【 အလှအပနှင့်ကျန်းမာရေး 】ဝမ်းပျက်ဝမ်းလျှောခြင်း (Diarrhoea) အကြောင်း

 【  အလှအပနှင့်ကျန်းမာရေး 】ဝမ်းပျက်ဝမ်းလျှောခြင်း (Diarrhoea) အကြောင်း 

လူတစ်ဦးတွင် တနေ့လျှင် ၃ကြိမ်ထက်ပိုပြီး အရည် သို့မဟုတ် အရည်ကဲ့သို့သော ဝမ်းသွားခြင်းကို ဝမ်းပျက် ဝမ်းလျှောခြင်း (Diarrhoea)ဟု သတ်မှတ်နိုင်သည်။ နှစ်ပတ်ထက်မပိုတဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို acute diarrhoea (ရက်တို ဝမ်းလျှောခြင်း) ဟုသတ်မှတ်ပြီး ရက်သတ္တပတ် နှစ်ပတ်ထက် ကျော်တဲ့ဝမ်းပျက်ဝမ်းလျှောခြင်းကိုတော့ ရက်ရှည် ဝမ်းလျှောခြင်း (chronic diarrhoea) လို့ သတ်မှတ်ပါတယ်။
 
ဝမ်းပျက်ဝမ်းလျှောရခြင်းမှာ မသန့်ရှင်းသော ရေနှင့် အစားအသောက်များ ယင်နားစာများ အသားစိမ်း ငါးစိမ်းများ အမှည့်လွန်အသီးများ စားမိခြင်း မသန့်ရှင်းသော လက်နှင့် အစားအစာကိုင်တွယ်ချက်ပြုတ်ပြင်ဆင်ခြင်းတို့မှ တဆင့် ဖြစ်သည်။
 
ဝမ်းလျှော ဝမ်းပျက်ဖြစ်စေသော အကြောင်းရင်းများ
-ဗိုင်းရပ်စ်ပိုးကြောင့်ဝမ်းလျှောခြင်းသည် အများဆုံးဖြစ်သည်။ အခြားအကြောင်းရင်းများမှာ-
-ဘက်တီးရီးယားပိုးကြောင့်ဖြစ်ခြင်း
-ကပ်ပါးပိုးကြောင့်ဖြစ်ခြင်း
-ပိုးသတ်ဆေးများကြောင့် ဖြစ်ခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
 
ဘယ်လိုလက္ခဏာတွေနဲ့ တွေ့ရမလဲ?
ဗိုင်းရပ်စ်၊ ဘက်တီးရီးယာနဲ့ ကပ်ပါးပိုးတွေက အူသိမ်ရောင်ရမ်းမှုကိုဖြစ်စေတယ်။ အစာအိမ်ရော အူသိမ်ရော ရောင်ရမ်းခြင်းကိုတော့ Gastroentritis (GE) အထက်လှန်အောက်လျှောဖြစ်ခြင်းလို့ ခေါ်ကြပီး ဝမ်းလျှောတာအပြင် ပျို့အန်ခြင်းနဲ့ပါ တွဲတွေ့ရမှာဖြစ်တယ်။ အူရောင်တဲ့အတွက် အူလှုပ်ရှားမှုတွေမြန်လာမယ်။ ဗိုက်နာမယ် ဝမ်းသွားမယ်။ အစာနဲ့ ရေ ဓါတ်ဆားတွေ ကောင်းကောင်းမစုပ်ယူနိုင်ဘဲ ဝမ်းထဲပါသွားတာကြောင့်  ရေဓါတ် ဆားဓါတ်ဆုံးရှုံးတာတွေ ဖြစ်နိုင်တယ်။
ဝမ်းလျှောစေတဲ့ အကြောင်းရင်းတွေမတူနိုင်တာကြောင့် ဒီမေးခွန်းလေးတွေတော့ မေးသင့်တယ်။
-ဘယ်လောက်ကြာပီလဲ
-ဝမ်းပမာဏ တနေ့ ဘယ်နှကြိမ်သွားလဲ
-ဝမ်းထဲမှာ သွေး ချွဲ ပါလား
-အန်လား ဗိုက်နာလား နာတဲ့နေရာ
-အဖျားရှိ မရှိ
-မသန့်ရှင်းတဲ့ ယင်နားစာ မသန့်ရှင်းတဲ့ရေ သောက်သုံးမိလား
-မိသားစုထဲမှာ ဝမ်းလျှောတဲ့သူရှိနေလား 
-မျက်တွင်းချိုင့်ခြင်း အသားအရေခန်းခြောက်ခြင်း ဆီးနည်းခြင်း ဆီးမသွားခြင်း စသည့် ရေဓါတ် ခမ်းခြောက်တဲ့အရေးကြီးလက္ခဏာတွေရှိလား။
 
