【 ဆောင်းပါး 】 ခေတ်အရွေ့နှင့် လူကြီးလူငယ်ကြားက အဟ

【 ဆောင်းပါး 】 ခေတ်အရွေ့နှင့် လူကြီးလူငယ်ကြားက အဟ

ခေတ်ကရွေ့နေပါတယ်။ကိုယ်ကရွေ့ချင်သည်ဖြစ်စေ မရွေ့ချင်သည်ဖြစ်စေ ခေတ်ရေစီးကြောင်းကတော့ ရွေ့နေမှာပါပဲ။ဘယ်ခေတ်ဖြစ်ဖြစ် လူကြီးနဲ့ လူငယ်တွေကြားမှာ အဟတွေရှိ တတ်ကြစမြဲပါပဲ။အခုခေတ် ပညာတတ်တွေ ဘိုလိုညှပ်မပြောရရင် မြန်မာစကား မပြောတတ်ကြသယောင် တွေ့နေရတော့ သူတို့ကိုအားကျပြီး ဘိုလိုညှပ်ပြောရမယ်ဆိုရင် ဂျနရေးရှင်းဂက်(ပ်) အစ်ရှုးပေါ့ ဟဲ..ဟဲ။

၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီ သောင်ပြိုကမ်းပြို မဲနိုင်ခဲ့ပါတယ်။အင်အယ်လ်ဒီအစိုးရအဖွဲ့ အမည်စာရင်းထွက်လာတော့ လူထုခမျာ ဟင်ခနဲဟာခနဲ ဖြစ်ခဲ့ရရှာပါတယ်။အစိုးရအဖွဲ့ထဲမှာ အသက်ကြီးပိုင်းတွေ များနေတယ်။တစ်ဘက်က လွှတ်တော်ကိုကြည့်တော့ လူငယ်တွေတော့ပါပါရဲ့။ဒါပေမဲ့ တချို့လူငယ်တွေဟာ ဘာမှရေရေရာရာမသိကြဘူးဆိုတဲ့ အင်အယ်လ်ဒီအစိုးရနဲ့ ကိုယ်စားလှယ်အချိုးအဆ လူငယ်လူကြီးပါဝင်ပုံကို ဝေဖန်သံတွေ ထွက်ခဲ့ပါတယ်။အဓိကထွက်လာတဲ့ ဝေဖန်သံက နေရာမှန်လူမှန် မဖြစ်မှုများတယ်ဆိုတဲ့ မှတ်ချက်ပါ။

အင်အယ်လ်ဒီအစိုးရ လက်ထက်မှာ အရင်အစိုးရတွေ လက်ထက်က ကျန်ခဲ့တဲ့ နည်းနာစနစ်တွေကို ဗြောင်းပြန်လှန်လိမ့်မယ်လို့ လူထုက ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ အရင်အစိုးရတွေ ထားခဲ့တဲ့ နည်းနာနိသျတွေအတိုင်း သွားနေတဲ့ အင်အယ်လ်ဒီအစိုးရရဲ့ အဓိကကျတဲ့ ယန္တယားတစ်ခုကို လူငယ်တစ်ယောက်က မွှေ့ယမ်းအစဆွဲထုတ်ပေးလိုက်ပါတယ်။အဲဒါကတော့ ဒေါက်တာစိုးသူရဇော် ဆိုတဲ့ လူငယ် သွားဆရာဝန်လေး တစ်ယောက်က အထက်မြန်မာနိုင်ငံ ဗဟိုဝန်ထမ်းတက္ကသိုလ် (အရပ်အခေါ် ဇီးပင်ကြီး) မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ပေးနေတဲ့ ပါမောက္ခဟာ လက်ရှိစနစ်၊ လက်ရှိအစိုးရကို ဆန့်ကျင်တဲ့ သဘောတရားတွေ ပို့ချနေကြောင်း ဖော်ထုတ်ရေးသားလိုက်တာပါ။အားလုံးသိတဲ့အတိုင်း ဒေါက်တာစိုးသူရဇော် ရေးတဲ့ ဇီးပင်ကြီး အပိုင်း- ၁၊ ၂ နဲ့ ၃ ဟာ ဖေ့စ်ဘုတ်ပေါ်မှာ အများသူငါ ဖတ်ကြဝေမျှကြတဲ့ ပို့စ်တစ်ခုဖြစ်လာပါတယ်။

မကြာမီ ဒီဆရာဝန်လေးကို ဌာနတွင်းစစ်ဆေးနေပြီး အရေးယူတော့မယ်ဆိုတဲ့ စာတွေဆက်တက်လာပြီး ဇီးပင်ကြီးမှာ သင်တန်းတက်ခဲ့သူတွေက ဒေါက်တာစိုးသူရဇော် ရေးသားမှုတွေ မှန်ကန်ကြောင်း ဝင်ရေးသားထောက်ခံကြပါတယ်။ဒါ့အပြင် ဇီးပင်ကြီးနဲ့ ဖောင်ကြီး ဝန်ထမ်းရေးရာသင်တန်းတွေမှာ ကြုံခဲ့ရပုံတွေကို ဖော်ထုတ်ရေးသားတဲ့ တခြားစာတွေတစ်ခုပြီး တစ်ခုတက်လာပါတယ်။ဒါနဲ့တစ်ဆက်တည်း နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေးအဖွဲ့နဲ့ ဇီးပင်ကြီး ဖောင်ကြီး ပူးပေါင်းဖွင့်လှစ်ထားတဲ့ အရာရှိကြီးတွေ အဆင့်အတွက် ဖွင့်ထားတဲ့ သင်တန်းတွေမှာ ပူးတွဲဆောင်ရွက်နေတဲ့ မလေးနဲ့ အမေရိက က တက္ကသိုလ်တွေဟာ အတုတွေဖြစ်ကြောင်းပါ ပေါ်လာပါတယ်။နိုင်ငံ့ဝန်ထမ်းတွေကို လေ့ကျင့်ပေးနေတဲ့ နေရာနှစ်ခုနဲ့ ပတ်သက်တဲ့ သတင်းတွေ ဒီလိုပွက်ပွက်ဆူနေပေမဲ့ အစိုးရဘက်က ဒီကိစ္စအပေါ် ဘယ်လိုစီမံခန့်ခွဲနေပြီဆိုတဲ့ အသံတစ်ချက်တောင် ထွက်မလာပါဘူး။

