【 ဆောင်းပါး 】 “နှစ်ဦး၊ တန်ခူး၊ အတာထူး”

【 ဆောင်းပါး 】 “နှစ်ဦး၊ တန်ခူး၊ အတာထူး”

အပူရှိန်ကြောင့် နွမ်းနယ်နေသည့် မြန်မာပြည်တစ်ဝန်းမှ ပြည်သူများလည်း သြင်္ကန်ရေအေး တစ်ဦးကိုတစ်ဦး ပက်ဖျန်း၍ ပျော်ရွှင်စွာဖြင့် ရေသဘင်ပွဲတော်ကို ဆင်နွှဲကြပါတော့မယ်။

သြင်္ကန်နှင့် ပတ်သက်၍ မြန်မာအဘိဓာန်တွင် “နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသောကာလ ရေပက်ဖျန်းသည့် နှစ်သစ်ကူးပွဲတော်” ဟု ဖော်ပြထားပြီး မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် “သြင်္ကန်ဆိုသည်မှာ

(၁) မြန်မာ့ဆယ်နှစ်လတွင် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်သမယ၊ တန်ခူး သို့မဟုတ် ကဆုန်လ

(၂) နှစ်သစ်ကူးရေဖြန်းပွဲဟု အနက်ဖွင့်ထားပါတယ်။

မြန်မာ့စွယ်စုံကျမ်းတွင် “သြင်္ကန်သည် သင်္ကန္တ ဟူသော ပါဠိပုဒ်မှလာသည့် သက္ကတရရစ်သံနှင့် သြင်္ကန်ဟူသော မြန်မာစကား ဖြစ်ပေါ်လာပြီး သင်္ကန္တ၏ အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ ဖြစ်သည်” ဟု ရေးသားဖော်ပြထားပါတယ်။

သြင်္ကန်နှင့် ပတ်သက်၍ မြန်မာလူမျိုးများ နားလည်ထားသည်က “သြင်္ကန်ဆိုသည်နှင့် မြန်မာ့လပေါင်း ဆယ်နှစ်လတွင် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် တန်ခူး သို့မဟုတ် ကဆုန်လတွင် ပြုလုပ်လေ့ရှိသည့် နှစ်သစ်ကူး ရေပက်ဖြန်းကြသည့်ပွဲလို့ သိထားကြပါတယ်။

သြင်္ကန်ရဲ့ မူလအစက ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။တစ်ခါက ဗြဟ္မာမင်းဟာ သိကြားမင်းကို စစ်ရှုံးတဲ့အခါ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်းရဲ့ ဦးခေါင်းကိုဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ခဲ့ပါတယ်။ဖြတ်လိုက်တဲ့  ဗြဟ္မာမင်းဦးခေါင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပင်လယ်ထဲချရင် ပင်လယ်ရေတွေ ခန်းခြောက်သွားနိုင်ပါတယ်။ပထဝီမြေကြီးပေါ် တင်မယ်ဆိုရင် ကမ္ဘာမြေကြီးဟာ အပိုင်းပိုင်းကွဲအက် ကြေမွသွားနိုင်ပါတယ်။မိုးပေါ်ကို ပစ်တင်လိုက်မယ်ဆိုရင် တစ်မိုးလုံး မီးလောင်ကျွမ်းသွားနိုင်ပါတယ်။ဒါကြောင့် သိကြားမင်း ဘယ်မှထားမရတဲ့ ဗြဟ္မာကြီးဦးခေါင်းကို နတ်သမီးတစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီကိုင်ထားရမယ်ဆိုပြီး မိန့်တော်မူပါတယ်။
ဒီကနေ ဗြဟ္မာကြီးဦးခေါင်း နတ်သမီး တစ်ပါးကနေတစ်ပါး လွှဲပြောင်းတဲ့ အချိန်အခါမှာ ရေဆေးတဲ့ သြင်္ကန်ပွဲတော်ကို ဆင်နွဲခဲ့ကြပါတယ်။

