【 အလှအပနှင့်ကျန်းမာရေး 】 အူစွပ်ခြင်း (Intussusception)အကြောင်းသိကောင်းစရာ

【  အလှအပနှင့်ကျန်းမာရေး  】 အူစွပ်ခြင်း (Intussusception)အကြောင်းသိကောင်းစရာ

ကျွန်တော်တို့ရဲ့အူလမ်းကြောင်းဟာ ပိုက်ပျော့အရှည်ကြီးတစ်ချောင်းနဲ့တူပါတယ်။ အစာချေဖျက်ခြင်းနှင့် အာဟာရစုပ်ယူခြင်းကို အဓိကလုပ်ဆောင်ပေးပါတယ်။ အမြဲလှုပ်ရှားနေတဲ့ အတွက် အူခေါက်ခြင်းတာ၊စွပ်တာ၊ကျွံတာတွေဖြစ်တတ်ပါတယ်။ ယခုအပတ်မှာတော့ အူစွပ်ခြင်းအကြောင်း ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အူစွပ်ခြင်း (Intussusception)ဆိုတာအူရဲ့အစိတ်အပိုင်းတစ်နေရာက သူနဲ့ကပ်လျက်ရှိတဲ့ရှေ့အပိုင်းထဲ စွပ်ဝင်သွားခြင်းကို ဆိုလိုတာပါ ။အများအားဖြင့် အူသိမ်နှင့် အူမကြီး ဆက်သောနေရာမှာအဖြစ်များတတ်တယ်။

ဘယ်အရွယ်မှာအူစွပ်တတ်ကြသလဲ?

အူစွပ်ခြင်းအား အသက်အရွယ်မရွေးဖြစ်တတ်တယ်ဆိုပေမယ့် အသက်ခြောက်လမှ ငါးနှစ်အတွင်းမှာပိုဖြစ်တတ်ပါတယ်။ အသက် ၂နှစ်ဝန်းကျင်မှာပိုဖြစ်နိုင်တယ်။

အူစွပ်ခြင်းဟာ ဘာကြောင့်ဖြစ်ရသလဲ

ဖြစ်ပွားရတဲ့အကြောင်းရင်းကို တိတိကျကျရှာလို့မရကြပါဘူး။ လေ့လာတွေ့ရှိချက်များအရဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်ခြင်း၊ အရင်ကအူလမ်းကြောင်းခွဲစိတ်ဖူးခြင်း ၊အူမှာအနာဖြစ်ဖူးခြင်း၊အူလမ်းကြောင်းအကျိတ်(polyps) ရှိခြင်းနှင့် အူထဲမှာ သံကောင်များအလွန်များပြားနေရင်လည်း အူစွပ်နိုင်တယ်လို့ သိရပါတယ်။အရင်ကအူစွပ်တာဖြစ်ဖူးရင် နောက်ထပ်ဖြစ်နိုင်ချေပိုများပါတယ်။

ဘာတွေခံစားရမလဲ

 စကားကောင်းကောင်းမပြောတတ်သေးတဲ့အရွယ်ဖြစ်တဲ့အတွက် မိဘများအနေနဲ့ အောက်ပါလက္ခဏာများကိုသတိထားဖို့လိုအပ်ပါတယ်။

၁) ရုတ်တရက်အလွန်အမင်းဗိုက်အောင့်ခြင်း ( ဗိုက်နာလိုက် သက်သာလိုက် ခဏခဏဖြစ်နေနိုင်ပါတယ်)၊ ဗိုက်အောင်တာအကြိမ်ရေပိုစိတ်လာခြင်း
၂) အန်ခြင်း၊ပျို့ခြင်း
၃) ဝမ်းသွားသောအခါ သွေးစ၊ အချွဲများပါလာခြင်း
၄) ဒူးကိုရင်ညွန့်နားထိဆွဲကပ်ကာ ခြေထောက်များကွေး၍ အလွန်အမင်းအော်ငိုခြင်း
စသည်တို့ပဲဖြစ်ပါတယ်။

အူစွပ်တာဟာချက်ချင်းကုသသင့်တဲ့အခြေအနေဖြစ်ပါတယ်။အူရဲ့အစိတ်အပိုင်းတခုက ရှေ့အစိတ်အပိုင်းတစ်ခုထဲသွားစွပ်တဲ့အတွက် အဲ့စွပ်ဝင်သွားတဲ့အပိုင်းမှာရှိတဲ့အူကိုထောက်ပံ့ထားတဲ့သွေးကြောတွေဖိမိသလိုဖြစ်သွားပါတယ်။ မကုဘဲထားရင် သွေးမရတဲ့အခါမှာအဲ့အစိတ်အပိုင်းကတဖြည်းဖြည်းနဲ့ပုပ်ဆွေးလာပါတယ်။ ဆွေးတာကြာတော့ ဝမ်းတွင်းခေါင်း အမြှေးပါးရောင်လာပြီးပိုးဝင်ကာ အမြှေးပါးရောင်တာကနေအသက်အန္တရာယ်စိုးရိမ်ရတဲ့(SHOCK)အခြေအနေ ထိရောက်သွားတတ်ပါတယ်။ အရေးပေါ်ကုသရမဲ့အခြေအနေဖြစ်ပါတယ်။

