【 အလှအပနှင့် ကျန်းမာရေး 】 ဒူးနာခြင်းအကြောင်း သိကောင်းစရာများ

【 အလှအပနှင့် ကျန်းမာရေး 】 ဒူးနာခြင်းအကြောင်း သိကောင်းစရာများ

ဒူးနာခြင်း၏ လက္ခဏာများ
-----------------------------------
(၁) ဒူးအပေါ်တွင်ရောင်ရမ်းခြင်း
(၂) တောင့်နေခြင်း/ လှုပ်ရှားမှုမလုပ်နိုင်ခြင်း
(၃) ဖြစ်သည့်နေရာကို ဖိလျှင်/လှုပ်ရှားလျှင် နာကျင်ခြင်း
(၄) ဖြစ်သည့်ဘက်တွင် နီပြီးပူနေတတ်ခြင်း
(၅) တစ်ခါတစ်ရံ ဖြစ်သည့်ဘက်မှ အသံထွက်ခြင်း

ဒူးနာခြင်း၏ အဓိကအကြောင်းအရင်းများမှာ
-------------------------------------------------------
၁။ ဒူးထိခိုက်ဒဏ်ရာရခြင်း၊
၂။ ဒူးလှုပ်ရှားမှုများခြင်းနှင့်
၃။ ဒူးအဆစ်ရောင် ရောဂါများကြောင့် ဒူးဆစ်တွင်းရှိ အရိုး၊ အရိုးနုနှင့် အကြောအရွတ်များအပြင် ဝန်းရံထားသော အရည်အိတ်ပါ ထိခိုက်နိုင်ပါသည်။

ဒူးဆစ်နာရောဂါများမှာ
---------------------------------   
(၁) Osteoarthritis (OA) ခေါ်တဲ့  အဆစ်ရောင်ရောဂါဖြစ်၍ အဓိကအကြောင်းရင်းက အရိုးနုတွေ ပျက်ဆီးလာလို့ပါ။ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ အပေါ်ပိုင်း ဝိတ်များတဲ့အခါ အောက်ပိုင်းမှာ ဖိအားပိုများလာတယ်။ဒီလိုသက်ရောက်မှုက အရိုးထိပ်မှာ ကာကွယ်ပေးတဲ့ အရိုးနုတွေကို ပျက်ဆီးစေတယ်။တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး အရိုးချင်းထိခိုက်မိကြတယ်။ထိခိုက်မှုသဘောကြောင့် ရောင်ရမ်းမှု စတင်လာတယ်။နာကျင်မှုကိုပါ ခံစားလာရတယ်။ ထိခိုက်မိတဲ့ အရိုးနေရာမှာ အစားထိုး အရိုးဆဲလ်သစ် (osteophyte) တွေ ဖြစ်လာတယ်။အတက်တွေ ထွက်လာတာကြောင့် အဆစ်တွေ ပုံမမှန်ဖြစ်လာတယ်။ဖြစ်တာကြာလာတာနဲ့အမျှ ပုံမှန်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာတယ်။အကြောတင်းတာ၊ အဆစ်နာတာတွေက ဖြည်းဖြည်းချင်း ပိုဆိုးလာတယ်။ပွတ်တိုက်မှုများတဲ့အခါ ပြုပြင်မှုတွေ မလုံလောက်တော့ဘူး။အစားထိုးပြုပြင်တဲ့ဖြစ်စဉ် အလျဉ်မမှီတော့ဘဲ ပျက်ဆီးမှုသာ ဆက်လက်ဖြစ်လာတော့တယ်။ကြာလာတဲ့အခါ ပုံမှန်လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ မသန်မစွမ်းဖြစ်လာတယ်။ကွေးမရ၊ ဆန့်မရတဲ့အခါ နောက်ဆုံးအဆင့် အဆစ်အစားထိုး ကုရတာမျိုးထိ ရှိလာတတ်တယ်။အသက် ၆၀ ကျော်လာတဲ့အခါ ၈၀ ရာခိုင်နှုန်းခန့်ဟာ အရိုးအဆစ်ရောင် သဘောမျိုး ပိုတွေ့လာရတယ်။

