【 အလှအပနှင့် ကျန်းမာရေး 】Peptic Ulcer, PU (အစာအိမ် နှင့် အူသိမ်အနာဖြစ်ခြင်း) အကြောင်းသိကောင်းစရာ

【 အလှအပနှင့် ကျန်းမာရေး 】Peptic Ulcer, PU (အစာအိမ် နှင့် အူသိမ်အနာဖြစ်ခြင်း) အကြောင်းသိကောင်းစရာ

Peptic ulcer ဆိုတာ အစာအိမ် (Stomach) နဲ့ အူသိမ် (Duodenum) ရဲ့ အတွင်းဘက်နံရံဖြစ်တဲ့ mucosa lining တစ်လျှောက်မှာ အနာဖြစ်ခြင်းကို ခေါ်တာပါ။ အစာအိမ်နံရံမှာ ဖြစ်တဲ့အနာကိုတော့ Gastric ulcer (GU) လို့ခေါ်ပီး အူသိမ်နံရံမှာ ဖြစ်ရင်တော့ Duodenal ulcer (DU) လို့ခေါ်ပါတယ်။

PU ဖြစ်ရခြင်း အကြောင်းရင်းများ
Peptic ulcer ဖြစ်ရခြင်းကတော့ အစာအိမ်ထဲမှာ အက်ဆစ်အထွက်များနေခြင်း ကြောင့်လို့သာ ယခင်က သိထားကြတာပါ။ ၂၀ ရာစုနောက်ပိုင်းမှာတော့ Peptic ulcer ဖြစ်ရခြင်းရဲ့  အရေးပါတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တဲ့ H.pylori ဆိုတဲ့ အစာအိမ်ပိုးကို Barry Marshall နဲ့ Robin Warren တို့က ရှာတွေ့ခဲ့ကြပါတယ်။ DU လို့ခေါ်တဲ့ အူသိမ်အနာတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်နဲ့ GU လို့ခေါ်တဲ့ အစာအိမ်အနာတွေရဲ့ ၇၀ရါခိုင်နှုန်းလောက်က ဒီပိုးကြောင့် ဖြစ်ရတာပါ။ ဒီလို ရှာတွေ့ခဲ့တဲ့အတွက် နိုဘယ်ဆုတောင် ချီးမြှင့်ခံရပါသေးတယ်။

1.H.pylori
H.pylori ဆိုတာကတော့ အစာအိမ်နံရံတလျှောက် mucus layer လို့ခေါ်တဲ့ အချွဲအလွှာလေး အောက်မှာ နေနိုင်တဲ့ ဘက်တီးရီးယားပိုးတမျိုးပါ။ သူ့မှာ ရွေ့လျားနိုင်တဲ့ flagella လို့ခေါ်တဲ့ အတက်လေးတွေပါပါတယ်။ ဒါ့အပြင် ဒီဘက်တီးရီးယားပိုးက Urease လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ထုတ်ပါသေးတယ်။ ဒီအင်ဇိုင်းက urea ကနေ အမိုးနီးယားအဖြစ်ပြောင်းပေးနိုင်ပြီး ဒီဘက်တီးရီးယားပိုးပတ်ပတ်လည်မှာရှိတဲ့ pH ကိုမြှင့်ပေးပါတယ်။ ဒီလိုနည်းနဲ့ ဒီအကောင်လေးက အက်ဆစ်ဓါတ်များလွန်းတဲ့ အစာအိမ်ထဲမှာတောင် နေနိုင်ပီး အစာအိမ်နံရံရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ ဒီပိုးလေးက gastric type epithelium ဖြစ်တဲ့ အစာအိမ်မှာမှာပဲ နေတာပါ။ သို့ပေမယ့် အက်ဆစ်ထွက်တာများလွန်းခြင်းကြောင့် အူသိပမ်အဝ နံရံတွေဟာ gastric metaplasia အစာအိမ်နံရံကဲ့သို့ဖြစ်လာရင် ဒီအကောင်လေးဟာ အူသိမ်မှာပါရှိနိုင်ပါတယ်။ ဒီနည်းနဲ့ H.pylori ဟာ GU နဲ့ DU ကိုဖြစ်စေတာပါပဲ။

