【 အလှအပနှင့်ကျန်းမာရေး 】 " ဆီးအရမ်းသွားချင်ပြီး သွားမရသည့်အခါ "

【 အလှအပနှင့်ကျန်းမာရေး 】 " ဆီးအရမ်းသွားချင်ပြီး သွားမရသည့်အခါ "

ညအိပ်‌‌နေရင်း ဆီးအရမ်းသွားချင်လို့အိမ်သာ ရောက်တော့ဆီးတစ်စက်နှစ်စက်လောက်ပဲ ထွက်တယ်၊ဆီးသွားချင်စိတ်ရှိ‌ပေမယ့်ဆီးသွားလို့မရဘူးဖြစ်နေတယ်လို့ လူနာတွေအပြောများကြတဲ့ ဆီးအိမ်အလုပ်လုပ်‌ ဆောင်မှုများခြင်း (Overactive Bladder Syndrome) အကြောင်းပြောပြပေးချင်ပါတယ်။

Overactive Bladder ဆိုတာ ဆီးအိမ်လုပ်ငန်းလုပ်ဆောင်မှုဟာ ပုံမှန်ထက်များနေခြင်းကို ဆိုလိုပါတယ်။

ရောဂါလက္ခဏာတွေကတော့

၁.ဆီးသွားချင်စိတ်ထိန်းမရခြင်း။

၂.ဆီးမကြာခဏသွားခြင်း။

၃.ဆီးမထိန်းနိုင်ခြင်း။

၄.ညဘက်ဆီးခဏခဏထသွားခြင်း။

၅.ဆီးသွားချင်စိတ်ရှိသော်လည်းဆီးသွား၍မရခြင်း....တို့ပဲဖြစ်ပါတယ်။

အထက်ပါရောဂါလက္ခဏာများဟာ ဆီးချိုရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်သောရောဂါနှင့် အခြားသော ရောဂါများမှာလည်းခံစားရနိုင်ပါတယ်။ဒါကြောင့် မိမိခံစားနေရတဲ့လက္ခဏာ ဟာ overactive bladder လို့ ခေါ်တဲ့ဆီးအိမ်လုပ်ဆောင်မှုများသော ရောဂါဟုတ်မဟုတ်သိနိုင်ဖို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီမှာ ကုသဖို့ခံယူဖို့လိုပါတယ်။

ဘယ်သူတွေမှာပိုအဖြစ်များပါသလဲ?

၁-ဆီးအိမ်ကြွက်သားအားနည်းခြင်း၊ အထူးသဖြင့်ကိုယ်ဝန်ဆောင်များ၊ကလေးမီးဖွားခြင်းတို့ကြောင့် ကြွက်သားအားနည်းခြင်းကိုဖြစ်စေနိုင်ပါတယ်။

၂-အာရုံကြောထိခိုက်ခြင်း (လေဖြတ်ထားသူများ)

၃-အရက်၊ ကော်ဖီသောက်သုံးမှုများသူများ

၄-ဆီးလမ်းကြောင်းပိုးဝင်ခြင်း

၅-သွေးဆုံးပြီးနောက် အီစထရိုဂျင် ဟော်မုန်းနည်းသူများ

၆-အဝလွန်သူများ စသူတို့မှာပိုဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်ရမလဲ?

၁။Pelvic Floor muscle excercise (Kegel exercise) လို့ခေါ်တဲ့ ဆီးခုံကြမ်းပြင်ရှိကြွက်သားများ သန်မာစေတဲ့လေ့ကျင့်ခန်းကို ပြုလုပ်ခြင်းဖြင့် ဆီးအိမ်ကြွက်သားများလုပ်ဆောင်မှုကို ပုံမှန်ဖြစ်အောင် ထိန်း ညှိပေးနိုင်ပါတယ်။

၂။ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ။

၃။ အရက်၊ကော်ဖီ အလွန်အကျွံသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။

မိမိမှာ ရောဂါလက္ခဏာခံစားနေရတယ်လို့သံသယရှိပါက ရှက်ကြောက်မနေဘဲ သေချာစွာစစ်ဆေးပြီး ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

 

Dr.Phyu

 

Photo crd : indiamart.com