(၂) Gout (ဂေါက်ရောဂါကြောင့် အဆစ်အမြစ်များရောင်ခြင်း)
-----------------------------------------------------------------------------------
ဂေါက်ရောဂါသည် လူအများသိရှိသည့်အတိုင်း သွေးထဲတွင် Uric Acid များခြင်းကြောင့် Uric Acid crystal များသည် ဒူးခေါင်း၊ ခြေမ အစရှိသော အဆစ်များတွင် သွားရောက်စုပုံပြီး အဆစ်အမြစ်များ ရောင်ရမ်းခြင်းများ ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။လူတိုင်းတွင် Uric Acid များခြင်းမဖြစ်ပဲ အချို့သော လူများတွင် မွေးရာပါ Uric Acid ကျောက်ကပ်မှ စွန့်ထုတ်ခြင်း အားနည်းခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပါသည်။ထိုကဲ့သို့ Gout ရောဂါကြောင့် အဆစ်အမြစ်နာသော လူနာများတွင် အစားအသောက်များသောအခါတွင် လည်းကောင်း၊ Uric Acid များသော ဝမ်းတွင်းကလီစာ အစရှိသော အစာများစားတာ များသွားလျှင်သော် လည်းကောင်း ရုတ်တရက် အလွန်အမင်းနာကျင်၍ အိပ်မရအောင်ပင် ဆိုးရွားစွာ ခံစားရတတ်ပါသည်။

(၃) ဒူးအတွင်း အရွတ်ရောင်ခြင်း (Tendonitis)/အရွတ်ဒဏ်ဖြစ်ခြင်း
-------------------------------------------------------------------------------------------
များသောအားဖြင့် လှုပ်ရှားမှုများသော မိဘပြည်သူများတွင် ဒူးခေါင်းတွင်ရှိသော အရွတ်များ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်း ဖြစ်ပါသည်။ထိုကဲ့သို့ ရောင်သည့်အခါတွင် လှုပ်ရှားသည့်အခါတွင် ပိုမိုနာကျင်ခြင်း ဖြစ်ပေါ်တတ်ပါသည်။

အထက်တွင် ဖော်ပြထားသော ဒူးနာရောဂါများသည် အဖြစ်များသော ဒူးနာရောဂါများအား ဖော်ပြထားခြင်း ဖြစ်ပါသည်။ဒူးနာအမျိုးအစားအပေါ် မူတည်၍ ကုသမှုသည် တစ်ခုနှင့်တစ်ခု မတူညီပေ။နာတာရှည် ဒူးနာရောဂါများ ဖြစ်သည့်အတွက် အနာနှင့်ဆေး တည့်မှသာ ပျောက်ကင်းမည်ဖြစ်ပါသည်။ထို့အပြင် အချို့သော အနာသက်သာသော ဆေးများသည် ကျောက်ကပ်အား ထိခိုက်ပျက်စီးစေသောကြောင့် နာတာရှည် အဆစ်အမြစ်ရောင် ရောဂါအား တတ်ကျွမ်းသော အရိုး၊ အကြော၊ အဆစ်အထူးကု ဆရာဝန်ကြီးများနှင့် ပြသဆွေးနွေးတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါသည်။

ဒူးနာခြင်းကို ကြိုတင်ကာကွယ်နည်းများ
--------------------------------------------------
(၁) ကိုယ်အလေးချိန်လျှော့ချခြင်း
(၂) မိမိနှင့်သင့်တော်သော လေ့ကျင့်ခန်းများကို နည်းပြနှင့် တိုင်ပင်ခြင်း
(၃) မှန်ကန်သောနည်းနှင့် အားကစားလုပ်ခြင်း
(၄) အကြောလျှော့သော လေ့ကျင့်ခန်းလုပ်ခြင်း

ဒူးနာခြင်းဖြစ်စေသော အကြောင်းအရင်းများအပေါ်လိုက်ပြီး လေ့ကျင့်ခန်းများလုပ်ရခြင်းများသည် မတူပဲ ကွဲပြားသည့်အပြင် လူနာ တစ်ယောက်နှင့်တစ်ယောက် ရောဂါအနေအထားအပေါ် မူတည်၍ လုပ်ဆောင်ရသည့်အတွက် အရိုးအကြောအဆစ် အထူးကုမှ ညွှန်ကြားသော ဒူးလေ့ကျင့်ခန်းများအား ပြုလုပ်ခြင်းအားဖြင့် ဒူးနာသက်သာစေပါသည်။