2.NSAIDs
အကိုက်အခဲ ပျောက်ဆေးတွေသုံးစွဲခြင်းကလည်း အစာအိမ်နဲ့ အူသိမ်နံရံကို အကာအကွယ်ပေးနေတဲ့ mucin, bicarbonate စတဲ့ mucosal defence ကိုကျစေခြင်းဖြင့် Peptic ulcer ဖြစ်စေတာပါ။ Peptic ulcer တွေရဲ့ ၃၀ရါခိုင်နှုန်းလောက်က အကိုက်အခဲပျောက်ဆေးတွေကြောင့်ပါ။

3.Smoking
ဆေးလိပ်သောက်ခြင်းက အစာအိမ်အနာ (GU) ကိုဖြစ်စေပြီး အူသိမ်အနာ (DU) ဖြစ်ခြင်းနဲ့လည်း အနည်းငယ် ဆက်စပ်မှုရှိပါတယ်။

4.Blood group
အိုသွေး အုပ်စု သမားတွေက အူသိမ်အနာ (DU) ဖြစ်နိုင်ချေပိုများပါတယ်။

5.Others.
ပူစပ်တဲ့ အစားအသောက်တွေနဲ့ စိတ်ဖိစီးမှုများခြင်းကလည်း Peptic ulcer ဖြစ်ခြင်ူနှငိ့ ဆပ်စပ်မှုရှိပါတယ်။

ရောဂါလက္ခဏာများ
(၁)မကြာခဏ ဗိုက်အောင့်ခြင်း
(ရင်ခေါင်းနေရာမှာ အောင့်ခြင်း၊ အစာစားခြင်းနှင့် ဆက်စပ်မှုရှိခြင်း (ဥပမါ-အစာမရှိတဲ့အချိန် ပိုအောင့်တတ်ခြင်း အစားဟားလိုက်ရင် သက်သာခြင်း)
(၂)အစာမကြေဖြစ်ခြင်း
(၃)ရင်ပူခြင်း
(၄)ပျို့အန်ခြင်း
(အချို့သော သူတွေမှာ တခါတရံ ပျို့အန်ခြင်းနဲ့ လာတတ်ပြီး တောက်လျှောက်ဖြစ်နေရင်တော့ Gastric outlet obstruction (GOO) လို့ခေါ်တဲ့ အစာအိမ်ထွက်ပေါက်ပိတ်ခြင်း ကြောင့်ဖြစ်နိုင်ပါတယ်)
(၄)ကိုယ်အလေးချိန်ကျခြင်း

နောက်ဆက်တွဲ ဆိုးကျိုးများ
1.Perforation
အနာဖြစ်ရာက အစာအိမ် သို့မဟုတ် အူသိမ်နံရံ ပေါက်ထွက်သွားရင်တော့ ရုတ်တရက်ပြင်းထန်စွာ ဗိုက်အောင့်ခြင်း ပိုးဝင်ခြင်း သွေးပေါင်ထိုးကျခြင်း သွေးအန်ခြင်း ဝမ်းမည်းမည်းသွားခြင်း စတဲ့လက္ခဏာတွေနဲ့ တွေ့ရမှာပါ။

2.Bleeding
အနာက တစိမ့်စိမ့်နဲ့ သွေးထွက်နေရင်တော့ သွေးအားနည်းတာနဲ့ လာမှာဖြစ်ပီး အသက်ကြီးတဲ့ သူတွေနဲ့ အကိုက်အခဲပျောက်ဆေး ရေရှည်သုံးစွဲသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ရုတ်တရက် သွေးထွက်ခြင်း ပေါက်ထွက်ခြင်း ဖြစ်ရင်တော့ သွေးအန်ခြင်း ဝမ်းမည်းမည်းသွားခြင်း စတဲ့ လက္ခဏာတွေ တွေ့ရမှာပါ။

3.Obstruction
အနာက အစာအိမ် ထွက်ပေါက်အဝနားမှာ ရှိနေရင်တော့ GOO လို့ခေါ်တဲ့ အစာအိမ်လမ်းကြောင်းပိတ်တဲ့ လက္ခဏာတွေဖြစ်တဲ့
အစာစားတာနဲ့ ပြန်အန်ထွက်ခြင်း သိသိသာသာ ပိန်သွားခြင်း ရေဓါတ်ခမ်းခြောက်ခြင်း အစာမဝင်တော့ခြင်း စတဲ့ လက္ခဏာတွေနဲ့ တွေ့ရမှာပါ။