အူစွပ်ခြင်း ကိုဘယ်လိုသိနိုင်လဲ

ဗိုက်ဓါတ်မှန်ရိုက်တာ ၊ဝမ်းဗိုက်ကိုအာထရာဆောင်းရိုက်တာ ၊ ဆေးဓါတ်မှန်ရိုက်တာတွေ လုပ်နိုင်ပါတယ် ။

အူစွပ်တဲ့အခါ ဘယ်လိုကုသပေးကြသလဲ?
အူစွပ်တာဖြစ်တိုင်းခွဲစရာမလိုပါဘူး လိုအပ်မှသာခွဲရတာပါ။
အူစွပ်တယ်လို့ သေချာသွားတဲ့အခါမှာတော့ ဝမ်းချူ ခြင်း( barium or air enema )ဖြင့် ပထမဆုံးကုသပေးပါတယ်။ ဝမ်းချူပေးလိုက်တဲ့အခါမှာ စွပ်ဝင်နေတဲ့အူအပိုင်းလေးဟာ ပြန်ထွက်သွားပြီး အကောင်းပကတိဖြစ်သွားတတ်ပါတယ်။ ဒီနည်းနဲ့မှ အူစွပ်ခြင်းကိုမသက်သာစေရင်တော့ ခွဲစိတ်ပြီး အူကိုပြန်ထုတ်ပေးရမှာပဲဖြစ်ပါတယ်။ အကယ်၍ အူပုပ်သွားခဲ့မယ်ဆိုရင်တော့ ပုပ်သွားတဲ့အူအစိတ်အပိုင်းကို ဖြတ်တောက်ဖယ်ရှားလိုက်ရမှာပဲ ဖြစ်ပါတယ်။

အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်တဲ့အတွက် လုံးဝလုံးဝ မပေါ့ဆဖို့တိုက်တွန်းလိုက်ရပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ။

(  Zawgyi  )

 ကြၽန္ေတာ္တို႔ရဲ႕အူလမ္းေၾကာင္းဟာ ပိုက္ေပ်ာ့အရွည္ႀကီးတစ္ေခ်ာင္းနဲ႔တူပါတယ္။ အစာေခ်ဖ်က္ျခင္းႏွင့္ အာဟာရစုပ္ယူျခင္းကို အဓိကလုပ္ေဆာင္ေပးပါတယ္။ အၿမဲလႈပ္ရွားေနတဲ့ အတြက္ အူေခါက္ျခင္းတာ၊စြပ္တာ၊ကြၽံတာေတြျဖစ္တတ္ပါတယ္။ ယခုအပတ္မွာေတာ့ အူစြပ္ျခင္းအေၾကာင္း ကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

အူစြပ္ျခင္း (Intussusception)ဆိုတာအူရဲ႕အစိတ္အပိုင္းတစ္ေနရာက သူနဲ႔ကပ္လ်က္ရွိတဲ့ေရွ႕အပိုင္းထဲ စြပ္ဝင္သြားျခင္းကို ဆိုလိုတာပါ ။အမ်ားအားျဖင့္ အူသိမ္ႏွင့္ အူမႀကီး ဆက္ေသာေနရာမွာအျဖစ္မ်ားတတ္တယ္။

ဘယ္အ႐ြယ္မွာအူစြပ္တတ္ၾကသလဲ?

အူစြပ္ျခင္းအား အသက္အ႐ြယ္မေ႐ြးျဖစ္တတ္တယ္ဆိုေပမယ့္ အသက္ေျခာက္လမွ ငါးႏွစ္အတြင္းမွာပိုျဖစ္တတ္ပါတယ္။ အသက္ ၂ႏွစ္ဝန္းက်င္မွာပိုျဖစ္ႏိုင္တယ္။

အူစြပ္ျခင္းဟာ ဘာေၾကာင့္ျဖစ္ရသလဲ

ျဖစ္ပြားရတဲ့အေၾကာင္းရင္းကို တိတိက်က်ရွာလို႔မရၾကပါဘူး။ ေလ့လာေတြ႕ရွိခ်က္မ်ားအရဝမ္းပ်က္ဝမ္းေလွ်ာ၊ ဝမ္းကိုက္ျခင္း၊ အရင္ကအူလမ္းေၾကာင္းခြဲစိတ္ဖူးျခင္း ၊အူမွာအနာျဖစ္ဖူးျခင္း၊အူလမ္းေၾကာင္းအက်ိတ္(polyps) ရွိျခင္းႏွင့္ အူထဲမွာ သံေကာင္မ်ားအလြန္မ်ားျပားေနရင္လည္း အူစြပ္ႏိုင္တယ္လို႔ သိရပါတယ္။အရင္ကအူစြပ္တာျဖစ္ဖူးရင္ ေနာက္ထပ္ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။