အချိန်နည်းနည်းကြာမှ ငြိမ်းချမ်းရေးမရတာ လက်ရှိအစိုးရ စေတနာမရှိလို့ဆိုပြီး ပို့ချခဲ့သူ ပါမောက္ခကို ရာထူးတူ ဘေးတိုက်နေရာရွှေ့လိုက်ကြောင်း ပုဂ္ဂလိကသတင်းဌာနတွေက ဖော်ပြလို့သာ ပြည်သူတွေ သိခဲ့ရတာပါ။နိုင်ငံပိုင် ဘယ်သတင်းစာကမှ ဒီသတင်းကို မဖော်ပြခဲ့ပါဘူး။ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီက စစ်ဆေးသင့်ပါတယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိခဲ့ပေမဲ့ ရာထူးဝန်အဖွဲ့ “ပိုနေမြဲကျားနေမြဲ” ရှိနေပုံရပါတယ်။အစိုးရအတွက် အရေးကြီးတဲ့ ဝန်ထမ်းတက္ကသိုလ်လိုနေရာမှာ လက်ရှိအစိုးရအပေါ် သစ္စာမခံတဲ့ အရာထမ်းတွေရဲ့လုပ်ရပ် ဘယ်မျှဆိုးဝါးကြောင်း လူငယ်လေးကစ လူထုကပါဝင်ဆောင်ရွက်ပေးကြပေမဲ့ မေတ္တာသစ္စာ ရွှေမန်းသဘင် အဲလေမှားလို့ လူထုအပေါ် မေတ္တာသစ္စာကြီးမားတဲ့ အစိုးရဘက်က တုတ်တုတ်တောင် မလှုပ်ခဲ့ပါဘူး။အာဏာရှင်အစိုးရတွေ လက်ထက်တုန်းကလိုပဲ ပြည်သူကို ဒီကိစ္စနဲ့ ပတ်သက်လို့ အချိန်နဲ့တပြေးညီ ပွင့်လင်းမြင်သာချပြတာမရှိ။လူထုက ဇီးပင်ကြီးရဲ့ မျက်နှာဖုံးခွာချပြပေမဲ့ အစိုးရဘက်က တုန့်ပြန်မှု အချိန်နဲ့တပြေးညီ ထွက်မလာတဲ့အပြင် လူထုမျှော်လင့်တဲ့ ဖြေရှင်းပုံမျိုး လုံးဝမဟုတ်ဘူးလို့ လူငယ်အများစုက ဝေဖန်ကြပါတယ်။နောက်ဆက်တွဲစကားအဖြစ် ၂၀၂၀ မှာတော့ ပါတီရောလူပါ ကြည့်မှပါပဲဆိုတဲ့ ညည်းတွားသံဟာ ဇီးပင်ကြီးပြဿနာ ပေါ်ပြီးနောက်ပိုင်း ထွက်လာတဲ့ လူထုအသံပါ။

ဇီးပင်ကြီးစစ်တမ်း ၁၊ ၂ နဲ့ ၃ ကြောင့် ဖေ့စ်ဘုတ်ပေါ် ပွဲဆူခဲ့တာကို စံချိန်ချိုးလိုက်တာကတော့ ၂၃.၃.၂၀၁၉ ရက်နေ့က ချီးမြှင့်ခဲ့တဲ့၂၀၁၈ အကယ်ဒမီဆု စာရင်းပါပဲ။အကယ်ဒမီဆုကို လူထုထင်ထားတာကတစ်မျိုး ရသွားသူတွေကတစ်မျိုးဖြစ်ခဲ့တာ မဆန်းပါဘူး။နှစ်တိုင်းလိုလိုရှိခဲ့ပါတယ်။ဒါပေမဲ့ ဒီနှစ် ၂၀၁၈ အကယ်ဒမီလောက် တခါမှ ပွဲမဆူခဲ့ပါဘူး။ဒီနှစ် အကယ်ဒမီဆုပေးတာ မပြီးသေးချိန်မှာဘဲ ၂၀၁၈ အကယ်ဒမီနဲ့ ပတ်သက်ပြီး မကျေမနပ်ရေးတဲ့စာတွေ ဖေ့စ်ဘုတ်ပေါ် တက်နေပါပြီ။ဆုပေးပွဲအပြီးမှာတော့ ရိုးရိုးမကျေနပ်တဲ့ အမြင်တွေသာမက၊ ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ စကားလုံးရင့်ရင့်သီးသီး သုံးထားတဲ့စာတွေ အဆက်မပြတ်တက်လာပါတော့တယ်။၂၀၁၈ အကယ်ဒမီ ဘာကြောင့် ဒီလောက်ပွဲဆူသွားသလဲ တထွာတမိုက်ဉာဏ်နဲ့ အဖြေရှာကြည့်မိပါတယ်။

ရုပ်သံလိုင်းတွေရဲ့ ကောင်းမှုကြောင့် မြန်မာလူထုဟာ နိုင်ငံတကာရုပ်ရှင် ကားမျိုးစုံကို အိမ်ပြင်ထွက် ရုပ်ရှင်ရုံသွားစရာမလိုဘဲ လွယ်လွယ်ကူကူ  ကြည့်ခွင့်ရခဲ့ကြတာ ကြာပါပြီ။ဒီတော့ ကိုရီးယား၊ တရုတ်၊ ဂျပန်၊ ကုလား၊ ထိုင်း ဘယ်ကားပဲကြည့်ကြည့် မြန်မာကားတွေထက် အားထုတ်မှုသာလွန်တာကို တွေ့ကြရပါပြီ။အထူးသဖြင့် ကမ္ဘာတခွင်လုံးကို ထိုးဖောက်နေရာယူထားတဲ့ ကိုရီးယားရုပ်ရှင်ကား အများစုဟာ မြန်မာပရိသတ်ရဲ့ သည်းခြေကြိုက်ကားတွေ ဖြစ်လာပါတယ်။နိုင်ငံခြားကားမှန်သမျှ ကောင်းတယ်လို့ မဆိုလိုပါ။ဒါပေမဲ့ ဘယ်နိုင်ငံကကားပဲဖြစ်ဖြစ် မြန်မာကားတွေလို ရက်ပိုင်းအတွင်း တက်သုတ်ရိုက်ထားတဲ့ ပြီးလွယ်စီးလွယ်ကားတွေ မပါသလောက်ပါပဲ။တဘက်မှာလည်း မြန်မာကားအများစုက ပေါကားတွေဖြစ်နေပါတယ်။မြန်မာပေါကားတွေမှာ ပရိသတ်မရှိဘူးလားဆိုတော့ ရှိပါတယ်။အဲဒီပရိသတ်က အဝေးပြေးကားမောင်းတဲ့ ယာဉ်မောင်းတွေ လမ်းဘေးဈေးသည်တွေက အများစုပါ။အဝေးပြေးကားတွေပေါ်မှာ ပေါကားကို ဒရိုင်ဘာကဖွင့်တယ်။အသံအကျယ်ကြီးနဲ့ ဖွင့်တယ်။
ခရီးသည်ကမကြိုက်ဘူးဆိုတဲ့ ပြဿနာမျိုးတွေ ပေါ်ဖူးပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး မြန်မာပရိသတ်က ပေါကားတွေကို အပြစ်တင်ရှုံ့ချလာကြပါပြီ။ဒီအချိန်မှာ မြန်မာကားကောင်းကောင်းရိုက်ဖို့ ကြိုးစားလာသူတွေလည်း ရှိလာပါတယ်။၂၀၁၈ ခုနှစ်အတွင်း ရုံတင်တဲ့ကားတွေထဲမှာ ဒါရိုက်တာ ခရစ္စတင်းခီ ရိုက်ကူးတဲ့ ဥပါယ်တံမျဉ်ကားနဲ့ ဒါရိုက်တာ ဏ ရိုက်တဲ့ မီ ဇာတ်ကား ၂ ကားဟာ ပရိသတ်ကြား အလွန်ရေပန်းစားခဲ့ပါတယ်။ဒီကားတွေ နာမည်ကြီးလွန်းလို့ နှစ် ၃၀ လောက် ရုပ်ရှင်ရုံဘက် ခြေဦးမလှည့်တဲ့ လူကြီးပိုင်းနဲ့ လူလတ်ပိုင်းအရွယ်တွေတောင် တခုတ်တရ ရုပ်ရှင်ရုံဆီသွားပြီး ကြည့်ကြပါတယ်။ဒီမှာတင် ခီလင်မယားကို ရုပ်ရှင်လောကသားတချို့က အပြန်အလှန်အတင်းပြောထားတဲ့ ချက်တင်တွေ စကင်ရှော့ရိုက်ပြတဲ့ အနေအထားနဲ့ ဖေ့စ်ဘုတ်ပရိသတ်ကြားထဲ ရောက်လာပါတယ်။မီ ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးသံတမန် ခန့်အပ်ထားကို ပြန်ရုတ်သိမ်းခဲ့ပါတယ်။မီ ဇာတ်ကားထဲမှာ မီအဖြစ် သရုပ်ဆောင်တဲ့ ပိုင်ဖြိုးသု က စီးကရက်သောက်ပြတာများလို့တဲ့။

