【 အလှအပနှင့်ကျန်းမာရေး 】 “ အဆစ်အမြစ်ကိုက် ဂေါက်(Gout)ရောဂါ”

【 အလှအပနှင့်ကျန်းမာရေး 】 “ အဆစ်အမြစ်ကိုက် ဂေါက်(Gout)ရောဂါ”

အဆစ်အမြစ်ကိုက် (Gout)ဂေါက်ရောဂါသည် သွေးတွင်း (uric acid)ယူရစ်အက်ဆစ်ဓါတ်များပြား ခြင်း ကြောင့်ဖြစ်သောရောဂါဖြစ်ပါတယ်။

ဂေါက်ရောဂါဟာအများအားဖြင့် ခြေမ၊လက်မ အဆစ်များတွင်အဖြစ်များသော ရောဂါဖြစ်ပြီး ဒူးခေါင်း၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်စသော အခြားသောအဆစ်များမှာလည်း ဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ ရုတ်တရက်အဆစ်ကိုက်ခဲခြင်း၊နီရဲ‌ ရောင်ရမ်းခြင်းအချို့လူ တွေမှာတော့ နား အနောက်ဘက် ၊အဆစ်တို့တွင် tophi ဟုခေါ်သောအလုံးများ ပေါ်တတ်ပါတယ်။

ဂေါက်ရောဂါဖြစ်နိုင်ခြေများသောသူများကတော့---

၁.အဆစ်တွင်ဒဏ်ရာရဖူးသူများ၊ခွဲစိတ်ဖူးသူများ

၂.ကိုယ်အလေးချိန်များသူများ

၃.အရက်အထူးသဖြင့် ဘီယာသောက်သုံးသူများ

၄.မိသားစုမျိုးရိုးတွင် ဂေါက်ရောဂါရှိသူများ

၅.ယူရစ်အက်ဆစ်များစေသော ဆေးဝါးများ‌သောက်သုံးနေရသူများ စသူတို့မှာအဖြစ်များပါတယ်။

 

ဂေါက်ရောဂါရှိသူတွေအနေနဲ့ဘာတွေကိုရှောင်ကြဉ်ရမလဲ?

၁.အရက်၊ဘီယာသောက်သုံးမှုကိုရှောင်ကြဉ်ပါ

၂.အဝလွန်နေပါကကိုယ်အလေးချိန်လျော့ချပါ

၃.ယူရစ်အက်ဆစ်များစေသော အစားသောက်များဖြစ်သည့် ပင်လယ်စာများ၊ ကိုယ်တွင်းကလီစာများ စားသောက်ခြင်းကိုရှောင်ကြဉ်ပါ။

မိမိမှာဂေါက်ရောဂါရှိနေပါက ဆရာဝန်နှင့်ပြသ၍ ထိရောက်စွာကုသဖို့ လိုအပ်ပါတယ်၊မိမိသဘောနှင့်မိမိအကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းကြောင့် အစာအိမ် ထိခိုက်ခြင်း၊ကျောက်ကပ်ထိခိုက်ခြင်း တွေ ဖြစ်နိုင်ပါတယ်၊ဒါကြောင့်တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံမှာ ထိရောက်စွာကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu

Photo Credit -Google