Pill 72တားေဆးအေၾကာင္းသိေကာင္းစရာ

Pill 72တားဆေးအကြောင်းသိကောင်းစရာ 
 
 အရေးပေါ်ကိုယ်ဝန်တားဆေးတွေဖြစ်ပါတယ်။ နာမည်နောက်မှာပါတဲ့ 72ဆိုတာ ထွေထွေထူးထူးမဟုတ်ပါ။ ၇၂နာရီ(၃ရက်အတွင်း)
သောက်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ်လွင်စေဖို့၊သတိရစေဖို့ ဖြစ်ပါတယ်။လိင်ဆက်ဆံပြီး တစ်ရက်အတွင်း အသုံးပြုနိုင်ရင် ၉၅ရာခိုင်နှုန်း၊၃ရက်အတွင်း
အသုံးပြုနိုင်ရင် ၈၅ရာခိုင်နှုန်း ကာကွယ်ပေးတယ်။ဒါကြောင့် အကောင်းဆုံးက ဆက်ဆံပြီးပြီးချင်း အသုံးပြုသင့်တယ်။ ဒါမှမဟုတ် ဆက်ဆံပြီး ၃ရက်အတွင်း ၊
သတိရရချင်း သောက်သုံးသင့်တယ်။ အကယ်၍ ဆေးသောက်ပြီး တနာရီအတွင်း အန်ရင် နောက်ဆေးတလုံး ထပ်သောက်ပေးပါ။
Ecee 2,pill 72,levo 72 အကုန်လုံးအတူတူပါပဲ။ ဆေးတကဒ်မှာ ဆေးနှစ်လုံးပါတယ်။ 
 
ဆေးအာနိသင်
 
(၁)မျိုးဥအိမ်ကနေ မျိုးဥမထွက်အောင် တားဆီးပေးတယ်။
(၂)သားအိမ်ဝအကျိအချွဲများစေပြီး သုတ်ကောင်မဝင်အောင် တားဆီးပေးတယ်။
(၃)သားဥပြွန်ရဲ့ လှုပ်ရှားမှုကို ပြောင်းလဲစေတယ်။
(၄)သန္ဓေအောင်တဲ့ မျိုးဥတွေ သားအိမ်မှာ တွယ်ကပ်ခြင်းကို တားမြစ်ပေးလို့ ကိုယ်ဝန်မရစေဘူး။
 
တခြားဘယ်အခြေအနေတွေမှာ အရေးပေါ်တားဆေးသုံးနိုင်သေးလဲ
 
• နှစ်ရက်ဆက်တိုက် ပုံမှန်တားဆေးကဒ်သောက်ဖို့ မေ့လျှော့တဲ့အခါ၊
• calendar method မှားယွင်းတွက်ချက်မိတဲ့အခါ၊
• ကွန်ဒုံးအသုံးပြုစဉ် ပေါက်ပြဲတဲ့အခါ၊
• အမျိုးသမီးကွန်ဒုံး ပြုတ်ထွက်တဲ့အခါ၊
• သွေးဆုံးကိုင်ခြင်းအတွက် ဟော်မုန်းအစားထိုးတဲ့အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။
 
ဘေးထွက်ဆိုးကျိုး
 
• အများစုဟာ ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။
• ခေါင်းကိုက်၊ခေါင်းမူး ရှိတတ်တယ်။
• ဗိုက်နာ ဗိုက်အောင့် ဖြစ်တတ်တယ်။
• ရင်သားတင်းပြီး နာနိုင်တယ်။
• သွေးတစ်စက်စက် ဆင်းတာ၊ ရာသီသွေးမမှန်တာမျိုး ဖြစ်တတ်တယ်။
 
အားသာချက်
 
• အသုံးပြုရလွယ်ကူတယ်။
• အလွယ်တကူရရှိနိုင်တယ်။
• ဈေးချိုတယ်။
• ကိုယ်ဝန်ရနိုင်ချေရဲ့ ၈၅ရာခိုင်နှုန်းကို တားဆီးပေးတယ်။
•သုံးစွဲသူ (၈)ယောက်မှာ (၇)ယောက်ဟာ ကိုယ်ဝန်မရစေဘူး။
• ဆေးကြောင့် ကိုယ်ဝန်ရတာ၊ကိုယ်ဝန်ဖျက်ချတာတွေ လျှော့နည်းစေတယ်။
• အရေးပေါ်လိုအပ်တဲ့အချိန်မျိုးတိုင်း သုံးစွဲနိုင်တယ်။
 
