【 အလှအပနှင့် ကျန်းမာရေး 】သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic pregnancy)

【  အလှအပနှင့် ကျန်းမာရေး  】သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic pregnancy)

Ectopic pregnancy ဆိုတာ ဘာလဲ?
မ မျိုးဥ ovum နဲ့ ဖိုမျိုးဥ sperm လေးက Fallopian tube လို့ခေါ်တဲ့ သားဥပြွန်ထဲမှာ သန္ဓေအောင်ပြီး ဖြစ်လာတဲ့ သန္ဓေသား embryo လေးဟာ uterus လို့ခေါ်တဲ့ သားအိမ်ထဲမှာ လာတွယ်ကပ် (implantation) လုပ်ရပါတယ်။ တနည်းအားဖြင့် သာမန်ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားလေးဟာ သားအိမ်အတွင်းမှာပဲ ရှိရပါတယ်။ Ectopic pregnancy ကတော့ သန္ဓေသားလေးဟာ သားအိမ်အတွင်းမှာ ရှိမနေဘဲ သားအိမ်ပြင်ပ တနေရာရာမှာ ရှိနေတာမျိုးပါ။

သားအိမ်ပြင်ပ ဘယ်နေရာတွေမှာ သန္ဓေတည်လေ့ရှိလဲ?
-၉၀ ရာခိုင်နှုန်းသော သားအိမ်ပြင်ပ သန္ဓေတည်ခြင်းတွေက Fallopian tube လို့ ခေါ်တဲ့ သားဥပြွန်ထဲမှာ ဖြစ်တာပါ (Tubal pregnancy လို့ခေါ်ပါတယ်) အခြားနေရာတွေဖြစ်တဲ့  
-cervix (သားအိမ်ခေါင်း),
-ovary (သားဥအိမ်) နဲ့
-abdominal cavity (ဝမ်းဗိုက်အတွင်း) ဒီနေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ?
-ယခင်က သားအိမ်ပြင်ပ သန္ဓေတည်ဖူးသူများ (Previous ectopic pregnancy)
-လိင်မှတဆင့် ကူးစက်တတ်သောရောဂါ (Gonorrhea, Chlamydia) ရှိသူများ
- ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ဆောင်သူများ (In vitro fertilization)
-သားဥပြွန် ခွဲစိတ်မှုခံယူထားသူများ (Tubal surgery)
-သားအိမ်တွင်း ပစ္စည်း (IUCD) ထည့်ခြင်းဖြင့် သန္ဓေတားထားသူများ
-ဆေးလိပ်သောက်သူများ

ဘယ်လို လက္ခဏာတွေနဲ့ တွေ့ရမလဲ?
၁၀ရာခိုင်နှုန်းသော ectopic pregnancy တွေက လက္ခဏာသိပ်မပြတတ်ပေမယ့် ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ-
- သွေးဆင်းခြင်း (light vaginal bleeding)
-ဗိုက်အောင့်ခြင်း (Lower abdominal pain)
-ဆီးစပ်အောင့်ခြင်း (Pelvic pain) ဒီလို လက္ခဏာတွေနဲ့ လာတတ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ကတော့ သားအိမ်ပြင်ပမှာ ဖြစ်တဲ့ သန္ဓေသားလေးက ပေါက်ထွက်ခြင်း (Rupture of Ectopic pregnancy) ပါ။ ဒီလိုဖြစ်ခဲ့ရင်တော့ သွေးဆင်းခြင်းနှင့် ဗိုက်အောင့်ခြင်းအပြင်
-ဗိုက်ဖောင်းလာခြင်း
-သွေးပေါင်ကျခြင်း
-shock ရခြင်း
- သတိလစ်ခြင်း စတဲ့ လက္ခဏာတွေတွေ့ရမှာပါ။ ဒီလက္ခဏာတွေရှိရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ချက်ချင်း အရေးပေါ် ဆေးရုံ ဆေးခန်းသွားသင့်ပါတယ်။

ရောဂါရှာဖွေခြင်း နှင့် ကုသခြင်း
ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ ဗိုက်အောင့်ခြင်း သွေးဆင်းခြင်း စတဲ့ လက္ခဏာတွေရှိတာနဲ့ အာထရာဆောင်းရိုက်ခြင်း၊ သွေးစစ်ခြင်း (beta hcG ပမာဏစစ်ဆေးခြင်း) ဖြင့် ရောဂါရှာဖွေနိုင်ပါတယ်။ methotrexate လို့ခေါ်တဲ့ ဆေးပေးနိုင်သလို ပေါက်ထွက်သွားရင်တော့ အရေးပေါ်ခွဲစိတ်ဖို့လိုမှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။ ။
ဇီဝက ( ဆေး-၁ )
 
(  Zawgyi  )
 