ရောဂါရှာဖွေခြင်း
အပေါ်မှာ ပြောတဲ့ လက္ခဏာတွေ သတိပြုမိရင်တော့ သက်ဆိုင်ရာ ဆရာဝန်နှငိ့ပြသပီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ရမှာပါ။
(၁)အစာအိမ်မှန်ပြောင်းကြည့်ခြင်း (OGDS)
အစာအိမ်မှန်ပြောင်းကြည့်ပြီး အနာမှ အသားစယူစစ်ဆေးခြင်း ပြုလုပ်သင့်ပါတယ် (အချို့သော အစာအိမ်အနာတွေက ကင်ဆာဖြစ်နိုင်ချေရှိလို့ပါ)

(၂) အစာအိမ်ပိုး ရှိ/မရှိ စစ်ဆေးခြင်း
H.pylori လို့ခေါ်တဲ့ အစာအိမ်ပိုး ရှိ/မရှိ စစ်ဆေးလို့ရတဲ့ နည်းလမ်းများစွာ ရှိပါတယ်။ အစာအိမ်မှန်ပြောင်းက အသားစယူရင်း စစ်လို့ရသလို သွေးဖောက်စစ်ဆေးခြင်း ဝမ်းမှစစ်ဆေးခြင်း စတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ ယခုနောက်ပိုင်း အသုံးများလာတာကတော့ Urea breadth test ပါ။ Isotope labelled တပ်ထားတဲ့ urea ပါတဲ့ အရည်လေးကိုသောက်ခိုင်းပီး 10-30mins အကြာမှာ ရှူထုတ်လိုက်တဲ့ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို စက်ဖြင့် တိုင်းတာခြင်းပါ။

ကုသခြင်း
1.H.pylori Eradication
Peptic ulcer ဖြစ်ရခြင်း အဓိက အကြောင်းရင်းက H.pylori အစာအိမ်ပိုးကြောင့်ဖြစ်တာမို့ ဒီပိုးသေအောင် ပိုးသတ်ဆေးပေးကုဖို့ လိုပါတယ်။ ဒါ့အပြင် H.pylori Eradication လုပ်ခြင်းက gastric lymphoma လို့ခေါ်တဲ့ ကင်ဆာဖြစ်ခြင်းကိုတောင်ပျောက်ကင်းစေပါတယ်။ အက်ဆစ်နည်းစေတဲ့ ဆေးတစ်မျိုး PPI နဲ့ ပိုးသတ်ဆေး နှစ်မျိုး (Amoxicillin and Clarithromycin or metronidazole) တွဲပီး တစ်ပတ်ပေးလေ့ရှိပါတယ်။ ယခုနောက်ပိုင်း အဆင်သင့်သောက်လို့ရတဲ့ H.pylori treatment kit လေးတွေလည်း ရနိုင်ပါတယ်။

2.PPIs
အစာအိမ်နဲ့ အူသိမ်အနာဖြစ်ရခြင်းက အက်ဆစ်ဓါတ်များခြင်းကြောင့် ဖြစ်လို့ အက်ဆစ်ဓါတ်နည်းစေတဲ့ PPIs ဆေးတွေဖြစ်တဲ့ Lansoprazole, Omeprazole စတဲ့ဆေးတွေ လိုပါတယ်။ ဒါ့အပြင် အကိုက်အခဲပျောက်ဆေး သောက်နေရင် ချက်ချင်းရပ်ပစ်ရမှာဖြစ်ပီးဆေးလိပ်ဖြတ်ဖို့လည်း လိုပါတယ်။

3.ခွဲစိတ်ကုသခြင်း
အနာ ပေါက်ထွက်ခြင်း (Perforation) သွေးထွက်ခြင်း (Bleeding) အစာအိမ်ထွက်ပေါက်လမ်းကြောင်း ပိတိခြင်း (GOO) စတဲ့ လက္ခဏာတွေ ရှိလာရင်တော့ အရေးပေါ်ခွဲစိတ်ကုသဖို့လိုမှာပါ။

ကျန်းမာပျော်ရွှင်ကြပါစေ။
ဇီဝက ( ဆေး - ၁ )
 
(  Zawgyi  )
 
 Peptic ulcer ဆိုတာ အစာအိမ္ (Stomach) နဲ႔ အူသိမ္ (Duodenum) ရဲ႕ အတြင္းဘက္နံရံျဖစ္တဲ့ mucosa lining တစ္ေလွ်ာက္မွာ အနာျဖစ္ျခင္းကို ေခၚတာပါ။ အစာအိမ္နံရံမွာ ျဖစ္တဲ့အနာကိုေတာ့ Gastric ulcer (GU) လို႔ေခၚပီး အူသိမ္နံရံမွာ ျဖစ္ရင္ေတာ့ Duodenal ulcer (DU) လို႔ေခၚပါတယ္။

