【 အလှအပနှင့်ကျန်းမာရေး 】ရေယုန်ပေါက်ခြင်း (Herpes Virus Infection) အကြောင်းတစေ့တစောင်း

 【  အလှအပနှင့်ကျန်းမာရေး 】ရေယုန်ပေါက်ခြင်း (Herpes Virus Infection) အကြောင်းတစေ့တစောင်း

ရေယုန်ပေါက်တယ်ဆိုတာ အတွေ့များတဲ့ အခြေအနေတခုပါ။ ဘာလို့ဖြစ်ရလဲဆိုတော့ herpes ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာပါ။ Herpes ဗိုင်းရပ်စ်အမျိုးပေါင်းများစွာရှိပါတယ်။ အဖြစ်အများဆုံး တွေကတော့ Herpes simplex virus1 (HSV1), HSV2 နှင့် Varicella Zoster Virus တို့ပဲ ဖြစ်ပါတယ်။
HSV 1 အမျိုးအစားကတော့ Oropharyngeal လို့ခေါ်တဲ့ ပါးစပ် နှင့်လည်ချောင်း တဝိုက်မှာ ဖြစ်လေ့ရှိပြီး HSV 2 အမျိုးအစားကိုတော့ Genital organ လိင်အဂါ် နေရာမှာ တွေ့ရတတ်ပါသည်။

(၁)HSV 1 အမျိုးအစားကြောင့် ဖြစ်နိုင်တာကတော့-
-နှုတ်ခမ်း တဝိုက်မှာ ရေယုန်ဖြစ်ခြင်း (Cold sores)
-လည်ချောင်းအတွင်း ဖြစ်ခြင်း (Pharyngitis)
-လက်ချောင်းလေးတွေမှာ ရေယုန်ပေါက်ခြင်း (herpetic withlows)
-မျက်ကြည်လွှာ တွင် အနာဖြစ်ခြင်း (Dendritic ulcer)
-အရေပြား နှင်းခူဖြစ်ရာနေရာတွင် ရေယုန်ပိုးဝင်ခြင်း (Eczema herpeticum) နှင့်
-ရေယုန် ပိုးကြောင့် ဦးနှောက်ရောင်ရမ်းခြင်း (Herpetic encephalitis) တို့ဖြစ်နိုင်ပါတယ်။

(၂)HSV 2 အမျိုးအစားကြောင့်ဖြသ်နိုင်တာတွေကတော့ -
-လိင်အဂါင်္ တွင် အနာဖြစ်ခြင်း (Genital ulcer)
- မွေးစကလေးတွင် ကူးခြင်း ( မွေးလမ်းကြောင်းမှတဆင့်)
-ဦးနှောက် အမြှေးပါးရောင်ခြင်း (Meningitis) သို့မဟုတ် အာရုံကြောမကြီး ရောင်ရမ်းခြင်း (Transverse myelitis) တို့ဖြစ်ပါတယ်။

(၃) Varicella zoster ဗိုင်းရပ်စ်ကတော့ ရေကျောက် (Chicken pox) ဖြစ်စေတာဖြစ်ပီး ဒီပိုးက အာရုံကြော ganglion တွေထဲမှာ အောင်းနေပီး နောက်တကြိမ် ပြန်ကြွလာရင်တော့ ခါးပတ်ရေယုန် လို့သိကြတဲ့ Shingles ဖြစ်စေပါတယ်။

ရေယုန်ပေါက်တဲ့အခါ ဘယ်လိုခံစားရမလဲ?
 ဖြစ်မယ့်နေရာမှာ အရင်ဆုံးနာခြင်း ထုံကျင်ခြင်း ခံစားရပီးနောက် vesicles လို့ခေါ်တဲ့ အရည်ကြည်ဖုလေးတွေ တွေ့ရမှာပါ။ တပတ် နှစ်ပတ်လောက်အတွင်း ပြန်အနာကျက်နိုင်တယ်။
  မျက်ကြည်လွှာမှာဖြစ်တဲ့ dendritic ulcer ကတော့ မျက်စိအမြင်အာရုံထိသည်အထိ အန္တရာယ်ရှိပါတယ်။

ရေယုန် ပိုးကြောင့် ဦးနှောက်ရောင်ခြင်း (Herpes encephalitis)
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ဦးနှောက်ရောင်တဲ့ ထဲမှာ အပေါဆုံးပါ။ ဗိုင်းရပ်စ်ပိုးက အာရုံကြောတွေကတဆင့် ဦးနှောက်ဆီရောက်ရှိပီး အစပိုင်းမှာတော့ ဖျားမယ် နုံးမယ် ခေါင်းကိုက် အော့အန်တာတွေဖြစ်မယ်။ နောက်ပိုင်း တက်ခြင်း သတိလစ်ခြင်း ဂယောင်ကတမ်းပြောခြင်း  မှတ်ဥာဏ်ဆုံးရှုံးခြင်း အမူအရာပြောင်းခြင်း စတဲ့ လက္ခဏာတွေ တွေ့ရမှာပါ။

