【 အလှအပနှင့်ကျန်းမာရေး 】အဆုတ်ရေဝိုင်းခြင်း (Pleural Effusion)အကြောင်းသိကောင်းစရာ

【  အလှအပနှင့်ကျန်းမာရေး 】အဆုတ်ရေဝိုင်းခြင်း (Pleural Effusion)အကြောင်းသိကောင်းစရာ

အဆုတ်ရေဝိုင်းတယ်ဆိုတာ ဘာကိုခေါ်တာလဲ?
 
အဆုတ်ရေဝိုင်းခြင်း(Pleural Effusion) ဆိုတာ အဆုတ်ကို အုပ်ထားတဲ့ အမြှေးပါးနှစ်ခုဖြစ်တဲ့ အတွင်းအလွှာ (Visceral pleura) နဲ့ အပြင်ဘက်အလွှာ (Parietal pleura) ကြားထဲက pleural space လို့ခေါ်တဲ့ နေရာထဲမှာ အရည်တွေ ဝင်နေတာကို ခေါ်တာပါ။ ဒီနေရာမှာ ပြည်တွေစုနေရင်တော့ empyema လို့ခေါ်ပီး သွေးတွေစုနေရင်တော့ haemothorax လို့ခေါ်ပါတယ်။ 
 
အဆုတ်ရေဝိုင်းရခြင်း အကြောင်းရင်းများ
 
 
(၁) Transudative Effusion
 
 
သွေးကြောတွင်း ဖိအားများခြင်းကြောင့် ဖြစ်ခြင်း
-နှလုံးအမောဖောက်ခြင်း (cardiac failure)
-နှလုံးအမြှေးပါးရောင်ခြင်း (Constrictive pericarditis)
-အရည်အသွင်းများခြင်း (Fluid overload)
အသားဓါတ် protein နည်းခြင်းကြောင့်ဖြစ်ခြင်း
-အသည်းခြောက်ခြင်း (Cirrhosis)
-ကျောက်ကပ်ရောဂါ (Nephrotic syndrome)
-အူစုပ်ယူမှု မကောင်းခြင်း (malabsorption)
သိုင်းရွိုက်ဟော်မုန်းနည်းခြင်း 
Meig symdrome ( သားဥအိမ် fibroma နှင့် ညာဘက်အဆုတ်ရေဝိုင်းခြင်း)
 
 
(၂)Exudative Effusion
 
 
အဆုတ်အမြှေးပါးရဲ့ သွေးကြောမျှင်လေးတွေက အရည်စိမ့်ထွက်ခြင်း
-အဆုတ်ရောင်ခြင်း အဆုတ်တီဘီဖြစ်ခြင်း
-အဆုတ်ကင်ဆာ
-အရေပြား လေးဘက်နာ (SLE)၊ အရိုးလေးဘက်နာ (RA)
 
ဘယ်လိုလက္ခဏာတွေနဲ့ ပြမှာလဲ?
-မောခြင်း အသက်ရှုရခက်ခဲခြင်း
-ရင်ဘတ်အောင့်ခြင်း 
- ချောင်းဆိုးခြင်း
 
 
စမ်းသပ်ကြည့်မယ်ဆိုရင်တော့ ရေရှိတဲ့ဘက်ခြမ်းမှာ လေဝင်တာနည်းတဲ့ လက္ခဏာတွေ တွေ့ရမှာဖြစ်ပီး ရေရှိတာ အရမ်းများရင်တော့ လေပြွန်က ရေမရှိတဲ့ဘက်ကို အတွန်းခံရလို့ ရွေ့နေမှာပါ။ 
 
ဘယ်လို စစ်ဆေးမှုတွေ လုပ်ဖို့လိုလဲ?
 
အဆုတ်ရေဝင်တာသိဖို့ကတော့ ရင်ဘတ် ဓါတ်မှန် (Chest Xray) ရိုက်ကြည့်ရင် သိနိုင်ပါတယ်။ ရင်ဘတ်အာထရာဆောင်း ရိုက်ပြီးလည်း အရည်ရှိတဲ့နေရာကို သိနိုင်ပါတယ်။ အရည်ထဲက ပါဝင်ပစ္စည်းတွေ သိဖို့နဲ့ ရေဝင်ရခြင်း အကြောင်းရင်းသိဖို့ကတော့ diagnostic aspiration လို့ခေါ်တဲ့ အဆုတ်ထဲက အရည်ကို စုပ်ထုပ်ပီး ဓါတ်ခွဲခန်းမှာ စစ်ကြည့်တာပါ။ လိုအပ်ရင် အသားစယူတဲ့ထိ လိုနိုင်ပါတယ်။
 
ကုသခြင်း
 
 
အပေါ်မှာ ဖော်ပြထားတဲ့ မောခြင်း ရင်ဘတ်အောင့်ခြင်း လက္ခဏာတွေရှိရင်တော့ အရည်စုပ်ထုတ်ဖို့လိုပါပီ။ ခဏခဏ အရည်ဝင်ရင်တော့ bleomycin သုံးပီး pleurodesis လုပ်ဖို့လိုမှာပါ။
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ( ဆေး-၁ ) 
 
(  Zawgyi  )
 
 အဆုတ္ေရဝိုင္းတယ္ဆိုတာ ဘာကိုေခၚတာလဲ?
 