များသောအားဖြင့် ဝမ်းပျက် ဝမ်းလျှောခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လေ့ရှိတာမို့ ပိုးသတ်ဆေးသောက်စရာမလိုဘဲ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓါတ်တွေပြန်လည်ဖြည့်တင်းပေးဖို့သာ အရေးကြီးပါသည်။ ဓါတ်ဆားရည် (ORS) ကိုစနစ်တကျ သောက်သုံးခြင်းဖြင့် ဝမ်းရောဂါကြောင့် ဆေးရုံတက်ကုသရခြင်း အကြောဆေး Drip ချိတ်ရခြင်း စသည်တို့ကိုလည်း ကာကွယ်နိုင်သည်။ ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိရင်တော့ ဆေးရုံ၊ဆေးခန်းအမြန်ဆုံးပြသပြီး အကြောဆေး Drip ချိတ်ခြင်းလိုမှာပါ။  ခုနောက်ပိုင်းတွင် probiotics လို့ခေါ်တဲ့ အူလမ်းကြောင်းအထောက်အကူပြုဆေးများကလည်း အကျိုးသက်ရောက်မှုရှိသည်။ ဘက်တီးရီးယား နှင့် ကပ်ပါးပိုး (Parasite) ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ခြင်းတွေဆိုရင်တော့ ပိုးသတ်ဆေးထည့်ပေးဖို့လိုမှာပါ။ ဝမ်းထဲမှာ သွေး၊ ချွဲပါရင်တော့ လိုအပ်ရင် ဝမ်းကို မိုက်ခရိုစကုပ်နဲ့ကြညိ့ပီး စစ်ဆေးခြင်း၊ ဝမ်းထဲမှာ ပိုးမွေးခြင်းတွေ လိုမှာပါ။ ဝမ်းအကြိမ်အရေအတွက်များလွန်းရင်တော့ လိုအပ်ရင် ဝမ်းပိတ်ဆေး loperamide သောက်နိုင်ပါတယ်။ 
အရေးကြီးတာကတော့ အစားအစာကိုင်တွယ်ခါနီးတိုင်း လက်ကို ဆပ်ပြာ၊ ရေနဲ့ စနစ်တကျ ဆေးကြောမယ် အစားအစာကို ယင်မနားအောင် စနစ်တကျဖုံးအုပ်မယ် အသား၊ငါးနဲ့ အသီးအရွက်တွေကို ကျက်အောင် စနစ်တကျချက်ပြုတ်မယ် ရေကို ကျိုချက်သောက်သုံးမယ် ဒီနည်းတွေနဲ့ ဝမ်းလျှော ဝမ်းပျက်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
 
ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက( ဆေး-၁ ) 
 
(  Zawgyi  )
 