ဇီးပင်ကြီးစာတမ်းရှင် ဒေါက်တာစိုးသူရဇော် ကို ဌာနတွင်း စုံစမ်းစစ်ဆေးမှုလုပ်တာကြောင့် နာမည်ကြီးခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာနဟာ မီကြောင့် ထပ်နာမည်ကြီးရပြန်ပါတယ်။ပိုင်ဖြိုးသု ရဲ့ ပုဂ္ဂလိကဘဝနဲ့ သရုပ်ဆောင်ဘဝကို မခွဲခြားတတ်တဲ့ထိ ကျန်းမာရေးဝန်ကြီးဌာနထဲမှာ ဘယ်သူက ဒီလိုဆုံးဖြတ်မှုတွေကို လုပ်နေပါသလဲ လူထုက အံ့သြကြရပါတယ်။ဒီလို လူထုသည်းသည်းလှုပ် ကားကောင်းတွေ ပါလာတဲ့နှစ်ဖြစ်လို့ ၂၀၁၈ အကယ်ဒမီဆုကို လူထုက စိတ်ဝင်တစား စောင့်မျှော်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၁၈ အကယ်ဒမီဆုတွေ လက်တွေ့ချီးမြှင့်လို့ မပြီးခင်မှာဘဲ ပေးနေတဲ့ဆုတွေအပေါ် လူထုဆဲသံ မိုးမွှန်ထွက်လာပါတယ်။ရုပ်ရှင်တစ်သက်တာဆု၊ ဂီတဆု၊ ဓာတ်ပုံဆုတွေကို မဆဲကြပေမဲ့ ကျန်တဲ့ဆုအားလုံးနီးပါး အဆဲခံရ တနည်းအားဖြင့် သြဘာပေးခံရတဲ့နှစ်ပါပဲ။မြန်မာလူထုက ရုပ်ရှင်အနုပညာဆိုတာဘာလဲ ကောင်းကောင်းသိ ကောင်းကောင်းခံစားတတ်နေကြပါပြီ။
ကိုရီးယားကားတွေကို ကြိုက်ကြတာဟာ မင်းသား မင်းသမီးလေးတွေ သိပ်ချောတာသက်သက်ကြောင့် မဟုတ်ဘဲ သဘာဝကျကျ သရုပ်ဆောင်ပြကြတာ၊ မလိုအပ်ဘဲ လေကြောမရှည်ဘဲ မျက်လုံးလေးတဝင့် နှုတ်ခမ်းလေးတတွန့်နဲ့ ဘယ်လိုခံစားနေရတယ်ဆိုတာကို ပြပေးသွားကြတာ၊ ပြင်ပလူ့အဖွဲ့အစည်းနဲ့ ရုပ်ရှင်ထဲက လူ့အဖွဲ့အစည်း ထပ်တူကျတာ စတဲ့ အနုပညာမြောက်မှုကို နှစ်သက်တိမ်းမူးကြတာပါ။

တကယ်တော့ မြန်မာရုပ်ရှင်ပရိသတ်ဟာ မြန်မာကားအတော်များများမှာ မြင်တွေ့နေရတဲ့ ပြူးပြပြဲပြ အော်ကြဟစ်ကြတဲ့ ဇာတ်ရုပ်တွေ၊ တရားလွန်ငိုပြကြပေမဲ့ မျက်လုံး နှုတ်ခမ်း ခန္ဓာလှုပ်ရှားမှု ပါးစပ်အနေအထား လေသံအနေအထားနဲ့ စိတ်ခံစားရမှုကို သရုပ်မဖော်ပြနိုင်တာတွေကို စိတ်ပျက်နေကြတာ ကြာပါပြီ။ဒီကနေ့ထိ မြန်မာ့ရုပ်သံတွေကလာသမျှ ဒီဘက်ခေတ်ရိုက်ကူးတဲ့ မြန်မာကားဇာတ်လမ်းတွဲတွေကို လုံးလုံးမကြည့်ရှုသူတွေ အများကြီးပါ။

