Nicotine ဆိုးကျိုးများ သိကောင်းစရာ

 နစ်ကိုတင်း (Nicotine) - အရောင်အဆင်းမရှိတဲ့ အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီး သောက်သုံးသူကို စိတ်ကျေနပ်မှုနဲ့ စွဲလမ်းမှု (addition) ကိုဖြစ်စေပါတယ်။
ဆေးလိပ်ကိုစွဲလမ်းစေတဲ့ အရေးပါဆုံး ပစ္စည်းဖြစ်ပါတယ်။ 
 
နစ်ကိုတင်းဆိုတာ ဆေးရွက်ကြီးမှာပါဝင်တဲ့ အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီး
ဆေးလိပ်မီးခိုးနဲ့အတူ ရှူသွင်းလိုက်ရင် အဆုတ်ကနေတစ်ဆင့် သွေးထဲကိုစက္ကန့်ပိုင်းအတွင်းမှာရောက်သွားပါတယ်။သွေးကနေတစ်ဆင့် ဦးနှောက်ကိုရောက်ပါတယ်။
ဦးနှောက်ထဲမှာရှိတဲ့ Acetylcholine receptor မှာသွားပြီး ပေါင်းကပ်လိုက်တဲ့အတွက် ဦးနှောက်ထဲမှာ လှုံ့ဆော်မှုတွေဖြစ်ပေါ်စေပြီး ဟိုမုန်းနှစ်မျိုးထုတ်စေပါတယ် ။
တစ်ခုက Dopamine  ဖြစ်ပြီး
နောက်တစ်ခုက Noradrenaline ဖြစ်ပါတယ်။Dopamine ကြောင့် လူဟာနေရထိုင်ရတာ ပိုကောင်းပြီး စိတ်ကိုရွှင်လန်းစေပါတယ် ။ ဒါ့ကြောင့် အဲ့ဒီအရသာကို စွဲလန်းသွားတာဖြစ်ပါတယ် ။
ဆေးလိပ်သောက်လေလေ Dopamine ပိုထွက်လေ ပိုပြီးစွဲလေဖြစ်ပါတယ် ။ Dopamine receptor တွေ ပိုများလာလေ နစ်ကိုတင်းက  ပိုလိုလေဖြစ်လာပါတယ် ။
ဥပမာ ဆေးလိပ်တစ်လိပ်သောက်လို့ Receptor တစ်ခုဆိုရင် Receptor နှစ်ခုရှိလာရင် ဆေးလိပ်နှစ်လိပ်သောက်ဖို့ တောင်းဆိုပါတယ် ။
Receptor ၁၀ ခုရှိလာရင် ဆေးလိပ် ၁၀ လိပ်မှာ ပါတဲ့ နစ်ကိုတင်းကိုရမှ လူကနေသာထိုင်သာရှိလာပါမယ် ။ အဲ့ဒီလိုနဲ့ ဆေးလိပ်သောက်တဲ့သူတွေရဲ့ အရေအတွက်ဟာ
တဖြည်းဖြည်းတိုးလာခြင်းဖြစ်ပါတယ် ။ အဲ့ဒီလိုတိုးလာလေလေ Noradrenaline တွေ ပိုထွက်လေလေ၊ သူ့ကြောင့်ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးတွေ ပိုများလေလေ၊
အခြားဓာတ်ပစ္စည်းတွေကြောင့် ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးတွေ ပိုများလေလေဖြစ်ပါတယ် ။
 
