【 အလှအပနှင့် ကျန်းမာရေး 】သားအိမ်ကျွံခြင်း (Uterine Prolapse)

【 အလှအပနှင့် ကျန်းမာရေး  】သားအိမ်ကျွံခြင်း (Uterine Prolapse)

သားအိမ်ကျွံခြင်းဟာ သားအိမ်ကို ဆိုင်းကြိုးသဖွယ် ဆွဲပေးထားတဲ့ တင်ပဆုံအတွင်းက ကြွက်သားတွေ အားနည်းလာခြင်းကြောင့် သားအိမ်ဟာ မွေးလမ်းကြောင်းကတဆင့် အပြင်ဘက်သို့ ကျွံကျလာခြင်းဖြစ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေ အထူးသဖြင့် ကလေးအများကြီးရိုးရိုးမွေးထားဖူးတဲ့ မိခင်တွေမှာ ပိုအဖြစ်များပါတယ်။

ဘာကြောင့် ကြွက်သားတွေ အားနည်းလာရတာလဲ?
-ကိုယ်ဝန်ဆောင်ခြင်း
-မီးဖွားရခက်ခဲခြင်း မီးဖွားစဉ် မွေးလမ်းကြောင်း ထိခိုက်ဒဏ်ရာရခြင်း
-အဝလွန်ခြင်း
-သွေးဆုံးပြီးချိန်တွင် အီစထရိုဂျင် ဟော်မုန်း နည်းသွားခြင်း
-ဝမ်းချုပ်ခြင်း
-ရက်ရှည် ချောင်းဆိုးခြင်း
-အလေးအပင်မခြင်း စတဲ့အချက်တွေက သားအိမ်ပတ်လည်က ကြွက်သားတွေကို ကြာတဲ့အခါ အားနည်းလာစေပါတယ်။
ဒါကြောင့် အသက်ကြီးတဲ့သူတွေ ၊ကလေးအများကြီး ရိုးရိုးမွေးဖူးတဲ့ မိခင်တွေ၊အရင်က pelvic surgery လုပ်ထားတဲ့သူတွေမှာ ပိုတွေ့ရတာပါ။

သားအိမ်ကျွံခြင်း အဆင့်များ
အဆင့် ၁ - သားအိမ်အောက်သို့ ကျွံသော်လည်း မွေးလမ်းကြောင်း(Vagina)အတွင်းတွင်သာ ရှိသေးခြင်း
အဆင့် ၂ - မိန်းမကိုယ်အဝ Introitus ထိ ကျွံခြင်း နှင့်
အဆင့် ၃ - မိန်းမကိုယ်အဝ Introitus အပြင်ထိ ထွက်နေခြင်း တို့ဖြစ်ပါတယ်။

ဘယ်လို လက္ခဏာတွေနဲ့ တွေ့ရမှာလဲ?
-မိန်းမကိုယ် မွေးလမ်းကြောင်းမှ အလုံးတခုခု ထိုးထွက်နေခြင်း
-တင်ပဆုံတွင်း လေးလံသော ခံစားချက်ဖြစ်ခြင်း
-ဆီးမထိန်းနိုင်ခြင်း ဆီးကျန်ခြင်း
-ဝမ်းသွားရခက်ခြင်း
-လိင်ဆက်ဆံစဉ် ခက်ခဲခြင်း

သားအိမ်ကျွံခြင်းဟာ တင်ပဆုံတွင်းမှာရှိတဲ့ အခြား အစိတ်အပိုင်းတွေကျွံခြင်းနဲ့ပါ တွဲတွေ့ရနိုင်ပါတယ်။ သားအိမ်အရှေ့ဘက်မှာ ဆီးအိမ်ရှိတဲ့အတွက် ဆီးအိမ်ပါကျွံရင် Anterior prolapse (Cystocele) လို့ခေါ်ပီး အနောက်ဘက်က အစာဟောင်းအိမ်ကျွံရင်တော့ Posterior prolapse (Rectocele) လို့ခေါ်ပါတယ်။ ဒါ့အပြင် သားအိမ်ကျွံတာ အချိန်ကြာလာရင် အပြင်ဘက်ကို ကျွံနေတဲ့ နေရာမှာ အနာဖြစ်လာနိုင်ပါတယ်။