နိုင်ငံတကာကားတွေမှာ ခံစားရတဲ့ အပြရုပ်ရှင် (အနုပညာမြောက်တဲ့ကားများ) ကို အပြောရုပ်ရှင်အဖြစ်က (အနုပညာအားနည်းတဲ့) မတက်တဲ့ မြန်မာကားတွေနဲ့ယှဉ်ပြီး မြန်မာ့ရုပ်ရှင်ကားတွေကို အဆင့်မြင့်လာစေချင်တဲ့စေတနာ မြန်မာပရိသတ်တိုင်းမှာ ရှိပါတယ်။မြန်မာ့ရုပ်ရှင်လောကထဲမှာလည်း ထိုးဖောက်ထွက်နေသူတွေ ရှိလာတာကို စမြင်လာရပါတယ်။ဒါကြောင့်သာ ဒီနှစ် ၂၀၁၈ အကယ်ဒမီ ဆန်ကာတင်စာရင်းမှာ မီ၊ ဥပါယ်တံမျဉ်နဲ့ မုန်းစွဲ လို ကားမျိုးတွေ ပါလာတာပါ။

ရွှေကြာ ဇာတ်ကား ဆုလေးဆုရတဲ့အပေါ် ဆုရွေးချယ်ရေးအဖွဲ့က အနုပညာထက် ပေါ်လစီကို ဦးစားပေးလိုက်တာလို့ ထင်မိပါတယ်။ရွှေကြာမှာ ပါဝင်သရုပ်ဆောင်သွားသူတွေ ပုံမှန်ပါပဲ။ဘာမှထူးချွန်ပြောင်မြောက်မနေပါဘူး။ပရိသတ်က အနုပညာကိုကြည့်တယ်။ရွေးချယ်ရေးအဖွဲ့က ပေါ်လစီနဲ့ ဆေးလိပ်သောက်တာ များ၏ မများ၏ကို ကြည့်ကြပုံရပါတယ်။ဥပါယ်တံမျဉ်နဲ့ ပတ်သက်လို့ ဆုရွေးချယ်ရေးအဖွဲ့ ဆင်ခြင်စရာက ဒီကားကို နိုင်ငံတကာမှာပြခဲ့လို့ ဆုကြီးတွေရလာမယ်ဆိုရင် မြန်မာ့ရုပ်ရှင် အကယ်ဒမီရွေးချယ်ရေးအဖွဲ့ ဂုဏ်သိက္ခာထိပါးလာပါတော့မယ်။ခီလင်မယား ရိုက်ခဲ့တဲ့ မုဒြာရဲ့ခေါ်သံကားဟာ နိုင်ငံတကာဆုလေးဆု ရဖူးပါတယ်။

အတိုချုပ် သုံးသပ်ရရင် ၂၀၁၈ အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး လူထုကရွေ့နေတယ်။ရွေးချယ်ရေးအဖွဲ့က မရွေ့ဘူး။တနည်းပြောရရင် လူထုက အပြရုပ်ရှင် အနုပညာမြောက်မှု မမြောက်မှုပေါ် ပေးချင်တယ်။ရွေးချယ်ရေးအဖွဲ့က ပေါ်လစီဘက်ကို ယိမ်းနေပြီး အပြောရုပ်ရှင် (တနည်းအားဖြင့် ငိုပြအော်ပြ ပြူးပြပြဲပြ) တဲ့ သရုပ်ဆောင်မှုတွေကို နှစ်သက်စွဲလန်းနေဆဲဆိုတာ တွေ့လိုက်ရပါတယ်။ဝမ်းနည်းစရာ အကောင်းဆုံးကတော့ မြန်မာ့ယဉ်ကျေးမှု ပျက်သုဉ်းလာမှု တွဲပါလာခြင်းပါ။အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့ဝင် အများစုဟာ သက်ကြီးပိုင်းအရွယ်တွေပါ။၂၀၁၈ အကယ်ဒမီဆုကို မကျေနပ်လို့ ဝေဖန်နေသူအများစုက လူငယ်တွေပါ။သူတို့ဟာ အဖေ အမေအရွယ် အဘိုး အဘွားအရွယ် ဆုရွေးချယ်ရေး အဖွဲ့ဝင်တွေကို ရင့်ရင့်သီးသီး ရေးသားကြပါပြီ။တချို့အဆဲတွေဆို ပြင်းထန်လွန်းပါတယ်။

ဇီးပင်ကြီးစစ်တမ်းနဲ့ ၂၀၁၈ အကယ်ဒမီဆုတွေကတဆင့် မြင်လိုက်ရတဲ့ ဖြစ်စဉ်တွေဟာ စိတ်မကောင်းစရာပါ။ရွေ့နေတဲ့ခေတ်နဲ့ ဒီခေတ်ထဲ အတူစီးမြောနေရတဲ့ လူကြီးတွေနဲ့ လူငယ်လူလတ်တွေကြားက အဟကို ကောင်းကောင်းမြင်နေရပါတယ်။လူငယ်ဘက်ကရော လူကြီးဘက်ကပါ တစ်ဘက်နဲ့ တစ်ဘက် နားလည်သိမြင်ပေးမှု မရှိရင် မြန်မာ့လူဘောင်ဟာ ရှိရင်းစွဲ ပင်ကိုယ်ယဉ်ကျေးမှုတွေ ဆိတ်သုဉ်းလာပြီး လူငယ်က လူကြီးကို မလေးစားမကြည်ညိုနိုင်တဲ့အဖြစ်ထိ ရောက်လာနိုင်ပါတယ်။ဒီအဟ (Generation Gap) ကို ထိန်းညှိသင့်ကြပါပြီ။

ခင်နှင်းဦး
မတ် - ၂၇

( Zawgyi )

ေခတ္ကေ႐ြ႕ေနပါတယ္။ကိုယ္ကေ႐ြ႕ခ်င္သည္ျဖစ္ေစ မေ႐ြ႕ခ်င္သည္ျဖစ္ေစ ေခတ္ေရစီးေၾကာင္းကေတာ့ ေ႐ြ႕ေနမွာပါပဲ။ဘယ္ေခတ္ျဖစ္ျဖစ္ လူႀကီးနဲ႔ လူငယ္ေတြၾကားမွာ အဟေတြရွိ တတ္ၾကစၿမဲပါပဲ။အခုေခတ္ ပညာတတ္ေတြ ဘိုလိုညႇပ္မေျပာရရင္ ျမန္မာစကား မေျပာတတ္ၾကသေယာင္ ေတြ႕ေနရေတာ့ သူတို႔ကိုအားက်ၿပီး ဘိုလိုညႇပ္ေျပာရမယ္ဆိုရင္ ဂ်နေရးရွင္းဂက္(ပ္) အစ္ရႈးေပါ့ ဟဲ..ဟဲ။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အင္အယ္လ္ဒီ ေသာင္ၿပိဳကမ္းၿပိဳ မဲႏိုင္ခဲ့ပါတယ္။အင္အယ္လ္ဒီအစိုးရအဖြဲ႕ အမည္စာရင္းထြက္လာေတာ့ လူထုခမ်ာ ဟင္ခနဲဟာခနဲ ျဖစ္ခဲ့ရရွာပါတယ္။အစိုးရအဖြဲ႕ထဲမွာ အသက္ႀကီးပိုင္းေတြ မ်ားေနတယ္။တစ္ဘက္က လႊတ္ေတာ္ကိုၾကည့္ေတာ့ လူငယ္ေတြေတာ့ပါပါရဲ႕။ဒါေပမဲ့ တခ်ိဳ႕လူငယ္ေတြဟာ ဘာမွေရေရရာရာမသိၾကဘူးဆိုတဲ့ အင္အယ္လ္ဒီအစိုးရနဲ႔ ကိုယ္စားလွယ္အခ်ိဳးအဆ လူငယ္လူႀကီးပါဝင္ပုံကို ေဝဖန္သံေတြ ထြက္ခဲ့ပါတယ္။အဓိကထြက္လာတဲ့ ေဝဖန္သံက ေနရာမွန္လူမွန္ မျဖစ္မႈမ်ားတယ္ဆိုတဲ့ မွတ္ခ်က္ပါ။

