【 အလှအပနှင့်ကျန်းမာရေး 】လက်ဆေးခြင်းအနုပညာနှင့် COVID 19

【  အလှအပနှင့်ကျန်းမာရေး  】လက်ဆေးခြင်းအနုပညာနှင့် COVID 19

ယခုအခါမြန်မာနိုင်ငံမှာ COVID 19 ရောဂါပွေးတွေ့ရှိသူ (၁၀)ဦးရှိလာပြီဖြစ်ရာ ကူးစက်မှုမြန် ဗိုင်းရပ်စ်ကို မိမိကစ ကာကွယ်သင့်နေပါပြီ။ လူလူချင်းကူးစက်နိုင်တဲ့အတွက် အထူးအလေးထား ဂရုပြုသင့်ပါတယ်။
 
ချောင်းဆိုး နှာချေရာက ထွက်လာတဲ့ အမှုန်အမွှားလေးတွေက  အနီးအနားမှာရှိတဲ့ အရာဝတ္ထု ပစ္စည်းတွေပေါ်ကို ရောက်ရှိပြီး ထို ဝတ္ထုပစ္စည်းတွေကို လက်နဲ့ ကိုင်တွယ်မိရာက မိမိရဲ့ မျက်စိ နှာခေါင်း ပါးစပ်ကိုထိမိရာကနေ ကူးစက်ခြင်းဖြစ်တဲ့အတွက် အပြင်ကပြန်လာတိုင်းလက်ကို ဆပ်ပြာနဲ့ စင်အောင်ဆေးပါ။

ဗိုင်းရပ်စ်ရဲ့ တည်ဆောက်ပုံမှာ အဓိကအားဖြင့် RNA၊ proteins နဲ့ lipids လို့ခေါ်တဲ့ အစိတ် အပိုင်း ၃ မျိုးနဲ့ ဖွဲ့စည်းထားတယ်။

၁) RNAဆိုတာ ဗိုင်းရပ်စ်ရဲ့ အသက် ၊
၂) Protein ကတော့ ဗိုင်းရပ်စ်က ကူးစပ်ဖို့ ပစ်မှတ်ထားတဲ့ ဆဲလ်ကို ဖောက်ဝင်ဖို့ နဲ့  မျိုးပွားတာ လုပ်ဖို့၊
၃) Lipid ကတော့ ဗိုင်းရပ်စ်ရဲ့ အပေါ်ယံအရေပြားလွှာပေါ့။

ဗိုင်းရပ်စ်သာ ကြက်ဥတစ်လုံးဆိုရင် အနှစ်က RNA၊ အကာက protein နဲ့ အခွံက lipidပေါ့။
  အဲဒီ ဓာတုပစ္စည်း ၃မျိုးကို non covalent bondနဲ့ စုပေးထားတာမို့လို့ သိပ်မခိုင်မြဲပါဘူး။

ဆပ်ပြာမော်လီကျူ းက ပင်အပ်လေးနဲ့ သဏ္ဍာန်တူတယ်။ ခေါင်းက hydrophilic -ရေမော်လီကျူ းကိုကပ်တယ်။ အမြီးက hydrophobic အဆီကို ကပ်တယ်။ ပြောရရင် ဗိုင်းရပ်စ်နဲ့ ဆပ်ပြာစတွေ့ပြီဆိုတာနဲ့ ဆပ်ပြာမှာပါတဲ့ အမြီး hydrophobic က  သူနဲ့ သဘာဝတူ တဲ့ ဗိုင်းရပ်စ်ရဲ့ အပေါ်ယံအလွှာသွားကပ်ပြီး ဆွဲဖြဲပစ်လိုက်တာကြောင့် ဗိုင်းရပ်စ်ရဲ့ အတွင်း က ကလီစာတွေဖြစ်တဲ့ proteinတို့ RNAတို့ အပြင်ထွက်လာပြီး ဗိုင်းရပ်စ်က စက္ကန့် ၂၀ အကြာမှာ သေဆုံးသွားပါတယ်။

မှတ်သားရန်မှာ
၁။ လက်ကို ဆပ်ပြာနှင့် ရေကို သုံးစွဲ၍ ဆေးကြောပါ။
၂။ လက်ဖမိုး၊ လက်ဖဝါး၊ လက်သည်းကြား၊ လက်မ၊ လက်ကောက်ဝတ်ထိ ဆပ်ပြာဖြင့် သေချာစွာပွတ်တိုက်ဆေးကြောပါ။
၃။ ရေဘုံဘိုင်မှ စီးဆင်းသောရေဖြင့် ဆေးပါ။
၄။ လက်ကို ရေဇလုံ ထဲမှာနှစ်၍ မဆေးပါနဲ့။
၅။ တစ်ယောက် လက်ဆေးပြီးထားသော ရေဖြင့် နောက်တစ်ယောက်ထပ်မဆေးပါနဲ့။
ထိုမှသာ လက်ကို စင်ကြယ်အောင်ဆေးခြင်း ဖြစ်သည်။