ကုသခြင်း
ကုသခြင်းကလည်း သားအိမ်ကျွံခြင်း အဆင့်တွေပေါ် မူတည်ပါတယ်။
သားအိမ်ကျွံခြင်း လက္ခဏာတွေ သိပ်မဆိုးရင်တော့
-Kegel's exercise လို့ခေါ်တဲ့ တင်ပဆုံကြွက်သားတွေ အားကောင်းလာအောင် လေ့ကျင့်ခန်းလုပ်ခြင်း
- ကိုယ်အလေးချိန်လျော့ချခြင်း
- ဝမ်းမချုပ်အောင်နေခြင်း စတာတွေနဲ့ သက်သာနိုင်ပါတယ်။  လိုအပ်ရင်တော့ အောက်မှာ ဖော်ပြမယ့်ကုသနည်းတွေနဲ့ ကုသရမှာပါ။

၁)သားအိမ်တွင်း Pessary ခေါ် ကွင်းထည့်ခြင်း
Pessary ဆိုတာ ရာဘာနဲ့ လုပ်ထားတဲ့ ကွင်းလေးဖြစ်ပီး vagina လို့ခေါ်တဲ့ မွေးလမ်းကြောင်းထဲ ထည့်ထားခြင်းဖြင့် သားအိမ်ကျွံမကျ လာအောင် ထိန်းထားခြင်းပါ။ အချိန်မှန် လိုအပ်သလို သန့်ရှင်းရေးလုပ် လဲလှယ်ပေးဖို့တော့ လိုမှာပါ။

၂)ခွဲစိတ်ကုသခြင်း
သားအိမ်ထုတ်ပစ်ခြင်း (hysterectomy) နဲ့ သားအိမ်မထုတ်ဘဲ pelvic floor muscles လို့ခေါ်တဲ့ တင်ပဆုံတွင်းက ကြွက်သားတွေ ပြန်အားကောင်းလာအောင်ပြုပြင်ခြင်း ဆိုပီး နှစ်မျိုးရှိပါတယ်။ ဒုတိယနည်းကတော့  သားသမီးထပ်ယူချင်သေးတဲ့သူတွေမှာ လုပ်နိုင်ပါတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ( ဆေး-၁ )

(  Zawgyi  )

 သားအိမ္ကြၽံျခင္းဟာ သားအိမ္ကို ဆိုင္းႀကိဳးသဖြယ္ ဆြဲေပးထားတဲ့ တင္ပဆုံအတြင္းက ႂကြက္သားေတြ အားနည္းလာျခင္းေၾကာင့္ သားအိမ္ဟာ ေမြးလမ္းေၾကာင္းကတဆင့္ အျပင္ဘက္သို႔ ကြၽံက်လာျခင္းျဖစ္ပါတယ္။ အသက္အ႐ြယ္မေ႐ြးျဖစ္ႏိုင္ေပမယ့္ ေသြးဆုံးၿပီးတဲ့ အမ်ိဳးသမီးေတြ အထူးသျဖင့္ ကေလးအမ်ားႀကီး႐ိုး႐ိုးေမြးထားဖူးတဲ့ မိခင္ေတြမွာ ပိုအျဖစ္မ်ားပါတယ္။

ဘာေၾကာင့္ ႂကြက္သားေတြ အားနည္းလာရတာလဲ?
-ကိုယ္ဝန္ေဆာင္ျခင္း
-မီးဖြားရခက္ခဲျခင္း မီးဖြားစဥ္ ေမြးလမ္းေၾကာင္း ထိခိုက္ဒဏ္ရာရျခင္း
-အဝလြန္ျခင္း
-ေသြးဆုံးၿပီးခ်ိန္တြင္ အီစထ႐ိုဂ်င္ ေဟာ္မုန္း နည္းသြားျခင္း
-ဝမ္းခ်ဳပ္ျခင္း
-ရက္ရွည္ ေခ်ာင္းဆိုးျခင္း
-အေလးအပင္မျခင္း စတဲ့အခ်က္ေတြက သားအိမ္ပတ္လည္က ႂကြက္သားေတြကို ၾကာတဲ့အခါ အားနည္းလာေစပါတယ္။
ဒါေၾကာင့္ အသက္ႀကီးတဲ့သူေတြ ၊ကေလးအမ်ားႀကီး ႐ိုး႐ိုးေမြးဖူးတဲ့ မိခင္ေတြ၊အရင္က pelvic surgery လုပ္ထားတဲ့သူေတြမွာ ပိုေတြ႕ရတာပါ။

