【 အလှအပနှင့်ကျန်းမာရေး 】COVID 19 ရောဂါ နှင့် ကိုယ်ခံအားစနစ်မြှင့်တင်ခြင်း

【  အလှအပနှင့်ကျန်းမာရေး  】COVID 19 ရောဂါ နှင့် ကိုယ်ခံအားစနစ်မြှင့်တင်ခြင်း

ယနေ့ခေတ်ကမ္ဘာနှင့်အဝန်းဖြစ်ပွားနေသော COVID 19 ရောဂါအား ပျောက်ကင်းအောင် ကုသနိုင် သော အနောက်တိုင်းဆေးမပေါ်ပေါက်သေးသလို ကြိုတင်ကာကွယ်နိုင်သော ကာကွယ် ဆေးလည်း မပေါ်ပေါက်သေးပါ။ ရောဂါမကူးစက်အောင် လက်ဆေးခြင်း၊ mask တပ်ခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း စတာတွေ လိုက်နာသင့်သလို မိမိ၏ ကိုယ်ခံအားစနစ် ကောင်းအောင် ပြုမူနေထိုင်ခြင်းကလည်း ရောဂါကာကွယ်ခြင်းမှာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပမှ ရောဂါပိုးတစ်ခု ဝင်ရောက်လာတိုင်း ကျွနု်ပ်တို့ ခန္ဓာကိုယ်အတွင်းရှိ ခုခံအားစနစ်က နည်းမျိုးစုံဖြင့် တိုက်ထုတ်သည်။ နဂိုတည်းက ခုခံအားနည်းနေတဲ့သူတွေမှာတော့ ပြင်ပက ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်မထုတ်နိုင်ဘဲ ခန္ဓာကိုယ်တွင်း ရောဂါပိုးတွေ ပွားများ လာပီး ရောဂါဖြစ်စေတာပါ။ ဒါကြောင့် မိမိ ကိုယ်ခံအား ကောင်းစေသော နည်းလမ်းများကို မျှဝေလိုက်ပါတယ်။

(၁) ဗီတာမင်စီ ကြွယ်ဝသော အစားအစာများကို များများစားပေးပါ
-သဘာဝအတိုင်း ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေ ဖြစ်တဲ့ ပန်းသီး လိမ္မော်သီး နာနတ်သီး ကျွဲကောသီး စတာတွေ ပိုစားသုံးပေးပါ သို့မဟုတ် C.vit, Vicee, Vitacee စတဲ့ ဗီတာမင်စီ ဆေးပြားများ မှီဝဲပေးပါ။ ဗီတာမင်စီက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၂) Zinc ဓာတ်ကြွယ်ဝသောအစားအစာများ
 ကုလားပဲ၊ ပဲကြီး၊ ပဲနီလေး၊ ပဲဝါလေး၊
အစေ့အဆံံများ၊ အခွံမာသီး၊
ကဏန်း ပုစွန် ဂုံး  စတဲ့ပင်လယ်စာများ

(၃) Vitamin_D ကြွယ်ဝသော အစားအစာများ
 ကြက်ဥ၊ ဘဲဥစတဲ့ ဥမျိုးစုံ၊ အဆီများတဲ့ငါး၊ဆော်လမွန်ငါး၊ ဆာဒင်းငါး၊
တူနာငါး၊ ငါးသေတ္တာငါးများ နွားနို့၊ ထောပတ်
(နေရောင်ခြည်မှလဲ Vitamin D ရရှိနိုင်ပါတယ်။)

(၄)Vegetables အသီးအရွက်များများစားပေးပါ။
-အစိမ်းရောင် အနီရောင် စတဲ့ ရောင်ခြယ်ပစ္စည်းတွေပါတဲ့ အသီးအနှံတွေ (ဥပမာ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်) စတာတွေမှာ antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီ antioxidant တွေကလည်း ခုခံအားမြှင့်တင်ပေးနိုင်ပါတယ်။

(၅)အသား၊ ငါး၊ ပုဇွန်၊ ပဲအမျိုးမျိုး အာဟာရ မျှတအောင် စားသုံးပါ။
-Protein လို့ခေါ်တဲ့ အသားဓါတ်ကလည်း ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တည်ဆောက်ရာမှာ ပါဝင်ပါတယ်။

