【 ဆောင်းပါး】နှစ်နှစ်အတွင်း တည်ဆောက်သည့် ပထမဆုံး တရုတ်အာကာသစခန်း

【 ဆောင်းပါး】နှစ်နှစ်အတွင်း တည်ဆောက်သည့် ပထမဆုံး တရုတ်အာကာသစခန်း

၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံဟာ မစ်ရှင်များစွာကို ဖော်ဆောင်ခဲ့ပါတယ်။ ထိုထဲတွင် အရေးပါသော မော်ကျူးလ်မစ်ရှင် ၃ ခုလည်းပါဝင်ပြီး ကုန်တင်အာကာသယာဉ်မစ်ရှင် ၄ ခုနှင့် လူသားပါဝင်သော အာကာသမစ်ရှင် ၄ ခု တို့ကို ပထမဆုံး အာကာသစခန်းတည်ဆောက်ရန် ဖော်ဆောင်နိုင်ခဲ့ပါတယ်။

၂၀၂၀ခုနှစ်မေလမှာ လောင်းမတ်ချ် -5B ဒုံးပျံဟာ သူ့ရဲ့ စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ တရုတ်အာကာသစခန်းရဲ့ ပထမမော်ကျူလ်းဒုံးပျံဖြစ်ပြီး ၂၀၂၁ ဧပြီလတွင် အာကာသကို စေလွှတ်နိုင်ခဲ့ပါတယ်။

တရုတ်အာကာသစခန်း (China Space Station -CSS) ဟာ တဖြည်းဖြည်းနဲ့ L ပုံစံ စခန်းသို့ စတင်ပြောင်းလဲလာခဲ့ပြီး လက်ရှိအချိန်မှာတော့ T ပုံစံ အာကာသစခန်းဖြစ်လာပြီဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် တရုတ်အာကာသစခန်းအတွင်းက Mengtian မော်ကျူးလ်ဟာ ပို့ဆောင်ရေး ခရီးကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အာကာသစခန်းကို T ပုံစံအဖြစ်သို့ ပြောင်းလဲစေခဲ့ပါတယ်၊ ဒါဟာ CSS ပြည့်စုံစွာ အကောင်အထည်ဖော်ရန် အရေးကြီးသော သော့ချက်ခြေလှမ်းဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လူသားပါဝင်သော အာကာသမစ်ရှင်တစ်ခုအဖြစ် Shenzhou ကိုစေလွှတ်ခဲ့ပြီး နိုဝင်ဘာလ ၃၀ တွင် စံချိန်တင် တရုတ်အာကာသမှူး ၆ ဦးအထိ စခန်းတွင် အတူတူရှိခဲ့ကြပါတယ်။  ဒီဇင်ဘာလမှာတော့ အာကာသမှူးပါဝင်သော ပတ်လမ်းလည်ပတ်မှု ပထမဆုံးအကြိမ် ပြည့်စုံစွာဆောင်ရွက်နိုင်ခဲ့ပါတယ်။

တရုတ်ရဲ့ Shenzhou-14 အာကာယာဉ်တွင် အာကာသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောသူများဖြစ်တဲ့ ချဲန်တုံ၊ လျူယန်း နှင့် ချိုင်ဇူဟဲ တို့ဟာ ဒီဇင်ဘာလ ၄ ရက်မှာပဲ အာကာသပေါ်တွင် ၆ လမစ်ရှင်ဆောင် ရွက်ခဲ့ပြီးနောက် မြေကြီးပေါ်သို့ ဘေးကင်းစွာ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။

Shenzhou-15 အာကာသယာဉ် ပြန်လည်ရောက်လာပြီးနောက် CSS ဟာ သူ့ရဲ့ အကြီးမားဆုံးစခန်းကို မော်ကျူလ်း ၃ ခုနှစ် အာကာသယာဉ် ၃ ခုတို့ဖြင့် တည်ဆောက်နိုင်ခဲ့ပါတယ်။

အာကာသစခန်းအတွင်းပိုင်းဟာ ဘယ်လိုရှိပါသလဲ? Tianhe ရဲ့ အဓိက မော်ကျူးလ်ဟာ အလျားလိုက်ပြု လုပ်ထားသော အိပ်ခန်း ၃ ခုရှိပြီး လေ့ကျင့်ခန်း ပြုလုပ်ရန် နေရာလည်းရှိသလို အစားအစာ ၁၂၀ မျိုးလည်းရှိပါတယ်။