PU ျဖစ္ရျခင္း အေၾကာင္းရင္းမ်ား
Peptic ulcer ျဖစ္ရျခင္းကေတာ့ အစာအိမ္ထဲမွာ အက္ဆစ္အထြက္မ်ားေနျခင္း ေၾကာင့္လို႔သာ ယခင္က သိထားၾကတာပါ။ ၂၀ ရာစုေနာက္ပိုင္းမွာေတာ့ Peptic ulcer ျဖစ္ရျခင္းရဲ႕  အေရးပါတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္တဲ့ H.pylori ဆိုတဲ့ အစာအိမ္ပိုးကို Barry Marshall နဲ႔ Robin Warren တို႔က ရွာေတြ႕ခဲ့ၾကပါတယ္။ DU လို႔ေခၚတဲ့ အူသိမ္အနာေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္နဲ႔ GU လို႔ေခၚတဲ့ အစာအိမ္အနာေတြရဲ႕ ၇၀ရါခိုင္ႏႈန္းေလာက္က ဒီပိုးေၾကာင့္ ျဖစ္ရတာပါ။ ဒီလို ရွာေတြ႕ခဲ့တဲ့အတြက္ ႏိုဘယ္ဆုေတာင္ ခ်ီးျမႇင့္ခံရပါေသးတယ္။

1.H.pylori
H.pylori ဆိုတာကေတာ့ အစာအိမ္နံရံတေလွ်ာက္ mucus layer လို႔ေခၚတဲ့ အခြၽဲအလႊာေလး ေအာက္မွာ ေနႏိုင္တဲ့ ဘက္တီးရီးယားပိုးတမ်ိဳးပါ။ သူ႔မွာ ေ႐ြ႕လ်ားႏိုင္တဲ့ flagella လို႔ေခၚတဲ့ အတက္ေလးေတြပါပါတယ္။ ဒါ့အျပင္ ဒီဘက္တီးရီးယားပိုးက Urease လို႔ေခၚတဲ့ အင္ဇိုင္းတစ္မ်ိဳး ထုတ္ပါေသးတယ္။ ဒီအင္ဇိုင္းက urea ကေန အမိုးနီးယားအျဖစ္ေျပာင္းေပးႏိုင္ၿပီး ဒီဘက္တီးရီးယားပိုးပတ္ပတ္လည္မွာရွိတဲ့ pH ကိုျမႇင့္ေပးပါတယ္။ ဒီလိုနည္းနဲ႔ ဒီအေကာင္ေလးက အက္ဆစ္ဓါတ္မ်ားလြန္းတဲ့ အစာအိမ္ထဲမွာေတာင္ ေနႏိုင္ပီး အစာအိမ္နံရံေရာင္ရမ္းျခင္းကို ျဖစ္ေစပါတယ္။ ဒီပိုးေလးက gastric type epithelium ျဖစ္တဲ့ အစာအိမ္မွာမွာပဲ ေနတာပါ။ သို႔ေပမယ့္ အက္ဆစ္ထြက္တာမ်ားလြန္းျခင္းေၾကာင့္ အူသိပမ္အဝ နံရံေတြဟာ gastric metaplasia အစာအိမ္နံရံကဲ့သို႔ျဖစ္လာရင္ ဒီအေကာင္ေလးဟာ အူသိမ္မွာပါရွိႏိုင္ပါတယ္။ ဒီနည္းနဲ႔ H.pylori ဟာ GU နဲ႔ DU ကိုျဖစ္ေစတာပါပဲ။

2.NSAIDs
အကိုက္အခဲ ေပ်ာက္ေဆးေတြသုံးစြဲျခင္းကလည္း အစာအိမ္နဲ႔ အူသိမ္နံရံကို အကာအကြယ္ေပးေနတဲ့ mucin, bicarbonate စတဲ့ mucosal defence ကိုက်ေစျခင္းျဖင့္ Peptic ulcer ျဖစ္ေစတာပါ။ Peptic ulcer ေတြရဲ႕ ၃၀ရါခိုင္ႏႈန္းေလာက္က အကိုက္အခဲေပ်ာက္ေဆးေတြေၾကာင့္ပါ။