Noradrenaline -အဓိကအနေနဲ့ သွေးကြောတွေကျဉ်းစေတဲ့ အာနိသင်ဖြစ်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ 
သွေးကြောတွေကျဉ်းကုန်လို့ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်စေပါတယ် ။အဲ့ဒီအခါမှာ နှလုံးကို အောက်ဆီဂျင်ကောင်းကောင်းမရတော့ နှလုံးခုန်မြန်တာ၊
နှလုံးခုန်မမှန်တာ၊ နှလုံးသွေးကြောပိတ်လို့  Heart attack ရတာတွေ ဖြစ်နိုင်ပါတယ်။
ဦးနှောက်သွေးကြောပိတ်ရင် လေဖြတ်တာ (Stroke) ဖြစ်ပါမယ်။လက်ဖျားလေးတွေကိုသွားတဲ့ သွေးကြောတွေ ကျဉ်းကုန်လို့ ဖြူဖွေးသွားတာ၊ မဲသွားတာ၊ပုပ်သွားတာတွေဖြစ်တတ်ပါတယ်။
ခြေထောက်ကိုသွားတဲ့ သွေးကြောတွေကျဉ်းတော့ ကြွက်သားတွေမှာ
အောက်ဆီဂျင် လျော့နည်းသွားလို့ လမ်းလျှောက်ရင် ခြေသလုံးကြွက်သားတွေ နာတာဖြစ်တတ်ပါတယ်။ခြေထောက်မှာရှိတဲ့ သွေးကြောတွေ ပိတ်သွားရင်တော့
ခြေထောက်ပုပ်သွားလို့ဖြတ်ရတဲ့အခြေအနေထိ ဖြစ်တတ်ပါတယ်။ ဒါတွေရဲ့ အဓိကတရားခံကတော့
ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်းကြောင့်ဖြစ်ပါတယ်။
 
 နစ်ကိုတင်းဟာ နှလုံးနဲ့သွေးကြောတွေကိုအဓိကထိရုံမကဘဲ ကျန်တဲ့အစိတ်အပိုင်းတွေကိုလည်းထိခိုက်စေပါတယ်။ အဲ့ဒီထဲကအချို့ကိုဖော်ပြရင် -
 
(၁) အဆုတ်ရောဂါအမျိုးမျိုးဖြစ်စေပါတယ်။နစ်ကိုတင်းဟာအဆုတ်ကိုထိခိုက်စေတဲ့နည်းလမ်း နှစ်ခုရှိပါတယ်။
ပထမနည်းလမ်းကတော့ အဆုတ်မှာရှိတဲ့ 
လေအိတ်လေးတွေကို ဖောင်းခြင်း ကျုံ့ခြင်းဖြစ်စေတဲ့ (elastin) လို့ခေါ်တဲ့ ဆဲလ်လေးတွေကို ပျက်စီးစေပါတယ်။ဒါကြောင့် လေကိုရှူသွင်းလိုက်တဲ့အခါ
ပူပေါင်းလိုဖောင်းမလာတော့ဘဲ တင်းပြီးပေါက်သွားပါတယ်။ဒါ့ကြောင့် လေအိတ်ကလေးတွေပျက်စီးကုန်တဲ့ရောဂါ (Emphysema) လို့ခေါ်ပါတယ်။
ဒုတိယ နည်းလမ်းကတော့ နီကိုတင်းဟာ ဗေးဂပ်စ်နာမ် (Vagus nerve) ကို 
လှုံ့ဆော်လိုက်တဲ့အတွက် Vagal reflex  ဖြစ်ပြီး လေပြွန်တွေကိုကျဉ်းစေပါတယ်။ဒါ့ကြောင့် လေဝင်တာလည်းနည်းမယ်၊ ဝင်လာတဲ့လေထဲမှာပါတဲ့
အောက်ဆီဂျင်ကို စုပ်ယူနိုင်တဲ့ alveoli လို့ခေါ်တဲ့ ဆဲလ်လေးတွေလဲ ပျက်စီးကုန်မယ်ဆိုရင် အသက်ရှူကြပ်တာ၊ မောတာတွေ ဖြစ်စေပါတယ်။နဂိုထဲက
ပန်းနာရင်ကြပ် လို ရောဂါရှိရင် ပိုပြီးဆိုးပါတယ်။
 
