【 အလှအပနှင့်ကျန်းမာရေး 】သည်းခြေကျောက်တည်ခြင်း (Gallstones)

【  အလှအပနှင့်ကျန်းမာရေး 】သည်းခြေကျောက်တည်ခြင်း (Gallstones)

ဒီအပတ်မှာတော့ သည်းခြေကျောက်တည်ခြင်း (Gall Stones) အကြောင်း ကျန်းမာရေး ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲလာခြင်းက အချို့သော ရောဂါတွေကို ပိုဖြစ်လာစေတယ်။ အဆီများတဲ့ အစားအသောက်တွေ ဆီကြော်တွေ အသင့်စား fast foods တွေ ဒီအစားအသောက်တွေ အစားများလာတာနဲ့ သည်းခြေကျောက် (Gall stones) အဖြစ်များလာကြတယ်။

သည်းခြေကျောက်တည်ခြင်းဆိုတာဘာလဲ?
သည်းခြေကျောက်တည်ခြင်းဆိုတာ သည်းခြေအိတ် (Gall bladder) လို့ခေါ်တဲ့ အသည်းအောက်နားလေးမှာရှိတဲ့ အစိတ်အပိုင်းလေးမှာ ကျောက်တည်ခြင်းကိုခေါ်တာပါ။ ဒီအစိတ်အပိုင်းလေးက အစာချေဖျက်ခြင်းမှာ ပါတဲ့ သည်းခြေရည် (bile) ကို သိုလှောင်ထားပြီး အစာစားလိုက်တဲ့အခါ အူသိမ်ထဲသို့ ထုတ်ပေးတာပါ။ ဒီအစာချေရည် (bile) ထဲမှာ cholesterol လို့ခေါ်တဲ့ အဆီတွေများနေလို့ဖြစ်စေ၊ bilirubin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်း တမျိုးများနေရင်ဖြစ်စေ၊ သည်းခြေအိတ် ကောင်းကောင်းအလုပ်မလုပ်ခြင်းကြောင့်ဖြစ်စေ အနည်ထိုင်ပြီး သည်းခြေကျောက်ဖြစ်ရတာပါ။

သည်းခြေကျောက် အမျိုးအစားများ
(၁)Cholesterol Gall Stones
(၂)Pigment Gall Stones
(၃)Mixed Stone

ဒီအချက်တွေက သည်းခြေကျောက်တည်ခြင်းကို ပိုဖြစ်စေပါတယ်-
-အမျိုးသမီးများ
-အသက်အရွယ်ကြီးသူများ
-အဝလွန်သူများ
-အချိန်တိုအတွင်း ကိုယ်အလေးချိန်ကျသူများ
-ကိုယ်ဝန်ဆောင်မိခင်များ
-စားသောက်နေထိုင်မှုပုံစံ (အဆီ အစားများပီး fibre အသီးအရွက် အစားနည်းသူများ)
-မိသားစုထဲမှာ သည်းခြေကျောက် ရှိသူများ
- သွေးရောဂါရှိသူများ (Sickle cell disease, Leukemia သွေးကင်ဆာ)
-အသည်းရောဂါရှိသူများ
-အီစထရိုဂျင် ပါဝင်သော သန္ဓေတားဆေးများနှင့် ဟော်မုန်းဆေး သုံးစွဲရသူများ

ဘယ်လို ရောဂါ လက္ခဏာတွေနဲ့ လာတတ်ပါသလဲ?
များသောအားဖြင့် သည်းခြေအိတ်ထဲမှာ ကျောက်ရှိရုံနဲ့ ဘာရောဂါ လက္ခဏာမှ မပြတတ်ပါဘူး။ တခါတရံ ဝမ်းဗိုက်အာထရာဆောင်း ရိုက်ရင်းနဲ့ အမှတ်မထင် တွေ့ရတတ်ပါတယ်။ ဒီကျောက်တွေက သည်းခြေလမ်းကြောင်း တလျှောက်မှာရှိတဲ့ ပြွန်တွေမှာ ပိတ်မိရင်တော့ ဒီလက္ခဏာတွေနဲ့ တွေ့ရမှာပါ။
-ရင်ညွန့်တဝိုက် (Epigastrium) နေရာ သို့မဟုတ် ဗိုက်အပေါ်ပိုင်း ညာဘက်နေရာတွင် အောင့်ခြင်း
-ထိုမှတဆင့် နောက်ကျောဘက် လက်ပြင်ရိုးနှစ်ခုကြား နေရာအထိပါ အောင့်ခြင်း
-အစာမကြေဖြစ်ခြင်း လေပွခြင်း
-ပျို့အန်ခြင်း