(၆)နောက်တခုကတော့ ယခုနောက်ပိုင်း ခေတ်စားလာတဲ့ probiotic လို့ခေါ်တဲ့ ခန္ဓာကိုယ်ကို စောင့်ရှောက်ပေးနေတဲ့ ကောင်းတဲ့ ဘက်တီးရီးယားလေးတွေပါ။ ဒီဘက်တီးရီးယားလေးတွေက အစာအိမ်အူလမ်းကြောင်း အသက်ရှုလမ်းကြောင်း စတဲ့ လမ်းကြောင်းတွေမှာ သဘာဝအတိုင်း ရှိနေပီး ပြင်ပမှ  virus ပိုးများဝင်ရောက်ခြင်း ကို လည်း တဖက်တလမ်းက ကာကွယ်ပေးနိုင် ပါတယ်။  တနေရာနဲ့ တနေရာ ရှိတဲ့ probiotic အမျိုးအစားချင်းလည်း မတူပါဘူး။ အသက်ရှူ လမ်းကြောင်းတလျှောက်မှာတော့ Lactobacillus rhamnosus,Streptococcus thermophilus, Bacillus claucii စတဲ့ probiotics တွေရှိနေတာပါ။ ဒီ probiotics တွေ ဘယ်ကရနိုင်လဲ-ဒိန်ချဉ်၊ ဒိန်ခဲ၊ ပဲပုပ်၊ ကင်ချီ စတဲ့ အစားအသောက်တွေကနေ အလွယ်တကူရနိုင် ပါတယ်။

(၇)ရေနွေးကြမ်း များများသောက်ပါ။

-မြန်မာလူမျိုးတိူ့၏ အလေ့အထအရ ရေနွေးကြမ်းသောက်တဲ့ အလေ့အထရှိသည်။ ရေနွေးကြမ်း အထူးသဖြင့် Green tea တွင် flavonoid တမျိုးဖြစ်တဲ့ EGCG (epigallocatechin gallate) ပါဝင်တဲ့အတွက် ခုခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် မိမိအိမ်တွင် ပုံမှန်သောက်နေကျ ရေနွေးကြမ်းပိုသောက်ပေးပါ။

ဒီလို အစားအသောက်တွေနဲ့ မိမိကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်သလို ကျန်းမာတဲ့ နေထိုင်နည်း တွေကလည်း ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ပါတယ်။

-အိပ်ရေးဝဝအိပ်ပါ။
-စိတ်ဖိစီးမှု ကိုလျော့ချပါ။ ရောဂါနဲ့ပက်သက်တဲ့ စိုးရိမ်စိတ် ကိုလျော့ချပီး ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာပီး နေထိုင်ပါ။
-ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဘာကြောင့်လဲဆိုတော့ အသက်ရှုလမ်းကြောင်း တလျှောက်တွင် ပြင်ပမှ ရောဂါပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် အတားအဆီးများ (barriers) တွေဖြစ်တဲ့ Physical, chemical နဲ့ biological barriers တွေရှိကြပါတယ်။ ဆေးလိပ်တွင် ပါဝင်တဲ့ ဓာတုပစ္စည်းတွေက အဆိုပါ barrier တွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် ယခု ဖြစ်ပွားနေသော COVID 19 ဗိုင်းရပ်စ် သည် ဆေးလိပ်သောက်သူများ၏ အဆုတ်တွင် ပိုမိုဆိုးရွားစွာ ထိခိုက်စေတာတွေ့ရတယ်။  

ကျန်းမာပျော်ရွှင်ကြပါစေ။

ဇီဝက ( ဆေး- ၁ )

(  Zawgyi  )

