【 အလှအပနှင့် ကျန်းမာရေး 】 မျက်ကြည်လွှာတွင် အဆီများ (lipid deposits) စုပုံလာခြင်း

【 အလှအပနှင့် ကျန်းမာရေး 】 မျက်ကြည်လွှာတွင် အဆီများ (lipid deposits) စုပုံလာခြင်း

Arcus senilis သည် အသက်အရွယ်ကြီးရင့်မှု (အသက် ၈၀ ကျော်သူ အားလုံးနီးပါးနှင့် အသက် ၆၀ ကျော်သူများ၏ ၆၀ ရာခိုင်နှုန်းခန့် အထိ) နှင့် ဆက်စပ်ဖြစ်ပေါ်သော မျက်လုံးလက္ခဏာရပ်တစ်ခု ဖြစ်ပါသည်။အသက် ၄၀ အောက်တွင် ဖြစ်ပွားပါက Arcus Juvenilis ဟု ခေါ်ပါတယ်။တချို့တွင် မွေးဖွားစဉ်ကတည်းကပင် တွေ့မြင်ရတတ်သော်လည်း ၎င်းဖြစ်စဉ်သည် အလွန်ရှားပါးသော အခြေအနေတစ်ရပ် ဖြစ်ပါသည်။

မျက်ကြည်လွှာတွင် အဆီများ(lipid deposits) စုပုံလာခြင်းကြောင့်ဟု ယေဘူယျ ကောက်ချက် ချနိုင်ပါသည်။

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အတွေ့ရများသော လက္ခဏာတစ်ရပ်ဖြစ်ပြီး အသက်ကြီးပိုင်းတွင် ၎င်းလက္ခဏာတစ်ခုတည်း တွေ့ရှိရပါက အထူးစိုးရိမ်စရာ မလိုအပ်ဟု ယေဘူယျအားဖြင့် မှတ်ယူနိုင်ပါသည်။

သို့သော် အသက်၄၀အောက်လူများတွင် တွေ့ရှိရပါက သွေးအတွင်း ကိုလက်စရောများခြင်း (hypercholesterolemia)နှင့် ဆက်နွယ်၍ ဖြစ်ပွားတတ်သဖြင့် သွေးအတွင်း အဆီများခြင်းရှိ၊မရှိ စမ်းသပ်စစ်ဆေးရန် အထူးလိုအပ်ပါသည်။

အသက်၄၀အောက် ဖြစ်ပွားသူများ၏ အချို့တွင် မျိုးရိုးလိုက်ဖြစ်ပွားသော Familial Hyperlipidemia (FH)နှင့် ဆက်နွယ် ဖြစ်ပွားတတ်ပါသည်။ ၎င်းအခြေအနေတွင် သွေးအတွင်း ကိုလက်စရော (Cholesterol) သို့မဟုတ် အခြားအဆီတမျိုး (Triglyceride) လွန်စွာများပြား နေလေ့ရှိပြီး လေဖြတ်ခြင်း၊ နှလုံးထိခိုက်ခြင်းအထိ ဆိုးရွားနိုင်၍ အသက်အန္တရာယ်ပါ စိုးရိမ်ရသော အခြေအနေထိ ဖြစ်နိုင်ချေရှိပါသည်။

ထို့ကြောင့် အထူးသဖြင့် အသက်၄၀အောက်တွင် ၎င်းလက္ခဏာရပ်ကို တွေ့ရှိရပါက သွေးအတွင်း အဆီများခြင်း ရှိ၊မရှိသေချာအောင် စမ်းသပ်စစ်ဆေးပြီး ထိရောက်သော ကုသမှုကို ဆောလျင်စွာ ခံယူသင့်ပါသည်။

သွေးတွင်းအဆီစစ်တာကို fasting lipid profile ခေါ်တယ်။  စစ်တဲ့အခါ အနည်းဆုံး ၉-၁၂နာရီ အစာမစားပဲစစ်ရတယ်။ ည ၁၀နာရီနောက်ပိုင်း ဘာမှမစားပဲ မနက်စောစော စစ်ရတယ်။ စစ်တဲ့အခါ အဆီအမျိုးအစားလေးမျိုးကို စစ်ပါတယ်။ total cholesterol , LDL , HDL , triglyceride စတဲ့ အဆီတွေ ပါဝင်တယ်။ အဆီပမာဏပေါ်မူတည်ပြီး ဆေးပေးလေ့ရှိပါတယ်။ သိပ်မဆိုးတဲ့သူတွေမှာ နေထိုင်စားသာက်ပုံပြောင်းလဲရုံနဲ့ရတယ်။