ဒူးခေါင်းရောင်နေသည့်အခါတွင် အလွန်အမင်း အားစိုက်ရသော လှုပ်ရှားမှုများအား မပြုလုပ်ပဲ ရှောင်ရှားသင့်ပါသည်။ဒူးခေါင်းအား ဒဏ်ဖြစ်စေသော လေ့ကျင့်ခန်းများဖြစ်သော လမ်းမြန်မြန်လျှောက်ခြင်း၊ ပြေးခြင်း၊ အထိုင်အထပြုလုပ်ခြင်း၊ ဆောင့်ကြောင့်ထိုင်ခြင်းများအား ရှောင်ရှားသင့်ပါသည်။

ဒီဖက်ခေတ်တွေမှာ အသုံးများတဲ့ ဆေးတစ်မျိုးက glucosamine နဲ့ chondroitin ပါတဲ့ အရိုးနု၊ အဆစ်အားဖြည့်ဆေးမျိုး ဖြစ်ပါတယ်။ငါးကြေးခွံက ထုတ်တာကြောင့် အရိုးနုသစ် ဖြစ်ပေါ်စေတယ်။အဆစ်ရည်ကို အားဖြည့်ပေးတယ်။လေ့လာမှုတွေအရ လူနာတွေရဲ့ သုံးပုံတစ်ပုံမှာ အကျိုးရှိတာ တွေ့ရတယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

( Zawgyi )

ဒူးနာျခင္း၏ လကၡဏာမ်ား
-----------------------------------
(၁) ဒူးအေပၚတြင္ေရာင္ရမ္းျခင္း
(၂) ေတာင့္ေနျခင္း/ လႈပ္ရွားမႈမလုပ္ႏိုင္ျခင္း
(၃) ျဖစ္သည့္ေနရာကို ဖိလွ်င္/လႈပ္ရွားလွ်င္ နာက်င္ျခင္း
(၄) ျဖစ္သည့္ဘက္တြင္ နီၿပီးပူေနတတ္ျခင္း
(၅) တစ္ခါတစ္ရံ ျဖစ္သည့္ဘက္မွ အသံထြက္ျခင္း

ဒူးနာျခင္း၏ အဓိကအေၾကာင္းအရင္းမ်ားမွာ
-------------------------------------------------------
၁။ ဒူးထိခိုက္ဒဏ္ရာရျခင္း၊
၂။ ဒူးလႈပ္ရွားမႈမ်ားျခင္းႏွင့္
၃။ ဒူးအဆစ္ေရာင္ ေရာဂါမ်ားေၾကာင့္ ဒူးဆစ္တြင္းရွိ အ႐ိုး၊ အ႐ိုးႏုႏွင့္ အေၾကာအ႐ြတ္မ်ားအျပင္ ဝန္းရံထားေသာ အရည္အိတ္ပါ ထိခိုက္ႏိုင္ပါသည္။