ဘယ်အချိန်တွေ လက်ဆေးရမလဲ?
၁)အပြင်မှပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာနှ င့်စင်အောင်ဆေးပါ။
၂) အစာ မစားခင်နှင့် စားပြီးချိန်တွင် လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။
၃) အစားအစာ မကိုင်တွယ်မီနှင့် မချက်ပြုတ်မီ လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။
၄) အိမ်သာမှ အထွက် လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။
၅) ကလေးအညစ်အကြေး၊ အခြားသော အညစ်အကြေး၊ အမှိုက်သရိုက်များ ကိုင်တွယ်ပြီးပါက လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။
၆) လက်ကိုင်ဖုန်း၊ ငွေစက္ကူ များကိုင်တွယ်ပြီးချိန်တွင် လက်ကို ဆပ်ပြာဖြင့် စင်အောင်ဆေးပါ။

မိမိကိုယ်တိုင် ရောဂါကူးစက်နိုင်သကဲ့သို့ မိမိကြောင့် သူတပါးကို ရောဂါရစေနိုင်ပါတယ်။ ဒါကြောင့် လက်ကို စင်ကြယ်အောင်ဆေးခြင်းသည် အလွယ်ကူဆုံးနှင့် စရိတ်အသက်သာဆုံး ရောဂါကာကွယ်ရေးနည်းလမ်းဖြစ်သည်။
"သန့်ရှင်းကျန်းမာသော လက်တစ်စုံ"ပိုင်ဆိုင်ခြင်း ဖြင့် COVID 19 ကို ကာကွယ်ကြပါစို့။။

ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီဝက ( ဆေး - ၁ )

(  Zawgyi  )

 ယခုအခါျမန္မာႏိုင္ငံမွာ COVID 19 ေရာဂါေပြးေတြ႕ရွိသူ (၁၀)ဦးရွိလာၿပီျဖစ္ရာ ကူးစက္မႈျမန္ ဗိုင္းရပ္စ္ကို မိမိကစ ကာကြယ္သင့္ေနပါၿပီ။ လူလူခ်င္းကူးစက္ႏိုင္တဲ့အတြက္ အထူးအေလးထား ဂ႐ုျပဳသင့္ပါတယ္။
 
ေခ်ာင္းဆိုး ႏွာေခ်ရာက ထြက္လာတဲ့ အမႈန္အမႊားေလးေတြက  အနီးအနားမွာရွိတဲ့ အရာဝတၳဳ ပစၥည္းေတြေပၚကို ေရာက္ရွိၿပီး ထို ဝတၳဳပစၥည္းေတြကို လက္နဲ႔ ကိုင္တြယ္မိရာက မိမိရဲ႕ မ်က္စိ ႏွာေခါင္း ပါးစပ္ကိုထိမိရာကေန ကူးစက္ျခင္းျဖစ္တဲ့အတြက္ အျပင္ကျပန္လာတိုင္းလက္ကို ဆပ္ျပာနဲ႔ စင္ေအာင္ေဆးပါ။

ဗိုင္းရပ္စ္ရဲ႕ တည္ေဆာက္ပုံမွာ အဓိကအားျဖင့္ RNA၊ proteins နဲ႔ lipids လို႔ေခၚတဲ့ အစိတ္ အပိုင္း ၃ မ်ိဳးနဲ႔ ဖြဲ႕စည္းထားတယ္။

၁) RNAဆိုတာ ဗိုင္းရပ္စ္ရဲ႕ အသက္ ၊
၂) Protein ကေတာ့ ဗိုင္းရပ္စ္က ကူးစပ္ဖို႔ ပစ္မွတ္ထားတဲ့ ဆဲလ္ကို ေဖာက္ဝင္ဖို႔ နဲ႔  မ်ိဳးပြားတာ လုပ္ဖို႔၊
၃) Lipid ကေတာ့ ဗိုင္းရပ္စ္ရဲ႕ အေပၚယံအေရျပားလႊာေပါ့။

ဗိုင္းရပ္စ္သာ ၾကက္ဥတစ္လုံးဆိုရင္ အႏွစ္က RNA၊ အကာက protein နဲ႔ အခြံက lipidေပါ့။
  အဲဒီ ဓာတုပစၥည္း ၃မ်ိဳးကို non covalent bondနဲ႔ စုေပးထားတာမို႔လို႔ သိပ္မခိုင္ၿမဲပါဘူး။