အားနည်းချက်
 
• အဝလွန်သူ(BMI 30အထက်)ဖြစ်ရင် အာနိသင်နည်းတယ်။
• လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ဘူး။
• ရေရှည်သုံးစွဲရင် အာနိသင်ကျဆင်းလာနိုင်တယ်။
• ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်နိုင်တယ်။
 
 
 
ဆေးမသောက်သင့်သူများ
 
(၁)ကိုယ်ဝန်ဆောင်မိခင်
 
(၂)အသည်းမကောင်းသူ
 
(၃)သွေးလွှတ်ကြောရောဂါရှိသူ
 
(၄)စပျစ်သီးသန္ဓေတည်သူ
 
(၅)ရင်သားကင်ဆာမျိုးရိုးရှိသူ
 
(၆)အကြောင်းရင်းမဲ့ မွေးလမ်းကြောင်း သွေးဆင်းသူ
 
အတူတွဲမသောက်သင့်တဲ့ဆေး တွေလည်းရှိမယ်။ Rifampicin,carbamazepine, phenytoin,Saint John’s wort,anti-retroviral drug စတဲ့ဆေးများဟာ
တားဆေးရဲ့ အာနိသင်ကို ကျဆင်းစေနိုင်တယ်။
 
သတိပြုစရာ!!!
 
အရေးပေါ်တားဆေးသောက်တဲ့အခါ မိခင်နို့ထဲမှာlevonogestral အနည်းအကျဉ်းပါနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးသောက်ပြီး ၈နာရီအတွင်းမိခင်နို့မတိုက်တာ
ပိုကောင်းတယ်။ ၁၂နာရီကျော်ရင် မိခင်နို့တိုက်နိုင်တယ်။
 
 
ဇီဝက ဆေး (၁)
 
 
Pill 72တားေဆးအေၾကာင္းသိေကာင္းစရာ 
 
 အေရးေပၚကိုယ္ဝန္တားေဆးေတြျဖစ္ပါတယ္။ နာမည္ေနာက္မွာပါတဲ့ 72ဆိုတာ ေထြေထြထူးထူးမဟုတ္ပါ။ ၇၂နာရီ(၃ရက္အတြင္း) ေသာက္ရမယ္ဆိုတဲ့
အဓိပၸါယ္ေပၚလြင္ေစဖို႕၊သတိရေစဖုိ႕ ျဖစ္ပါတယ္။လိင္ဆက္ဆံျပီး တစ္ရက္အတြင္း အသံုးျပဳနိုင္ရင္ ၉၅ရာခိုင္ႏႈန္း၊၃ရက္အတြင္း အသံုးျပဳနိုင္ရင္ ၈၅ရာခိုင္ႏႈန္း
ကာကြယ္ေပးတယ္။ဒါေၾကာင့္ အေကာင္းဆံုးက ဆက္ဆံျပီးျပီးခ်င္း အသံုးျပဳသင့္တယ္။ ဒါမွမဟုတ္ ဆက္ဆံျပီး ၃ရက္အတြင္း ၊သတိရရခ်င္း ေသာက္သံုးသင့္တယ္။
အကယ္၍ ေဆးေသာက္ျပီး တနာရီအတြင္း အန္ရင္ ေနာက္ေဆးတလံုး ထပ္ေသာက္ေပးပါ။
Ecee 2,pill 72,levo 72 အကုန္လံုးအတူတူပါပဲ။ ေဆးတကဒ္မွာ ေဆးနွစ္လံုးပါတယ္။ 
 
ေဆးအာနိသင္
 
(၁)မ်ိဳးဥအိမ္ကေန မ်ိဳးဥမထြက္ေအာင္ တားဆီးေပးတယ္။
(၂)သားအိမ္ဝအက်ိအခၽြဲမ်ားေစျပီး သုတ္ေကာင္မဝင္ေအာင္ တားဆီးေပးတယ္။
(၃)သားဥျပြန္ရဲ႕ လႈပ္ရွားမႈကို ေျပာင္းလဲေစတယ္။
(၄)သေႏၶေအာင္တဲ့ မ်ိဳးဥေတြ သားအိမ္မွာ တြယ္ကပ္ျခင္းကို တားျမစ္ေပးလို႕ ကိုယ္ဝန္မရေစဘူး။
 