နောက်ဆက်တွဲ ဆိုးကျိုးများ
သည်းခြေကျောက်ပိတ်တဲ့ နေရာပေါ်မူတည်ပြီး ဒီနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
-သည်းခြေအိတ် ရောင်ရမ်းခြင်း (Cholecystitis)
-သည်းခြေအိတ် အရည်တည်ခြင်း (mucocele)၊ ပြည်တည်ခြင်း (empyema gall bladder)
-သည်းခြေပြွန်မကြီး ပိတ်ခြင်း (Cholidocholithiasis)
-မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis)
- အူပိတ်ခြင်း (Gall stone ileus)
-သည်းခြေအိတ်ကင်ဆာဖြစ်ခြင်း

ဒီလို သည်းခြေကျောက်က သည်းခြေလမ်းကြောင်းတလျောက် ပိတ်မိရင်တော့ အဖျားရှိခြင်း အသားဝါခြင်း သွေးဆိပ်တက်ခြင်း  စတဲ့အခြားလက္ခဏာတွေပါ တွေ့ရမှာပါ။

ရောဂါရှာဖွေခြင်း

ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းဖြင့် သည်းခြေအိတ်အတွင်း ကျောက်ရှိခြင်းကို တွေ့နိုင်ပါ တယ်။ သည်းခြေကျောက် သည်းခြေလမ်းကြောင်းမှာ ပိတ်မပိတ်နဲ့ အခြားနောက်ဆက်တွဲ ဆိုးကျိုးတွေအတွက်ကတော့ ဝမ်းဗိုက် CT ရိုက်ခြင်း MRCP လို့ခေါ်တဲ့ MRI ဖြင့် သည်းခြေ လမ်းကြောင်းတလျောက် စစ်ဆေးခြင်း Endoscopic USG လို့ခေါ်တဲ့ မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်းဖြင့် သိနိုင်ပါတယ်။

ကုသခြင်း
သည်းခြေကျောက်တွေက ဘာရောဂါလက္ခဏာမှ မပြရင် ကုစရာမလိုပါဘူး။ သည်းခြေအိတ်အတွင်းက ကျောက်တွေကိုတော့ သည်းခြေအိတ်ထုတ်ပစ်ခြင်းဖြင့် ကုသနိုင်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ဆေး(၁)

 

(  Zawgyi  )

ဒီအပတ္မွာေတာ့ သည္းေျခေက်ာက္တည္ျခင္း (Gall Stones) အေၾကာင္း က်န္းမာေရး ဗဟုသုတအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္။

လူေတြရဲ႕ စားေသာက္ေနထိုင္မႈပုံစံ ေျပာင္းလဲလာျခင္းက အခ်ိဳ႕ေသာ ေရာဂါေတြကို ပိုျဖစ္လာေစတယ္။ အဆီမ်ားတဲ့ အစားအေသာက္ေတြ ဆီေၾကာ္ေတြ အသင့္စား fast foods ေတြ ဒီအစားအေသာက္ေတြ အစားမ်ားလာတာနဲ႔ သည္းေျခေက်ာက္ (Gall stones) အျဖစ္မ်ားလာၾကတယ္။

သည္းေျခေက်ာက္တည္ျခင္းဆိုတာဘာလဲ?
သည္းေျခေက်ာက္တည္ျခင္းဆိုတာ သည္းေျခအိတ္ (Gall bladder) လို႔ေခၚတဲ့ အသည္းေအာက္နားေလးမွာရွိတဲ့ အစိတ္အပိုင္းေလးမွာ ေက်ာက္တည္ျခင္းကိုေခၚတာပါ။ ဒီအစိတ္အပိုင္းေလးက အစာေခ်ဖ်က္ျခင္းမွာ ပါတဲ့ သည္းေျခရည္ (bile) ကို သိုေလွာင္ထားၿပီး အစာစားလိုက္တဲ့အခါ အူသိမ္ထဲသို႔ ထုတ္ေပးတာပါ။ ဒီအစာေခ်ရည္ (bile) ထဲမွာ cholesterol လို႔ေခၚတဲ့ အဆီေတြမ်ားေနလို႔ျဖစ္ေစ၊ bilirubin လို႔ေခၚတဲ့ ေရာင္ျခယ္ပစၥည္း တမ်ိဳးမ်ားေနရင္ျဖစ္ေစ၊ သည္းေျခအိတ္ ေကာင္းေကာင္းအလုပ္မလုပ္ျခင္းေၾကာင့္ျဖစ္ေစ အနည္ထိုင္ၿပီး သည္းေျခေက်ာက္ျဖစ္ရတာပါ။

သည္းေျခေက်ာက္ အမ်ိဳးအစားမ်ား
(၁)Cholesterol Gall Stones
(၂)Pigment Gall Stones
(၃)Mixed Stone