အင္အယ္လ္ဒီအစိုးရ လက္ထက္မွာ အရင္အစိုးရေတြ လက္ထက္က က်န္ခဲ့တဲ့ နည္းနာစနစ္ေတြကို ေျဗာင္းျပန္လွန္လိမ့္မယ္လို႔ လူထုက ယူဆခဲ့ၾကပါတယ္။ဒါေပမဲ့ အရင္အစိုးရေတြ ထားခဲ့တဲ့ နည္းနာနိသ်ေတြအတိုင္း သြားေနတဲ့ အင္အယ္လ္ဒီအစိုးရရဲ႕ အဓိကက်တဲ့ ယႏၲယားတစ္ခုကို လူငယ္တစ္ေယာက္က ေမႊ႕ယမ္းအစဆြဲထုတ္ေပးလိုက္ပါတယ္။အဲဒါကေတာ့ ေဒါက္တာစိုးသူရေဇာ္ ဆိုတဲ့ လူငယ္ သြားဆရာဝန္ေလး တစ္ေယာက္က အထက္ျမန္မာႏိုင္ငံ ဗဟိုဝန္ထမ္းတကၠသိုလ္ (အရပ္အေခၚ ဇီးပင္ႀကီး) မွာ ႏိုင္ငံေရးသိပၸံဘာသာရပ္ သင္ေပးေနတဲ့ ပါေမာကၡဟာ လက္ရွိစနစ္၊ လက္ရွိအစိုးရကို ဆန႔္က်င္တဲ့ သေဘာတရားေတြ ပို႔ခ်ေနေၾကာင္း ေဖာ္ထုတ္ေရးသားလိုက္တာပါ။အားလုံးသိတဲ့အတိုင္း ေဒါက္တာစိုးသူရေဇာ္ ေရးတဲ့ ဇီးပင္ႀကီး အပိုင္း- ၁၊ ၂ နဲ႔ ၃ ဟာ ေဖ့စ္ဘုတ္ေပၚမွာ အမ်ားသူငါ ဖတ္ၾကေဝမွ်ၾကတဲ့ ပို႔စ္တစ္ခုျဖစ္လာပါတယ္။

မၾကာမီ ဒီဆရာဝန္ေလးကို ဌာနတြင္းစစ္ေဆးေနၿပီး အေရးယူေတာ့မယ္ဆိုတဲ့ စာေတြဆက္တက္လာၿပီး ဇီးပင္ႀကီးမွာ သင္တန္းတက္ခဲ့သူေတြက ေဒါက္တာစိုးသူရေဇာ္ ေရးသားမႈေတြ မွန္ကန္ေၾကာင္း ဝင္ေရးသားေထာက္ခံၾကပါတယ္။ဒါ့အျပင္ ဇီးပင္ႀကီးနဲ႔ ေဖာင္ႀကီး ဝန္ထမ္းေရးရာသင္တန္းေတြမွာ ႀကဳံခဲ့ရပုံေတြကို ေဖာ္ထုတ္ေရးသားတဲ့ တျခားစာေတြတစ္ခုၿပီး တစ္ခုတက္လာပါတယ္။ဒါနဲ႔တစ္ဆက္တည္း ႏိုင္ငံ့ဝန္ထမ္းေ႐ြးခ်ယ္ေရးအဖြဲ႕နဲ႔ ဇီးပင္ႀကီး ေဖာင္ႀကီး ပူးေပါင္းဖြင့္လွစ္ထားတဲ့ အရာရွိႀကီးေတြ အဆင့္အတြက္ ဖြင့္ထားတဲ့ သင္တန္းေတြမွာ ပူးတြဲေဆာင္႐ြက္ေနတဲ့ မေလးနဲ႔ အေမရိက က တကၠသိုလ္ေတြဟာ အတုေတြျဖစ္ေၾကာင္းပါ ေပၚလာပါတယ္။ႏိုင္ငံ့ဝန္ထမ္းေတြကို ေလ့က်င့္ေပးေနတဲ့ ေနရာႏွစ္ခုနဲ႔ ပတ္သက္တဲ့ သတင္းေတြ ဒီလိုပြက္ပြက္ဆူေနေပမဲ့ အစိုးရဘက္က ဒီကိစၥအေပၚ ဘယ္လိုစီမံခန႔္ခြဲေနၿပီဆိုတဲ့ အသံတစ္ခ်က္ေတာင္ ထြက္မလာပါဘူး။