 လူတစ္ဦးတြင္ တေန႔လွ်င္ ၃ႀကိမ္ထက္ပိုၿပီး အရည္ သို႔မဟုတ္ အရည္ကဲ့သို႔ေသာ ဝမ္းသြားျခင္းကို ဝမ္းပ်က္ ဝမ္းေလွ်ာျခင္း (Diarrhoea)ဟု သတ္မွတ္ႏိုင္သည္။ ႏွစ္ပတ္ထက္မပိုတဲ့ ဝမ္းပ်က္ဝမ္းေလွ်ာျခင္းကို acute diarrhoea (ရက္တို ဝမ္းေလွ်ာျခင္း) ဟုသတ္မွတ္ၿပီး ရက္သတၱပတ္ ႏွစ္ပတ္ထက္ ေက်ာ္တဲ့ဝမ္းပ်က္ဝမ္းေလွ်ာျခင္းကိုေတာ့ ရက္ရွည္ ဝမ္းေလွ်ာျခင္း (chronic diarrhoea) လို႔ သတ္မွတ္ပါတယ္။
 
ဝမ္းပ်က္ဝမ္းေလွ်ာရျခင္းမွာ မသန႔္ရွင္းေသာ ေရႏွင့္ အစားအေသာက္မ်ား ယင္နားစာမ်ား အသားစိမ္း ငါးစိမ္းမ်ား အမွည့္လြန္အသီးမ်ား စားမိျခင္း မသန႔္ရွင္းေသာ လက္ႏွင့္ အစားအစာကိုင္တြယ္ခ်က္ျပဳတ္ျပင္ဆင္ျခင္းတို႔မွ တဆင့္ ျဖစ္သည္။
 
ဝမ္းေလွ်ာ ဝမ္းပ်က္ျဖစ္ေစေသာ အေၾကာင္းရင္းမ်ား
-ဗိုင္းရပ္စ္ပိုးေၾကာင့္ဝမ္းေလွ်ာျခင္းသည္ အမ်ားဆုံးျဖစ္သည္။ အျခားအေၾကာင္းရင္းမ်ားမွာ-
-ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္ျခင္း
-ကပ္ပါးပိုးေၾကာင့္ျဖစ္ျခင္း
-ပိုးသတ္ေဆးမ်ားေၾကာင့္ ျဖစ္ျခင္း စတာေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
 
ဘယ္လိုလကၡဏာေတြနဲ႔ ေတြ႕ရမလဲ?
ဗိုင္းရပ္စ္၊ ဘက္တီးရီးယာနဲ႔ ကပ္ပါးပိုးေတြက အူသိမ္ေရာင္ရမ္းမႈကိုျဖစ္ေစတယ္။ အစာအိမ္ေရာ အူသိမ္ေရာ ေရာင္ရမ္းျခင္းကိုေတာ့ Gastroentritis (GE) အထက္လွန္ေအာက္ေလွ်ာျဖစ္ျခင္းလို႔ ေခၚၾကပီး ဝမ္းေလွ်ာတာအျပင္ ပ်ိဳ႕အန္ျခင္းနဲ႔ပါ တြဲေတြ႕ရမွာျဖစ္တယ္။ အူေရာင္တဲ့အတြက္ အူလႈပ္ရွားမႈေတြျမန္လာမယ္။ ဗိုက္နာမယ္ ဝမ္းသြားမယ္။ အစာနဲ႔ ေရ ဓါတ္ဆားေတြ ေကာင္းေကာင္းမစုပ္ယူႏိုင္ဘဲ ဝမ္းထဲပါသြားတာေၾကာင့္  ေရဓါတ္ ဆားဓါတ္ဆုံးရႈံးတာေတြ ျဖစ္ႏိုင္တယ္။
ဝမ္းေလွ်ာေစတဲ့ အေၾကာင္းရင္းေတြမတူႏိုင္တာေၾကာင့္ ဒီေမးခြန္းေလးေတြေတာ့ ေမးသင့္တယ္။
-ဘယ္ေလာက္ၾကာပီလဲ
-ဝမ္းပမာဏ တေန႔ ဘယ္ႏွႀကိမ္သြားလဲ
-ဝမ္းထဲမွာ ေသြး ခြၽဲ ပါလား
-အန္လား ဗိုက္နာလား နာတဲ့ေနရာ
-အဖ်ားရွိ မရွိ
-မသန႔္ရွင္းတဲ့ ယင္နားစာ မသန႔္ရွင္းတဲ့ေရ ေသာက္သုံးမိလား
-မိသားစုထဲမွာ ဝမ္းေလွ်ာတဲ့သူရွိေနလား 
-မ်က္တြင္းခ်ိဳင့္ျခင္း အသားအေရခန္းေျခာက္ျခင္း ဆီးနည္းျခင္း ဆီးမသြားျခင္း စသည့္ ေရဓါတ္ ခမ္းေျခာက္တဲ့အေရးႀကီးလကၡဏာေတြရွိလား။
 