(၂) အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ ရစေပါတယ်။နစ်ကိုတင်းဟာ အစာအိမ်အက်ဆစ်တွေ အပေါ်ကိုပြန်ထွက်ပြီး အစာရေမျိုပြွန်ကိုရောင်ရမ်းစေတဲ့ရောဂါ
(GERD - Gastro Esophageal Reflux Disorder) ကို ဖြစ်စေပါတယ်။ အစာအိမ်ရောဂါဖြစ်စေနိုင်တဲ့အပြင် အရင်ထဲက အစာအိမ်ရောဂါအခံရှိခဲ့ရင်
ပိုပြီးဆိုးစေပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းကတော့ နစ်ကိုတင်းဟာ အစာအိမ်အက်ဆစ် (HCL)၊ ပက်ဆီနိုဂျင် (Pepsinogen) နဲ့ ဗေဆိုပရက်ဆင် 
(Vasopressin) ဟိုမုန်းတွေကို ပိုထွက်အောင် လှုံ့ဆော်လိုက်လို့ ဖြစ်ပါတယ်။ဒါ့ကြောင့် အစာအိမ်ထဲက အက်ဆစ်တွေကို အစာရေမြိုပြွန်ထဲကို ပြန်အန်မထွက်အောင်
ထိန်းထားပေးတဲ့ကြွက်သား (Lower esophageal sphincter pressure) တွေကို ပျော့စေတဲ့အတွက်ကြောင့်လည်း အပေါ်ကိုပြန်ဆန်ပြီး GERD ရစေတာဖြစ်ပါတယ်။
 
(၃) ကင်ဆာမျိုးစုံဖြစ်စေခြင်း - နစ်ကိုတင်းဟာ အဆုတ်ကင်ဆာကိုသာမက ကျန်တဲ့ကင်ဆာအမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ် ။အဓိကအဖြစ်များနိုင်တာကတော့
ရင်သားကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတို့ပဲ ဖြစ်ပါတယ်။
 
(၄) ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေပါတယ် ။ခုခံအားစနစ်မှာ အရေးပါတဲ့ သွးဖြူဥတစ်မျိုးဖြစ်တဲ့ T cell အရေအတွက်ကို လျော့နည်းစေပါတယ် ။
ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်စေပါတယ် ။တီဘီရောဂါလိုပိုးမျိုးတွေ အလွယ်တကူဝင်ရောက်စေပါတယ်။
မကြာခဏ ဖျားနာတတ်ပါတယ်။အနာဖြစ်ရင် အကျက်နှေးစေပါတယ်။
 
(၅) ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။
ကျောက်ကပ်ထိခိုက်ပျက်စီးဖို့ အားပေးပါတယ်။ နဂိုထဲက ဆီးချိုသွေးချိုတို့၊ သွေးတိုးရောဂါတို့ ရှိတဲ့သူဆိုရင် ဆေးလိပ်သောက်ရင် ကျောက်ကပ်ပျက်ဖို့
သေချာသလောက်ရှိပါတယ်။
ဖြစ်ပြီးရင်လည်း ကုသဖို့မလွယ်ကူပါဘူး။
 
(၆) မျက်စေ့ထိခိုက်ပျက်စီးခြင်း - နစ်ကိုတင်းဟာ မျက်စေ့ရဲ့အတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေကို ပျက်စီးစေတဲ့အတွက် အမြင်အာရုံကိုထိခိုက်စေပါတယ်။အသက်ကြီးတဲ့အခါ
ဖြစ်လေ့ရှိတဲ့ AMD (Age-related macular Degeneration) ကို စောစောစီးစီးဖြစ်စေပါတယ်။အတွင်းတိမ် (glaucoma)၊ ရေတိမ် (Cataract) တွေ ပိုဖြစ်စေပါတယ်။
အထူးသဖြင့် ဆီးချိုသွေးချိုရောဂါ အခံရှိရင် အဖြစ်ပိုမြန်ပါတယ်။
 
(၇) မျိုးပွားအင်္ဂါအဖွဲ့ကို ထိခိုက်စေခြင်း - အမျိုးသားတွေမှာဆိုရင် ပန်းသေပန်းညှိုး ဖြစ်စေနိုင် တဲ့အပြင် သုတ်ပိုးတွေ အရေအတွက်ကျဆင်းတာ၊
သုတ်ပိုးတွေ မသန်စွမ်းဖြစ်တာတွေကြောင့် ကလေးမရဘဲ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေ ဆေးလိပ်သောက်ရင်လည်း နီကိုတင်းကြောင့်
မျိုးဥအိမ်တွေထိခိုက်လို့ ကလေးရဖို့ အလားလာနည်းစေပါတယ်။ရာသီသွေးပေါ်တာ မမှန်တာတွေ၊ ကိုယ်ဝန်ဆောင်ရင် ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်တတ်ပါတယ်။
အကယ်၍ ကိုယ်ဝန်ဆောင်စဉ်မှာ  သောက်သုံးရင်တော့ အထဲကသန္ဓေသားကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ဉာဏ်ရည်မပြည့်ဘဲမွေးတာ၊ ကလေးက
သေးသေးလေးဖြစ်နေတာတွေ ဖြစ်တတ်ပါတယ်။ အခုပြောခဲ့တာတွေကတော့ ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်းတစ်ခုတည်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပြီး
ကျန်တဲ့ဓာတ်ပစ္စည်းတွေပါ ပေါင်းလိုက်ရင်တော့ဆိုးကျိုးတွေ အလွန့်အလွန်ကို များလာပါတယ်။
 