ဆပ္ျပာေမာ္လီက်ဴ းက ပင္အပ္ေလးနဲ႔ သ႑ာန္တူတယ္။ ေခါင္းက hydrophilic -ေရေမာ္လီက်ဴ းကိုကပ္တယ္။ အၿမီးက hydrophobic အဆီကို ကပ္တယ္။ ေျပာရရင္ ဗိုင္းရပ္စ္နဲ႔ ဆပ္ျပာစေတြ႕ၿပီဆိုတာနဲ႔ ဆပ္ျပာမွာပါတဲ့ အၿမီး hydrophobic က  သူနဲ႔ သဘာဝတူ တဲ့ ဗိုင္းရပ္စ္ရဲ႕ အေပၚယံအလႊာသြားကပ္ၿပီး ဆြဲၿဖဲပစ္လိုက္တာေၾကာင့္ ဗိုင္းရပ္စ္ရဲ႕ အတြင္း က ကလီစာေတြျဖစ္တဲ့ proteinတို႔ RNAတို႔ အျပင္ထြက္လာၿပီး ဗိုင္းရပ္စ္က စကၠန႔္ ၂၀ အၾကာမွာ ေသဆုံးသြားပါတယ္။

မွတ္သားရန္မွာ
၁။ လက္ကို ဆပ္ျပာႏွင့္ ေရကို သုံးစြဲ၍ ေဆးေၾကာပါ။
၂။ လက္ဖမိုး၊ လက္ဖဝါး၊ လက္သည္းၾကား၊ လက္မ၊ လက္ေကာက္ဝတ္ထိ ဆပ္ျပာျဖင့္ ေသခ်ာစြာပြတ္တိုက္ေဆးေၾကာပါ။
၃။ ေရဘုံဘိုင္မွ စီးဆင္းေသာေရျဖင့္ ေဆးပါ။
၄။ လက္ကို ေရဇလုံ ထဲမွာႏွစ္၍ မေဆးပါနဲ႔။
၅။ တစ္ေယာက္ လက္ေဆးၿပီးထားေသာ ေရျဖင့္ ေနာက္တစ္ေယာက္ထပ္မေဆးပါနဲ႔။
ထိုမွသာ လက္ကို စင္ၾကယ္ေအာင္ေဆးျခင္း ျဖစ္သည္။

ဘယ္အခ်ိန္ေတြ လက္ေဆးရမလဲ?
၁)အျပင္မွျပန္လာၿပီးတိုင္း လက္ကို ဆပ္ျပာႏွ င့္စင္ေအာင္ေဆးပါ။
၂) အစာ မစားခင္ႏွင့္ စားၿပီးခ်ိန္တြင္ လက္ကို ဆပ္ျပာျဖင့္ စင္ေအာင္ေဆးပါ။
၃) အစားအစာ မကိုင္တြယ္မီႏွင့္ မခ်က္ျပဳတ္မီ လက္ကို ဆပ္ျပာျဖင့္ စင္ေအာင္ေဆးပါ။
၄) အိမ္သာမွ အထြက္ လက္ကို ဆပ္ျပာျဖင့္ စင္ေအာင္ေဆးပါ။
၅) ကေလးအညစ္အေၾကး၊ အျခားေသာ အညစ္အေၾကး၊ အမႈိက္သ႐ိုက္မ်ား ကိုင္တြယ္ၿပီးပါက လက္ကို ဆပ္ျပာျဖင့္ စင္ေအာင္ေဆးပါ။
၆) လက္ကိုင္ဖုန္း၊ ေငြစကၠဴ မ်ားကိုင္တြယ္ၿပီးခ်ိန္တြင္ လက္ကို ဆပ္ျပာျဖင့္ စင္ေအာင္ေဆးပါ။

မိမိကိုယ္တိုင္ ေရာဂါကူးစက္ႏိုင္သကဲ့သို႔ မိမိေၾကာင့္ သူတပါးကို ေရာဂါရေစႏိုင္ပါတယ္။ ဒါေၾကာင့္ လက္ကို စင္ၾကယ္ေအာင္ေဆးျခင္းသည္ အလြယ္ကူဆုံးႏွင့္ စရိတ္အသက္သာဆုံး ေရာဂါကာကြယ္ေရးနည္းလမ္းျဖစ္သည္။
"သန႔္ရွင္းက်န္းမာေသာ လက္တစ္စုံ"ပိုင္ဆိုင္ျခင္း ျဖင့္ COVID 19 ကို ကာကြယ္ၾကပါစို႔။။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီဝက ( ေဆး - ၁ )