ဘာေတြခံစားရမလဲ

 စကားေကာင္းေကာင္းမေျပာတတ္ေသးတဲ့အ႐ြယ္ျဖစ္တဲ့အတြက္ မိဘမ်ားအေနနဲ႔ ေအာက္ပါလကၡဏာမ်ားကိုသတိထားဖို႔လိုအပ္ပါတယ္။

၁) ႐ုတ္တရက္အလြန္အမင္းဗိုက္ေအာင့္ျခင္း ( ဗိုက္နာလိုက္ သက္သာလိုက္ ခဏခဏျဖစ္ေနႏိုင္ပါတယ္)၊ ဗိုက္ေအာင္တာအႀကိမ္ေရပိုစိတ္လာျခင္း
၂) အန္ျခင္း၊ပ်ိဳ႕ျခင္း
၃) ဝမ္းသြားေသာအခါ ေသြးစ၊ အခြၽဲမ်ားပါလာျခင္း
၄) ဒူးကိုရင္ၫြန႔္နားထိဆြဲကပ္ကာ ေျခေထာက္မ်ားေကြး၍ အလြန္အမင္းေအာ္ငိုျခင္း
စသည္တို႔ပဲျဖစ္ပါတယ္။

အူစြပ္တာဟာခ်က္ခ်င္းကုသသင့္တဲ့အေျခအေနျဖစ္ပါတယ္။အူရဲ႕အစိတ္အပိုင္းတခုက ေရွ႕အစိတ္အပိုင္းတစ္ခုထဲသြားစြပ္တဲ့အတြက္ အဲ့စြပ္ဝင္သြားတဲ့အပိုင္းမွာရွိတဲ့အူကိုေထာက္ပံ့ထားတဲ့ေသြးေၾကာေတြဖိမိသလိုျဖစ္သြားပါတယ္။ မကုဘဲထားရင္ ေသြးမရတဲ့အခါမွာအဲ့အစိတ္အပိုင္းကတျဖည္းျဖည္းနဲ႔ပုပ္ေဆြးလာပါတယ္။ ေဆြးတာၾကာေတာ့ ဝမ္းတြင္းေခါင္း အေျမႇးပါးေရာင္လာၿပီးပိုးဝင္ကာ အေျမႇးပါးေရာင္တာကေနအသက္အႏၲရာယ္စိုးရိမ္ရတဲ့(SHOCK)အေျခအေန ထိေရာက္သြားတတ္ပါတယ္။ အေရးေပၚကုသရမဲ့အေျခအေနျဖစ္ပါတယ္။

အူစြပ္ျခင္း ကိုဘယ္လိုသိႏိုင္လဲ

ဗိုက္ဓါတ္မွန္႐ိုက္တာ ၊ဝမ္းဗိုက္ကိုအာထရာေဆာင္း႐ိုက္တာ ၊ ေဆးဓါတ္မွန္႐ိုက္တာေတြ လုပ္ႏိုင္ပါတယ္ ။

အူစြပ္တဲ့အခါ ဘယ္လိုကုသေပးၾကသလဲ?
အူစြပ္တာျဖစ္တိုင္းခြဲစရာမလိုပါဘူး လိုအပ္မွသာခြဲရတာပါ။
အူစြပ္တယ္လို႔ ေသခ်ာသြားတဲ့အခါမွာေတာ့ ဝမ္းခ်ဴ ျခင္း( barium or air enema )ျဖင့္ ပထမဆုံးကုသေပးပါတယ္။ ဝမ္းခ်ဴေပးလိုက္တဲ့အခါမွာ စြပ္ဝင္ေနတဲ့အူအပိုင္းေလးဟာ ျပန္ထြက္သြားၿပီး အေကာင္းပကတိျဖစ္သြားတတ္ပါတယ္။ ဒီနည္းနဲ႔မွ အူစြပ္ျခင္းကိုမသက္သာေစရင္ေတာ့ ခြဲစိတ္ၿပီး အူကိုျပန္ထုတ္ေပးရမွာပဲျဖစ္ပါတယ္။ အကယ္၍ အူပုပ္သြားခဲ့မယ္ဆိုရင္ေတာ့ ပုပ္သြားတဲ့အူအစိတ္အပိုင္းကို ျဖတ္ေတာက္ဖယ္ရွားလိုက္ရမွာပဲ ျဖစ္ပါတယ္။

အသက္အႏၲရာယ္ရွိတဲ့ေရာဂါျဖစ္တဲ့အတြက္ လုံးဝလုံးဝ မေပါ့ဆဖို႔တိုက္တြန္းလိုက္ရပါတယ္။
က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။