【 အလှအပနှင့်ကျန်းမာရေး 】အရေပြားလေးဖက်နာ (SLE)

 【 အလှအပနှင့်ကျန်းမာရေး 】အရေပြားလေးဖက်နာ ( SLE )

Systemic Lupus Erythematous (SLE) လို့ခေါ်တဲ့အရေပြားလေးဖက်နာ ကတော့ မိမိခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် က မိမိခန္ဓာကိုယ်မှာရှိတဲ့ တစ်သျှူးဆဲလ်၊ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းများကို တိုက်ခိုက်ခြင်းကြောင့်ဖြစ်တဲ့ ကိုယ်ခံအားစနစ် ပျက်ယွင်းမှုရောဂါဖြစ်ပါတယ်

SLE အရေပြားလေးဖက်နာ ရောဂါဟာ  အရိုးအဆစ်၊ အရေပြား၊ နှလုံး၊ အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ် စသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းများစွာကို တိုက်ခိုက်နိုင်ပါတယ်။

SLE အရေပြားလေးဖက်နာရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့

၁- မျက်နှာပေါ်တွင်လိပ်ပြာပုံစံကဲ့သို့ အနီပြင်ထွင်ခြင်း၊ နေရောင်ခြည်နှင့်ထိတွေ့ချိန်တွင် အနီပြင်ထွက်ခြင်း

၂- ဖျားခြင်း

၃- ပင်ပန်းနွမ်းနယ်ခြင်း

၄- လက်ဆစ်၊ခြေဆစ်များကိုက်ခြင်း

၅- မောခြင်း၊‌ရင်ဘတ်အောင့်ခြင်း

၆- ဦးရေပြား၊နှာ‌‌ခေါင်းနှင့် ပါးစပ်ထဲတွင်အနာများထွက်ခြင်း

၇- SLE ရောဂါကြောင့်ကျောက်ကပ်တိုက်ခိုက်ခံရပါကဆီးသွားလျှင် သွေးပါခြင်း၊ ဆီးထဲတွင် အမှုန်များ၊အမြှုပ်များပါခြင်း

၈- ဦးနှောက်တိုက်ခိုက်ခံရပါက တက်ခြင်း၊သတိလစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊မှတ်ဉာဏ်ချို့ယွင်းခြင်း

၉- ဆံပင်ကျွတ်ခြင်း

၁၀- ရေအေးကိုင်ပြီးနောက်လက်ဖျားများဖြူခြင်း၊ပြာခြင်း၊နီခြင်းဖြစ်၍ လက်ဖျားများနာခြင်းစတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုလူတွေမှာအဖြစ်များပါသလဲ?

SLE အရေပြားလေးဖက်နာရောဂါဟာ

  • အမျိုးသမီးများ
  • အသက် ၁၅ နှစ်နှင့် ၄၅ နှစ်ကြားမှာအဖြစ်များပါတယ်။

SLE အရေပြားလေးဖက်နာရောဂါရဲ့နောက်ဆက်တွဲလက္ခဏာတွေကတော့

  • ကျောက်ကပ်ပျက်စီးခြင်း
  • ဦးနှောက်တိုက်ခိုက်ခံရပါက တက်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ သတိလစ်ခြင်း၊ လေဖြတ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ဂယောင်ခြောက်ခြားဖြစ်ခြင်း စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
  • သွေးအားနည်းခြင်း၊ သွေးခြေဥလွယ်ခြင်း၊သွေးခဲခြင်း
  •  အဆုတ်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်း
  • နှလုံးကြွက်သားရောင်ရမ်းခြင်း
  •  ကိုယ်ခံအားစနစ်ပျက်ယွင်းခြင်းကြောင့် ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်ခြင်း စတဲ့နောက်ဆက်တွဲရောဂါတွေဖြစ်နိုင်ပါတယ်။

SLE ရောဂါကိုကုသလို့ရပါသလား?

SLE အရေပြားလေးဖက်နာရောဂါဟာလုံးဝပျောက်ကင်းအောင်

ကုသလို့ရတဲ့ ရောဂါမဟုတ်ပါဘူး။

ဆရာဝန်ညွှန်ကြားချက်အတိုင်း၊ပုံမှန်ဆေးကုသမှုခံယူမယ်ဆိုရင်တော့ရောဂါအခြေကိုထိန်းထားနိုင်ပြီးပုံမှန်လူကောင်းတစ်ယောက်လိုနေထိုင်နိုင်မှာပဲဖြစ်ပါတယ်။

 

Dr.Phyu

Photo credit- The Lancet