သြင်္ကန်ကို ပုဂံခေတ်မှာကတည်းက  စတင်ကစားနေခဲ့ကြပြီဆိုတာကို ပုဂံခေတ် နံရံဆေးရေး ပန်းချီကားတွေမှာ တွေ့ရတဲ့ အထောက်အထားအရ သိရပါတယ်။သြင်္ကန်ဆိုတဲ့ စကားက ပါဋိစကားဖြစ်တဲ့ သင်္ကန ္တ ကနေ ဆင်းသက်လာတာဖြစ်ပြီး ကူးပြောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။လှေသင်း အတွင်းဝန်မင်းက မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုလ် ကူးပြောင်းခြင်းကို အစွဲပြုပြီး တာကူးလို့ ရေးသားကြောင်းလည်း ဆိုထားပါတယ်။အတာ ဆိုသည်မှာ ရှေးမြန်မာစာပေတွင်  အချိန်၊ ရာသီ၊ နှစ်တို့ကို ခေါ်ဝေါ်ပြီး ကူးမှာ ကူးပြောင်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။နောက်တစ်ခုက တန်ခူးလဆိုတာ မြန်မာပြက္ခဒိန်ရဲ့ ပထမဆုံးလဖြစ်ပြီး မြန်မာနှစ်သစ်ကို အစပျိုးရာ လအစလည်းဖြစ်သည်။တန်ခူးလကို  တန်းခူးလို့လည်း ရေးလေ့ရှိပြီး ယခင်က ဒီရာသီချိန်မှာ ထန်းခူးတဲ့ လဖြစ်လို့ ထန်းခူးလကနေ တန်းခူးလ ဒီကနေ တန်ခူးလလို့ ရွေ့လျောဖြစ်လာရတယ်လို့ ယူဆမှုတွေလည်း ရှိပါတယ်။

တန်ခူးလမှာ ရာသီနက္ခတ်အနေနဲ့ ကောင်းကင်မှာ စိတြာကြယ် ထွန်းလင်းတောက်ပတဲ့ အချိန်အခါဖြစ်သလို တန်းခူးလမှာ ရာသီပန်းအနေနဲ့ ပိတောက်၊ ကံ့ကော်နှင့် ရင်ခတ်ပန်းတို့ ပွင့်ကြပါတယ်။ဒီထဲမှာ ပိတောက်ပန်းဟာ မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်ရဲ့ အထိမ်းအမှတ်ပန်းဖြစ်သလို မြန်မာအမျိုးသမီးများရဲ့ မြန်မာအထိမ်းအမှတ်ပန်းပါ....။မြန်မာအမျိုးသမီးတွေအနေနဲ့ ပိတောက်ဟာ တစ်နှစ်မှ တစ်ခါသာ ပွင့်တဲ့ပန်းဖြစ်လို့ အိမ်ထောင်ဖက်ဖြစ်လာမယ့်သူအပေါ် သစ္စာရှိပုံကို ရည်ညွှန်းတဲ့အနေနဲ့ ပိတောက်နဲ့ နှိုင်းယှဉ်ကာ စံထားဖွဲ့နွဲ့ တန်ဖိုးထားကြပါတယ်။