ဒူးဆစ္နာေရာဂါမ်ားမွာ
---------------------------------   
(၁) Osteoarthritis (OA) ေခၚတဲ့  အဆစ္ေရာင္ေရာဂါျဖစ္၍ အဓိကအေၾကာင္းရင္းက အ႐ိုးႏုေတြ ပ်က္ဆီးလာလို႔ပါ။ခႏၶာကိုယ္ဖြဲ႕စည္းပုံအရ အေပၚပိုင္း ဝိတ္မ်ားတဲ့အခါ ေအာက္ပိုင္းမွာ ဖိအားပိုမ်ားလာတယ္။ဒီလိုသက္ေရာက္မႈက အ႐ိုးထိပ္မွာ ကာကြယ္ေပးတဲ့ အ႐ိုးႏုေတြကို ပ်က္ဆီးေစတယ္။တျဖည္းျဖည္းနဲ႔ လုံးပါးပါးၿပီး အ႐ိုးခ်င္းထိခိုက္မိၾကတယ္။ထိခိုက္မႈသေဘာေၾကာင့္ ေရာင္ရမ္းမႈ စတင္လာတယ္။နာက်င္မႈကိုပါ ခံစားလာရတယ္။ ထိခိုက္မိတဲ့ အ႐ိုးေနရာမွာ အစားထိုး အ႐ိုးဆဲလ္သစ္ (osteophyte) ေတြ ျဖစ္လာတယ္။အတက္ေတြ ထြက္လာတာေၾကာင့္ အဆစ္ေတြ ပုံမမွန္ျဖစ္လာတယ္။ျဖစ္တာၾကာလာတာနဲ႔အမွ် ပုံမွန္လႈပ္ရွားသြားလာမႈကိုပါ ထိခိုက္လာတယ္။အေၾကာတင္းတာ၊ အဆစ္နာတာေတြက ျဖည္းျဖည္းခ်င္း ပိုဆိုးလာတယ္။ပြတ္တိုက္မႈမ်ားတဲ့အခါ ျပဳျပင္မႈေတြ မလုံေလာက္ေတာ့ဘူး။အစားထိုးျပဳျပင္တဲ့ျဖစ္စဥ္ အလ်ဥ္မမွီေတာ့ဘဲ ပ်က္ဆီးမႈသာ ဆက္လက္ျဖစ္လာေတာ့တယ္။ၾကာလာတဲ့အခါ ပုံမွန္လႈပ္ရွားႏိုင္စြမ္း မရွိေတာ့ဘဲ မသန္မစြမ္းျဖစ္လာတယ္။ေကြးမရ၊ ဆန႔္မရတဲ့အခါ ေနာက္ဆုံးအဆင့္ အဆစ္အစားထိုး ကုရတာမ်ိဳးထိ ရွိလာတတ္တယ္။အသက္ ၆၀ ေက်ာ္လာတဲ့အခါ ၈၀ ရာခိုင္ႏႈန္းခန႔္ဟာ အ႐ိုးအဆစ္ေရာင္ သေဘာမ်ိဳး ပိုေတြ႕လာရတယ္။

(၂) Gout (ေဂါက္ေရာဂါေၾကာင့္ အဆစ္အျမစ္မ်ားေရာင္ျခင္း)
-----------------------------------------------------------------------------------
ေဂါက္ေရာဂါသည္ လူအမ်ားသိရွိသည့္အတိုင္း ေသြးထဲတြင္ Uric Acid မ်ားျခင္းေၾကာင့္ Uric Acid crystal မ်ားသည္ ဒူးေခါင္း၊ ေျခမ အစရွိေသာ အဆစ္မ်ားတြင္ သြားေရာက္စုပုံၿပီး အဆစ္အျမစ္မ်ား ေရာင္ရမ္းျခင္းမ်ား ျဖစ္ေပၚျခင္းျဖစ္ပါသည္။လူတိုင္းတြင္ Uric Acid မ်ားျခင္းမျဖစ္ပဲ အခ်ိဳ႕ေသာ လူမ်ားတြင္ ေမြးရာပါ Uric Acid ေက်ာက္ကပ္မွ စြန႔္ထုတ္ျခင္း အားနည္းျခင္းေၾကာင့္ ျဖစ္ေပၚျခင္းျဖစ္ပါသည္။ထိုကဲ့သို႔ Gout ေရာဂါေၾကာင့္ အဆစ္အျမစ္နာေသာ လူနာမ်ားတြင္ အစားအေသာက္မ်ားေသာအခါတြင္ လည္းေကာင္း၊ Uric Acid မ်ားေသာ ဝမ္းတြင္းကလီစာ အစရွိေသာ အစာမ်ားစားတာ မ်ားသြားလွ်င္ေသာ္ လည္းေကာင္း ႐ုတ္တရက္ အလြန္အမင္းနာက်င္၍ အိပ္မရေအာင္ပင္ ဆိုး႐ြားစြာ ခံစားရတတ္ပါသည္။

(၃) ဒူးအတြင္း အ႐ြတ္ေရာင္ျခင္း (Tendonitis)/အ႐ြတ္ဒဏ္ျဖစ္ျခင္း
-------------------------------------------------------------------------------------------
မ်ားေသာအားျဖင့္ လႈပ္ရွားမႈမ်ားေသာ မိဘျပည္သူမ်ားတြင္ ဒူးေခါင္းတြင္ရွိေသာ အ႐ြတ္မ်ား ဒဏ္ျဖစ္ၿပီး ေရာင္ရမ္းျခင္း ျဖစ္ပါသည္။ထိုကဲ့သို႔ ေရာင္သည့္အခါတြင္ လႈပ္ရွားသည့္အခါတြင္ ပိုမိုနာက်င္ျခင္း ျဖစ္ေပၚတတ္ပါသည္။

