【 အလှအပနှင့်ကျန်းမာရေး 】Cervical Spondylosis (လည်ပင်းကျီးပေါင်းရောဂါ)

【 အလှအပနှင့်ကျန်းမာရေး 】Cervical Spondylosis (လည်ပင်းကျီးပေါင်းရောဂါ)

လည်ပင်းကျီးပေါင်းရောဂါကတော့ အသက်အရွယ်ကြီးတဲ့သူတွေမှာအဖြစ်များတဲ့ အရိုးရောဂါတစ်ခုပဲဖြစ်ပါတယ်။

လည်ပင်းမှာရှိတဲ့ အရိုးနု၊အရိုးအဆစ်ပြား၊ အရွတ်စတဲ့ အရိုးနဲ့ဆက်စပ်တဲ့ အစိတ်အပိုင်းတွေဟာအသက်ကြီးလာတဲ့အချိန်မှာယိုယွင်းပျက်စီးမှုကြောင့်၊ရောင်ရမ်းခြင်း၊ အရိုးအတက်ထွက်ခြင်းစတာတွေဖြစ်လာပါတယ်။

ဒီလိုပျက်စီးမှုတွေကြောင့် ကျီးပေါင်းရောဂါကိုဖြစ်စေပါတယ်။

 

လည်ပင်းကျီးပေါင်းရောဂါရဲ့လက္ခဏာတွေကတော့

၁- လည်ပင်း၊ပခုံး နှင့်လက်မောင်းတစ်ဝိုက်တွင် နာကျင်ခြင်း

၂- လည်ပင်းတောင့်တင်းခြင်း

၃- လက်ချောင်းများထုံကျဉ်ခြင်း

၄- လည်ပင်းလှုပ်ရှားချိန်တွင် နာကျင်ခြင်း

၅- ခေါင်းမူးခြင်း

၆- ခေါင်းကိုက်ခြင်း  စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။

 

ဘယ်လိုလူတွေမှာ လည်ပင်းကျီးပေါင်းရောဂါခံစားရနိုင်ချေများပါသလဲ?

  • အသက်အရွယ်ကြီးသူများ
  • လည်ပင်းလှုပ်ရှားမှုများစေတဲ့အလုပ်လုပ်သူများ၊ အနေအထားမမှန်တဲ့ပုံစံနဲ့ ကြာရှည်စွာအလုပ်လုပ်ကိုင်ရသူများ (ဥပမာ-နေ့စဉ် ကွန်ပျူတာ အသုံးပြုရသူများ၊

ဘတ်စ်ကား၊ကုန်ကား၊အဝေးပြေးကားမောင်းနှင်သူများ )

  • အလေးအပင်မရသူများ
  • လည်ပင်းတွင်ဒဏ်ရာရဖူးသူများ
  • ဆေးလိပ်သောက်သူများ စတဲ့သူတွေမှာလည်ပင်းကျီးပေါင်းရောဂါခံစားရနိုင်ချေများပါတယ်။ လည်ပင်းကျီးပေါင်းရောဂါရှိမရှိ ဘယ်လိုသိနိုင်ပါသလဲ?

လည်ပင်းကျီးပေါင်းရောဂါရှိမရှိသိနိုင်ဖို့

  • လည်ပင်းဓါတ်မှန်ရိုက်ခြင်း
  • MRI သံလိုက်စက်ကွင်း ဓါတ်မှန်ရိုက်ခြင်း
  • CT ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း
  • EMG (Electromyogram)ရိုက်ခြင်း စတဲ့နည်းလမ်းတွေနဲ့‌ ရောဂါရှိမရှိသိနိုင်ပါတယ်။

 

လည်ပင်းကျီးပေါင်းရောဂါကိုဘယ်လိုကုသနိုင်ပါသလဲ?

ရောဂါအခြေအနေပေါ်မူတည်ပြီးတော့

  • သောက်ဆေး၊ထိုး‌ဆေး၊လိမ်းဆေးများ ဖြင့်ကုသခြင်း
  • လေ့ကျင့်ခန်းပြုလုပ်ခြင်း၊
  • Neck Traction ဟုခေါ်သောလည်ပင်းအလေးဆွဲ၍ကုသခြင်း
  • Soft collar လည်ပင်းထောက်တပ်ခြင်း
  • ခွဲစိတ်ကုသခြင်း စတဲ့နည်းအမျိုးမျိုးနဲ့ကုသနိုင်ပါတယ်။

Dr.Phyu 

Photo credit-Planet Ayurveda