ရောဂါစစ်ဆေးခြင်း
ဦးနှောက်ရောင် လက္ခဏာရှိသူတွေ၊ မျက်ကြည်လွှာထိသူတွေနဲ့ ကိုယ်ခံအားကျနေတဲ့သူတွေမှာတော့ ရေယုန်ပိုးစစ်ကြည့်ရမှာပါ။ ခါးဆစ်ရိုး LP ဖောက်ပီး CSF လို့ခေါ်တဲ့ အရည်ကနေ သို့မဟုတ် ရေယုန်ဖြစ်တဲ့ ဆီကနေ swab ယူပီး PCR နည်းနဲ့စစ်ကြည့်နိုင်သလို သွေးထဲမှာ လည်း ရောဂါပိုး ရှိ မရှိ serology စစ်နိုင်ပါတယ်။ ဦးနှောက် စီတီ ဓါတ်မှန်ရိုက်ကြည့်ရင်လည်း ဦးနှောက်ရောင်တဲ့ လက္ခဏာတွေ တွေ့မှာပါ။

ကုသခြင်း
အရေပြားမှာ ဖြစ်တဲ့ ရေယုန်ကတော့ acyclovir လိမ်းဆေး သောက်ဆေးလောက်နဲ့ သက်သာနိုင်ပီး နာတာအတွက် သက်သာမယ့်ဆေးတွေ လိုမှာပါ။ ဦးနှောက်ရောင်တဲ့ လက္ခဏာရှိတာနဲ့ acyclovir ဆေးကို အကြောထဲပေးဖို့ မဖြစ်မနေလိုပါတယ်။ ၁၄ရက်လောက်အထိ ကုဖို့လိုပါတယ်။ ကိုယ်ခံအားကျတဲ့ သူတွေမှာလည်း ဂရုပြုကုသဖို့လိုပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ဆေး(၁)

 

( Zawgyi )

 

 ေရယုန္ေပါက္တယ္ဆိုတာ အေတြ႕မ်ားတဲ့ အေျခအေနတခုပါ။ ဘာလို႔ျဖစ္ရလဲဆိုေတာ့ herpes ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ရတာပါ။ Herpes ဗိုင္းရပ္စ္အမ်ိဳးေပါင္းမ်ားစြာရွိပါတယ္။ အျဖစ္အမ်ားဆုံး ေတြကေတာ့ Herpes simplex virus1 (HSV1), HSV2 ႏွင့္ Varicella Zoster Virus တို႔ပဲ ျဖစ္ပါတယ္။
HSV 1 အမ်ိဳးအစားကေတာ့ Oropharyngeal လို႔ေခၚတဲ့ ပါးစပ္ ႏွင့္လည္ေခ်ာင္း တဝိုက္မွာ ျဖစ္ေလ့ရွိၿပီး HSV 2 အမ်ိဳးအစားကိုေတာ့ Genital organ လိင္အဂၚ ေနရာမွာ ေတြ႕ရတတ္ပါသည္။

(၁)HSV 1 အမ်ိဳးအစားေၾကာင့္ ျဖစ္ႏိုင္တာကေတာ့-
-ႏႈတ္ခမ္း တဝိုက္မွာ ေရယုန္ျဖစ္ျခင္း (Cold sores)
-လည္ေခ်ာင္းအတြင္း ျဖစ္ျခင္း (Pharyngitis)
-လက္ေခ်ာင္းေလးေတြမွာ ေရယုန္ေပါက္ျခင္း (herpetic withlows)
-မ်က္ၾကည္လႊာ တြင္ အနာျဖစ္ျခင္း (Dendritic ulcer)
-အေရျပား ႏွင္းခူျဖစ္ရာေနရာတြင္ ေရယုန္ပိုးဝင္ျခင္း (Eczema herpeticum) ႏွင့္
-ေရယုန္ ပိုးေၾကာင့္ ဦးေႏွာက္ေရာင္ရမ္းျခင္း (Herpetic encephalitis) တို႔ျဖစ္ႏိုင္ပါတယ္။

