【ဆောင်းပါး 】 ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပေကျင်းမြို့က နွေရာသီနန်းတော်

【ဆောင်းပါး 】 ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပေကျင်းမြို့က နွေရာသီနန်းတော်

နွေရာသီနန်းတော်ဟာဆိုရင် တရုတ်နိုင်ငံမြို့တော်ဖြစ်တဲ့ ပေကျင်းမြို့ အနောက်မြောက်ဘက်ရှိ ဟိုင်တီယန်ခရိုင် မှာတည်ရှိပြီး မြို့အလယ်ဗဟိုမှ (၁၅ ကီလိုမီတာ) ခန့်အကွာမှာ ရှိပါတယ်။ နွေရာသီနန်းတော်ကို ၁၇၁၁ မှ ၁၇၉၉ ခုနှစ်အထိအုပ်ချုပ်ခဲ့တဲ့ ချင်ခေတ် ချန်လုံဘုရင်က သူ၏မယ်တော် အသက် တော် ၆၀ ပြည့်သည့်နှစ်ကိုဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

တချို့တွေက ဒီနေရာမှာ ပေကျင်းမှာပဲရှိတဲ့ နန်းတွင်းဥယျာဉ် ယွင်မင်းယန်နဲ့ နွေရာသီနန်းတော်ကို အတူတူပဲလို့ ထင်ခဲ့ကြတာရှိပါတယ်။ တကယ်တော့ ဒီပန်းခြံ ၂ ခုကလုံးက တော်ဝင်ပန်းခြံတွေအဖြစ်ရှိနေတာမှန်ပေမယ့် နွေရာ သီနန်းတော်က မယ်တော်ကြီးအတွက် အနားယူရန် ဘုရင်မှချီးမြှင့်တဲ့တော်ဝင်ပန်းခြံဖြစ်ပြီး ယွမ်မင်းယန် တော်ဝင် ပန်းခြံကတော့ ဘုရင်ရဲ့မိဖုရားက အနောက်တိုင်းပုံစံ အဆောက်အဦးတွေကိုသဘောကျလို့ တည်ဆောက်ထားတဲ့ တော်ဝင်ပန်းခြံသာဖြစ်ပါတယ်။

နွေရာသီတော်ဝင်ပန်းခြံကသာ မယ်တော်ကြီးအတွက် ဘုရင်ကိုယ်တိုင်လက်ဆောင်ပေးခဲ့တဲ့ ၁၅ နှစ်ကြာအောင် တည်ဆောက်ခဲ့ရတဲ့ ဂုဏ်သရေရှိဘုရင့်တော်ဝင်ပန်းခြံဖြစ်ပါတယ်။ တရုတ်နိုင်ငံပေကျင်းမြို့တော်ရဲ့ ကြီးကျယ် ခမ်းနားဆုံးနဲ့ကောင်းစွာပြုပြင်ထိန်းသိမ်းထားတဲ့ တော်ဝင်ပန်းခြံတစ်ခုလည်းဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး တရုတ်ပြည်နောက်ဆုံး ပဒေသရာဇ်စနစ် ချင်ခေတ် (၁၆၃၆ ကနေ ၁၉၁၂) အထိသမိုင်းကြောင်းထွန်းတောက်မှု ယဉ်ကျေးမှုအစဉ်အလာအကောင်းဆုံး မှတ်တမ်းတင်အဖြစ်တည်ရှိခဲ့တဲ့နေရာတစ်ခုဖြစ် ပါတယ်။ ကြာညောင်းလှတဲ့သမိုင်းကြောင်း၊ ကြီး ကျယ်ခမ်းနားတဲ့ တည်ဆောက်မှု၊ သာယာလှပတဲ့ရှုခင်းတွေ ကြောင့် ယခုအချိန်ထိ နာမည်ကျော်ကြားလူသိများခဲ့ပါတယ်။

