【 အလှအပနှင့်ကျန်းမာရေး 】“ သားအိမ်ခေါင်းကင်ဆာ ”

 【 အလှအပနှင့်ကျန်းမာရေး 】“ သားအိမ်ခေါင်းကင်ဆာ ”

အမျိုးသမီးထုကို ခြိမ်းခြောက်လျက်ရှိတဲ့ ကင်ဆာအမျိုးအစားတစ်ခုထဲမှာ သားအိမ်ခေါင်းကင်ဆာဟာလည်း အပါအဝင်ဖြစ်ပါတယ်။Human Papilloma Virus (HPV) လို့ခေါ်တဲ့ ကြွက်နို့ပိုးကနေပြီး သားအိမ်ခေါင်း‌ကင်ဆာကို ဖြစ်စေတာဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာအမျိုးအစားများထဲမှ အများစုဟာ လိင်မှတစ်ဆင့်ကူးစက်ခြင်းဖြစ်ပါတယ်။
 
သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာတွေကတော့-
 
၁.လိင်ဆက်ဆံပြီးနောက်သွေးဆင်းခြင်း၊
 
၂. သွေးဆုံးပြီးနောက် ရာသီသွေးပြန်ပေါ်ခြင်း၊
 
၃. အနံ့ဆိုးသော အရည်များ၊သွေးများဆင်းခြင်း၊
 
၄.လိင်ဆက်ဆံချိန်တွင် မိန်းမကိုယ်မှနာကျင်ခြင်း တို့ပဲဖြစ်ပါတယ်။
 
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေများသူတွေကတော့-
 
၁. လိင်ဆက်ဆံ‌သူ အရေအတွက်များသောသူများ၊
 
၂.ကိုယ်ခံအားနည်းသူများ၊
 
၃. ဆေးလိပ်သောက်သူများ၊
 
၄. လိင်စတင်ဆက်ဆံ‌သော အသက်အရွယ်ငယ်သူများပဲဖြစ်ပါတယ်။
 
သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါတယ်။
 
၁.သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးထားခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်လျော့ချနိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို အသက်၉နှစ်-၁၀နှစ် ကစပြီး ထိုးနှံလို့ရပါတယ်။
 
၂. သားအိမ်ခေါင်းအမြှေးပါးကို ပုံမှန်စစ်ဆေးခြင်း၊
 
၃. လိင်ဆက်ဆံရာတွင် အကာအကွယ် ကွန်ဒုံးအသုံးပြုခြင်း - စတာတွေနဲ့ကာကွယ်လို့ရပါတယ်။
 
မိမိမှာ သားအိမ်ခေါင်းကင်ဆာရောဂါခံစားနေရတယ်လို့ သံသယရှိပါက ဆရာဝန်နဲ့ပြသပြီး ထိရောက်တဲ့ ကုသမှုခံယူဖို့ လိုအပ်ပါ‌တယ်။ ရှက်ကြောက်ပြီး ရောဂါကိုမကုသပဲထားပါက ကင်ဆာပျံ့နှံ့သွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
 
အရွယ်ရောက်ပြီးသူအမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံကြဖို့နဲ့ ရောဂါလက္ခဏာတွေ ခံစားရပါကလည်း သိကျွမ်းနားလည်တဲ့ ဆရာဝန်ထံမှာ ကုသမှုအမြန်ဆုံးရယူကြဖို့ တိုက်တွန်းလိုပါတယ်။
 
Dr.Phyu 
 
photo crd-inviTRA.com