3.Smoking
ေဆးလိပ္ေသာက္ျခင္းက အစာအိမ္အနာ (GU) ကိုျဖစ္ေစၿပီး အူသိမ္အနာ (DU) ျဖစ္ျခင္းနဲ႔လည္း အနည္းငယ္ ဆက္စပ္မႈရွိပါတယ္။

4.Blood group
အိုေသြး အုပ္စု သမားေတြက အူသိမ္အနာ (DU) ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္။

5.Others.
ပူစပ္တဲ့ အစားအေသာက္ေတြနဲ႔ စိတ္ဖိစီးမႈမ်ားျခင္းကလည္း Peptic ulcer ျဖစ္ျခင္ူႏွငိ့ ဆပ္စပ္မႈရွိပါတယ္။

ေရာဂါလကၡဏာမ်ား
(၁)မၾကာခဏ ဗိုက္ေအာင့္ျခင္း
(ရင္ေခါင္းေနရာမွာ ေအာင့္ျခင္း၊ အစာစားျခင္းႏွင့္ ဆက္စပ္မႈရွိျခင္း (ဥပမါ-အစာမရွိတဲ့အခ်ိန္ ပိုေအာင့္တတ္ျခင္း အစားဟားလိုက္ရင္ သက္သာျခင္း)
(၂)အစာမေၾကျဖစ္ျခင္း
(၃)ရင္ပူျခင္း
(၄)ပ်ိဳ႕အန္ျခင္း
(အခ်ိဳ႕ေသာ သူေတြမွာ တခါတရံ ပ်ိဳ႕အန္ျခင္းနဲ႔ လာတတ္ၿပီး ေတာက္ေလွ်ာက္ျဖစ္ေနရင္ေတာ့ Gastric outlet obstruction (GOO) လို႔ေခၚတဲ့ အစာအိမ္ထြက္ေပါက္ပိတ္ျခင္း ေၾကာင့္ျဖစ္ႏိုင္ပါတယ္)
(၄)ကိုယ္အေလးခ်ိန္က်ျခင္း

ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ား
1.Perforation
အနာျဖစ္ရာက အစာအိမ္ သို႔မဟုတ္ အူသိမ္နံရံ ေပါက္ထြက္သြားရင္ေတာ့ ႐ုတ္တရက္ျပင္းထန္စြာ ဗိုက္ေအာင့္ျခင္း ပိုးဝင္ျခင္း ေသြးေပါင္ထိုးက်ျခင္း ေသြးအန္ျခင္း ဝမ္းမည္းမည္းသြားျခင္း စတဲ့လကၡဏာေတြနဲ႔ ေတြ႕ရမွာပါ။

2.Bleeding
အနာက တစိမ့္စိမ့္နဲ႔ ေသြးထြက္ေနရင္ေတာ့ ေသြးအားနည္းတာနဲ႔ လာမွာျဖစ္ပီး အသက္ႀကီးတဲ့ သူေတြနဲ႔ အကိုက္အခဲေပ်ာက္ေဆး ေရရွည္သုံးစြဲသူေတြမွာ ပိုေတြ႕ရတတ္ပါတယ္။ ႐ုတ္တရက္ ေသြးထြက္ျခင္း ေပါက္ထြက္ျခင္း ျဖစ္ရင္ေတာ့ ေသြးအန္ျခင္း ဝမ္းမည္းမည္းသြားျခင္း စတဲ့ လကၡဏာေတြ ေတြ႕ရမွာပါ။

3.Obstruction
အနာက အစာအိမ္ ထြက္ေပါက္အဝနားမွာ ရွိေနရင္ေတာ့ GOO လို႔ေခၚတဲ့ အစာအိမ္လမ္းေၾကာင္းပိတ္တဲ့ လကၡဏာေတြျဖစ္တဲ့
အစာစားတာနဲ႔ ျပန္အန္ထြက္ျခင္း သိသိသာသာ ပိန္သြားျခင္း ေရဓါတ္ခမ္းေျခာက္ျခင္း အစာမဝင္ေတာ့ျခင္း စတဲ့ လကၡဏာေတြနဲ႔ ေတြ႕ရမွာပါ။

