【 အလှအပနှင့် ကျန်းမာရေး 】ဆီးချိုသမားတို့ အားထားရာ အင်ဆူလင် (Insulin) အကြောင်းတစေ့တစောင်း

 【 အလှအပနှင့် ကျန်းမာရေး  】ဆီးချိုသမားတို့ အားထားရာ အင်ဆူလင် (Insulin) အကြောင်းတစေ့တစောင်း

အင်ဆူလင် ဆိုတာဘာလဲ?
အင်ဆူလင် ဆိုတာ သွေးထဲက သကြားဓါတ်ကို ထိန်းညှိပေးနေတဲ့ ဟော်မုန်းတွေထဲက အရေးပါတဲ့ ဟော်မုန်းတမျိုးပါ။ သွေးထဲမှာ သကြားဓါတ်များလာတာနဲ့ ပန်ကရိယ ကနေ အင်ဆူလင်ထုတ်ပေးခြင်းဖြင့် သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးပါတယ်။

ဆီးချို/သွေးချို ရောဂါ ရှိသူတိုင်း အင်ဆူလင်လိုပါသလား?

ဆီးချို/သွေးချို အမျိုးအစားအပေါ်မူတည်ပါတယ်။
၁)အမျိုးအစား (၁) ဆီးချို /သွေးချို
   (Type 1 DM)
၂)သောက်ဆေးနဲ့ မနိုင်တဲ့ အမျိုးအစား (၂) ဆီးချို/သွေးချို   (Type 2 DM)(သောက်ဆေး သုံးမျိုး ပေါင်းသောက်တာတောင် ဆီးချိုက လိုချင်တဲ့ Target မရောက်ရင် အင်ဆူလင် ပေးမှ ရပါတယ်)
၃)အင်ဆူလင် ထုတ်ပေးတဲ့ ပန်ကရိယ မှာ ရောဂါ ဖြစ်ခဲ့ဖူးလို့ ဖြစ်ရတဲ့ ဆီးချို/သွေးချို (ဥပမာ နာတာရှည်ပန်ကရိယရောဂါ)
၄)သွေးချိုရောဂါ ရှိကြောင်း သိသိချင်းမှာပဲ ဆီးချိုအရမ်းများနေတဲ့အခြေအနေ
၅)အရေးပေါ်အခြေအနေ (stressful condition တစ်ခုခု - ပိုးဝင်တာ / ခွဲစိတ်ရတာ)တို့ဖြစ်ပါတယ်။

လက်တွေ့မှာ အသုံးပြုနေတဲ့ အင်ဆူလင် အမျိုးအစားတွေကတော့ -
-အင်ဆူလင် အကြည် လို့သိကြတဲ့ Soluble Insulin (တနေ့ လေးကြိမ်ထိုးရပီး အစာစားပီး သွေးတွင်းသကြားဓါတ်အနည်းအများပေါ်မူတည်ပီး ထိုးတာဖြစ်ပါတယ်)
-အင်ဆူလင် အနောက်လို့ သိကြတဲ့ Mixtard Insulin (တနေ့ နှစ်ကြိမ်ပဲ ထိုးစရာလိုပီး တနေ့တာ အင်ဆူလင် လိုအပ်မှုအလိုက် သတ်မှတ်ထိုးတာဖြစ်ပါတယ်)
-Glargine Insulin (ဒီအမျိုးအစားကတော့ ညအိပ်ခါနီး တကြိမ်ထိုးရတာဖြစ်ပါတယ်)