ဒီအခ်က္ေတြက သည္းေျခေက်ာက္တည္ျခင္းကို ပိုျဖစ္ေစပါတယ္-
-အမ်ိဳးသမီးမ်ား
-အသက္အ႐ြယ္ႀကီးသူမ်ား
-အဝလြန္သူမ်ား
-အခ်ိန္တိုအတြင္း ကိုယ္အေလးခ်ိန္က်သူမ်ား
-ကိုယ္ဝန္ေဆာင္မိခင္မ်ား
-စားေသာက္ေနထိုင္မႈပုံစံ (အဆီ အစားမ်ားပီး fibre အသီးအ႐ြက္ အစားနည္းသူမ်ား)
-မိသားစုထဲမွာ သည္းေျခေက်ာက္ ရွိသူမ်ား
- ေသြးေရာဂါရွိသူမ်ား (Sickle cell disease, Leukemia ေသြးကင္ဆာ)
-အသည္းေရာဂါရွိသူမ်ား
-အီစထ႐ိုဂ်င္ ပါဝင္ေသာ သေႏၶတားေဆးမ်ားႏွင့္ ေဟာ္မုန္းေဆး သုံးစြဲရသူမ်ား

ဘယ္လို ေရာဂါ လကၡဏာေတြနဲ႔ လာတတ္ပါသလဲ?
မ်ားေသာအားျဖင့္ သည္းေျခအိတ္ထဲမွာ ေက်ာက္ရွိ႐ုံနဲ႔ ဘာေရာဂါ လကၡဏာမွ မျပတတ္ပါဘူး။ တခါတရံ ဝမ္းဗိုက္အာထရာေဆာင္း ႐ိုက္ရင္းနဲ႔ အမွတ္မထင္ ေတြ႕ရတတ္ပါတယ္။ ဒီေက်ာက္ေတြက သည္းေျခလမ္းေၾကာင္း တေလွ်ာက္မွာရွိတဲ့ ႁပြန္ေတြမွာ ပိတ္မိရင္ေတာ့ ဒီလကၡဏာေတြနဲ႔ ေတြ႕ရမွာပါ။
-ရင္ၫြန႔္တဝိုက္ (Epigastrium) ေနရာ သို႔မဟုတ္ ဗိုက္အေပၚပိုင္း ညာဘက္ေနရာတြင္ ေအာင့္ျခင္း
-ထိုမွတဆင့္ ေနာက္ေက်ာဘက္ လက္ျပင္႐ိုးႏွစ္ခုၾကား ေနရာအထိပါ ေအာင့္ျခင္း
-အစာမေၾကျဖစ္ျခင္း ေလပြျခင္း
-ပ်ိဳ႕အန္ျခင္း

ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား
သည္းေျခေက်ာက္ပိတ္တဲ့ ေနရာေပၚမူတည္ၿပီး ဒီေနာက္ဆက္တြဲ ဆိုးက်ိဳးေတြျဖစ္လာႏိုင္ပါတယ္။
-သည္းေျခအိတ္ ေရာင္ရမ္းျခင္း (Cholecystitis)
-သည္းေျခအိတ္ အရည္တည္ျခင္း (mucocele)၊ ျပည္တည္ျခင္း (empyema gall bladder)
-သည္းေျခႁပြန္မႀကီး ပိတ္ျခင္း (Cholidocholithiasis)
-မုန႔္ခ်ိဳအိတ္ေရာင္ျခင္း (Pancreatitis)
- အူပိတ္ျခင္း (Gall stone ileus)
-သည္းေျခအိတ္ကင္ဆာျဖစ္ျခင္း

ဒီလို သည္းေျခေက်ာက္က သည္းေျခလမ္းေၾကာင္းတေလ်ာက္ ပိတ္မိရင္ေတာ့ အဖ်ားရွိျခင္း အသားဝါျခင္း ေသြးဆိပ္တက္ျခင္း  စတဲ့အျခားလကၡဏာေတြပါ ေတြ႕ရမွာပါ။

ေရာဂါရွာေဖြျခင္း

ဝမ္းဗိုက္အာထရာေဆာင္း႐ိုက္ျခင္းျဖင့္ သည္းေျခအိတ္အတြင္း ေက်ာက္ရွိျခင္းကို ေတြ႕ႏိုင္ပါ တယ္။ သည္းေျခေက်ာက္ သည္းေျခလမ္းေၾကာင္းမွာ ပိတ္မပိတ္နဲ႔ အျခားေနာက္ဆက္တြဲ ဆိုးက်ိဳးေတြအတြက္ကေတာ့ ဝမ္းဗိုက္ CT ႐ိုက္ျခင္း MRCP လို႔ေခၚတဲ့ MRI ျဖင့္ သည္းေျခ လမ္းေၾကာင္းတေလ်ာက္ စစ္ေဆးျခင္း Endoscopic USG လို႔ေခၚတဲ့ မွန္ေျပာင္းျဖင့္ အာထရာေဆာင္း႐ိုက္ျခင္းျဖင့္ သိႏိုင္ပါတယ္။

ကုသျခင္း
သည္းေျခေက်ာက္ေတြက ဘာေရာဂါလကၡဏာမွ မျပရင္ ကုစရာမလိုပါဘူး။ သည္းေျခအိတ္အတြင္းက ေက်ာက္ေတြကိုေတာ့ သည္းေျခအိတ္ထုတ္ပစ္ျခင္းျဖင့္ ကုသႏိုင္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ေဆး(၁)