အဆုတ္ေရဝိုင္းျခင္း(Pleural Effusion) ဆိုတာ အဆုတ္ကို အုပ္ထားတဲ့ အေျမႇးပါးႏွစ္ခုျဖစ္တဲ့ အတြင္းအလႊာ (Visceral pleura) နဲ႔ အျပင္ဘက္အလႊာ (Parietal pleura) ၾကားထဲက pleural space လို႔ေခၚတဲ့ ေနရာထဲမွာ အရည္ေတြ ဝင္ေနတာကို ေခၚတာပါ။ ဒီေနရာမွာ ျပည္ေတြစုေနရင္ေတာ့ empyema လို႔ေခၚပီး ေသြးေတြစုေနရင္ေတာ့ haemothorax လို႔ေခၚပါတယ္။ 
 
အဆုတ္ေရဝိုင္းရျခင္း အေၾကာင္းရင္းမ်ား
 
 
(၁) Transudative Effusion
 
 
ေသြးေၾကာတြင္း ဖိအားမ်ားျခင္းေၾကာင့္ ျဖစ္ျခင္း
-ႏွလုံးအေမာေဖာက္ျခင္း (cardiac failure)
-ႏွလုံးအေျမႇးပါးေရာင္ျခင္း (Constrictive pericarditis)
-အရည္အသြင္းမ်ားျခင္း (Fluid overload)
အသားဓါတ္ protein နည္းျခင္းေၾကာင့္ျဖစ္ျခင္း
-အသည္းေျခာက္ျခင္း (Cirrhosis)
-ေက်ာက္ကပ္ေရာဂါ (Nephrotic syndrome)
-အူစုပ္ယူမႈ မေကာင္းျခင္း (malabsorption)
သိုင္း႐ြိဳက္ေဟာ္မုန္းနည္းျခင္း 
Meig symdrome ( သားဥအိမ္ fibroma ႏွင့္ ညာဘက္အဆုတ္ေရဝိုင္းျခင္း)
 
 
(၂)Exudative Effusion
 
 
အဆုတ္အေျမႇးပါးရဲ႕ ေသြးေၾကာမွ်င္ေလးေတြက အရည္စိမ့္ထြက္ျခင္း
-အဆုတ္ေရာင္ျခင္း အဆုတ္တီဘီျဖစ္ျခင္း
-အဆုတ္ကင္ဆာ
-အေရျပား ေလးဘက္နာ (SLE)၊ အ႐ိုးေလးဘက္နာ (RA)
 
ဘယ္လိုလကၡဏာေတြနဲ႔ ျပမွာလဲ?
-ေမာျခင္း အသက္ရႈရခက္ခဲျခင္း
-ရင္ဘတ္ေအာင့္ျခင္း 
- ေခ်ာင္းဆိုးျခင္း
 
 
စမ္းသပ္ၾကည့္မယ္ဆိုရင္ေတာ့ ေရရွိတဲ့ဘက္ျခမ္းမွာ ေလဝင္တာနည္းတဲ့ လကၡဏာေတြ ေတြ႕ရမွာျဖစ္ပီး ေရရွိတာ အရမ္းမ်ားရင္ေတာ့ ေလႁပြန္က ေရမရွိတဲ့ဘက္ကို အတြန္းခံရလို႔ ေ႐ြ႕ေနမွာပါ။ 
 
ဘယ္လို စစ္ေဆးမႈေတြ လုပ္ဖို႔လိုလဲ?
 
အဆုတ္ေရဝင္တာသိဖို႔ကေတာ့ ရင္ဘတ္ ဓါတ္မွန္ (Chest Xray) ႐ိုက္ၾကည့္ရင္ သိႏိုင္ပါတယ္။ ရင္ဘတ္အာထရာေဆာင္း ႐ိုက္ၿပီးလည္း အရည္ရွိတဲ့ေနရာကို သိႏိုင္ပါတယ္။ အရည္ထဲက ပါဝင္ပစၥည္းေတြ သိဖို႔နဲ႔ ေရဝင္ရျခင္း အေၾကာင္းရင္းသိဖို႔ကေတာ့ diagnostic aspiration လို႔ေခၚတဲ့ အဆုတ္ထဲက အရည္ကို စုပ္ထုပ္ပီး ဓါတ္ခြဲခန္းမွာ စစ္ၾကည့္တာပါ။ လိုအပ္ရင္ အသားစယူတဲ့ထိ လိုႏိုင္ပါတယ္။
 
ကုသျခင္း
 
 
အေပၚမွာ ေဖာ္ျပထားတဲ့ ေမာျခင္း ရင္ဘတ္ေအာင့္ျခင္း လကၡဏာေတြရွိရင္ေတာ့ အရည္စုပ္ထုတ္ဖို႔လိုပါပီ။ ခဏခဏ အရည္ဝင္ရင္ေတာ့ bleomycin သုံးပီး pleurodesis လုပ္ဖို႔လိုမွာပါ။
 
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
 
ဇီဝက ( ေဆး-၁ )