(zawgyi)
 နစ္ကိုတင္း (Nicotine) - အေရာင္အဆင္းမရွိတဲ့ အယ္ကာလြိဳက္တစ္မ်ိဳးျဖစ္ၿပီး ေသာက္သုံးသူကို စိတ္ေက်နပ္မႈနဲ႔ စြဲလမ္းမႈ (addition) ကိုျဖစ္ေစပါတယ္
။ေဆးလိပ္ကိုစြဲလမ္းေစတဲ့ အေရးပါဆုံး ပစၥည္းျဖစ္ပါတယ္။ 
 
နစ္ကိုတင္းဆိုတာ ေဆး႐ြက္ႀကီးမွာပါဝင္တဲ့ အယ္ကာလြိဳက္တစ္မ်ိဳးျဖစ္ၿပီး
ေဆးလိပ္မီးခိုးနဲ႔အတူ ရွဴသြင္းလိုက္ရင္ အဆုတ္ကေနတစ္ဆင့္ ေသြးထဲကိုစကၠန႔္ပိုင္းအတြင္းမွာေရာက္သြားပါတယ္။ေသြးကေနတစ္ဆင့္ ဦးေႏွာက္ကိုေရာက္ပါတယ္။
ဦးေႏွာက္ထဲမွာရွိတဲ့ Acetylcholine receptor မွာသြားၿပီး ေပါင္းကပ္လိုက္တဲ့အတြက္ ဦးေႏွာက္ထဲမွာ လႈံ႕ေဆာ္မႈေတြျဖစ္ေပၚေစၿပီး ဟိုမုန္းႏွစ္မ်ိဳးထုတ္ေစပါတယ္ ။
တစ္ခုက Dopamine  ျဖစ္ၿပီး
ေနာက္တစ္ခုက Noradrenaline ျဖစ္ပါတယ္။Dopamine ေၾကာင့္ လူဟာေနရထိုင္ရတာ ပိုေကာင္းၿပီး စိတ္ကို႐ႊင္လန္းေစပါတယ္ ။ ဒါ့ေၾကာင့္ အဲ့ဒီအရသာကို
စြဲလန္းသြားတာျဖစ္ပါတယ္ ။ေဆးလိပ္ေသာက္ေလေလ Dopamine ပိုထြက္ေလ ပိုၿပီးစြဲေလျဖစ္ပါတယ္ ။ Dopamine receptor ေတြ ပိုမ်ားလာေလ နစ္ကိုတင္းက 
ပိုလိုေလျဖစ္လာပါတယ္ ။
ဥပမာ ေဆးလိပ္တစ္လိပ္ေသာက္လို႔ Receptor တစ္ခုဆိုရင္ Receptor ႏွစ္ခုရွိလာရင္ ေဆးလိပ္ႏွစ္လိပ္ေသာက္ဖို႔ ေတာင္းဆိုပါတယ္ ။Receptor ၁၀ ခုရွိလာရင္
ေဆးလိပ္ ၁၀ လိပ္မွာ ပါတဲ့ နစ္ကိုတင္းကိုရမွ လူကေနသာထိုင္သာရွိလာပါမယ္ ။ အဲ့ဒီလိုနဲ႔ ေဆးလိပ္ေသာက္တဲ့သူေတြရဲ႕ အေရအတြက္ဟာ တျဖည္းျဖည္းတိုးလာျခင္းျဖစ္ပါတယ္ ။
အဲ့ဒီလိုတိုးလာေလေလ Noradrenaline ေတြ ပိုထြက္ေလေလ၊ သူ႔ေၾကာင့္ျဖစ္တဲ့ေဘးထြက္ဆိုးက်ိဳးေတြ ပိုမ်ားေလေလ၊ အျခားဓာတ္ပစၥည္းေတြေၾကာင့္ ျဖစ္တဲ့ေဘးထြက္ဆိုးက်ိဳးေတြ
ပိုမ်ားေလေလျဖစ္ပါတယ္ ။
 