အင်ဆူလင် ထိုးနည်း
-အရင်ဆုံး မိမိလက်ကို ဆပ်ပြာ ရေနှင့် သန့်စင်အောင် ဆေးကြောပါ။
-မိမိ ထိုးရမယ့် အင်ဆူလင် ပုလင်း အမျိုးအစားကို စစ်ဆေးပါ (ဥပမာ အကြည် အနောက်)
-အင်ဆူလင် အနောက်ကတော့ အင်ဆူလင် အမျိုးအစားနှစ်ခု ရောထားတာဖြစ်တာကြောင့် ပုလင်းကို သမအောင် လက်နှစ်ခုကြား လှိမ့်ပေးဖို့ လိုပါတယ် (shake လုပ်ရတာမဟုတ်ပါ)
-ထို့နောက်  ထိုးမဲ့အပ်လေးနဲ့ မှန်ကန်တဲ့ အင်ဆူလင် ပမာဏကို စုပ်ယူပါ။
-မိမိ ထိုးမယ့် နေရာကို သန့်စင်အောင်လုပ်ပါ (အရက်ပြန်နဲ့ မသန့်စင်ရပါ)
-ထိုးမယ့် နေရာရှိ အရေပြားကို အပ်ဖြင့် ၄၅ ဒီဂရီ အနေအထားနဲ့ ထိုးနိုင်ပါတယ်။
-ထိုးပီး ၅စက္ကန့်လောက် အကြာမှာ အပ်ကို ပြန်ထုတ်နိုင်ပါပီ။

 အင်ဆူလင် မစခင် ဘာတွေသိထားဖို့လိုအပ်လဲ?
- ထိုးရမယ့် အချိန်(အစာမစားခင် ဘယ်နှစ်မိနစ်အလို)
- record မှတ်ပုံ မှတ်နည်း
- ဆီးချို ဘယ်အချိန်တွေမှာ ဖေါက်ပြီး စစ်ရမလဲ
- ဆေးထိုးနည်း (ဥပမာ ထိုးရမယ့်နေရာ၊ ဆေး အတိုး/အလျှော့)
- သွေးချို အရမ်းကျသွားရင် (ဥပမာ သကြားလုံးငုံခြင်း) တို့ဖြစ်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

 (   Zawgyi  )

 အင္ဆူလင္ ဆိုတာဘာလဲ?
အင္ဆူလင္ ဆိုတာ ေသြးထဲက သၾကားဓါတ္ကို ထိန္းညႇိေပးေနတဲ့ ေဟာ္မုန္းေတြထဲက အေရးပါတဲ့ ေဟာ္မုန္းတမ်ိဳးပါ။ ေသြးထဲမွာ သၾကားဓါတ္မ်ားလာတာနဲ႔ ပန္ကရိယ ကေန အင္ဆူလင္ထုတ္ေပးျခင္းျဖင့္ ေသြးတြင္း သၾကားဓါတ္ကို ထိန္းညႇိေပးပါတယ္။

ဆီးခ်ိဳ/ေသြးခ်ိဳ ေရာဂါ ရွိသူတိုင္း အင္ဆူလင္လိုပါသလား?

ဆီးခ်ိဳ/ေသြးခ်ိဳ အမ်ိဳးအစားအေပၚမူတည္ပါတယ္။
၁)အမ်ိဳးအစား (၁) ဆီးခ်ိဳ /ေသြးခ်ိဳ
   (Type 1 DM)
၂)ေသာက္ေဆးနဲ႔ မႏိုင္တဲ့ အမ်ိဳးအစား (၂) ဆီးခ်ိဳ/ေသြးခ်ိဳ   (Type 2 DM)(ေသာက္ေဆး သုံးမ်ိဳး ေပါင္းေသာက္တာေတာင္ ဆီးခ်ိဳက လိုခ်င္တဲ့ Target မေရာက္ရင္ အင္ဆူလင္ ေပးမွ ရပါတယ္)
၃)အင္ဆူလင္ ထုတ္ေပးတဲ့ ပန္ကရိယ မွာ ေရာဂါ ျဖစ္ခဲ့ဖူးလို႔ ျဖစ္ရတဲ့ ဆီးခ်ိဳ/ေသြးခ်ိဳ (ဥပမာ နာတာရွည္ပန္ကရိယေရာဂါ)
၄)ေသြးခ်ိဳေရာဂါ ရွိေၾကာင္း သိသိခ်င္းမွာပဲ ဆီးခ်ိဳအရမ္းမ်ားေနတဲ့အေျခအေန
၅)အေရးေပၚအေျခအေန (stressful condition တစ္ခုခု - ပိုးဝင္တာ / ခြဲစိတ္ရတာ)တို႔ျဖစ္ပါတယ္။

