【 အလှအပနှင့် ကျန်းမာရေး 】 Purple urine bag syndrome (ဆီးအရောင်ခရမ်းရောင်ဖြစ်ခြင်းအကြောင်း)

【  အလှအပနှင့် ကျန်းမာရေး  】 Purple urine bag syndrome (ဆီးအရောင်ခရမ်းရောင်ဖြစ်ခြင်းအကြောင်း)

ကျောက်ကပ်သည် ခန္ဓာကိုယ်မှ အညစ်အကြေးများစွန့်ထုတ်ပေးရာ သို့်  ရေသန့်စက်ကဲ့သို့ပင် ခန္ဓာကိုယ်၏ သွေးသန့်စင်စက်ရုံကြီး ပင်ဖြစ်ပါသည်။ခန္ဓာကိုယ်ထဲ၌ သွေးလည်ပတ်စီးဆင်းသည့်အခါ ကျောက်ကပ်က သွေးထဲမှ ရေနှင့် အညစ်အကြေးကို စစ်ထုတ်ပြီး ဆီးအိမ်သို့ ပို့ပေးသည်။ ဆီးသွားခြင်းသည် ခန္ဓာကိုယ်၏ အရေးကြီးသည့် လုပ်ဆောင်ချက်တစ်ခုပဲဖြစ်တယ်။ ဆီးသွားခြင်းဖြင့် ခန္ဓာကိုယ်မှာ ပိုလျှံ နေသည့် ရေနှင့် အညစ်အကြေး များကို စွန့်လွှတ်ပစ်သည်။ ဆီးအရောင်၊အနံ့ ၊အမြှုပ် ပါ/မပါ ကိုကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။

ဒီအပတ်ပြောပြမှာကတော့ ဆီးအရောင်ခရမ်းရောင်ဖြစ်ခြင်းအကြောင်း (Purple urine)ပြောပြမှာဖြစ်ပါတယ်။ Purple urine bag syndrome သည် တွေ့ရခဲသော ဆေးပညာအခြေအနေတစ်ရပ်ဖြစ်သည်။ အချို့သောဆီးပိုက်ထည့်ထားတဲ့လူနာတွေမှာ ဆီးပိုးဝင်တဲ့ အခါ ဆီးအိတ် (urine bag) ထဲမှာ ဆီးခရမ်းရောင်တွေ တွေ့ရခြင်းကိုခေါ်တယ်။

ဘာကြောင့်ဖြစ်တာလဲ?

ဆီးထဲမှာပါတဲ့ ဘက်တီးရီးယားပိုးအချို့က Indoxyl phosphatase လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးထုတ်သည်။ ထိုအင်ဇိုင်းသည် ဆီးထဲရှိ Indoxyl sulphate လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကို Indirubin နဲ့ Indigo လို့ခေါ်တဲ့ အနီရောင်နဲ့ အပြာရောင် အဖြစ်ပြောင်းလဲပေးသည်။ ထို့ကြောင့် ဆီးအရောင်မှာ ခရမ်းရောင်အဖြစ်ပြောင်းလဲသွားရခြင်းဖြစ်သည်။

Purple urine ကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကတော့-
-Pseudomonas aeruginosa
-Klebsiella pneumoniae
-Proteus mirabilis
-E.coli
-Morganella morganii
-Porvidencia stuartii နဲ့ rettgeri စတဲ့ ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်တယ်။

ဖြစ်စေတဲ့ အကြောင်းရင်း (Risk factors) တွေကတော့
၁)စောင့်ရှောက်ရေးဂေဟာမှာရှိတဲ့
အမျိုးသမီးတွေ (Nursing home residents),
၂)ဆီးထဲမှာ အယ်ကာလီဓါတ်များခြင်း(Alkaline urine)
၃)ဝမ်းချုပ်ခြင်း နဲ့
၄)Polyvinyl chloride catheter (Plastic ဆီးပိုက်) ထည့်ထားတဲ့ လူနာတွေဖြစ်တယ်။