1. LDL Cholesterol (ကိုလက်စထော) အဆိုး
• Less than 100 mg/dL = အကောင်းဆုံး၊
• 130 – 159 mg/dL = အကောင်း-အဆိုးကြား၊
• 160 – 189 mg/dL = မြင့်နေ၊
• 190 mg/dL and above = အတော်မြင့်နေ။

2. HDL Cholesterol (ကိုလက်စထော) အကောင်း
• 60 mg/dLနဲ့ အထက် ရှိသင့်တယ်၊
• ယောက်ျားတွေမှာ 40 mg/dLထက်နည်းပြီး၊
• မိန်မတွေမှာ 50 mg/dL ထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊
• 60mg/dL ထက်များရင် နှလုံးရောဂါကိုကာကွယ်ရာကျတယ်။

3.Triglycerides (ထရွိုင်-ဂလစ်စထွိုက်စ်)
• 150 mg/dL ထက်နည်းတာပုံမှန်၊
• 150 – 199 mg/dL နည်းနည်းများတယ်၊
• 200 – 499 mg/dL များတယ်၊
• 500 mg/dL or higher အလွန်များတယ်။

4. Total Cholesterol (ကိုလက်စထော) စုစုပေါင်း
• 200 mg/dL ထက်နည်းနေတာကောင်းတယ်၊
• 200 – 239 mg/dL နည်းနည်းများတယ်၊
• 240 mg/dL နဲ့အထက် များတယ်။

မည်ကဲ့သို့ကုသရမည်နည်း။

သွေးအတွင်းအဆီများခြင်းနှင့် ဆက်နွယ်ဖြစ်ပေါ်နေပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ပြသပြီး

၁။ နေထိုင်မှုပုံစံပြောင်းလဲခြင်း

တစ်ရက်ကိုအနည်းဆုံးနာရီဝက်ခန့်လမ်းလျှောက်ခြင်း၊နီတဲ့အသား၊ကလီစာ၊ထောပတ်၊စားအုန်းဆီ ၊ပြန်ကြောဆီလျှော့စားခြင်း၊အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ၊အမျှင်များသောသစ်သီးဝလံများစားသုံးပေးခြင်းနှင့်ဆေးလိပ်၊အရက်၊ဘီယာဖြတ်ခြင်းတို့ပြုလုပ်သင့်ပါတယ်။

၂။ အဆီကျဆေးသောက်ခြင်း

Statins ဆေးကိုအများဆုံးသုံးတယ်။ ဆေးကြောင့် ဗိုက်နာ၊ လေပွ၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ အသည်းထိခိုက်၊ ကြွက်သားတွေနာ၊ အားယုတ်တာတွေ ဖြစ်စေနိုင်တယ်။

Fibrates ဆေးက Triglyceride ကျစေတယ်။ ဒီဆေးကြောင့် ဝမ်းပျက်၊ ဗိုက်နာ၊ သည်းခြေကျောက်တည်၊ သွေးအားနည်း၊ သွေးကျဲဆေးတွေကိုပိုအားပေးတာတွေ ဖြစ်စေနိုင်တယ်။

- သွေးအတွင်း အဆီများခြင်း၏ နောက်ဆက်တွဲ ရောဂါများကို ထိရောက်ဆောလျင်စွာ ကုသခြင်းတို့ဖြင့် ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိခံစားနိုင်ကြမည် ဖြစ်ပါသည်။

( Zawgyi )

Arcus senilis သည္ အသက္အ႐ြယ္ႀကီးရင့္မႈ (အသက္ ၈၀ ေက်ာ္သူ အားလုံးနီးပါးႏွင့္ အသက္ ၆၀ ေက်ာ္သူမ်ား၏ ၆၀ ရာခိုင္ႏႈန္းခန႔္ အထိ) ႏွင့္ ဆက္စပ္ျဖစ္ေပၚေသာ မ်က္လုံးလကၡဏာရပ္တစ္ခု ျဖစ္ပါသည္။အသက္ ၄၀ ေအာက္တြင္ ျဖစ္ပြားပါက Arcus Juvenilis ဟု ေခၚပါတယ္။တခ်ိဳ႕တြင္ ေမြးဖြားစဥ္ကတည္းကပင္ ေတြ႕ျမင္ရတတ္ေသာ္လည္း ၎ျဖစ္စဥ္သည္ အလြန္ရွားပါးေသာ အေျခအေနတစ္ရပ္ ျဖစ္ပါသည္။