နွေရာသီနန်းတော်ရဲ့အကျယ်ကတော့ ၂၉၀ ဟက်တာရှိပြီး ကန်ရေပြင်အကျယ်က လေးပုံသုံးပုံနေရာယူထားပါတယ်။ တော်ဝင်ဥယျာဉ်တစ်ခုလုံးကို အပိုင်းသုံးပိုင်း ခွဲခြားထားပြီး နွေရာသီနန်းတော်ထဲမှာတော့ ဗုဒ္ဓစံကျောင်း ဆောင် တော်၊ ရန်ရှို့ဆောင်၊ လော့ရှိုးဆောင်၊ ရှည် လျားတဲ့စင်္ကြံလမ်း၊ အစင်းကြောင်းများပါတဲ့ ကျောက်သင်္ဘော၊ ဝမ်စွေ့တောင်၊ ခွင်မင်ကန်၊ ၊ အပေါက် ၁၇ ပေါက်ပါတဲ့တံတား အစရှိတဲ့သာယာလှပသော နေရာတွေဟာ ထင်ရှား တဲ့နေရာတွေ ဖြစ်ပါတယ်။ နွေရာသီနန်းတော်ဟာ နန်းတော်အဆောက်အဦးများ၊ ပန်းခြံများ၊ ရေကန်များ၊ စုပေါင်း တည်ရှိရာနေရာ ချင်မင်းဆက်တော်ဝင်ဥယျာဉ်ကြီးအဖြစ်တည်ရှိနေဆဲ ဖြစ်ပါတယ်။

ရန်ရှို့ဆောင်

နွေရာသီနန်းတော်မှာ ဘုရင်နဲ့မိဖုရားတွေ အပူဒဏ်ရှောင်တဲ့နေရာကတော့ ရန်ရှို့ဆောင်ပဲဖြစ်ပါတယ်။ နွေရာသီ တွင် ရန်ရှို့ဆောင်မှာ နိုင်ငံ့အရေးတွေဆွေးနွေးဖြေရှင်းကြသလို နိုင်ငံခြားသားတွေကိုလည်း ဒီအဆောင်မှာပဲ လက်ခံတွေ့ဆုံလေ့ရှိတယ်လို့ သိရပါတယ်။ ၁၈၆၀ ခုနှစ် ဗြိတိသျှနဲ့ ပြင်သစ်တပ်တို့ရန်ရှို့ဆောင်ကို ဖျက်ဆီး ခဲ့ကြပါတယ်။ အခုလက်ရှိအဆောင်ကိုတော့ ၁၈၈၈ ခုနှစ်လောက်မှာ ပြန်လည်တည် ဆောက် ထားတာလည်း ဖြစ်ပါတယ်။

လော့ရှို့ဆောင်

ရန်ရှို့ဆောင်နဲ့မနီးမဝေးမှာပဲ လော့ရှို့ဆောင်ရှိနေပါသေးတယ်။ အဲဒီအဆောင်ရှေ့မှာတော့ အရှည် ၈ မီတာရှိတဲ့ ကျောက်တုံးကြီးကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကျောက်တုံးကို စည်းစိမ်ဖျက်တဲ့ ကျောက်တုံးလို့လည်းခေါ်ကြပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်ခေတ်က နာမည်ကျော်ပန်းချီဆရာတစ်ယောက်က အဲဒီကျောက်တုံးကို ပေ ကျင်း မှာရှိတဲ့ ယွမ်ကျောင်ဖန်ခရိုင်တောနက်ထဲကနေတွေ့ရှိခဲ့ရာကနေ သဘော ကျပြီးအိမ်ကိုသယ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

