【 အလှအပနှင့်ကျန်းမာရေး 】COVID 19 ကမ္ဘာ့ကပ်ရောဂါ နှင့် ပိုးသတ်သန့်စင်ခြင်းဆိုင်ရာ သိကောင်းစရာများ

【  အလှအပနှင့်ကျန်းမာရေး  】COVID 19 ကမ္ဘာ့ကပ်ရောဂါ နှင့် ပိုးသတ်သန့်စင်ခြင်းဆိုင်ရာ သိကောင်းစရာများ

ယခုအခါ  ကမ္ဘာ့ကပ်ရောဂါ COVID 19 ရောဂါသည် အသက်ရှုလမ်းကြောင်းမှ ကူးစက်နိုင် သကဲ့သို့ လူနာ နှာချေ ချောင်းဆိုးလိုက်တဲ့အခါ ထွက်လာတဲ့ droplet လို့ခေါ်တဲ့ ရောဂါပိုး အမှုန်အမွှားလေးတွေက ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုပစ္စည်းတွေပေါ်မှာလည်း အသက်ရှင် နေထိုင်နိုင်ပြီး ထိုပစ္စည်းတွေကို ထိကိုင်မိရာကနေလည်း ကူးစက်နိုင်တာကြောင့် မိမိပတ်ဝန်းကျင် အထူးသဖြင့် အများနဲ့ဆိုင်တဲ့ နေရာတွေမှာ ပိုးသတ်သန့်စင်ခြင်း အကြောင်းကို ဖော်ပြလိုက်ရပါ တယ်။

ပိုးသတ်သန့်စင်နိုင်တဲ့ နည်းလမ်းတွေကတော့-
(၁)အစွန်းချွတ်ဆေး အရည်နှင့် အမှုန့်ကို အသုံးပြု၍ ပိုးသန့်စင်ခြင်း
(၂)70% Ethyl Alcohol spray ကို အသုံးပြု၍ ပိုးသတ်သန့်စင်ခြင်း
(၃)ဆပ်ပြာရည်ကို အသုံးပြု၍ ပိုးသတ်သန့်စင်ခြင်း တို့ဖြစ်ပါတယ်။

(၁)အစွန်းချွတ်ဆေး အရည်နှင့် အမှုန့် ကိုအသုံးပြု၍ ပိုးသန့်စင်ခြင်း
-အစွန်းချွတ်ဆေးအရည် Sodium hypochlorite (သို့မဟုတ်) အစွန်းချွတ်ဆေးအမှုန့် Calcium hypochlorite တို့ကို ရေဖြင့် အချိုးကျရောစပ်ခြင်းဖြင့် 0.1% sodium hypochlorite solution  (သို့) 0.1% Calcium hypochlorite solution ပါဝင်သော ပိုးသတ်သန့်စင်ဆေးရည်ကို ရရှိနိုင်ပါသည်။

ပိုးသတ်သန့်စင်ဆေးရည် ဘယ်လိုထိရောက်အောင် ပိုးသတ်နိုင်ပါသလဲ?

ပိုးသတ်သန့်စင်ဆေးရည်တွင်ပါဝင်သော HOCL နှင့် OCL- သည် ဗိုင်းရပ်စ်၏ မျက်နှာပြင်တွင် ပါရှိသော ပရိုတိန်းကို ပျက်စီးစေခြင်းဖြင့် COVID 19 ဗိုင်းရပ်စ်ပိုးကို သေစေနိုင်ပါသည်။ ထို့အပြင် အခြားဗိုင်းရပ်စ်များ ဘက်တီးရီးယား မှို နှင့် မိုက်ကိုဘက်တီးရီးယားများကိုပါ ထိရောက်စွာ ပိုးသတ်နိုင်ခြင်းကြောင့် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အသုံးပြုနိုင်ပါသည်။

ဖျော်စပ်နည်း
(က)အစွန်းချွတ်ဆေးအရည် 5% Sodium hypochlorite ကို အသုံးပြုပါက ရေတစ်လီတာတွင် ဆေးရည် 20ml (လက်ဖက်ရည်ဇွန်း ၄ ဇွန်း) ထည့်၍ ဆေးရည် 1:50 အချိုးအစားဖြင့် ဖျော်စပ် နိုင်ပါသည်။