အထက္တြင္ ေဖာ္ျပထားေသာ ဒူးနာေရာဂါမ်ားသည္ အျဖစ္မ်ားေသာ ဒူးနာေရာဂါမ်ားအား ေဖာ္ျပထားျခင္း ျဖစ္ပါသည္။ဒူးနာအမ်ိဳးအစားအေပၚ မူတည္၍ ကုသမႈသည္ တစ္ခုႏွင့္တစ္ခု မတူညီေပ။နာတာရွည္ ဒူးနာေရာဂါမ်ား ျဖစ္သည့္အတြက္ အနာႏွင့္ေဆး တည့္မွသာ ေပ်ာက္ကင္းမည္ျဖစ္ပါသည္။ထို႔အျပင္ အခ်ိဳ႕ေသာ အနာသက္သာေသာ ေဆးမ်ားသည္ ေက်ာက္ကပ္အား ထိခိုက္ပ်က္စီးေစေသာေၾကာင့္ နာတာရွည္ အဆစ္အျမစ္ေရာင္ ေရာဂါအား တတ္ကြၽမ္းေသာ အ႐ိုး၊ အေၾကာ၊ အဆစ္အထူးကု ဆရာဝန္ႀကီးမ်ားႏွင့္ ျပသေဆြးေႏြးတိုင္ပင္ၿပီး ကုသမႈ ခံယူသင့္ပါသည္။

ဒူးနာျခင္းကို ႀကိဳတင္ကာကြယ္နည္းမ်ား
--------------------------------------------------
(၁) ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္း
(၂) မိမိႏွင့္သင့္ေတာ္ေသာ ေလ့က်င့္ခန္းမ်ားကို နည္းျပႏွင့္ တိုင္ပင္ျခင္း
(၃) မွန္ကန္ေသာနည္းႏွင့္ အားကစားလုပ္ျခင္း
(၄) အေၾကာေလွ်ာ့ေသာ ေလ့က်င့္ခန္းလုပ္ျခင္း

ဒူးနာျခင္းျဖစ္ေစေသာ အေၾကာင္းအရင္းမ်ားအေပၚလိုက္ၿပီး ေလ့က်င့္ခန္းမ်ားလုပ္ရျခင္းမ်ားသည္ မတူပဲ ကြဲျပားသည့္အျပင္ လူနာ တစ္ေယာက္ႏွင့္တစ္ေယာက္ ေရာဂါအေနအထားအေပၚ မူတည္၍ လုပ္ေဆာင္ရသည့္အတြက္ အ႐ိုးအေၾကာအဆစ္ အထူးကုမွ ၫႊန္ၾကားေသာ ဒူးေလ့က်င့္ခန္းမ်ားအား ျပဳလုပ္ျခင္းအားျဖင့္ ဒူးနာသက္သာေစပါသည္။

ဒူးေခါင္းေရာင္ေနသည့္အခါတြင္ အလြန္အမင္း အားစိုက္ရေသာ လႈပ္ရွားမႈမ်ားအား မျပဳလုပ္ပဲ ေရွာင္ရွားသင့္ပါသည္။ဒူးေခါင္းအား ဒဏ္ျဖစ္ေစေသာ ေလ့က်င့္ခန္းမ်ားျဖစ္ေသာ လမ္းျမန္ျမန္ေလွ်ာက္ျခင္း၊ ေျပးျခင္း၊ အထိုင္အထျပဳလုပ္ျခင္း၊ ေဆာင့္ေၾကာင့္ထိုင္ျခင္းမ်ားအား ေရွာင္ရွားသင့္ပါသည္။

ဒီဖက္ေခတ္ေတြမွာ အသုံးမ်ားတဲ့ ေဆးတစ္မ်ိဳးက glucosamine နဲ႔ chondroitin ပါတဲ့ အ႐ိုးႏု၊ အဆစ္အားျဖည့္ေဆးမ်ိဳး ျဖစ္ပါတယ္။ငါးေၾကးခြံက ထုတ္တာေၾကာင့္ အ႐ိုးႏုသစ္ ျဖစ္ေပၚေစတယ္။အဆစ္ရည္ကို အားျဖည့္ေပးတယ္။ေလ့လာမႈေတြအရ လူနာေတြရဲ႕ သုံးပုံတစ္ပုံမွာ အက်ိဳးရွိတာ ေတြ႕ရတယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။