အခ်ိန္နည္းနည္းၾကာမွ ၿငိမ္းခ်မ္းေရးမရတာ လက္ရွိအစိုးရ ေစတနာမရွိလို႔ဆိုၿပီး ပို႔ခ်ခဲ့သူ ပါေမာကၡကို ရာထူးတူ ေဘးတိုက္ေနရာေ႐ႊ႕လိုက္ေၾကာင္း ပုဂၢလိကသတင္းဌာနေတြက ေဖာ္ျပလို႔သာ ျပည္သူေတြ သိခဲ့ရတာပါ။ႏိုင္ငံပိုင္ ဘယ္သတင္းစာကမွ ဒီသတင္းကို မေဖာ္ျပခဲ့ပါဘူး။ဝန္ထမ္းေ႐ြးခ်ယ္ေရးအဖြဲ႕ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မတီက စစ္ေဆးသင့္ပါတယ္ဆိုတဲ့ ေထာက္ျပမႈေတြ ရွိခဲ့ေပမဲ့ ရာထူးဝန္အဖြဲ႕ “ပိုေနၿမဲက်ားေနၿမဲ” ရွိေနပုံရပါတယ္။အစိုးရအတြက္ အေရးႀကီးတဲ့ ဝန္ထမ္းတကၠသိုလ္လိုေနရာမွာ လက္ရွိအစိုးရအေပၚ သစၥာမခံတဲ့ အရာထမ္းေတြရဲ႕လုပ္ရပ္ ဘယ္မွ်ဆိုးဝါးေၾကာင္း လူငယ္ေလးကစ လူထုကပါဝင္ေဆာင္႐ြက္ေပးၾကေပမဲ့ ေမတၱာသစၥာ ေ႐ႊမန္းသဘင္ အဲေလမွားလို႔ လူထုအေပၚ ေမတၱာသစၥာႀကီးမားတဲ့ အစိုးရဘက္က တုတ္တုတ္ေတာင္ မလႈပ္ခဲ့ပါဘူး။အာဏာရွင္အစိုးရေတြ လက္ထက္တုန္းကလိုပဲ ျပည္သူကို ဒီကိစၥနဲ႔ ပတ္သက္လို႔ အခ်ိန္နဲ႔တေျပးညီ ပြင့္လင္းျမင္သာခ်ျပတာမရွိ။လူထုက ဇီးပင္ႀကီးရဲ႕ မ်က္ႏွာဖုံးခြာခ်ျပေပမဲ့ အစိုးရဘက္က တုန႔္ျပန္မႈ အခ်ိန္နဲ႔တေျပးညီ ထြက္မလာတဲ့အျပင္ လူထုေမွ်ာ္လင့္တဲ့ ေျဖရွင္းပုံမ်ိဳး လုံးဝမဟုတ္ဘူးလို႔ လူငယ္အမ်ားစုက ေဝဖန္ၾကပါတယ္။ေနာက္ဆက္တြဲစကားအျဖစ္ ၂၀၂၀ မွာေတာ့ ပါတီေရာလူပါ ၾကည့္မွပါပဲဆိုတဲ့ ညည္းတြားသံဟာ ဇီးပင္ႀကီးျပႆနာ ေပၚၿပီးေနာက္ပိုင္း ထြက္လာတဲ့ လူထုအသံပါ။

ဇီးပင္ႀကီးစစ္တမ္း ၁၊ ၂ နဲ႔ ၃ ေၾကာင့္ ေဖ့စ္ဘုတ္ေပၚ ပြဲဆူခဲ့တာကို စံခ်ိန္ခ်ိဳးလိုက္တာကေတာ့ ၂၃.၃.၂၀၁၉ ရက္ေန႔က ခ်ီးျမႇင့္ခဲ့တဲ့၂၀၁၈ အကယ္ဒမီဆု စာရင္းပါပဲ။အကယ္ဒမီဆုကို လူထုထင္ထားတာကတစ္မ်ိဳး ရသြားသူေတြကတစ္မ်ိဳးျဖစ္ခဲ့တာ မဆန္းပါဘူး။ႏွစ္တိုင္းလိုလိုရွိခဲ့ပါတယ္။ဒါေပမဲ့ ဒီႏွစ္ ၂၀၁၈ အကယ္ဒမီေလာက္ တခါမွ ပြဲမဆူခဲ့ပါဘူး။ဒီႏွစ္ အကယ္ဒမီဆုေပးတာ မၿပီးေသးခ်ိန္မွာဘဲ ၂၀၁၈ အကယ္ဒမီနဲ႔ ပတ္သက္ၿပီး မေက်မနပ္ေရးတဲ့စာေတြ ေဖ့စ္ဘုတ္ေပၚ တက္ေနပါၿပီ။ဆုေပးပြဲအၿပီးမွာေတာ့ ႐ိုး႐ိုးမေက်နပ္တဲ့ အျမင္ေတြသာမက၊ ျပင္းျပင္းထန္ထန္ ေဝဖန္တာေတြ စကားလုံးရင့္ရင့္သီးသီး သုံးထားတဲ့စာေတြ အဆက္မျပတ္တက္လာပါေတာ့တယ္။၂၀၁၈ အကယ္ဒမီ ဘာေၾကာင့္ ဒီေလာက္ပြဲဆူသြားသလဲ တထြာတမိုက္ဉာဏ္နဲ႔ အေျဖရွာၾကည့္မိပါတယ္။

႐ုပ္သံလိုင္းေတြရဲ႕ ေကာင္းမႈေၾကာင့္ ျမန္မာလူထုဟာ ႏိုင္ငံတကာ႐ုပ္ရွင္ ကားမ်ိဳးစုံကို အိမ္ျပင္ထြက္ ႐ုပ္ရွင္႐ုံသြားစရာမလိုဘဲ လြယ္လြယ္ကူကူ  ၾကည့္ခြင့္ရခဲ့ၾကတာ ၾကာပါၿပီ။ဒီေတာ့ ကိုရီးယား၊ တ႐ုတ္၊ ဂ်ပန္၊ ကုလား၊ ထိုင္း ဘယ္ကားပဲၾကည့္ၾကည့္ ျမန္မာကားေတြထက္ အားထုတ္မႈသာလြန္တာကို ေတြ႕ၾကရပါၿပီ။အထူးသျဖင့္ ကမာၻတခြင္လုံးကို ထိုးေဖာက္ေနရာယူထားတဲ့ ကိုရီးယား႐ုပ္ရွင္ကား အမ်ားစုဟာ ျမန္မာပရိသတ္ရဲ႕ သည္းေျခႀကိဳက္ကားေတြ ျဖစ္လာပါတယ္။ႏိုင္ငံျခားကားမွန္သမွ် ေကာင္းတယ္လို႔ မဆိုလိုပါ။ဒါေပမဲ့ ဘယ္ႏိုင္ငံကကားပဲျဖစ္ျဖစ္ ျမန္မာကားေတြလို ရက္ပိုင္းအတြင္း တက္သုတ္႐ိုက္ထားတဲ့ ၿပီးလြယ္စီးလြယ္ကားေတြ မပါသေလာက္ပါပဲ။တဘက္မွာလည္း ျမန္မာကားအမ်ားစုက ေပါကားေတြျဖစ္ေနပါတယ္။ျမန္မာေပါကားေတြမွာ ပရိသတ္မရွိဘူးလားဆိုေတာ့ ရွိပါတယ္။အဲဒီပရိသတ္က အေဝးေျပးကားေမာင္းတဲ့ ယာဥ္ေမာင္းေတြ လမ္းေဘးေဈးသည္ေတြက အမ်ားစုပါ။အေဝးေျပးကားေတြေပၚမွာ ေပါကားကို ဒ႐ိုင္ဘာကဖြင့္တယ္။အသံအက်ယ္ႀကီးနဲ႔ ဖြင့္တယ္။
ခရီးသည္ကမႀကိဳက္ဘူးဆိုတဲ့ ျပႆနာမ်ိဳးေတြ ေပၚဖူးပါတယ္။

လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ကစၿပီး ျမန္မာပရိသတ္က ေပါကားေတြကို အျပစ္တင္ရႈံ႕ခ်လာၾကပါၿပီ။ဒီအခ်ိန္မွာ ျမန္မာကားေကာင္းေကာင္း႐ိုက္ဖို႔ ႀကိဳးစားလာသူေတြလည္း ရွိလာပါတယ္။၂၀၁၈ ခုႏွစ္အတြင္း ႐ုံတင္တဲ့ကားေတြထဲမွာ ဒါ႐ိုက္တာ ခရစၥတင္းခီ ႐ိုက္ကူးတဲ့ ဥပါယ္တံမ်ဥ္ကားနဲ႔ ဒါ႐ိုက္တာ ဏ ႐ိုက္တဲ့ မီ ဇာတ္ကား ၂ ကားဟာ ပရိသတ္ၾကား အလြန္ေရပန္းစားခဲ့ပါတယ္။ဒီကားေတြ နာမည္ႀကီးလြန္းလို႔ ႏွစ္ ၃၀ ေလာက္ ႐ုပ္ရွင္႐ုံဘက္ ေျခဦးမလွည့္တဲ့ လူႀကီးပိုင္းနဲ႔ လူလတ္ပိုင္းအ႐ြယ္ေတြေတာင္ တခုတ္တရ ႐ုပ္ရွင္႐ုံဆီသြားၿပီး ၾကည့္ၾကပါတယ္။ဒီမွာတင္ ခီလင္မယားကို ႐ုပ္ရွင္ေလာကသားတခ်ိဳ႕က အျပန္အလွန္အတင္းေျပာထားတဲ့ ခ်က္တင္ေတြ စကင္ေရွာ့႐ိုက္ျပတဲ့ အေနအထားနဲ႔ ေဖ့စ္ဘုတ္ပရိသတ္ၾကားထဲ ေရာက္လာပါတယ္။မီ ကိုလည္း က်န္းမာေရးဝန္ႀကီးဌာနက က်န္းမာေရးသံတမန္ ခန႔္အပ္ထားကို ျပန္႐ုတ္သိမ္းခဲ့ပါတယ္။မီ ဇာတ္ကားထဲမွာ မီအျဖစ္ သ႐ုပ္ေဆာင္တဲ့ ပိုင္ၿဖိဳးသု က စီးကရက္ေသာက္ျပတာမ်ားလို႔တဲ့။

ဇီးပင္ႀကီးစာတမ္းရွင္ ေဒါက္တာစိုးသူရေဇာ္ ကို ဌာနတြင္း စုံစမ္းစစ္ေဆးမႈလုပ္တာေၾကာင့္ နာမည္ႀကီးခဲ့တဲ့ က်န္းမာေရးဝန္ႀကီးဌာနဟာ မီေၾကာင့္ ထပ္နာမည္ႀကီးရျပန္ပါတယ္။ပိုင္ၿဖိဳးသု ရဲ႕ ပုဂၢလိကဘဝနဲ႔ သ႐ုပ္ေဆာင္ဘဝကို မခြဲျခားတတ္တဲ့ထိ က်န္းမာေရးဝန္ႀကီးဌာနထဲမွာ ဘယ္သူက ဒီလိုဆုံးျဖတ္မႈေတြကို လုပ္ေနပါသလဲ လူထုက အံ့ၾသၾကရပါတယ္။ဒီလို လူထုသည္းသည္းလႈပ္ ကားေကာင္းေတြ ပါလာတဲ့ႏွစ္ျဖစ္လို႔ ၂၀၁၈ အကယ္ဒမီဆုကို လူထုက စိတ္ဝင္တစား ေစာင့္ေမွ်ာ္ခဲ့ၾကပါတယ္။

ဒါေပမဲ့ ၂၀၁၈ အကယ္ဒမီဆုေတြ လက္ေတြ႕ခ်ီးျမႇင့္လို႔ မၿပီးခင္မွာဘဲ ေပးေနတဲ့ဆုေတြအေပၚ လူထုဆဲသံ မိုးမႊန္ထြက္လာပါတယ္။႐ုပ္ရွင္တစ္သက္တာဆု၊ ဂီတဆု၊ ဓာတ္ပုံဆုေတြကို မဆဲၾကေပမဲ့ က်န္တဲ့ဆုအားလုံးနီးပါး အဆဲခံရ တနည္းအားျဖင့္ ၾသဘာေပးခံရတဲ့ႏွစ္ပါပဲ။ျမန္မာလူထုက ႐ုပ္ရွင္အႏုပညာဆိုတာဘာလဲ ေကာင္းေကာင္းသိ ေကာင္းေကာင္းခံစားတတ္ေနၾကပါၿပီ။
ကိုရီးယားကားေတြကို ႀကိဳက္ၾကတာဟာ မင္းသား မင္းသမီးေလးေတြ သိပ္ေခ်ာတာသက္သက္ေၾကာင့္ မဟုတ္ဘဲ သဘာဝက်က် သ႐ုပ္ေဆာင္ျပၾကတာ၊ မလိုအပ္ဘဲ ေလေၾကာမရွည္ဘဲ မ်က္လုံးေလးတဝင့္ ႏႈတ္ခမ္းေလးတတြန႔္နဲ႔ ဘယ္လိုခံစားေနရတယ္ဆိုတာကို ျပေပးသြားၾကတာ၊ ျပင္ပလူ႔အဖြဲ႕အစည္းနဲ႔ ႐ုပ္ရွင္ထဲက လူ႔အဖြဲ႕အစည္း ထပ္တူက်တာ စတဲ့ အႏုပညာေျမာက္မႈကို ႏွစ္သက္တိမ္းမူးၾကတာပါ။

တကယ္ေတာ့ ျမန္မာ႐ုပ္ရွင္ပရိသတ္ဟာ ျမန္မာကားအေတာ္မ်ားမ်ားမွာ ျမင္ေတြ႕ေနရတဲ့ ျပဴးျပၿပဲျပ ေအာ္ၾကဟစ္ၾကတဲ့ ဇာတ္႐ုပ္ေတြ၊ တရားလြန္ငိုျပၾကေပမဲ့ မ်က္လုံး ႏႈတ္ခမ္း ခႏၶာလႈပ္ရွားမႈ ပါးစပ္အေနအထား ေလသံအေနအထားနဲ႔ စိတ္ခံစားရမႈကို သ႐ုပ္မေဖာ္ျပႏိုင္တာေတြကို စိတ္ပ်က္ေနၾကတာ ၾကာပါၿပီ။ဒီကေန႔ထိ ျမန္မာ့႐ုပ္သံေတြကလာသမွ် ဒီဘက္ေခတ္႐ိုက္ကူးတဲ့ ျမန္မာကားဇာတ္လမ္းတြဲေတြကို လုံးလုံးမၾကည့္ရႈသူေတြ အမ်ားႀကီးပါ။

