【 အလှအပနှင့်ကျန်းမာရေး 】အယ်ဇိုင်းမားရောဂါ-မှတ်ဉာဏ်ချို့ယွင်းခြင်း

【 အလှအပနှင့်ကျန်းမာရေး 】အယ်ဇိုင်းမားရောဂါ-မှတ်ဉာဏ်ချို့ယွင်းခြင်း

အယ်ဇိုင်းမားရောဂါဆိုတာကတော့ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါတွေထဲမှာ အဖြစ်အများဆုံးဖြစ်တဲ့ မှတ်ဉာဏ်မေ့လျော့ခြင်းတစ်မျိုးဖြစ်ပါတယ်။

အယ်ဇိုင်းမားရောဂါဟာ အသက်ကြီးသူတွေမှာ အဖြစ်များပြီး ရောဂါရဲ့လက္ခဏာတွေကိုအတူနေမိသားစုဝင်၊မိတ်ဆွေအပေါင်းအသင်း၊ ဆွေးမျိူးများက သတိပြုမိကြတာများပါတယ်။

အယ်ဇိုင်းမားရောဂါရဲ့လက္ခဏာတွေကတော့

၁- ပြောပြီးသားစကား၊အ‌ကြောင်းအရာကိုထပ်ခါတလဲလဲပြန်ပြောခြင်း

၂- ပြောနေသောစကားအကြောင်းအရာကိုမေ့လျော့ခြင်း

  စကားပြောဆိုရန် စကားလုံးရွေးချယ်ရခက်ခဲခြင်း

၃- ချိန်းဆိုထားသော အစီအစဉ်များကို မေ့လျော့ခြင်း

၄- ပစ္စည်းများထားသောနေရာမေ့ခြင်း၊ ပစ္စည်းများမကြာခဏပျောက်ခြင်း

၅- သွား‌လာနေကြ လမ်းကိုမေ့ကာ ၊လမ်းပျောက်ခြင်း

၆- မိသားစုဝင်၊မိတ်ဆွေ၊ဆွေမျိူးများ၏ နာမည်များ မမှတ်မိခြင်း

၇- အပေါင်း၊အနုတ် ကိန်းဂဏန်းတွက်ချက်မှုများ မပြုလုပ်နိုင်တော့ခြင်း

၈- နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အကူအညီလိုအပ်ခြင်း

( ဥပမာ- ရေချိုးခြင်း၊ထမင်းစားခြင်း၊ အဝတ်လဲခြင်း )

၉- စိတ်ဓါတ်ကျခြင်း

၁၀- စိတ်ဆိုး၊စိတ်တို လွယ်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အယ်ဇိုင်းမားရောဂါကို ဘယ်လိုကုသနိုင်ပါသလဲ?

  • အယ်ဇိုင်းမားရောဂါဟာ လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါမဟုတ်ပါဘူး။
  • ရောဂါအခြေအနေဆိုးဝါးမှုနှေးကွေးအောင် ဆေးဝါးများဖြင့် ကုသနိုင်ပါတယ်။

အယ်ဇိုင်းမားရောဂါကို ဆေးဝါးများဖြင့်ကုသခြင်းအပြင်

  • မိသားစုဝင်များနှင့်အတူ မကြာခဏ စကားပြောခြင်း
  • မိတ်ဆွေအပေါင်းအသင်းတွေနဲ့မကြာခဏတွေ့ဆုံစကားပြောခြင်း
  • ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ခြင်း
  • အာဟာရပြည့်ဝစွာစားသုံးခြင်း
  • စာဖတ်ခြင်း၊ဂိမ်းကစားခြင်း
  • ဝါသနာပါရာ၊အားကစား၊ဂိမ်း၊ကစားနည်း တစ်မျိုးမျိုးလေ့ကျင့်သင်ကြားခြင်း
  • အယ်ဇိုင်းမားရောဂါရှိ‌ကြောင်းနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊လိပ်စာ၊စတဲ့အချက်အလက်‌ တွေကိုလူနာ၏ကိုယ်နှင့်မကွာချိတ်ဆွဲပေးထားခြင်း
  • နေ့စဉ်လုပ်ဆောင်ရမည့်စာရင်းကို ပြက္ခဒိန်၊ကျောက်သင်ပုန်းစသည်တို့တွင် ရေးမှတ်ပေးထားခြင်း

စတဲ့နည်းလမ်းများနှင့် အယ်ဇိုင်းမားရောဂါခံစားနေရသူတွေကို ကူညီပေးနိုင်ပါတယ်။

  • အယ်ဇိုင်းမားရောဂါဟာစောစောသိလေ၊ ထိရောက်တဲ့ကုသမှုစောလျင်စွာခံယူလေ၊ ကောင်းကျိုးများလေဖြစ်ပါတယ်။
  • အယ်ဇိုင်းမားရောဂါဟာ နာတာရှည်ရောဂါဖြစ်တာကြောင့် အတူနေ မိသားစုဝင်များအ‌နေနဲ့ ရေရှည်ပြုစုစောင့်ရှောက်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်။
  • မိသားစုဝင်တွေအနေနဲ့ ရောဂါအကြောင်းကို နားလည်အောင် လေ့လာထားဖို့လိုအပ်ပြီး၊ နည်းမှန်လမ်းမှန်နဲ့ ပြုစုဖို့လိုအပ်ပါတယ်။
  • နေ့စဉ်သောက်သုံးရန် လိုအပ်တဲ့ဆေးဝါးများကို စနစ်တကျ အချိန်မှန် တိုက်ဖို့လိုအပ်ပါတယ်။
  • အယ်ဇိုင်းမားရောဂါခံစားနေရသူတွေဟာ စိတ်တိုခြင်း၊‌အထီးကျန်ခြင်း၊ဝမ်းနည်းခြင်းတွေခံစားရနိုင်တာဖြစ်လို့ မိသားစုဝင်တွေအနေနဲ့ စိတ်ရှည်စွာ နေ့စဉ်အဖော်ပြုပြီး စောင့်ရှောက်ဖို့လိုပါတယ်။

Dr.Phyu

Photo credit -freepik