မ်က္ၾကည္လႊာတြင္ အဆီမ်ား(lipid deposits) စုပုံလာျခင္းေၾကာင့္ဟု ေယဘူယ် ေကာက္ခ်က္ ခ်ႏိုင္ပါသည္။

အသက္အ႐ြယ္ႀကီးရင့္လာသည္ႏွင့္အမွ် အေတြ႕ရမ်ားေသာ လကၡဏာတစ္ရပ္ျဖစ္ၿပီး အသက္ႀကီးပိုင္းတြင္ ၎လကၡဏာတစ္ခုတည္း ေတြ႕ရွိရပါက အထူးစိုးရိမ္စရာ မလိုအပ္ဟု ေယဘူယ်အားျဖင့္ မွတ္ယူႏိုင္ပါသည္။

သို႔ေသာ္ အသက္၄၀ေအာက္လူမ်ားတြင္ ေတြ႕ရွိရပါက ေသြးအတြင္း ကိုလက္စေရာမ်ားျခင္း (hypercholesterolemia)ႏွင့္ ဆက္ႏြယ္၍ ျဖစ္ပြားတတ္သျဖင့္ ေသြးအတြင္း အဆီမ်ားျခင္းရွိ၊မရွိ စမ္းသပ္စစ္ေဆးရန္ အထူးလိုအပ္ပါသည္။

အသက္၄၀ေအာက္ ျဖစ္ပြားသူမ်ား၏ အခ်ိဳ႕တြင္ မ်ိဳး႐ိုးလိုက္ျဖစ္ပြားေသာ Familial Hyperlipidemia (FH)ႏွင့္ ဆက္ႏြယ္ ျဖစ္ပြားတတ္ပါသည္။ ၎အေျခအေနတြင္ ေသြးအတြင္း ကိုလက္စေရာ (Cholesterol) သို႔မဟုတ္ အျခားအဆီတမ်ိဳး (Triglyceride) လြန္စြာမ်ားျပား ေနေလ့ရွိၿပီး ေလျဖတ္ျခင္း၊ ႏွလုံးထိခိုက္ျခင္းအထိ ဆိုး႐ြားႏိုင္၍ အသက္အႏၲရာယ္ပါ စိုးရိမ္ရေသာ အေျခအေနထိ ျဖစ္ႏိုင္ေခ်ရွိပါသည္။

ထို႔ေၾကာင့္ အထူးသျဖင့္ အသက္၄၀ေအာက္တြင္ ၎လကၡဏာရပ္ကို ေတြ႕ရွိရပါက ေသြးအတြင္း အဆီမ်ားျခင္း ရွိ၊မရွိေသခ်ာေအာင္ စမ္းသပ္စစ္ေဆးၿပီး ထိေရာက္ေသာ ကုသမႈကို ေဆာလ်င္စြာ ခံယူသင့္ပါသည္။

ေသြးတြင္းအဆီစစ္တာကို fasting lipid profile ေခၚတယ္။  စစ္တဲ့အခါ အနည္းဆုံး ၉-၁၂နာရီ အစာမစားပဲစစ္ရတယ္။ ည ၁၀နာရီေနာက္ပိုင္း ဘာမွမစားပဲ မနက္ေစာေစာ စစ္ရတယ္။ စစ္တဲ့အခါ အဆီအမ်ိဳးအစားေလးမ်ိဳးကို စစ္ပါတယ္။ total cholesterol , LDL , HDL , triglyceride စတဲ့ အဆီေတြ ပါဝင္တယ္။ အဆီပမာဏေပၚမူတည္ၿပီး ေဆးေပးေလ့ရွိပါတယ္။ သိပ္မဆိုးတဲ့သူေတြမွာ ေနထိုင္စားသာက္ပုံေျပာင္းလဲ႐ုံနဲ႔ရတယ္။