 ဆီးပိုက်ထည့်ထားတဲ့ လူနာတွေရဲ့ ဆီးအိတ်ထဲမှာ ခရမ်းရောင် ပြောင်းနေတာကို သတိပြုမိတာကလွဲလို့ အခြားရောဂါလကဏာတွေ တွေ့ရလေ့မရှိပါဘူး။ ဆီးအရောင်ပြောင်းလို့ စိုးရိမ်တကြီးဖြစ်တတ်ကြပေမယ့်  Purple urine ဟာ ဆီးပိုးဝင်ခြင်းကြောင့်သာဖြစ်တဲ့ အခြေအနေတစ်ခုသာဖြစ်ပါတယ်။ ဆီး ပိုးမွေးစစ်ဆေးမှုတွေပြုလုပြ်ပီး ထိရောက်တဲ့ ပိုးသတ်ဆေးတွေကို ရက်အပြည့်ကုသခြင်းဖြင့် ပျောက်ကင်းပါသည်။

သို့သော် ဆီးလမ်းကြောင်းပိုးမကြာခဏဝင်ခြင်း ကိုကာကွယ်ရန် ဆီးပိုက်ထည့်ထားတဲ့လူနာတွေမှာ သေချာဂရုစိုက်သင့်ပါတယ်။
ဥပမာ Silicone Foley Catheter( Long-term indwelling catheter) အသုံးပြု ခြင်း၊ဆီးပိုက်ထည့်လျှင် Under aseptic condition
 ( sterile condition ) ပိုးမွှားသန်စင်သည့် အနေအထားဖြစ်ရခြင်း၊ ဆီးပိုက်ထည့်ရန်မလိုတော့လျှင်ဖြုတ်ပေးခြင်း၊ ရက်အကြာဆုံး ၁၅ ရက်သာထည့်ထားခြင်း၊ ရက်ကြာကြာထားရန်လိုအပ်လျှင်အသစ်လဲပေးခြင်း စသဖြင့်လုပ်ပေးရမယ်။

ကျန်းမာပျော်ရွှင်ကြပါစေ။

(  Zawgyi  )

 ေက်ာက္ကပ္သည္ ခႏၶာကိုယ္မွ အညစ္အေၾကးမ်ားစြန႔္ထုတ္ေပးရာ သို႔္  ေရသန႔္စက္ကဲ့သို႔ပင္ ခႏၶာကိုယ္၏ ေသြးသန႔္စင္စက္႐ုံႀကီး ပင္ျဖစ္ပါသည္။ခႏၶာကိုယ္ထဲ၌ ေသြးလည္ပတ္စီးဆင္းသည့္အခါ ေက်ာက္ကပ္က ေသြးထဲမွ ေရႏွင့္ အညစ္အေၾကးကို စစ္ထုတ္ၿပီး ဆီးအိမ္သို႔ ပို႔ေပးသည္။ ဆီးသြားျခင္းသည္ ခႏၶာကိုယ္၏ အေရးႀကီးသည့္ လုပ္ေဆာင္ခ်က္တစ္ခုပဲျဖစ္တယ္။ ဆီးသြားျခင္းျဖင့္ ခႏၶာကိုယ္မွာ ပိုလွ်ံ ေနသည့္ ေရႏွင့္ အညစ္အေၾကး မ်ားကို စြန႔္လႊတ္ပစ္သည္။ ဆီးအေရာင္၊အနံ႔ ၊အျမႇဳပ္ ပါ/မပါ ကိုၾကည့္ၿပီး လူတစ္ေယာက္ရဲ႕ က်န္းမာေရး အေျခအေနကို အၾကမ္းဖ်ဥ္း ခန႔္မွန္းႏိုင္ပါတယ္။

ဒီအပတ္ေျပာျပမွာကေတာ့ ဆီးအေရာင္ခရမ္းေရာင္ျဖစ္ျခင္းအေၾကာင္း (Purple urine)ေျပာျပမွာျဖစ္ပါတယ္။ Purple urine bag syndrome သည္ ေတြ႕ရခဲေသာ ေဆးပညာအေျခအေနတစ္ရပ္ျဖစ္သည္။ အခ်ိဳ႕ေသာဆီးပိုက္ထည့္ထားတဲ့လူနာေတြမွာ ဆီးပိုးဝင္တဲ့ အခါ ဆီးအိတ္ (urine bag) ထဲမွာ ဆီးခရမ္းေရာင္ေတြ ေတြ႕ရျခင္းကိုေခၚတယ္။

ဘာေၾကာင့္ျဖစ္တာလဲ?