 ယေန႔ေခတ္ကမာၻႏွင့္အဝန္းျဖစ္ပြားေနေသာ COVID 19 ေရာဂါအား ေပ်ာက္ကင္းေအာင္ ကုသႏိုင္ ေသာ အေနာက္တိုင္းေဆးမေပၚေပါက္ေသးသလို ႀကိဳတင္ကာကြယ္ႏိုင္ေသာ ကာကြယ္ ေဆးလည္း မေပၚေပါက္ေသးပါ။ ေရာဂါမကူးစက္ေအာင္ လက္ေဆးျခင္း၊ mask တပ္ျခင္း၊ လူစုလူေဝးေရွာင္ၾကဥ္ျခင္း စတာေတြ လိုက္နာသင့္သလို မိမိ၏ ကိုယ္ခံအားစနစ္ ေကာင္းေအာင္ ျပဳမူေနထိုင္ျခင္းကလည္း ေရာဂါကာကြယ္ျခင္းမွာ အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျပင္ပမွ ေရာဂါပိုးတစ္ခု ဝင္ေရာက္လာတိုင္း ကြၽႏု္ပ္တို႔ ခႏၶာကိုယ္အတြင္းရွိ ခုခံအားစနစ္က နည္းမ်ိဳးစုံျဖင့္ တိုက္ထုတ္သည္။ နဂိုတည္းက ခုခံအားနည္းေနတဲ့သူေတြမွာေတာ့ ျပင္ပက ဝင္ေရာက္လာတဲ့ ေရာဂါပိုးေတြကို တိုက္မထုတ္ႏိုင္ဘဲ ခႏၶာကိုယ္တြင္း ေရာဂါပိုးေတြ ပြားမ်ား လာပီး ေရာဂါျဖစ္ေစတာပါ။ ဒါေၾကာင့္ မိမိ ကိုယ္ခံအား ေကာင္းေစေသာ နည္းလမ္းမ်ားကို မွ်ေဝလိုက္ပါတယ္။

(၁) ဗီတာမင္စီ ႂကြယ္ဝေသာ အစားအစာမ်ားကို မ်ားမ်ားစားေပးပါ
-သဘာဝအတိုင္း ဗီတာမင္စီ ႂကြယ္ဝတဲ့ အသီးအႏွံေတြ ျဖစ္တဲ့ ပန္းသီး လိေမၼာ္သီး နာနတ္သီး ကြၽဲေကာသီး စတာေတြ ပိုစားသုံးေပးပါ သို႔မဟုတ္ C.vit, Vicee, Vitacee စတဲ့ ဗီတာမင္စီ ေဆးျပားမ်ား မွီဝဲေပးပါ။ ဗီတာမင္စီက ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္။

(၂) Zinc ဓာတ္ႂကြယ္ဝေသာအစားအစာမ်ား
 ကုလားပဲ၊ ပဲႀကီး၊ ပဲနီေလး၊ ပဲဝါေလး၊
အေစ့အဆံံမ်ား၊ အခြံမာသီး၊
ကဏန္း ပုစြန္ ဂုံး  စတဲ့ပင္လယ္စာမ်ား

(၃) Vitamin_D ႂကြယ္ဝေသာ အစားအစာမ်ား
 ၾကက္ဥ၊ ဘဲဥစတဲ့ ဥမ်ိဳးစုံ၊ အဆီမ်ားတဲ့ငါး၊ေဆာ္လမြန္ငါး၊ ဆာဒင္းငါး၊
တူနာငါး၊ ငါးေသတၱာငါးမ်ား ႏြားႏို႔၊ ေထာပတ္
(ေနေရာင္ျခည္မွလဲ Vitamin D ရရွိႏိုင္ပါတယ္။)

(၄)Vegetables အသီးအ႐ြက္မ်ားမ်ားစားေပးပါ။
-အစိမ္းေရာင္ အနီေရာင္ စတဲ့ ေရာင္ျခယ္ပစၥည္းေတြပါတဲ့ အသီးအႏွံေတြ (ဥပမာ ခရမ္းခ်ဥ္သီး၊ ဟင္းႏုႏြယ္) စတာေတြမွာ antioxidant လို႔ေခၚတဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ပါဝင္ပါတယ္။ ဒီ antioxidant ေတြကလည္း ခုခံအားျမႇင့္တင္ေပးႏိုင္ပါတယ္။

(၅)အသား၊ ငါး၊ ပုဇြန္၊ ပဲအမ်ိဳးမ်ိဳး အာဟာရ မွ်တေအာင္ စားသုံးပါ။
-Protein လို႔ေခၚတဲ့ အသားဓါတ္ကလည္း ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္တည္ေဆာက္ရာမွာ ပါဝင္ပါတယ္။

