိတ္ၿပီးေန႔တြင္ ကိုယ္တိုင္ေမာင္းႏွင္ရန္ မသင့္ေတာ္ေပ။

ရက္သတၱပတ္အနည္းငယ္အတြင္း ျပန္လည္ေကာင္းမြန္လာႏိုင္ၿပီး၊ ထိုအခ်ိန္ကာလအတြင္း ျပင္းထန္ေသာအားကစားလုပ္ျခင္းကို ေရွာင္ၾကဥ္ ရပါမည္။ ခြဲစိတ္ၿပီးခ်က္ခ်င္း အျမင္အာ႐ုံျပန္လည္ေကာင္းမြန္ လာသည္ကိုသတိျပဳမိပါလိမ့္မည္။

ခ်က္ခ်င္းမေကာင္းခဲ့သည္ဆိုပါကလည္း မစိုးရိန္ပါႏွင့္။ မွန္ဘီလူး အသစ္ အစား ထိုးထည့္ထားျခင္းေၾကာင့္ က်င့္သားရရန္၊ အနာက်က္ရန္ အခ်ိန္ လိုအပ္ျခင္းေၾကာင့္ျဖစ္ပါသည္။