တျခားဘယ္အေျခအေနေတြမွာ အေရးေပၚတားေဆးသံုးနိုင္ေသးလဲ
 
• နွစ္ရက္ဆက္တိုက္ ပံုမွန္တားေဆးကဒ္ေသာက္ဖို႕ ေမ့ေလွ်ာ့တဲ့အခါ၊
• calendar method မွားယြင္းတြက္ခ်က္မိတဲ့အခါ၊
• ကြန္ဒံုးအသံုးျပဳစဥ္ ေပါက္ျပဲတဲ့အခါ၊
• အမ်ိဳးသမီးကြန္ဒံုး ျပဳတ္ထြက္တဲ့အခါ၊
• ေသြးဆံုးကိုင္ျခင္းအတြက္ ေဟာ္မုန္းအစားထိုးတဲ့အခါမ်ိဳးမွာ အသံုးျပဳနိုင္ပါတယ္။
 
ေဘးထြက္ဆိုးက်ိဳး
 
• အမ်ားစုဟာ ပ်ိဳ႕ခ်င္၊အန္ခ်င္ ျဖစ္တတ္တယ္။
• ေခါင္းကိုက္၊ေခါင္းမူး ရွိတတ္တယ္။
• ဗိုက္နာ ဗိုက္ေအာင့္ ျဖစ္တတ္တယ္။
• ရင္သားတင္းျပီး နာနိုင္တယ္။
• ေသြးတစ္စက္စက္ ဆင္းတာ၊ ရာသီေသြးမမွန္တာမ်ိဳး ျဖစ္တတ္တယ္။
 
အားသာခ်က္
 
• အသံုးျပဳရလြယ္ကူတယ္။
• အလြယ္တကူရရွိနုိင္တယ္။
• ေစ်းခ်ိဳတယ္။
• ကိုယ္ဝန္ရနိုင္ေခ်ရဲ႕ ၈၅ရာခိုင္ႏႈန္းကို တားဆီးေပးတယ္။
•သံုးစြဲသူ (၈)ေယာက္မွာ (၇)ေယာက္ဟာ ကိုယ္ဝန္မရေစဘူး။
• ေဆးေၾကာင့္ ကိုယ္ဝန္ရတာ၊ကိုယ္ဝန္ဖ်က္ခ်တာေတြ ေလွ်ာ့နည္းေစတယ္။
• အေရးေပၚလိုအပ္တဲ့အခ်ိန္မ်ိဳးတိုင္း သံုးစြဲနိုင္တယ္။
 
အားနည္းခ်က္
 
• အဝလြန္သူ(BMI 30အထက္)ျဖစ္ရင္ အာနိသင္နည္းတယ္။
• လိင္ကတဆင့္ကူးစက္တဲ့ေရာဂါေတြကို မကာကြယ္နိုင္ဘူး။
• ေရရွည္သံုးစြဲရင္ အာနိသင္က်ဆင္းလာနိုင္တယ္။
• ectopic pregnancy သားအိမ္ျပင္ပသေႏၶတည္နိုင္တယ္။
 
 
 
ေဆးမေသာက္သင့္သူမ်ား
 
(၁)ကိုယ္ဝန္ေဆာင္မိခင္
 
(၂)အသည္းမေကာင္းသူ
 
(၃)ေသြးလႊတ္ေၾကာေရာဂါရွိသူ
 
(၄)စပ်စ္သီးသေႏၶတည္သူ
 
(၅)ရင္သားကင္ဆာမ်ိဳးရိုးရွိသူ
 
(၆)အေၾကာင္းရင္းမဲ့ ေမြးလမ္းေၾကာင္း ေသြးဆင္းသူ
 
အတူတြဲမေသာက္သင့္တဲ့ေဆး ေတြလည္းရွိမယ္။ Rifampicin,carbamazepine, phenytoin,Saint John’s wort,anti-retroviral drug စတဲ့ေဆးမ်ားဟာ တားေဆးရဲ႕
အာနိသင္ကို က်ဆင္းေစနိုင္တယ္။
 
သတိျပဳစရာ!!!
 
အေရးေပၚတားေဆးေသာက္တဲ့အခါ မိခင္နို႕ထဲမွာlevonogestral အနည္းအက်ဥ္းပါနိုင္ပါတယ္။ ဒါ့ေၾကာင့္ ေဆးေသာက္ျပီး ၈နာရီအတြင္းမိခင္နို႕မတိုက္တာ ပိုေကာင္းတယ္။
၁၂နာရီေက်ာ္ရင္ မိခင္နို႕တိုက္နိုင္တယ္။
 
 
ဇီ၀က ဆေး (၁)