Pterygium မျက်သားတက်ခြင်း
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ မြို့ရွာအနှံ့တွင် အတွေ့ရများသော လက္ခဏာတစ်ရပ် ဖြစ်ပါသည်။နေရောင်ခြည်(UV light)၊ လေ
(သို့မဟုတ်) ဖုန်တို့ဖြင့် ထိတွေ့မှုများခြင်း
မျက်လုံးခြောက်သွေ့ခြင်း(Dry Eye) တို့ကြောင့် ဖြစ်ပွားတတ်ပါသည်။ယောက်ျားတွေက ပိုအဖြစ်များတာတွေ့ရတယ်။ မကူးစက်ပါ။ 
 အိမ်အပြင်မှာကြာကြာထွက်ရသူတွေမှာ အဖြစ်များတယ်။ မျက်စိအဖြူလွှာပေါ်မှာ ပန်းရောင်မျက်သားအပိုတွေ တက်လာတာဖြစ်တယ်။
ဘေးအစွန်ကနေ မျက်စိအလည်ဗဟိုဆီ ဦးတည်နေတယ်။ ကြာလေဆိုးလေဖြစ်တယ်။ တခါတလေ တိုးနေတာကရပ်တန့်သွားတယ်။
အဆိုးဆုံးအခြေအနေက သူငယ်အိမ်ကိုဖုံးတဲ့အထိဖြစ်ပြီး မျက်စိအမြင်ကိုပါ ရှေ့ကနေဖုံးထားမယ်။ 
တခါတလေ မျက်စိကျိန်းခြင်း၊မျက်လုံးနီရဲခြင်း၊ ခိုးလို့ခုလုဖြစ်ခြင်း၊ မျက်လုံးခြောက်၍ ယားယံခြင်း၊တခုခုဝင်နေသလိုခံစားရခြင်း နှင့် ဆိုးရွားသောအခြေအနေတွင်
အမြင်အာရုံကို ထိခိုက်သည်အထိ ခံစားရတတ်ပါသည်။
ယေဘုယျအားဖြင့် ကုသမှုခံယူရန် မလိုအပ်ပါ။ သို့သော် မျက်လုံးနီခြင်း၊ မျက်လုံးခြောက်၍ ယားယံခြင်း (သို့မဟုတ်) ခိုးလို့ခုလုဖြစ်ခြင်း တစ်စုံတရာခံစားရပါက
မျက်စိဆရာဝန်မှ လိုအပ်သော မျက်စဉ်းများပေးကာ ကုသမှုပေးမည် ဖြစ်ပါသည်။ အမြင်အာရုံကို ထိခိုက်လာနိုင်သော အခြေအနေဖြစ်ပါက ခွဲစိတ်ကုသရန် လိုအပ်ပါသည်။
ယနေ့ခေတ်သိပ္ပံနည်းပညာထွန်းကားလာသည်နှင့်အမျှလူနာရဲ့ conjunctiva မျက်စိအဖုံးလွှာ ဖြစ်ဖြစ် preserved amniotic membrane သိမ်းဆည်းထားတဲ့
အချင်းလွှာဖြစ်ဖြစ် အစားထိုး ကပ်ပေးနည်းသုံးတယ်။ ခွဲတာက ၃ဝ-၄၅ မိနစ်ကြာမယ်။ မျက်စိကို eye patch အဖုံး ကပ်ထားပေးတာ ၁-၂ ရက် ထားရမယ်။
  ခွဲပြီးပေမယ့် တချို့မှာ ပြန်ဖြစ်တတ်တယ်။ 
ပို၍မဆိုးအောင် ရောဂါဖြစ်ပွားစေသော အဓိက အကြောင်း အရင်းများကို ရှောင်ကျဉ်ခြင်းဖြင့် အတတ်နိုင်ဆုံး ကာကွယ်တာဆီးနိုင်ပါသည်။ နေရောင်ခြည်၊
လေ နှင့် ဖုန်အလွန်အကျွံ ထိတွေ့မှုမှ ရှောင်ကျဉ်ခြင်း၊ နေကာမျက်မှန် (သို့မဟုတ်)  ဦးထုပ်/ထီးဆောင်းပေးခြင်း နှင့် မျက်လုံးခြောက်သွေ့ပါက
မျက်ရည်အတု(Artificial tear)ခပ်ပေးခြင်း တိုြ့ဖင့် ကာကွယ်တားဆီးနိုင်ပါသည်။
ကျန်းမာကြပါစေ။
ဇီဝက ဆေး (၁)
Pterygium မျက်သားတက်ခြင်း
ကျန်းမာကြပါစေ။
ဇီဝက ဆေး (၁)