(ခ)အစွန်းချွတ်ဆေးအမှုန့် 35% calcium hypochlorite (Bleaching powder) ကို အသုံးပြု ပါက  ထမင်းစားဇွန်းရှည် မောက်မောက် ၂ ဇွန်း (28gram) နှင့် ရေ ၁ လီတာကို ဦးစွာရောပါ။ ထို့နောက် ရေ ၉လီတာ ထပ်မံရောစပ်ပါ။

(အထူးသတိပြုရန်မှာ အထက်ပါ ဆေးရည်နှစ်မျိုးလုံးကို ဖျော်စပ်ပြီး ၂၄နာရီအတွင်းသာ ကုန်အောင် အသုံးပြုရန်ဖြစ်ပါသည်။ ၂၄နာရီ ကျော်လွန်ပါက အာနိသင်လျော့ကျနိုင်ပါသည်)

ပိုးသတ်ဆေးရည် ဖျန်းစဉ် သတိပြုရန်
 ပိုးသတ်သန့်စင် ဆေးရည်သည်
၁)လူ၏မျက်စိ အရေပြားတို့နှင့် ထိတွေ့မိပါက အန္တရာယ်ရှိခြင်း၊
၂)အငွေ့ကို ရှုမိပါက အသက်ရှုလမ်းကြောင်းကို ထိခိုက်စေခြင်း၊
၃)ပါးစပ်ထဲဝင်ပါက အာခေါင် ခံတွင်း ပျက်စီးစေခြင်း
၄)သတ္တုပစ္စည်းများ ဆားလောင်စေခြင်း စတဲ့ ဘေးဥပါဒ်တွေ ဖြစ်နိုင်တာကြောင့် ဆေးဖျန်း မည့်လူသည်
လက်ရှည်အင်္ကျီ၊ အကာအကွယ်မျက်မှန်၊ ပါးစပ်နှင့် နှာခေါင်းစည်း ခေါင်းစွပ်၊ လက်အိတ်အထူ အရှည်နှင့် လည်ရှည်ဖိနပ် စသော အကာအကွယ် ပစ္စည်းများကို စနစ်တကျ ဝတ်ဆင်ရမည် ဖြစ်ပါတယ်။
‌တနေ့တကြိမ်သာ ဆေးဖျန်းရင် လုံလောက်ပါသည်။

(၂)70% Ethyl Alcohol spray ကို အသုံးပြု၍ ပိုးသတ်သန့်စင်ခြင်း သတ္တုမျက်နှာပြင်များ (ဥပမာ-steel) ကိုမူ 70% Ethyl Alcohol spray ဖျန်းပီး ၁မိနစ်ကြာရင် အဝတ်ဖြင့်သုတ်ကာ ပိုးသတ်သန့်စင်နိုင်ပါသည်။

(၃)ဆပ်ပြာရည်ကို အသုံးပြု၍ ပိုးသတ်သန့်စင်ခြင်း
Sodium hypochlorite (သို့မဟုတ်) Calcium hypochlorite ပါဝင်သော ပိုးသတ်ဆေးရည် သည် လူနှင့် ပတ်ဝန်းကျင်အပေါ် ဥပါဒ်ဖြစ်နိုင်သောကြောင့် ဖြစ်နိုင်ပါက ဆပ်ပြာရည်နှင့် ဦးစွာ ကြမ်းတိုက်ပြီး ၁၀မိနစ်မှ မိနစ်၃၀ အကြာတွင် ရေစိုအဝတ်ဖြင့် ပြန်လည်ပွတ်တိုက်ခြင်းဖြင့်လည်း ပိုးသတ်သန့်စင်နိုင်ပါသည်။

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ဆေး(၁)

(  Zawgyi  )

