
【 ဆောင်းပါး 】ဟောင်ကောင်ရဲ့ ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှု
ဗဟိုအစိုးရ၏ ပံ့ပိုးထောက်ပံ့ပေးမှုကြောင့် ဟောင်ကောင်ဟာ အခြေခံ သုတေသီလုပ်ငန်းများ၊ စွမ်းရည်မြှင့်တင်ရေး၊ ဆန်းသစ်တီထွင်မှု တိုးတက်ရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတွင် အောင်မြင်မှုများ ရရှိလာကြောင်းရှီကျင့်ဖျင်က ၂၀၂၂ခုနှစ် ဇွန် ၂၈ ရက်က ပြောခဲ့ပါတယ်။
ရှီကျင့်ဖျင်က သူ့ရဲ့ Hong Kong Science Park ကို ဟောင်ကောင်အုပ်ချုပ်ရေးမှူး ချယ်ရီလမ်းနဲ့အတူတူ သွားရောက်လည်ပတ်စစ်ဆေးချိန်တွင် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရှီကျင့်ဖျင်ဟာ ဟောင်ကောင်အခြေစိုက် Chinese Academy of Sciences နှင့် Chinese Academy of Engineering က ပညာရှင်များ၊ သုတေသီများ နှင့် လူငယ်ပညာရှင်များနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်ဟာ ၂၅ နှစ်ပြည့် ဟောင်ကောင်အပ်နှံရေး အထိမ်းအမှတ်ပွဲကို တက်ရောက်ရန် ဟောင်ကောင်ကို ရောက်ရှိနေတာ ဖြစ်ပြီး ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအစိုးရအသစ်ကို ကြိုဆိုပွဲကို ဇူလိုင်လ ၁ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ပါတယ်။
Science Park ဟာ ဟောင်ကောင်တွင် အကြီးဆုံး သုတေသီနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆောက်အဦဖြစ်ပြီး စီးပွားရေးလုပ်ငန်းပေါင်း ၁၁၀၀ နှင့် ပညာရှင် ၁၇၀၀၀ ကျော် ရုံးစိုက်ရာ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။
ဟောင်ကောင်အစိုးရဟာ အင်အားကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုကို အပြည့်အဝ တာဝန်ယူရမှာ ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောပါတယ်။ Hong Kong Center for Neurodengenerative Diseases ကို သွားရောက်လည်ပတ်ချိန်တွင် ရှီကျင့်ဖျင်ဟာ ရောဂါရှာဖွေခြင်းနှင့် Alzheimers ရောဂါကုသခြင်း အကြောင်းကို လေ့လာသိရှိခဲ့ပြီး သုတေသီများကို နိုင်ငံတကာတွင် ဦးဆောင်နေရာ ရယူနိုင်သည်အထိ အောင်မြင်မှု ရယူရန်လည်း မှာကြားခဲ့ပါတယ်။
ပညာရှင်များ၊ သုတေသီများ နှင့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းများရဲ့ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံစကားပြောချိန်တွင် ရှီကျင့်ဖျင်က ပြည်မမြို့ကြီးများနဲ့ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင် ရွက်မှု ဆောင်ရွက်ရန် ဆော်ဩခဲ့ပြီး ကွမ်တုံ-ဟောင်ကောင်-မကာအို အစရှိသော မြို့ကြီးများနဲ့ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်၊ စီးပွားရေး လုပ်ငန်းများ၏ ညှိနှိုင်းတိုင်ပင်မှု အားကောင်းသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် GBA ကို နိုင်ငံတကာ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာကဏ္ဍတွင် ဦးဆောင်နေရာ ဖြစ်ရန် ကြိုးပမ်းရေးကိုလည်း ရှီကျင့်ဖျင်က မှာကြားခဲ့ပါတယ်။
ရှီကျင့်ဖျင်ကလည်း အမိမြေကို ချစ်မြတ်နိုးသော ရိုးရာနှင့် ဟောင်ကောင်ကို ရှေ့ဆက်ဦးဆောင်ရေးတို့ဖြင့် တရုတ်နိုင်ငံကို သိပ္ပံနှင့် နည်းပညာကဏ္ဍတို့တွင် ဦးဆောင်နိုင်ငံဖြစ်လာရေးကို ကူညီပေးရန်ကိုလည်း မှာကြားခဲ့ပါတယ်။
လူငယ်များအတွက် အခွင့်အလမ်းများကို ချပေးပြီး နေရာများများပေးနိုင်ရေးအတွက်လည်း ရှီကျင့်ဖျင်က မှာကြားခဲ့ပါတယ်။
Naing
Ref: CMG|President Xi Jinping hails Hong Kong's innovation, technology development