ေရာဂါရွာေဖြျခင္း
အေပၚမွာ ေျပာတဲ့ လကၡဏာေတြ သတိျပဳမိရင္ေတာ့ သက္ဆိုင္ရာ ဆရာဝန္ႏွငိ့ျပသပီး လိုအပ္တဲ့ စစ္ေဆးမႈေတြျပဳလုပ္ရမွာပါ။
(၁)အစာအိမ္မွန္ေျပာင္းၾကည့္ျခင္း (OGDS)
အစာအိမ္မွန္ေျပာင္းၾကည့္ၿပီး အနာမွ အသားစယူစစ္ေဆးျခင္း ျပဳလုပ္သင့္ပါတယ္ (အခ်ိဳ႕ေသာ အစာအိမ္အနာေတြက ကင္ဆာျဖစ္ႏိုင္ေခ်ရွိလို႔ပါ)

(၂) အစာအိမ္ပိုး ရွိ/မရွိ စစ္ေဆးျခင္း
H.pylori လို႔ေခၚတဲ့ အစာအိမ္ပိုး ရွိ/မရွိ စစ္ေဆးလို႔ရတဲ့ နည္းလမ္းမ်ားစြာ ရွိပါတယ္။ အစာအိမ္မွန္ေျပာင္းက အသားစယူရင္း စစ္လို႔ရသလို ေသြးေဖာက္စစ္ေဆးျခင္း ဝမ္းမွစစ္ေဆးျခင္း စတဲ့နည္းလမ္းေတြလည္း ရွိပါတယ္။ ယခုေနာက္ပိုင္း အသုံးမ်ားလာတာကေတာ့ Urea breadth test ပါ။ Isotope labelled တပ္ထားတဲ့ urea ပါတဲ့ အရည္ေလးကိုေသာက္ခိုင္းပီး 10-30mins အၾကာမွာ ရႉထုတ္လိုက္တဲ့ ေလထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ပမာဏကို စက္ျဖင့္ တိုင္းတာျခင္းပါ။

ကုသျခင္း
1.H.pylori Eradication
Peptic ulcer ျဖစ္ရျခင္း အဓိက အေၾကာင္းရင္းက H.pylori အစာအိမ္ပိုးေၾကာင့္ျဖစ္တာမို႔ ဒီပိုးေသေအာင္ ပိုးသတ္ေဆးေပးကုဖို႔ လိုပါတယ္။ ဒါ့အျပင္ H.pylori Eradication လုပ္ျခင္းက gastric lymphoma လို႔ေခၚတဲ့ ကင္ဆာျဖစ္ျခင္းကိုေတာင္ေပ်ာက္ကင္းေစပါတယ္။ အက္ဆစ္နည္းေစတဲ့ ေဆးတစ္မ်ိဳး PPI နဲ႔ ပိုးသတ္ေဆး ႏွစ္မ်ိဳး (Amoxicillin and Clarithromycin or metronidazole) တြဲပီး တစ္ပတ္ေပးေလ့ရွိပါတယ္။ ယခုေနာက္ပိုင္း အဆင္သင့္ေသာက္လို႔ရတဲ့ H.pylori treatment kit ေလးေတြလည္း ရႏိုင္ပါတယ္။

2.PPIs
အစာအိမ္နဲ႔ အူသိမ္အနာျဖစ္ရျခင္းက အက္ဆစ္ဓါတ္မ်ားျခင္းေၾကာင့္ ျဖစ္လို႔ အက္ဆစ္ဓါတ္နည္းေစတဲ့ PPIs ေဆးေတြျဖစ္တဲ့ Lansoprazole, Omeprazole စတဲ့ေဆးေတြ လိုပါတယ္။ ဒါ့အျပင္ အကိုက္အခဲေပ်ာက္ေဆး ေသာက္ေနရင္ ခ်က္ခ်င္းရပ္ပစ္ရမွာျဖစ္ပီးေဆးလိပ္ျဖတ္ဖို႔လည္း လိုပါတယ္။

3.ခြဲစိတ္ကုသျခင္း
အနာ ေပါက္ထြက္ျခင္း (Perforation) ေသြးထြက္ျခင္း (Bleeding) အစာအိမ္ထြက္ေပါက္လမ္းေၾကာင္း ပိတိျခင္း (GOO) စတဲ့ လကၡဏာေတြ ရွိလာရင္ေတာ့ အေရးေပၚခြဲစိတ္ကုသဖို႔လိုမွာပါ။

က်န္းမာေပ်ာ္႐ႊင္ၾကပါေစ။
ဇီဝက ( ေဆး - ၁ )