 ယခုအခါ  ကမာၻ႔ကပ္ေရာဂါ COVID 19 ေရာဂါသည္ အသက္ရႈလမ္းေၾကာင္းမွ ကူးစက္ႏိုင္ သကဲ့သို႔ လူနာ ႏွာေခ် ေခ်ာင္းဆိုးလိုက္တဲ့အခါ ထြက္လာတဲ့ droplet လို႔ေခၚတဲ့ ေရာဂါပိုး အမႈန္အမႊားေလးေတြက ပတ္ဝန္းက်င္မွာရွိတဲ့ အရာဝတၳဳပစၥည္းေတြေပၚမွာလည္း အသက္ရွင္ ေနထိုင္ႏိုင္ၿပီး ထိုပစၥည္းေတြကို ထိကိုင္မိရာကေနလည္း ကူးစက္ႏိုင္တာေၾကာင့္ မိမိပတ္ဝန္းက်င္ အထူးသျဖင့္ အမ်ားနဲ႔ဆိုင္တဲ့ ေနရာေတြမွာ ပိုးသတ္သန႔္စင္ျခင္း အေၾကာင္းကို ေဖာ္ျပလိုက္ရပါ တယ္။

ပိုးသတ္သန႔္စင္ႏိုင္တဲ့ နည္းလမ္းေတြကေတာ့-
(၁)အစြန္းခြၽတ္ေဆး အရည္ႏွင့္ အမႈန႔္ကို အသုံးျပဳ၍ ပိုးသန႔္စင္ျခင္း
(၂)70% Ethyl Alcohol spray ကို အသုံးျပဳ၍ ပိုးသတ္သန႔္စင္ျခင္း
(၃)ဆပ္ျပာရည္ကို အသုံးျပဳ၍ ပိုးသတ္သန႔္စင္ျခင္း တို႔ျဖစ္ပါတယ္။

(၁)အစြန္းခြၽတ္ေဆး အရည္ႏွင့္ အမႈန႔္ ကိုအသုံးျပဳ၍ ပိုးသန႔္စင္ျခင္း
-အစြန္းခြၽတ္ေဆးအရည္ Sodium hypochlorite (သို႔မဟုတ္) အစြန္းခြၽတ္ေဆးအမႈန႔္ Calcium hypochlorite တို႔ကို ေရျဖင့္ အခ်ိဳးက်ေရာစပ္ျခင္းျဖင့္ 0.1% sodium hypochlorite solution  (သို႔) 0.1% Calcium hypochlorite solution ပါဝင္ေသာ ပိုးသတ္သန႔္စင္ေဆးရည္ကို ရရွိႏိုင္ပါသည္။

ပိုးသတ္သန႔္စင္ေဆးရည္ ဘယ္လိုထိေရာက္ေအာင္ ပိုးသတ္ႏိုင္ပါသလဲ?

ပိုးသတ္သန႔္စင္ေဆးရည္တြင္ပါဝင္ေသာ HOCL ႏွင့္ OCL- သည္ ဗိုင္းရပ္စ္၏ မ်က္ႏွာျပင္တြင္ ပါရွိေသာ ပ႐ိုတိန္းကို ပ်က္စီးေစျခင္းျဖင့္ COVID 19 ဗိုင္းရပ္စ္ပိုးကို ေသေစႏိုင္ပါသည္။ ထို႔အျပင္ အျခားဗိုင္းရပ္စ္မ်ား ဘက္တီးရီးယား မႈိ ႏွင့္ မိုက္ကိုဘက္တီးရီးယားမ်ားကိုပါ ထိေရာက္စြာ ပိုးသတ္ႏိုင္ျခင္းေၾကာင့္ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာေနရာမ်ားတြင္ အသုံးျပဳႏိုင္ပါသည္။

ေဖ်ာ္စပ္နည္း
(က)အစြန္းခြၽတ္ေဆးအရည္ 5% Sodium hypochlorite ကို အသုံးျပဳပါက ေရတစ္လီတာတြင္ ေဆးရည္ 20ml (လက္ဖက္ရည္ဇြန္း ၄ ဇြန္း) ထည့္၍ ေဆးရည္ 1:50 အခ်ိဳးအစားျဖင့္ ေဖ်ာ္စပ္ ႏိုင္ပါသည္။