1. LDL Cholesterol (ကိုလက္စေထာ) အဆိုး
• Less than 100 mg/dL = အေကာင္းဆုံး၊
• 130 – 159 mg/dL = အေကာင္း-အဆိုးၾကား၊
• 160 – 189 mg/dL = ျမင့္ေန၊
• 190 mg/dL and above = အေတာ္ျမင့္ေန။

2. HDL Cholesterol (ကိုလက္စေထာ) အေကာင္း
• 60 mg/dLနဲ႔ အထက္ ရွိသင့္တယ္၊
• ေယာက္်ားေတြမွာ 40 mg/dLထက္နည္းၿပီး၊
• မိန္မေတြမွာ 50 mg/dL ထက္နည္းေနရင္ ႏွလုံးေရာဂါျဖစ္လာမွာစိုးရတယ္၊
• 60mg/dL ထက္မ်ားရင္ ႏွလုံးေရာဂါကိုကာကြယ္ရာက်တယ္။

3.Triglycerides (ထ႐ြိဳင္-ဂလစ္စထြိဳက္စ္)
• 150 mg/dL ထက္နည္းတာပုံမွန္၊
• 150 – 199 mg/dL နည္းနည္းမ်ားတယ္၊
• 200 – 499 mg/dL မ်ားတယ္၊
• 500 mg/dL or higher အလြန္မ်ားတယ္။

4. Total Cholesterol (ကိုလက္စေထာ) စုစုေပါင္း
• 200 mg/dL ထက္နည္းေနတာေကာင္းတယ္၊
• 200 – 239 mg/dL နည္းနည္းမ်ားတယ္၊
• 240 mg/dL နဲ႔အထက္ မ်ားတယ္။

မည္ကဲ့သို႔ကုသရမည္နည္း။

ေသြးအတြင္းအဆီမ်ားျခင္းႏွင့္ ဆက္ႏြယ္ျဖစ္ေပၚေနပါက သက္ဆိုင္ရာ အထူးကုဆရာဝန္မ်ားႏွင့္ ျပသၿပီး

၁။ ေနထိုင္မႈပုံစံေျပာင္းလဲျခင္း

တစ္ရက္ကိုအနည္းဆုံးနာရီဝက္ခန႔္လမ္းေလွ်ာက္ျခင္း၊နီတဲ့အသား၊ကလီစာ၊ေထာပတ္၊စားအုန္းဆီ ၊ျပန္ေၾကာဆီေလွ်ာ့စားျခင္း၊အစိမ္းေရာင္ရွိေသာဟင္းသီးဟင္း႐ြက္မ်ား၊အမွ်င္မ်ားေသာသစ္သီးဝလံမ်ားစားသုံးေပးျခင္းႏွင့္ေဆးလိပ္၊အရက္၊ဘီယာျဖတ္ျခင္းတို႔ျပဳလုပ္သင့္ပါတယ္။

၂။ အဆီက်ေဆးေသာက္ျခင္း

Statins ေဆးကိုအမ်ားဆုံးသုံးတယ္။ ေဆးေၾကာင့္ ဗိုက္နာ၊ ေလပြ၊ ဗိုက္နာ၊ ဗိုက္ေအာင့္၊ ဝမ္းခ်ဳပ္၊ အသည္းထိခိုက္၊ ႂကြက္သားေတြနာ၊ အားယုတ္တာေတြ ျဖစ္ေစႏိုင္တယ္။

Fibrates ေဆးက Triglyceride က်ေစတယ္။ ဒီေဆးေၾကာင့္ ဝမ္းပ်က္၊ ဗိုက္နာ၊ သည္းေျခေက်ာက္တည္၊ ေသြးအားနည္း၊ ေသြးက်ဲေဆးေတြကိုပိုအားေပးတာေတြ ျဖစ္ေစႏိုင္တယ္။

- ေသြးအတြင္း အဆီမ်ားျခင္း၏ ေနာက္ဆက္တြဲ ေရာဂါမ်ားကို ထိေရာက္ေဆာလ်င္စြာ ကုသျခင္းတို႔ျဖင့္ က်န္းမာေပ်ာ္႐ႊင္ေသာ ဘဝကို ရရွိခံစားႏိုင္ၾကမည္ ျဖစ္ပါသည္။