ႏိုင္ငံတကာကားေတြမွာ ခံစားရတဲ့ အျပ႐ုပ္ရွင္ (အႏုပညာေျမာက္တဲ့ကားမ်ား) ကို အေျပာ႐ုပ္ရွင္အျဖစ္က (အႏုပညာအားနည္းတဲ့) မတက္တဲ့ ျမန္မာကားေတြနဲ႔ယွဥ္ၿပီး ျမန္မာ့႐ုပ္ရွင္ကားေတြကို အဆင့္ျမင့္လာေစခ်င္တဲ့ေစတနာ ျမန္မာပရိသတ္တိုင္းမွာ ရွိပါတယ္။ျမန္မာ့႐ုပ္ရွင္ေလာကထဲမွာလည္း ထိုးေဖာက္ထြက္ေနသူေတြ ရွိလာတာကို စျမင္လာရပါတယ္။ဒါေၾကာင့္သာ ဒီႏွစ္ ၂၀၁၈ အကယ္ဒမီ ဆန္ကာတင္စာရင္းမွာ မီ၊ ဥပါယ္တံမ်ဥ္နဲ႔ မုန္းစြဲ လို ကားမ်ိဳးေတြ ပါလာတာပါ။

ေ႐ႊၾကာ ဇာတ္ကား ဆုေလးဆုရတဲ့အေပၚ ဆုေ႐ြးခ်ယ္ေရးအဖြဲ႕က အႏုပညာထက္ ေပၚလစီကို ဦးစားေပးလိုက္တာလို႔ ထင္မိပါတယ္။ေ႐ႊၾကာမွာ ပါဝင္သ႐ုပ္ေဆာင္သြားသူေတြ ပုံမွန္ပါပဲ။ဘာမွထူးခြၽန္ေျပာင္ေျမာက္မေနပါဘူး။ပရိသတ္က အႏုပညာကိုၾကည့္တယ္။ေ႐ြးခ်ယ္ေရးအဖြဲ႕က ေပၚလစီနဲ႔ ေဆးလိပ္ေသာက္တာ မ်ား၏ မမ်ား၏ကို ၾကည့္ၾကပုံရပါတယ္။ဥပါယ္တံမ်ဥ္နဲ႔ ပတ္သက္လို႔ ဆုေ႐ြးခ်ယ္ေရးအဖြဲ႕ ဆင္ျခင္စရာက ဒီကားကို ႏိုင္ငံတကာမွာျပခဲ့လို႔ ဆုႀကီးေတြရလာမယ္ဆိုရင္ ျမန္မာ့႐ုပ္ရွင္ အကယ္ဒမီေ႐ြးခ်ယ္ေရးအဖြဲ႕ ဂုဏ္သိကၡာထိပါးလာပါေတာ့မယ္။ခီလင္မယား ႐ိုက္ခဲ့တဲ့ မုျဒာရဲ႕ေခၚသံကားဟာ ႏိုင္ငံတကာဆုေလးဆု ရဖူးပါတယ္။

အတိုခ်ဳပ္ သုံးသပ္ရရင္ ၂၀၁၈ အကယ္ဒမီဆုနဲ႔ ပတ္သက္ၿပီး လူထုကေ႐ြ႕ေနတယ္။ေ႐ြးခ်ယ္ေရးအဖြဲ႕က မေ႐ြ႕ဘူး။တနည္းေျပာရရင္ လူထုက အျပ႐ုပ္ရွင္ အႏုပညာေျမာက္မႈ မေျမာက္မႈေပၚ ေပးခ်င္တယ္။ေ႐ြးခ်ယ္ေရးအဖြဲ႕က ေပၚလစီဘက္ကို ယိမ္းေနၿပီး အေျပာ႐ုပ္ရွင္ (တနည္းအားျဖင့္ ငိုျပေအာ္ျပ ျပဴးျပၿပဲျပ) တဲ့ သ႐ုပ္ေဆာင္မႈေတြကို ႏွစ္သက္စြဲလန္းေနဆဲဆိုတာ ေတြ႕လိုက္ရပါတယ္။ဝမ္းနည္းစရာ အေကာင္းဆုံးကေတာ့ ျမန္မာ့ယဥ္ေက်းမႈ ပ်က္သုဥ္းလာမႈ တြဲပါလာျခင္းပါ။အကယ္ဒမီဆု ေ႐ြးခ်ယ္ေရးအဖြဲ႕ဝင္ အမ်ားစုဟာ သက္ႀကီးပိုင္းအ႐ြယ္ေတြပါ။၂၀၁၈ အကယ္ဒမီဆုကို မေက်နပ္လို႔ ေဝဖန္ေနသူအမ်ားစုက လူငယ္ေတြပါ။သူတို႔ဟာ အေဖ အေမအ႐ြယ္ အဘိုး အဘြားအ႐ြယ္ ဆုေ႐ြးခ်ယ္ေရး အဖြဲ႕ဝင္ေတြကို ရင့္ရင့္သီးသီး ေရးသားၾကပါၿပီ။တခ်ိဳ႕အဆဲေတြဆို ျပင္းထန္လြန္းပါတယ္။

ဇီးပင္ႀကီးစစ္တမ္းနဲ႔ ၂၀၁၈ အကယ္ဒမီဆုေတြကတဆင့္ ျမင္လိုက္ရတဲ့ ျဖစ္စဥ္ေတြဟာ စိတ္မေကာင္းစရာပါ။ေ႐ြ႕ေနတဲ့ေခတ္နဲ႔ ဒီေခတ္ထဲ အတူစီးေျမာေနရတဲ့ လူႀကီးေတြနဲ႔ လူငယ္လူလတ္ေတြၾကားက အဟကို ေကာင္းေကာင္းျမင္ေနရပါတယ္။လူငယ္ဘက္ကေရာ လူႀကီးဘက္ကပါ တစ္ဘက္နဲ႔ တစ္ဘက္ နားလည္သိျမင္ေပးမႈ မရွိရင္ ျမန္မာ့လူေဘာင္ဟာ ရွိရင္းစြဲ ပင္ကိုယ္ယဥ္ေက်းမႈေတြ ဆိတ္သုဥ္းလာၿပီး လူငယ္က လူႀကီးကို မေလးစားမၾကည္ညိဳႏိုင္တဲ့အျဖစ္ထိ ေရာက္လာႏိုင္ပါတယ္။ဒီအဟ (Generation Gap) ကို ထိန္းညႇိသင့္ၾကပါၿပီ။

ခင္ႏွင္းဦး
မတ္ - ၂၇