(ခ)အစြန္းခြၽတ္ေဆးအမႈန႔္ 35% calcium hypochlorite (Bleaching powder) ကို အသုံးျပဳ ပါက  ထမင္းစားဇြန္းရွည္ ေမာက္ေမာက္ ၂ ဇြန္း (28gram) ႏွင့္ ေရ ၁ လီတာကို ဦးစြာေရာပါ။ ထို႔ေနာက္ ေရ ၉လီတာ ထပ္မံေရာစပ္ပါ။

(အထူးသတိျပဳရန္မွာ အထက္ပါ ေဆးရည္ႏွစ္မ်ိဳးလုံးကို ေဖ်ာ္စပ္ၿပီး ၂၄နာရီအတြင္းသာ ကုန္ေအာင္ အသုံးျပဳရန္ျဖစ္ပါသည္။ ၂၄နာရီ ေက်ာ္လြန္ပါက အာနိသင္ေလ်ာ့က်ႏိုင္ပါသည္)

ပိုးသတ္ေဆးရည္ ဖ်န္းစဥ္ သတိျပဳရန္
 ပိုးသတ္သန႔္စင္ ေဆးရည္သည္
၁)လူ၏မ်က္စိ အေရျပားတို႔ႏွင့္ ထိေတြ႕မိပါက အႏၲရာယ္ရွိျခင္း၊
၂)အေငြ႕ကို ရႈမိပါက အသက္ရႈလမ္းေၾကာင္းကို ထိခိုက္ေစျခင္း၊
၃)ပါးစပ္ထဲဝင္ပါက အာေခါင္ ခံတြင္း ပ်က္စီးေစျခင္း
၄)သတၱဳပစၥည္းမ်ား ဆားေလာင္ေစျခင္း စတဲ့ ေဘးဥပါဒ္ေတြ ျဖစ္ႏိုင္တာေၾကာင့္ ေဆးဖ်န္း မည့္လူသည္
လက္ရွည္အက်ႌ၊ အကာအကြယ္မ်က္မွန္၊ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း ေခါင္းစြပ္၊ လက္အိတ္အထူ အရွည္ႏွင့္ လည္ရွည္ဖိနပ္ စေသာ အကာအကြယ္ ပစၥည္းမ်ားကို စနစ္တက် ဝတ္ဆင္ရမည္ ျဖစ္ပါတယ္။
‌တေန႔တႀကိမ္သာ ေဆးဖ်န္းရင္ လုံေလာက္ပါသည္။

(၂)70% Ethyl Alcohol spray ကို အသုံးျပဳ၍ ပိုးသတ္သန႔္စင္ျခင္း သတၱဳမ်က္ႏွာျပင္မ်ား (ဥပမာ-steel) ကိုမူ 70% Ethyl Alcohol spray ဖ်န္းပီး ၁မိနစ္ၾကာရင္ အဝတ္ျဖင့္သုတ္ကာ ပိုးသတ္သန႔္စင္ႏိုင္ပါသည္။

(၃)ဆပ္ျပာရည္ကို အသုံးျပဳ၍ ပိုးသတ္သန႔္စင္ျခင္း
Sodium hypochlorite (သို႔မဟုတ္) Calcium hypochlorite ပါဝင္ေသာ ပိုးသတ္ေဆးရည္ သည္ လူႏွင့္ ပတ္ဝန္းက်င္အေပၚ ဥပါဒ္ျဖစ္ႏိုင္ေသာေၾကာင့္ ျဖစ္ႏိုင္ပါက ဆပ္ျပာရည္ႏွင့္ ဦးစြာ ၾကမ္းတိုက္ၿပီး ၁၀မိနစ္မွ မိနစ္၃၀ အၾကာတြင္ ေရစိုအဝတ္ျဖင့္ ျပန္လည္ပြတ္တိုက္ျခင္းျဖင့္လည္း ပိုးသတ္သန႔္စင္ႏိုင္ပါသည္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ေဆး(၁)