မ်ားေသာအားျဖင့္ ဝမ္းပ်က္ ဝမ္းေလွ်ာျခင္းဟာ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္ေလ့ရွိတာမို႔ ပိုးသတ္ေဆးေသာက္စရာမလိုဘဲ ခႏၶာကိုယ္က ဆုံးရႈံးသြားတဲ့ ေရနဲ႔ ဆားဓါတ္ေတြျပန္လည္ျဖည့္တင္းေပးဖို႔သာ အေရးႀကီးပါသည္။ ဓါတ္ဆားရည္ (ORS) ကိုစနစ္တက် ေသာက္သုံးျခင္းျဖင့္ ဝမ္းေရာဂါေၾကာင့္ ေဆး႐ုံတက္ကုသရျခင္း အေၾကာေဆး Drip ခ်ိတ္ရျခင္း စသည္တို႔ကိုလည္း ကာကြယ္ႏိုင္သည္။ ေရဓါတ္ခမ္းေျခာက္တဲ့ လကၡဏာေတြရွိရင္ေတာ့ ေဆး႐ုံ၊ေဆးခန္းအျမန္ဆုံးျပသၿပီး အေၾကာေဆး Drip ခ်ိတ္ျခင္းလိုမွာပါ။  ခုေနာက္ပိုင္းတြင္ probiotics လို႔ေခၚတဲ့ အူလမ္းေၾကာင္းအေထာက္အကူျပဳေဆးမ်ားကလည္း အက်ိဳးသက္ေရာက္မႈရွိသည္။ ဘက္တီးရီးယား ႏွင့္ ကပ္ပါးပိုး (Parasite) ေၾကာင့္ျဖစ္တဲ့ ဝမ္းပ်က္ျခင္းေတြဆိုရင္ေတာ့ ပိုးသတ္ေဆးထည့္ေပးဖို႔လိုမွာပါ။ ဝမ္းထဲမွာ ေသြး၊ ခြၽဲပါရင္ေတာ့ လိုအပ္ရင္ ဝမ္းကို မိုက္ခ႐ိုစကုပ္နဲ႔ၾကညိ့ပီး စစ္ေဆးျခင္း၊ ဝမ္းထဲမွာ ပိုးေမြးျခင္းေတြ လိုမွာပါ။ ဝမ္းအႀကိမ္အေရအတြက္မ်ားလြန္းရင္ေတာ့ လိုအပ္ရင္ ဝမ္းပိတ္ေဆး loperamide ေသာက္ႏိုင္ပါတယ္။ 
 
 
အေရးႀကီးတာကေတာ့ အစားအစာကိုင္တြယ္ခါနီးတိုင္း လက္ကို ဆပ္ျပာ၊ ေရနဲ႔ စနစ္တက် ေဆးေၾကာမယ္ အစားအစာကို ယင္မနားေအာင္ စနစ္တက်ဖုံးအုပ္မယ္ အသား၊ငါးနဲ႔ အသီးအ႐ြက္ေတြကို က်က္ေအာင္ စနစ္တက်ခ်က္ျပဳတ္မယ္ ေရကို က်ိဳခ်က္ေသာက္သုံးမယ္ ဒီနည္းေတြနဲ႔ ဝမ္းေလွ်ာ ဝမ္းပ်က္မျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။
 
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက( ေဆး-၁ )