ကျောက်တုံးကကြီးလွန်းတဲ့အတွက်သယ်ဖို့ လူအင်အားများစွာအသုံးပြုရတဲ့အတွက် ငွေကြေးများစွာ သုံးစွဲရပါ တယ်။ ငွေများစွာသုံးစွဲခဲ့ပေမယ့် အဲဒီကျောက်တုံးကို အိမ်ကိုရောက်အောင်မသယ်ဆောင်နိုင်ခဲ့လို့ နောက်ဆုံးတော့ အဲဒီကျောက်တုံးဟာ လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ချန်လုံဘုရင်ကမြင်ပြီး ထူးခြားစွဲဆောင်မှုရှိတဲ့ကျောက်တုံးအဖြစ် နွေရာသီနန်းတော်ကို သယ်ဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ ချန်လုံဘုရင်ရဲ့ မယ်တော်ကတားပေမယ့်ကျောက်တုံးကို မရရအောင်သယ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ချန်လုံဘုရင်လည်း တန် ခိုးဩဇာတွေ ယုတ်လျော့လာခဲ့ပါတယ်။ ဒါကြောင့်ဒီကျောက်တုံးကို စည်းစိမ်ဖျက်တဲ့ကျောက်တုံးလို့ ခေါ်တွင်ကြပါတယ်။ ကျောက်တုံးကြီးကတော့ တကယ့်ကို အကြီးကြီးနဲ့ဆွဲဆောင်မှုရှိလှပါတယ်။ ပန်းပုဆရာတွေထုလုပ်ထားသလား ထင်ရလောက်အောင်လှပပါတယ် သဘာဝပကတိအလှဆိုရင်ပိုမှန်ပါမယ်။ အခုခေတ်အခါမှာတော့ စည်းစိမ်ဖျက် တဲ့ကျောက်တုံးဟာ နွေရာသီနန်းတော်မှာ လာရောက်လည်ပတ်လေ့ လာသူတို့ စိတ်ဝင်စားစရာနေရာတစ်ခုဖြစ်ပါတယ်။

ကျောက်သင်္ဘော

     နောက်ထပ်လေ့လာစရာကောင်းတဲ့နေရာတစ်ခုကတော့ ကန်ရေပြင်ထဲမှာကျောက်သားနဲ့ ပုံဖော်တည်ဆောက် ထားတဲ့ ကျောက်သင်္ဘောနေရာပါပဲ။ ချင်ယန်သင်္ဘောလို့ခေါ်ပြီး အဲဒီကျောက်သင်္ဘောကို ၁၇၅၅ ခုနှစ်မှာ တည် ဆောက်ခဲ့ပါတယ်။ အရှည် ၃၆ မီတာရှည်ပြီး ဘုရင့်ရဲ့အာဏာတည်မြဲစေရန်ရည်ရွယ်ဆောက်ခဲ့တာလို့သိရပါ တယ်။ ပုံစံကနှစ်ထပ်သင်္ဘောပုံစံဖြစ်ပြီး သင်္ဘောပေါ်မှရေပြင်ရှုခင်းအလှ၊ သဘာဝ တောတောင်အလှနဲ့ ကြည် လင်အေးမြတဲ့ကန်ရေပြင်က တိုက်ခတ်လာမယ့် လေနုအေးလေးတွေကို ခံစားရင်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်

ခွင်မင်းရေကန်

      နွေရာသီနန်းတော်ရဲ့ မြောက်ဘက်မှာတော့ ခွင်မင်းရေကန်ကျယ်ကြီးနဲ့အတူ နဂါးကြီးတစ်ကောင် လူးလွန့်နေသ လားထင်ရလောက်တဲ့ တံတားကြီးတစ်ခုကိုတွေ့မြင်နိုင်ပါတယ်။ ထိုတံတားအောက်ခြေမှာ အပေါက် ၁၇ ပေါက်ပါ တဲ့ (၁၇ ပေါက်တံတား)ဖြစ်ပါတယ်။ တံတားအရှည် ၁၅၀မီတာ ရှည်လျားပြီး ၈ မီတာအကျယ်ရှိပါတယ်။ ခွင်မင်း ကန်ရဲ့ အကျယ်အဝန်းကလည်း ဟက်တာ ၂၀ဝရှိပြီး မက်မွန်သီး ပုံ သဏ္ဍာန်တည်ရှိနေတဲ့ကန်ကြီး ဖြစ်ပါတယ်။ ပုံမှန်ရေအနက် ၁.၅ မီတာရှိပြီး အနက်ဆုံးမှာ ၃ မီတာကျော်ရှိပါတယ်။ ခရီးသွားတွေကိုယ်တိုင်လှေ၊ သမ္ဗာန်တွေနဲ့ ကန်ရဲ့ရှုခင်းကို လှည့်ကြည့်လို့လည်း ရပါတယ်။