ဆီးထဲမွာပါတဲ့ ဘက္တီးရီးယားပိုးအခ်ိဳ႕က Indoxyl phosphatase လို႔ေခၚတဲ့ အင္ဇိုင္းတစ္မ်ိဳးထုတ္သည္။ ထိုအင္ဇိုင္းသည္ ဆီးထဲရွိ Indoxyl sulphate လို႔ေခၚတဲ့ ဓါတ္တစ္မ်ိဳးကို Indirubin နဲ႔ Indigo လို႔ေခၚတဲ့ အနီေရာင္နဲ႔ အျပာေရာင္ အျဖစ္ေျပာင္းလဲေပးသည္။ ထို႔ေၾကာင့္ ဆီးအေရာင္မွာ ခရမ္းေရာင္အျဖစ္ေျပာင္းလဲသြားရျခင္းျဖစ္သည္။

Purple urine ကို ျဖစ္ေစတဲ့ ဘက္တီးရီးယားပိုးေတြကေတာ့-
-Pseudomonas aeruginosa
-Klebsiella pneumoniae
-Proteus mirabilis
-E.coli
-Morganella morganii
-Porvidencia stuartii နဲ႔ rettgeri စတဲ့ ဘက္တီးရီးယားပိုးေတြေၾကာင့္ျဖစ္တယ္။

ျဖစ္ေစတဲ့ အေၾကာင္းရင္း (Risk factors) ေတြကေတာ့
၁)ေစာင့္ေရွာက္ေရးေဂဟာမွာရွိတဲ့
အမ်ိဳးသမီးေတြ (Nursing home residents),
၂)ဆီးထဲမွာ အယ္ကာလီဓါတ္မ်ားျခင္း(Alkaline urine)
၃)ဝမ္းခ်ဳပ္ျခင္း နဲ႔
၄)Polyvinyl chloride catheter (Plastic ဆီးပိုက္) ထည့္ထားတဲ့ လူနာေတြျဖစ္တယ္။

 ဆီးပိုက္ထည့္ထားတဲ့ လူနာေတြရဲ႕ ဆီးအိတ္ထဲမွာ ခရမ္းေရာင္ ေျပာင္းေနတာကို သတိျပဳမိတာကလြဲလို႔ အျခားေရာဂါလကဏာေတြ ေတြ႕ရေလ့မရွိပါဘူး။ ဆီးအေရာင္ေျပာင္းလို႔ စိုးရိမ္တႀကီးျဖစ္တတ္ၾကေပမယ့္  Purple urine ဟာ ဆီးပိုးဝင္ျခင္းေၾကာင့္သာျဖစ္တဲ့ အေျခအေနတစ္ခုသာျဖစ္ပါတယ္။ ဆီး ပိုးေမြးစစ္ေဆးမႈေတြျပဳလုျပ္ပီး ထိေရာက္တဲ့ ပိုးသတ္ေဆးေတြကို ရက္အျပည့္ကုသျခင္းျဖင့္ ေပ်ာက္ကင္းပါသည္။

သို႔ေသာ္ ဆီးလမ္းေၾကာင္းပိုးမၾကာခဏဝင္ျခင္း ကိုကာကြယ္ရန္ ဆီးပိုက္ထည့္ထားတဲ့လူနာေတြမွာ ေသခ်ာဂ႐ုစိုက္သင့္ပါတယ္။
ဥပမာ Silicone Foley Catheter( Long-term indwelling catheter) အသုံးျပဳ ျခင္း၊ဆီးပိုက္ထည့္လွ်င္ Under aseptic condition ( sterile condition ) ပိုးမႊားသန္စင္သည့္ အေနအထားျဖစ္ရျခင္း၊ ဆီးပိုက္ထည့္ရန္မလိုေတာ့လွ်င္ျဖဳတ္ေပးျခင္း၊ ရက္အၾကာဆုံး ၁၅ ရက္သာထည့္ထားျခင္း၊ ရက္ၾကာၾကာထားရန္လိုအပ္လွ်င္အသစ္လဲေပးျခင္း စသျဖင့္လုပ္ေပးရမယ္။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။