(၆)ေနာက္တခုကေတာ့ ယခုေနာက္ပိုင္း ေခတ္စားလာတဲ့ probiotic လို႔ေခၚတဲ့ ခႏၶာကိုယ္ကို ေစာင့္ေရွာက္ေပးေနတဲ့ ေကာင္းတဲ့ ဘက္တီးရီးယားေလးေတြပါ။ ဒီဘက္တီးရီးယားေလးေတြက အစာအိမ္အူလမ္းေၾကာင္း အသက္ရႈလမ္းေၾကာင္း စတဲ့ လမ္းေၾကာင္းေတြမွာ သဘာဝအတိုင္း ရွိေနပီး ျပင္ပမွ  virus ပိုးမ်ားဝင္ေရာက္ျခင္း ကို လည္း တဖက္တလမ္းက ကာကြယ္ေပးႏိုင္ ပါတယ္။  တေနရာနဲ႔ တေနရာ ရွိတဲ့ probiotic အမ်ိဳးအစားခ်င္းလည္း မတူပါဘူး။ အသက္ရႉ လမ္းေၾကာင္းတေလွ်ာက္မွာေတာ့ Lactobacillus rhamnosus,Streptococcus thermophilus, Bacillus claucii စတဲ့ probiotics ေတြရွိေနတာပါ။ ဒီ probiotics ေတြ ဘယ္ကရႏိုင္လဲ-ဒိန္ခ်ဥ္၊ ဒိန္ခဲ၊ ပဲပုပ္၊ ကင္ခ်ီ စတဲ့ အစားအေသာက္ေတြကေန အလြယ္တကူရႏိုင္ ပါတယ္။

(၇)ေရေႏြးၾကမ္း မ်ားမ်ားေသာက္ပါ။

-ျမန္မာလူမ်ိဳးတိူ႔၏ အေလ့အထအရ ေရေႏြးၾကမ္းေသာက္တဲ့ အေလ့အထရွိသည္။ ေရေႏြးၾကမ္း အထူးသျဖင့္ Green tea တြင္ flavonoid တမ်ိဳးျဖစ္တဲ့ EGCG (epigallocatechin gallate) ပါဝင္တဲ့အတြက္ ခုခံအားစနစ္ကို ေကာင္းမြန္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ မိမိအိမ္တြင္ ပုံမွန္ေသာက္ေနက် ေရေႏြးၾကမ္းပိုေသာက္ေပးပါ။

ဒီလို အစားအေသာက္ေတြနဲ႔ မိမိကိုယ္ခံအားစနစ္ကို ျမႇင့္တင္ႏိုင္သလို က်န္းမာတဲ့ ေနထိုင္နည္း ေတြကလည္း ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ႏိုင္ပါတယ္။

-အိပ္ေရးဝဝအိပ္ပါ။
-စိတ္ဖိစီးမႈ ကိုေလ်ာ့ခ်ပါ။ ေရာဂါနဲ႔ပက္သက္တဲ့ စိုးရိမ္စိတ္ ကိုေလ်ာ့ခ်ပီး ေရာဂါ ကာကြယ္ေရးနည္းလမ္းမ်ားကို လိုက္နာပီး ေနထိုင္ပါ။
-ေဆးလိပ္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ အသက္ရႈလမ္းေၾကာင္း တေလွ်ာက္တြင္ ျပင္ပမွ ေရာဂါပိုးမ်ား ဝင္ေရာက္ျခင္းမွ ကာကြယ္ရန္ အတားအဆီးမ်ား (barriers) ေတြျဖစ္တဲ့ Physical, chemical နဲ႔ biological barriers ေတြရွိၾကပါတယ္။ ေဆးလိပ္တြင္ ပါဝင္တဲ့ ဓာတုပစၥည္းေတြက အဆိုပါ barrier ေတြကို ဖ်က္ဆီးပစ္ပါတယ္။ ဒါေၾကာင့္ ယခု ျဖစ္ပြားေနေသာ COVID 19 ဗိုင္းရပ္စ္ သည္ ေဆးလိပ္ေသာက္သူမ်ား၏ အဆုတ္တြင္ ပိုမိုဆိုး႐ြားစြာ ထိခိုက္ေစတာေတြ႕ရတယ္။  

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။

ဇီဝက ( ေဆး- ၁ )