အသက်ကယ်ရေးစနစ်လည်းရှိပြီး တည်ငြိမ်သော အင်တာနက်လည်း အသုံပြုနိုင်ပါတယ်။ အခန်းအတွင်းက မီးများကို ထိန်းချုပ်ရန် မိုဘိုင်းလ်ဖုန်းကို အသုံးပြုလုပ်ဆောင်နိုင်ပါတယ်။

Wentian စမ်းသပ်မော်ကျူးလ်တွင် ဆန်နှင့် Arabodopsis တို့ကို သီးသန့်စိုက်နိုင်ခဲ့ပါတယ်။ မိုက်ခရိုဆွဲအား သိပ္ပံသုတေသနများအပြင် Mengtian စမ်းသပ်မော်ကျူးလ်ဟာ သေးငယ်သော အာကာသယာဉ်ကို ပတ်လမ်းအတွင်းသို့ စေလွှတ်နိုင်ပါတယ်။

တရုတ်အာကာသစခန်းဟာ ၂၀၂၂ နှစ်ကုန်တွင် အပြီးသတ်ဆောက်လုပ်နိုင်မည်ဖြစ်ပါတယ်။ အနာဂတ်တွင် နိုင်ငံတကာအာကာသမှူးများနှင့်သိပ္ပံပညာရှင်များကလည်း CSS အတွင် အလုပ်လုပ်နိုင်မယ့် အခွင့်အရေး ရရှိစေမည်ဖြစ်ပါတယ်။

CSS ကို IAE က ချီးကျူးခဲ့

၁၉၅၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော International Astronautical Federation ဟာ ကမ္ဘာပေါ်တွင် အာကာသဆိုင်ရာ အကြီးမားဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်၊ နိုင်ငံပေါင်း ၇၅ နိုင်ငံက အဖွဲ့ဝင်ပေါင်း ၄၆၈ ဦးရှိထားသော အဖွဲ့အစည်းဖြစ်ပါတယ်။

“၂၀၀၃ ခုနှစ်တွင် စေလွှတ်ခဲ့တဲ့ Shenzhou-5 အာကာသယာဉ်ကို ပြန်လည်အမှတ်ရဖို့ လိုအပ်ပါတယ်၊ အဲဒီအချိန်တုန်းက တရုတ်ဟာ ပထမဆုံး အာကာသယာဉ်မှူးနဲ့အတူ စေလွှတ်မှု ပြုလုပ်ခဲ့တယ်။ မစ္စတာ ယန်းလီဝေကို အာကာသထဲသို့‌ စေလွှတ်ခဲ့တယ်။ တစ်ကမ္ဘာလုံးက အဲဒါနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြတယ်ထင်တယ်။ တရုတ်ဟာ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြီးနောက် အာကာသထဲကို လူသားစေလွှတ်နိုင်တဲ့ တတိယမြောက်နိုင်ငံဖြစ်လာတယ်”ဟု IAF အကြီးအကဲဖြစ်တဲ့ ဒေါက်တာ ခရစ္စတီယန်ဖိတ်တင်ဂါက ပြောပါတယ်။

“တရုတ်ဟာ အခုချိန် ကမ္ဘာပေါ်တွင် ကမ္ဘာ့ပတ်လမ်းအနိမ့်တွင် ကိုယ်ပိုင်အာကာသစခန်းနဲ့အတူ ဦးဆောင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်၊ ဒီပလက်ဖောင်းကို ထောက်ပံ့နိုင်ရန် လိုအပ်သော အရာများအားလုံးကိုလည်း အသင့် ရှိထားသော နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ Shenzhou-15 ဟာ အာကာအတွင်းက ယာဉ်မှူးကို ၆ အထိ တိုးလာစေခဲ့တယ်။ ဒါဟာ တရုတ်အဆင်သင့်ဖြစ်ပြီဆိုတာကို ပြသနေပါတယ်။ အသုံးပြုရန် အသင့်ဖြစ်တယ်၊ သိပ္ပံဆိုင်ရာလေ့လာမှုကိုအပြည့်အဝလုပ်ရန် အသင့်ဖြစ်တယ်။ ပြီးတော့ နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်လို့ ထင်ပါတယ်” ဟု သူက ဆက်ပြောပါတယ်။

Naing

Ref:CMG|How China constructs its first space station in two years