【 ဆောင်းပါး 】နှစ် ၇၀ အတွင်း တိဗက်ဒေသ၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု

【 ဆောင်းပါး 】နှစ် ၇၀ အတွင်း တိဗက်ဒေသ၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု

ယခုနှစ်ဟာ တိဗက်၏ ငြိမ်းချမ်းစွာလွတ်မြောက်လာခြင်း အနှစ် ၇၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်လည်းဖြစ်ပါတယ်။ ငြိမ်းချမ်းသော လွတ်မြောက်မှုမရှိခင် တိဗက်အဟောင်းဟာ သက်ဦးဆံပိုင် မြေကျွန်စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ မြေပိုင်ရှင်များဟာ လူဦးရေ ၅ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုခဲ့ပါတယ်။ ကျန် ၉၅ ရာခိုင်နှုန်းဟာ အခိုင်းစေများဖြစ်ပါတယ် (သို့မဟုတ်) ကျွန်များလို့လည်း ခေါ်လို့ရပါတယ်။

တိဗက်ကို အကြိမ်ကြိမ် သွားရောက်လည်ပတ်ခဲ့သော ပြင်သစ်နိုင်ငံပညာရှင်တစ်ယောက်ဖြစ်တဲ့ အဲလက်ဇန်းဒရာဒေးဗစ်နီလ်း၏ သူ့ရဲ့စာအုပ်တွင် ရေးသားချက်အရ ကျွန်ပိုင်ဆိုင်သူများဟာ ဇိမ်ခံအိမ်များတွင် နေထိုင်ခဲ့ကြပြီး ပစ္စည်းဥစ္စာများစွာ ပိုင်ဆိုင်ခဲ့ပြီး ကျွန်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ခဲ့ကြပြီး လယ်သမားများအားလုံးဟာ ဘဝတစ်ခုလုံး အကြွေးဖြင့် ရုန်းကန်နေကြပြီး လွတ်လပ်မှုမရှိခဲ့ပါဘူး။

ဒါတွေအားလုံးဟာ လွတ်လပ်မှုရရှိပြီးနောက် ပြောင်းလဲလာခဲ့ပါတယ်၊ ဒီမိုကရေစီစံနှုန်းပြောင်းလဲမှုများကို တိဗက်တွင် စတင်ခဲ့ပါတယ်။ ကျွန်များအားလုံးကို လွတ်လပ်ခွင့်ပေးထားပြီး သူတို့အတွက် ကိုယ်ပိုင်မြေယာ များကို ပေးခဲ့ပါတယ်။ ကြမ်းကြုတ်သော အုပ်ချုပ်မှုဟာ နောက်ဆုံးတော့အဆုံးသတ်သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း တိဗက်၏ ဂျီဒီပီဟာ ၁၅၀၀ ဆ အထိတိုးလာခဲ့ပါတယ်။ လူဦးရေကလည်း ၁၉၅၉ ခုနှစ်တွင် ၁.၂၃ သန်းသာရှိရာကနေ ၂၀၂၀ မှာတော့ ၃.၆၅ သန်းသို့ မြင့်တက်လာခဲ့ပါတယ်။ တိုင်းရင်းသား တိဗက်လူမျိုးများဟာ လူဦးရေ ၈၆ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။ တိဗက်ဗုဒ္ဓဘာသာဆိုင်ရာ နေရာပေါင်း ၁၇၈၇ ခုရှိပြီး ဘုန်ကြီးများနှင့်သီလရှင်များအတွက် ကျောင်းပေါင်း ၄၆၀၀၀ ကျော်ရှိပါတယ်။

တိဗက်ဟာ ခုတော့ အလွန်ဆင်းရဲမွဲတေခြင်းကို အဆုံးသတ်နိုင်ခဲ့ပြီး လူမွဲအဖြစ်စာရင်းပေးထားသော သူပေါင်း ၆၂၈၀၀၀ တွင် ဆင်းရဲသော ကောင်တီများဟု သတ်မှတ်ထားသော နေရာ ၇၄ ခုဟာလည်း ဆင်းရဲမှု ကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီဒေသများက ကျောင်းသားများဟာလည်း ပြည်သူ့ရန်ပုံငွေဖြည့် လည်ပတ်နေသော ပညာရေးကို ၁၅ နှစ်တာ သင်ယူခွင့်ရရှိခဲ့ပြီး  ပြည်ပပိုင်းက ကျောင်းသားများထက် ၆ နှစ်ခန့်ပိုပါတယ်။  ၁၉၅၁ ခုနှစ်တွင် တိဗက်နိုင်ငံသား ၉၀ ရာခိုင်နှုန်းကျော်ဟာ ကိုယ်ပိုင်အိမ်မရှိခဲ့ပါဘူး။ ထို့အပြင် ပျမ်းမျှလူ့သက်တမ်းဟာလည်း ၂၀၂၀ တွင် ၇၁.၁ နှစ်သို့ တိုးလာခဲ့ပြီး ငြိမ်းချမ်းသော လွတ်လပ်မှုမတိုင်ခင်တုန်းကလည်း ၂ ဆ ပိုများလာပါတယ်။ ငြိမ်းချမ်းစွာ လွတ်လပ်ခြင်းကြောင့် တိဗက်ဟာ အသစ်သောခရီးကို စတင်စေခဲ့ပါတယ်။

နိုင်ငံတကာဟာလည်း တိဗက်၏ဖွံ့ဖြိုးတိုးတက်မှုကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၇ စုအတွင်းတွေ့မြင်ခဲ့ကြပြီး ဝင်ငွေများတိုးလာခြင်း၊ ကြွယ်ဝချမ်းသာမှုနှင့် လူနေမှုမြင့်တက်ခြင်းများလည်း တိုးတက်လာခဲ့ပါတယ်။ ရှေးခေတ် ကတည်းကစပြီး တိဗက်ဟာ တရုတ်၏ အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။တိဗက်က တိုင်းရင်းသားများဟာလည်း တရုတ်နိုင်ငံနဲ့ လူမျိုးဘာသာ တူသူများဖြစ်ပါတယ်။

ဗျူဟာမြောက်ကျေးလက်ဒေသတိုးတက်ရေးစီမံကိန်းအောက်တွင် တိဗက်ဟာ အားကောင်းလာသော စီးပွားရေးလုပ်ငန်းများ၊ ဂေဟစနစ်အားပေးသော ပတ်ဝန်းကျင် ၊ လူမှုဘဝ နှင့် ပြည်သူ့နီတိတို့ကို လက်ခံကျင့်သုံး ထားပြီး ပိုမိုတောက်ပသော အနာဂတ်ကို လျှောက်လှမ်းနေပါတယ်။

Naing

Ref:CMG| Tibet witnesses remarkable development in 70 years after peaceful liberation