လက္ေတြ႕မွာ အသုံးျပဳေနတဲ့ အင္ဆူလင္ အမ်ိဳးအစားေတြကေတာ့ -
-အင္ဆူလင္ အၾကည္ လို႔သိၾကတဲ့ Soluble Insulin (တေန႔ ေလးႀကိမ္ထိုးရပီး အစာစားပီး ေသြးတြင္းသၾကားဓါတ္အနည္းအမ်ားေပၚမူတည္ပီး ထိုးတာျဖစ္ပါတယ္)
-အင္ဆူလင္ အေနာက္လို႔ သိၾကတဲ့ Mixtard Insulin (တေန႔ ႏွစ္ႀကိမ္ပဲ ထိုးစရာလိုပီး တေန႔တာ အင္ဆူလင္ လိုအပ္မႈအလိုက္ သတ္မွတ္ထိုးတာျဖစ္ပါတယ္)
-Glargine Insulin (ဒီအမ်ိဳးအစားကေတာ့ ညအိပ္ခါနီး တႀကိမ္ထိုးရတာျဖစ္ပါတယ္)

အင္ဆူလင္ ထိုးနည္း
-အရင္ဆုံး မိမိလက္ကို ဆပ္ျပာ ေရႏွင့္ သန႔္စင္ေအာင္ ေဆးေၾကာပါ။
-မိမိ ထိုးရမယ့္ အင္ဆူလင္ ပုလင္း အမ်ိဳးအစားကို စစ္ေဆးပါ (ဥပမာ အၾကည္ အေနာက္)
-အင္ဆူလင္ အေနာက္ကေတာ့ အင္ဆူလင္ အမ်ိဳးအစားႏွစ္ခု ေရာထားတာျဖစ္တာေၾကာင့္ ပုလင္းကို သမေအာင္ လက္ႏွစ္ခုၾကား လွိမ့္ေပးဖို႔ လိုပါတယ္ (shake လုပ္ရတာမဟုတ္ပါ)
-ထို႔ေနာက္  ထိုးမဲ့အပ္ေလးနဲ႔ မွန္ကန္တဲ့ အင္ဆူလင္ ပမာဏကို စုပ္ယူပါ။
-မိမိ ထိုးမယ့္ ေနရာကို သန႔္စင္ေအာင္လုပ္ပါ (အရက္ျပန္နဲ႔ မသန႔္စင္ရပါ)
-ထိုးမယ့္ ေနရာရွိ အေရျပားကို အပ္ျဖင့္ ၄၅ ဒီဂရီ အေနအထားနဲ႔ ထိုးႏိုင္ပါတယ္။
-ထိုးပီး ၅စကၠန႔္ေလာက္ အၾကာမွာ အပ္ကို ျပန္ထုတ္ႏိုင္ပါပီ။

 အင္ဆူလင္ မစခင္ ဘာေတြသိထားဖို႔လိုအပ္လဲ?
- ထိုးရမယ့္ အခ်ိန္(အစာမစားခင္ ဘယ္ႏွစ္မိနစ္အလို)
- record မွတ္ပုံ မွတ္နည္း
- ဆီးခ်ိဳ ဘယ္အခ်ိန္ေတြမွာ ေဖါက္ၿပီး စစ္ရမလဲ
- ေဆးထိုးနည္း (ဥပမာ ထိုးရမယ့္ေနရာ၊ ေဆး အတိုး/အေလွ်ာ့)
- ေသြးခ်ိဳ အရမ္းက်သြားရင္ (ဥပမာ သၾကားလုံးငုံျခင္း) တို႔ျဖစ္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။