သားအိမ္ကြၽံျခင္း အဆင့္မ်ား
အဆင့္ ၁ - သားအိမ္ေအာက္သို႔ ကြၽံေသာ္လည္း ေမြးလမ္းေၾကာင္း(Vagina)အတြင္းတြင္သာ ရွိေသးျခင္း
အဆင့္ ၂ - မိန္းမကိုယ္အဝ Introitus ထိ ကြၽံျခင္း ႏွင့္
အဆင့္ ၃ - မိန္းမကိုယ္အဝ Introitus အျပင္ထိ ထြက္ေနျခင္း တို႔ျဖစ္ပါတယ္။

ဘယ္လို လကၡဏာေတြနဲ႔ ေတြ႕ရမွာလဲ?
-မိန္းမကိုယ္ ေမြးလမ္းေၾကာင္းမွ အလုံးတခုခု ထိုးထြက္ေနျခင္း
-တင္ပဆုံတြင္း ေလးလံေသာ ခံစားခ်က္ျဖစ္ျခင္း
-ဆီးမထိန္းႏိုင္ျခင္း ဆီးက်န္ျခင္း
-ဝမ္းသြားရခက္ျခင္း
-လိင္ဆက္ဆံစဥ္ ခက္ခဲျခင္း

သားအိမ္ကြၽံျခင္းဟာ တင္ပဆုံတြင္းမွာရွိတဲ့ အျခား အစိတ္အပိုင္းေတြကြၽံျခင္းနဲ႔ပါ တြဲေတြ႕ရႏိုင္ပါတယ္။ သားအိမ္အေရွ႕ဘက္မွာ ဆီးအိမ္ရွိတဲ့အတြက္ ဆီးအိမ္ပါကြၽံရင္ Anterior prolapse (Cystocele) လို႔ေခၚပီး အေနာက္ဘက္က အစာေဟာင္းအိမ္ကြၽံရင္ေတာ့ Posterior prolapse (Rectocele) လို႔ေခၚပါတယ္။ ဒါ့အျပင္ သားအိမ္ကြၽံတာ အခ်ိန္ၾကာလာရင္ အျပင္ဘက္ကို ကြၽံေနတဲ့ ေနရာမွာ အနာျဖစ္လာႏိုင္ပါတယ္။

ကုသျခင္း
ကုသျခင္းကလည္း သားအိမ္ကြၽံျခင္း အဆင့္ေတြေပၚ မူတည္ပါတယ္။
သားအိမ္ကြၽံျခင္း လကၡဏာေတြ သိပ္မဆိုးရင္ေတာ့
-Kegel's exercise လို႔ေခၚတဲ့ တင္ပဆုံႂကြက္သားေတြ အားေကာင္းလာေအာင္ ေလ့က်င့္ခန္းလုပ္ျခင္း
- ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ျခင္း
- ဝမ္းမခ်ဳပ္ေအာင္ေနျခင္း စတာေတြနဲ႔ သက္သာႏိုင္ပါတယ္။  လိုအပ္ရင္ေတာ့ ေအာက္မွာ ေဖာ္ျပမယ့္ကုသနည္းေတြနဲ႔ ကုသရမွာပါ။

၁)သားအိမ္တြင္း Pessary ေခၚ ကြင္းထည့္ျခင္း
Pessary ဆိုတာ ရာဘာနဲ႔ လုပ္ထားတဲ့ ကြင္းေလးျဖစ္ပီး vagina လို႔ေခၚတဲ့ ေမြးလမ္းေၾကာင္းထဲ ထည့္ထားျခင္းျဖင့္ သားအိမ္ကြၽံမက် လာေအာင္ ထိန္းထားျခင္းပါ။ အခ်ိန္မွန္ လိုအပ္သလို သန႔္ရွင္းေရးလုပ္ လဲလွယ္ေပးဖို႔ေတာ့ လိုမွာပါ။

၂)ခြဲစိတ္ကုသျခင္း
သားအိမ္ထုတ္ပစ္ျခင္း (hysterectomy) နဲ႔ သားအိမ္မထုတ္ဘဲ pelvic floor muscles လို႔ေခၚတဲ့ တင္ပဆုံတြင္းက ႂကြက္သားေတြ ျပန္အားေကာင္းလာေအာင္ျပဳျပင္ျခင္း ဆိုပီး ႏွစ္မ်ိဳးရွိပါတယ္။ ဒုတိယနည္းကေတာ့  သားသမီးထပ္ယူခ်င္ေသးတဲ့သူေတြမွာ လုပ္ႏိုင္ပါတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ( ေဆး-၁ )