Noradrenaline -အဓိကအေနနဲ႔ ေသြးေၾကာေတြက်ဥ္းေစတဲ့ အာနိသင္ျဖစ္ပါတယ္။ တစ္ကိုယ္လုံးမွာရွိတဲ့ 
ေသြးေၾကာေတြက်ဥ္းကုန္လို႔ ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါေတြ ျဖစ္ေစပါတယ္ ။အဲ့ဒီအခါမွာ ႏွလုံးကို ေအာက္ဆီဂ်င္ေကာင္းေကာင္းမရေတာ့ ႏွလုံးခုန္ျမန္တာ၊
ႏွလုံးခုန္မမွန္တာ၊ ႏွလုံးေသြးေၾကာပိတ္လို႔  Heart attack ရတာေတြ ျဖစ္ႏိုင္ပါတယ္။
ဦးေႏွာက္ေသြးေၾကာပိတ္ရင္ ေလျဖတ္တာ (Stroke) ျဖစ္ပါမယ္။လက္ဖ်ားေလးေတြကိုသြားတဲ့ ေသြးေၾကာေတြ က်ဥ္းကုန္လို႔ ျဖဴေဖြးသြားတာ၊ မဲသြားတာ၊ပုပ္သြားတာေတြျဖစ္တတ္ပါတယ္
။ေျခေထာက္ကိုသြားတဲ့ ေသြးေၾကာေတြက်ဥ္းေတာ့ ႂကြက္သားေတြမွာ
ေအာက္ဆီဂ်င္ ေလ်ာ့နည္းသြားလို႔ လမ္းေလွ်ာက္ရင္ ေျခသလုံးႂကြက္သားေတြ နာတာျဖစ္တတ္ပါတယ္။ေျခေထာက္မွာရွိတဲ့ ေသြးေၾကာေတြ ပိတ္သြားရင္ေတာ့
ေျခေထာက္ပုပ္သြားလို႔ျဖတ္ရတဲ့အေျခအေနထိ ျဖစ္တတ္ပါတယ္။ ဒါေတြရဲ႕ အဓိကတရားခံကေတာ့
ေဆးလိပ္မွာပါဝင္တဲ့ နစ္ကိုတင္းေၾကာင့္ျဖစ္ပါတယ္။
 
 နစ္ကိုတင္းဟာ ႏွလုံးနဲ႔ေသြးေၾကာေတြကိုအဓိကထိ႐ုံမကဘဲ က်န္တဲ့အစိတ္အပိုင္းေတြကိုလည္းထိခိုက္ေစပါတယ္။ အဲ့ဒီထဲကအခ်ိဳ႕ကိုေဖာ္ျပရင္ -
 