ဗုဒ္ဓစံကျောင်းဆောင်နှင့် ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်စောင်းတန်း

နွေရာသီနန်းတော်ရဲ့ အလယ်မှာတော့လေ့လာစရာနေရာအဖြစ် ဗုဒ္ဓစံကျောင်းဆောင် တည်ရှိပါသေးတယ်။ မယ် တော်ကြီးစေးရှီ အမွှေးနံ့သာပူဇော်တဲ့နေရာလည်းဖြစ်ပါတယ်။ မီတာ ၂၀ မြင့်တဲ့ ကျောက်တောင်ပေါ်မှာ

ထိုဗုဒ္ဓစံကျောင်းကို သွားရာလမ်းတစ်လျှောက်မှာတော့ တရုတ်ရာသီခွင်ကိုယ်စားပြု အကောင်၁၂ ကောင်ကျောက် တုံးများကိုတွေ့ရပြီး ၇၂၈ မီတာရှည်တဲ့ စောင်းတန်းလျှောက်လမ်းကိုလည်းမြင်တွေ့ရမှာပါ။ လျှောက်လမ်းတစ် လျှောက် အမိုးနဲ့ဘေးအကာ ကန့်လန့်ဖြတ်အပေါ်တန်းတွေမှာ တရုတ်နိုင်ငံရဲ့ရိုးရာပန်းချီ၊ ရှုခင်း၊ တိရစ္ဆာန်၊ ပန်း၊ ငှက်၊ တောတောင်၊ သမိုင်းကြောင်းစတဲ့ ပန်းချီကားပေါင်း ၁.၄ သောင်းကျော် ရေးဆွဲထားပါတယ်။ အဲဒီစောင်း တန်းဟာ ၁၉၉၀ခုနှစ်မှာ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင် စောင်းတန်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့အပြင် နွေရာ သီနန်း တော်မှာ ရှုမျှော်ခင်းအဆောက်အအုံပေါင်း ၁၀ဝ ကျော်ရှိပြီး ရှေးဟောင်းအဆောက် အအုံ ပေါင်း ၃၅၅၅ ခန့်ရှိနေ ပါတယ်။  ခေတ္တအနားယူဖို့နေရာပေါင်း ၃၀ဝ၀ ကျော် ထည့်သွင်းတည်ဆောက်ထားပြီး သက်တမ်းရှည်သစ်ပင် ကြီးပေါင်း ၁၆၀ဝ ကျော်နဲ့ ရှားပါးတဲ့ အပင်မျိုးစိတ်တွေကိုလည်း လေ့လာနိုင်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုဌာနချုပ်ဖြစ်ခဲ့သည့်နေရာဟောင်း

၁၉၄၉ ခုနှစ်မှာတော့ နွေရာသီနန်းတော်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုဌာနချုပ်ကျောင်းဖြစ်လာခဲ့ပါတယ်။ ကွန်မြူနစ်ပါတီခေါင်း ဆောင်များဖြစ်တဲ့ မော်စီတုန်းနှင့် လုပ်ဖော်ကိုင်ဖက်များ နေထိုင်ခဲ့ဖူးတဲ့နေရာလည်း ဖြစ်ပါ တယ်။ ထို့နောက်ပိုင်း ၁၉၅၃ ခုနှစ်မှာ နွေရာသီစံနန်းရဲ့ အဓိကအစိတ်အပိုင်းများကို အစိုးရအနေနဲ့ အကြီးစား ပြန်လည်ပြု ပြင်မှုများလုပ်ဆောင်ခဲ့ပြီး ယခင်ချင်မင်းဆက်ရဲ့ ကိုယ်ပိုင်ဘုရင့်နန်းတော် ဥယျာဉ်အဖြစ် ဆက်လက် ထားရှိခဲ့ပါ တယ်။

နွေရာသီနန်းတော်ကို သေချာလေ့လာဖို့အတွက် သုံးလေးရက်လောက်အချိန်ယူပြီး လေ့လာမှ စုံလင်နိုင်မှာဖြစ်ပါ တယ်။

 ခန့်ဇင်သူ