 Ectopic pregnancy ဆိုတာ ဘာလဲ?
မ မ်ိဳးဥ ovum နဲ႔ ဖိုမ်ိဳးဥ sperm ေလးက Fallopian tube လို႔ေခၚတဲ့ သားဥႁပြန္ထဲမွာ သေႏၶေအာင္ၿပီး ျဖစ္လာတဲ့ သေႏၶသား embryo ေလးဟာ uterus လို႔ေခၚတဲ့ သားအိမ္ထဲမွာ လာတြယ္ကပ္ (implantation) လုပ္ရပါတယ္။ တနည္းအားျဖင့္ သာမန္ကိုယ္ဝန္ေဆာင္ေတြမွာ သေႏၶသားေလးဟာ သားအိမ္အတြင္းမွာပဲ ရွိရပါတယ္။ Ectopic pregnancy ကေတာ့ သေႏၶသားေလးဟာ သားအိမ္အတြင္းမွာ ရွိမေနဘဲ သားအိမ္ျပင္ပ တေနရာရာမွာ ရွိေနတာမ်ိဳးပါ။

သားအိမ္ျပင္ပ ဘယ္ေနရာေတြမွာ သေႏၶတည္ေလ့ရွိလဲ?
-၉၀ ရာခိုင္ႏႈန္းေသာ သားအိမ္ျပင္ပ သေႏၶတည္ျခင္းေတြက Fallopian tube လို႔ ေခၚတဲ့ သားဥႁပြန္ထဲမွာ ျဖစ္တာပါ (Tubal pregnancy လို႔ေခၚပါတယ္) အျခားေနရာေတြျဖစ္တဲ့  
-cervix (သားအိမ္ေခါင္း),
-ovary (သားဥအိမ္) နဲ႔
-abdominal cavity (ဝမ္းဗိုက္အတြင္း) ဒီေနရာေတြမွာလည္း ျဖစ္ႏိုင္ပါတယ္။

ဘယ္လိုလူေတြမွာ ပိုျဖစ္တတ္လဲ?
-ယခင္က သားအိမ္ျပင္ပ သေႏၶတည္ဖူးသူမ်ား (Previous ectopic pregnancy)
-လိင္မွတဆင့္ ကူးစက္တတ္ေသာေရာဂါ (Gonorrhea, Chlamydia) ရွိသူမ်ား
- ဖန္ႁပြန္သေႏၶသား ကိုယ္ဝန္ေဆာင္သူမ်ား (In vitro fertilization)
-သားဥႁပြန္ ခြဲစိတ္မႈခံယူထားသူမ်ား (Tubal surgery)
-သားအိမ္တြင္း ပစၥည္း (IUCD) ထည့္ျခင္းျဖင့္ သေႏၶတားထားသူမ်ား
-ေဆးလိပ္ေသာက္သူမ်ား

ဘယ္လို လကၡဏာေတြနဲ႔ ေတြ႕ရမလဲ?
၁၀ရာခိုင္ႏႈန္းေသာ ectopic pregnancy ေတြက လကၡဏာသိပ္မျပတတ္ေပမယ့္ ကိုယ္ဝန္ေဆာင္ကာလ အေစာပိုင္းမွာ-
- ေသြးဆင္းျခင္း (light vaginal bleeding)
-ဗိုက္ေအာင့္ျခင္း (Lower abdominal pain)
-ဆီးစပ္ေအာင့္ျခင္း (Pelvic pain) ဒီလို လကၡဏာေတြနဲ႔ လာတတ္ပါတယ္။

ေနာက္ဆက္တြဲအေနနဲ႔ကေတာ့ သားအိမ္ျပင္ပမွာ ျဖစ္တဲ့ သေႏၶသားေလးက ေပါက္ထြက္ျခင္း (Rupture of Ectopic pregnancy) ပါ။ ဒီလိုျဖစ္ခဲ့ရင္ေတာ့ ေသြးဆင္းျခင္းႏွင့္ ဗိုက္ေအာင့္ျခင္းအျပင္
-ဗိုက္ေဖာင္းလာျခင္း
-ေသြးေပါင္က်ျခင္း
-shock ရျခင္း
- သတိလစ္ျခင္း စတဲ့ လကၡဏာေတြေတြ႕ရမွာပါ။ ဒီလကၡဏာေတြရွိရင္ေတာ့ အသက္အႏၲရာယ္စိုးရိမ္ရတာေၾကာင့္ ခ်က္ခ်င္း အေရးေပၚ ေဆး႐ုံ ေဆးခန္းသြားသင့္ပါတယ္။

ေရာဂါရွာေဖြျခင္း ႏွင့္ ကုသျခင္း
ကိုယ္ဝန္ေဆာင္ကာလ အေစာပိုင္းမွာ ဗိုက္ေအာင့္ျခင္း ေသြးဆင္းျခင္း စတဲ့ လကၡဏာေတြရွိတာနဲ႔ အာထရာေဆာင္း႐ိုက္ျခင္း၊ ေသြးစစ္ျခင္း (beta hcG ပမာဏစစ္ေဆးျခင္း) ျဖင့္ ေရာဂါရွာေဖြႏိုင္ပါတယ္။ methotrexate လို႔ေခၚတဲ့ ေဆးေပးႏိုင္သလို ေပါက္ထြက္သြားရင္ေတာ့ အေရးေပၚခြဲစိတ္ဖို႔လိုမွာပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။ ။
ဇီဝက ( ေဆး-၁ )