(၁) အဆုတ္ေရာဂါအမ်ိဳးမ်ိဳးျဖစ္ေစပါတယ္။နစ္ကိုတင္းဟာအဆုတ္ကိုထိခိုက္ေစတဲ့နည္းလမ္း ႏွစ္ခုရွိပါတယ္။
ပထမနည္းလမ္းကေတာ့ အဆုတ္မွာရွိတဲ့ 
ေလအိတ္ေလးေတြကို ေဖာင္းျခင္း က်ဳံ႔ျခင္းျဖစ္ေစတဲ့ (elastin) လို႔ေခၚတဲ့ ဆဲလ္ေလးေတြကို ပ်က္စီးေစပါတယ္။ဒါေၾကာင့္ ေလကိုရွဴသြင္းလိုက္တဲ့အခါ
ပူေပါင္းလိုေဖာင္းမလာေတာ့ဘဲ တင္းၿပီးေပါက္သြားပါတယ္။ဒါ့ေၾကာင့္ ေလအိတ္ကေလးေတြပ်က္စီးကုန္တဲ့ေရာဂါ (Emphysema) လို႔ေခၚပါတယ္။
ဒုတိယ နည္းလမ္းကေတာ့ နီကိုတင္းဟာ ေဗးဂပ္စ္နာမ္ (Vagus nerve) ကို 
လႈံ႕ေဆာ္လိုက္တဲ့အတြက္ Vagal reflex  ျဖစ္ၿပီး ေလႁပြန္ေတြကိုက်ဥ္းေစပါတယ္။ဒါ့ေၾကာင့္ ေလဝင္တာလည္းနည္းမယ္၊ ဝင္လာတဲ့ေလထဲမွာပါတဲ့
ေအာက္ဆီဂ်င္ကို စုပ္ယူႏိုင္တဲ့ alveoli လို႔ေခၚတဲ့ ဆဲလ္ေလးေတြလဲ ပ်က္စီးကုန္မယ္ဆိုရင္ အသက္ရွဴၾကပ္တာ၊ ေမာတာေတြ ျဖစ္ေစပါတယ္။နဂိုထဲက ပန္းနာရင္ၾကပ္
လို ေရာဂါရွိရင္ ပိုၿပီးဆိုးပါတယ္။
 
(၂) အစာအိမ္နဲ႔ အူလမ္းေၾကာင္းေရာဂါေတြ ရေစပါတယ္။နစ္ကိုတင္းဟာ အစာအိမ္အက္ဆစ္ေတြ အေပၚကိုျပန္ထြက္ၿပီး အစာေရမ်ိဳႁပြန္ကိုေရာင္ရမ္းေစတဲ့ေရာဂါ
(GERD - Gastro Esophageal Reflux Disorder) ကို ျဖစ္ေစပါတယ္။ အစာအိမ္ေရာဂါျဖစ္ေစႏိုင္တဲ့အျပင္ အရင္ထဲက အစာအိမ္ေရာဂါအခံရွိခဲ့ရင္
ပိုၿပီးဆိုးေစပါတယ္။ ဒီလိုျဖစ္ရတဲ့ အဓိကအေၾကာင္းကေတာ့ နစ္ကိုတင္းဟာ အစာအိမ္အက္ဆစ္ (HCL)၊ ပက္ဆီႏိုဂ်င္ (Pepsinogen) နဲ႔ ေဗဆိုပရက္ဆင္ 
(Vasopressin) ဟိုမုန္းေတြကို ပိုထြက္ေအာင္ လႈံ႕ေဆာ္လိုက္လို႔ ျဖစ္ပါတယ္။ဒါ့ေၾကာင့္ အစာအိမ္ထဲက အက္ဆစ္ေတြကို အစာေရၿမိဳႁပြန္ထဲကို ျပန္အန္မထြက္ေအာင္
ထိန္းထားေပးတဲ့ႂကြက္သား (Lower esophageal sphincter pressure) ေတြကို ေပ်ာ့ေစတဲ့အတြက္ေၾကာင့္လည္း အေပၚကိုျပန္ဆန္ၿပီး GERD ရေစတာျဖစ္ပါတယ္။
 
(၃) ကင္ဆာမ်ိဳးစုံျဖစ္ေစျခင္း - နစ္ကိုတင္းဟာ အဆုတ္ကင္ဆာကိုသာမက က်န္တဲ့ကင္ဆာအမ်ိဳးမ်ိဳးကိုလည္း ျဖစ္ေစႏိုင္ပါတယ္ ။အဓိကအျဖစ္မ်ားႏိုင္တာကေတာ့
ရင္သားကင္ဆာ၊ ပန္ကရိယကင္ဆာ၊ အစာအိမ္နဲ႔ အူလမ္းေၾကာင္းကင္ဆာတို႔ပဲ ျဖစ္ပါတယ္။
 
(၄) ခႏၶာကိုယ္ခုခံအားစနစ္ကို က်ဆင္းေစပါတယ္ ။ခုခံအားစနစ္မွာ အေရးပါတဲ့ သြးျဖဴဥတစ္မ်ိဳးျဖစ္တဲ့ T cell အေရအတြက္ကို ေလ်ာ့နည္းေစပါတယ္ ။ေရာဂါပိုးေတြ
အလြယ္တကူ ဝင္ေရာက္ေစပါတယ္ ။တီဘီေရာဂါလိုပိုးမ်ိဳးေတြ အလြယ္တကူဝင္ေရာက္ေစပါတယ္။
မၾကာခဏ ဖ်ားနာတတ္ပါတယ္။အနာျဖစ္ရင္ အက်က္ေႏွးေစပါတယ္။
 