(၂)HSV 2 အမ်ိဳးအစားေၾကာင့္ျဖသ္ႏိုင္တာေတြကေတာ့ -
-လိင္အဂါၤ တြင္ အနာျဖစ္ျခင္း (Genital ulcer)
- ေမြးစကေလးတြင္ ကူးျခင္း ( ေမြးလမ္းေၾကာင္းမွတဆင့္)
-ဦးေႏွာက္ အေျမႇးပါးေရာင္ျခင္း (Meningitis) သို႔မဟုတ္ အာ႐ုံေၾကာမႀကီး ေရာင္ရမ္းျခင္း (Transverse myelitis) တို႔ျဖစ္ပါတယ္။

(၃) Varicella zoster ဗိုင္းရပ္စ္ကေတာ့ ေရေက်ာက္ (Chicken pox) ျဖစ္ေစတာျဖစ္ပီး ဒီပိုးက အာ႐ုံေၾကာ ganglion ေတြထဲမွာ ေအာင္းေနပီး ေနာက္တႀကိမ္ ျပန္ႂကြလာရင္ေတာ့ ခါးပတ္ေရယုန္ လို႔သိၾကတဲ့ Shingles ျဖစ္ေစပါတယ္။

ေရယုန္ေပါက္တဲ့အခါ ဘယ္လိုခံစားရမလဲ?
 ျဖစ္မယ့္ေနရာမွာ အရင္ဆုံးနာျခင္း ထုံက်င္ျခင္း ခံစားရပီးေနာက္ vesicles လို႔ေခၚတဲ့ အရည္ၾကည္ဖုေလးေတြ ေတြ႕ရမွာပါ။ တပတ္ ႏွစ္ပတ္ေလာက္အတြင္း ျပန္အနာက်က္ႏိုင္တယ္။
  မ်က္ၾကည္လႊာမွာျဖစ္တဲ့ dendritic ulcer ကေတာ့ မ်က္စိအျမင္အာ႐ုံထိသည္အထိ အႏၲရာယ္ရွိပါတယ္။

ေရယုန္ ပိုးေၾကာင့္ ဦးေႏွာက္ေရာင္ျခင္း (Herpes encephalitis)
ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တဲ့ ဦးေႏွာက္ေရာင္တဲ့ ထဲမွာ အေပါဆုံးပါ။ ဗိုင္းရပ္စ္ပိုးက အာ႐ုံေၾကာေတြကတဆင့္ ဦးေႏွာက္ဆီေရာက္ရွိပီး အစပိုင္းမွာေတာ့ ဖ်ားမယ္ ႏုံးမယ္ ေခါင္းကိုက္ ေအာ့အန္တာေတြျဖစ္မယ္။ ေနာက္ပိုင္း တက္ျခင္း သတိလစ္ျခင္း ဂေယာင္ကတမ္းေျပာျခင္း  မွတ္ဥာဏ္ဆုံးရႈံးျခင္း အမူအရာေျပာင္းျခင္း စတဲ့ လကၡဏာေတြ ေတြ႕ရမွာပါ။

ေရာဂါစစ္ေဆးျခင္း
ဦးေႏွာက္ေရာင္ လကၡဏာရွိသူေတြ၊ မ်က္ၾကည္လႊာထိသူေတြနဲ႔ ကိုယ္ခံအားက်ေနတဲ့သူေတြမွာေတာ့ ေရယုန္ပိုးစစ္ၾကည့္ရမွာပါ။ ခါးဆစ္႐ိုး LP ေဖာက္ပီး CSF လို႔ေခၚတဲ့ အရည္ကေန သို႔မဟုတ္ ေရယုန္ျဖစ္တဲ့ ဆီကေန swab ယူပီး PCR နည္းနဲ႔စစ္ၾကည့္ႏိုင္သလို ေသြးထဲမွာ လည္း ေရာဂါပိုး ရွိ မရွိ serology စစ္ႏိုင္ပါတယ္။ ဦးေႏွာက္ စီတီ ဓါတ္မွန္႐ိုက္ၾကည့္ရင္လည္း ဦးေႏွာက္ေရာင္တဲ့ လကၡဏာေတြ ေတြ႕မွာပါ။

ကုသျခင္း
အေရျပားမွာ ျဖစ္တဲ့ ေရယုန္ကေတာ့ acyclovir လိမ္းေဆး ေသာက္ေဆးေလာက္နဲ႔ သက္သာႏိုင္ပီး နာတာအတြက္ သက္သာမယ့္ေဆးေတြ လိုမွာပါ။ ဦးေႏွာက္ေရာင္တဲ့ လကၡဏာရွိတာနဲ႔ acyclovir ေဆးကို အေၾကာထဲေပးဖို႔ မျဖစ္မေနလိုပါတယ္။ ၁၄ရက္ေလာက္အထိ ကုဖို႔လိုပါတယ္။ ကိုယ္ခံအားက်တဲ့ သူေတြမွာလည္း ဂ႐ုျပဳကုသဖို႔လိုပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ေဆး(၁)