(၅) ေက်ာက္ကပ္ရဲ႕လုပ္ငန္းေဆာင္တာေတြကို ထိခိုက္ေစပါတယ္။
ေက်ာက္ကပ္ထိခိုက္ပ်က္စီးဖို႔ အားေပးပါတယ္။ နဂိုထဲက ဆီးခ်ိဳေသြးခ်ိဳတို႔၊ ေသြးတိုးေရာဂါတို႔ ရွိတဲ့သူဆိုရင္ ေဆးလိပ္ေသာက္ရင္ ေက်ာက္ကပ္ပ်က္ဖို႔ ေသခ်ာသေလာက္ရွိပါတယ္။
ျဖစ္ၿပီးရင္လည္း ကုသဖို႔မလြယ္ကူပါဘူး။
 
(၆) မ်က္ေစ့ထိခိုက္ပ်က္စီးျခင္း - နစ္ကိုတင္းဟာ မ်က္ေစ့ရဲ႕အတြင္းပိုင္းမွာရွိတဲ့ ေသြးေၾကာေလးေတြကို ပ်က္စီးေစတဲ့အတြက္ အျမင္အာ႐ုံကိုထိခိုက္ေစပါတယ္။
အသက္ႀကီးတဲ့အခါ ျဖစ္ေလ့ရွိတဲ့ AMD (Age-related macular Degeneration) ကို ေစာေစာစီးစီးျဖစ္ေစပါတယ္။အတြင္းတိမ္ (glaucoma)၊ ေရတိမ္ (Cataract) ေ
တြ ပိုျဖစ္ေစပါတယ္။ အထူးသျဖင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါ အခံရွိရင္ အျဖစ္ပိုျမန္ပါတယ္။
 
(၇) မ်ိဳးပြားအဂၤါအဖြဲ႕ကို ထိခိုက္ေစျခင္း - အမ်ိဳးသားေတြမွာဆိုရင္ ပန္းေသပန္းညႇိဳး ျဖစ္ေစႏိုင္ တဲ့အျပင္ သုတ္ပိုးေတြ အေရအတြက္က်ဆင္းတာ၊ သုတ္ပိုးေတြ
မသန္စြမ္းျဖစ္တာေတြေၾကာင့္ ကေလးမရဘဲ ျဖစ္တတ္ပါတယ္။ အမ်ိဳးသမီးေတြ ေဆးလိပ္ေသာက္ရင္လည္း နီကိုတင္းေၾကာင့္ မ်ိဳးဥအိမ္ေတြထိခိုက္လို႔ ကေလးရဖို႔
အလားလာနည္းေစပါတယ္။ရာသီေသြးေပၚတာ မမွန္တာေတြ၊ ကိုယ္ဝန္ေဆာင္ရင္ ကိုယ္ဝန္ပ်က္က်တာေတြ ျဖစ္တတ္ပါတယ္။အကယ္၍ ကိုယ္ဝန္ေဆာင္စဥ္မွာ 
ေသာက္သုံးရင္ေတာ့ အထဲကသေႏၶသားကို ဆိုးဆိုးဝါးဝါး ထိခိုက္ေစပါတယ္။ဉာဏ္ရည္မျပည့္ဘဲေမြးတာ၊ ကေလးက ေသးေသးေလးျဖစ္ေနတာေတြ ျဖစ္တတ္ပါတယ္။
အခုေျပာခဲ့တာေတြကေတာ့ ေဆးလိပ္မွာပါဝင္တဲ့ နစ္ကိုတင္းတစ္ခုတည္းရဲ႕ ေဘးထြက္ဆိုးက်ိဳးျဖစ္ၿပီး က်န္တဲ့ဓာတ္ပစၥည္းေတြပါ ေပါင္းလိုက္ရင္ေတာ့ဆိုးက်ိဳးေတြ အလြန႔္အလြန္ကို မ်ားလာပါတယ္။