ဒါ့အပြင် သြင်္ကန်ရေကစားခြင်းဓလေ့ဟာ ပုဂံခေတ်မှာ ဝမ်းနည်းစရာအဖြစ်နဲ့ တွဲပြီးထင်ရှားခဲ့ပါသေးတယ်။ပုဂံခေတ်မှာ ကျီစားသန်လွန်းပြီး အမျက်ဒေါသကြီးတဲ့ နရသီဟပတေ့မင်းဟာ  သူ့အချစ်ဆုံး မိဖုရားလေး စောလုံ ကို ကျီစားတဲ့အနေနဲ့ ဧရာဝတီမြစ်အတွင်း သြင်္ကန်ရေကစားရာမှာ ရေတွေမွန်းအောင် ဝိုင်းပက်စေခဲ့ပြီး စခဲ့လို့ အရှက်ကြီးပြီး သိက္ခာနဲ့ပြည့်စုံတဲ့ မိဖုရားလေးဟာ သူ့ကိုမောင်းမတွေ အလုပ်သမားတွေက ဝိုင်းပြီး ရေမွန်းအောင် ကာယိဣန္ဒြေပျက်ပြားအောင် ပြုလုပ်ခဲ့တာကို ရှက်လွန်းလို့ဘုရင်ကို ရန်ညိုုးထားပြီး စားတော်ပွဲမှာ အဆိပ်ခပ်ခဲ့ပါတယ်။ဒါကို ဘုရင်သိသွားတဲ့အခါ  မိဘုရား စောလုံ ကို ကွပ်မျက်ခဲ့ပါတယ်။ဒီဖြစ်ရပ်က သြင်္ကန်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အမျက်ဒေါသနဲ့ ဆက်နွယ်တဲ့ ကြွေကွဲစရာ ဇာတ်လမ်းလေးပါ။

မြန်မာ့ဓလေ့ထုံးစံအယူအရ တန်ခူးလမှာ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေအမွေးနံ့သာတို့ ရောနှောကာ၊ နှစ်သစ်မှာ အောင်မြင်ခြင်းအဖြာဖြာကို ရည်သန်လို့ အောင်သပြေခက်လေးတွေနဲ့ တစ်ဦးကိုတစ်ဦး ရေပက်သန့်စင် စင်ကြယ်စေပြီး နှစ်သစ်ကို ကြိုဆိုကြတယ်လို့ အယူရှိကြပါတယ်။လူကြီးများက သြင်္ကန်နှစ်ကူးအခါမှာ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး စင်ကြယ်စေရန်အလို့ငှာ ဦးခေါင်းကို ဆေးလျှော်ကြပါတယ်။ဒီအစဉ်အလာက ရှေးဘုရင်များ လက်ထက်ကတည်းကဖြစ်ပြီး မြန်မာမင်းများစွာ သြင်္ကန်အကြိုနေ့ရောက်ရင် ယခု မော်လမြိုင်မှာရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာ ပြုကြပါတယ်။ဦးခေါင်းဆေး မင်္ဂလာတော်ကို ကြီးမှူးကျင်းပကြပါတယ်။ဒီမင်္ဂလာကို အတုယူပြီး နောက်ပိုင်းမှာ  လူငယ်တွေ၊ ရပ်ထဲရွာထဲက ကာလသားတွေက  သက်ကြီးရွယ်အိုတွေကို တရော်ကင်ပွန်းတို့နဲ့ ခေါင်းလျှော်ပေးခြင်း၊ လက်သည်း ခြေသည်း ညှပ်ပေးခြင်းနှင့် သက်ကြီးပူဇော်ပွဲများကို သြင်္ကန်ကာလအပြီး နှစ်ဆန်းတစ်ရက်မှာ လက်ဆင့်ကမ်း ကျင်းပခဲ့ကြပါတယ်။

သြင်္ကန်အခါကာလမှာ အိမ်တိုင်းလမ်းတိုင်း မဏ္ဍပ်တိုင်း နေရာတိုင်း စတုဒီသာ မဏ္ဍပ်များနဲ့ စည်ကားစွာ အလှူပေးကာ အယုတ်အလတ် အမြတ်မရွေး ဝင်ရောက်စားသုံးနိုင်ကြပါတယ်။တန်ခူးလ သကြန်ပွဲရဲ့ ရိုးရာအစားအစာက မုန့်လုံးရေပေါ် ဖြစ်ပါတယ်။ကောက်ညှင်းနှင့် ဆန် ရောကြိတ်ထားတဲ့ မုန်နှစ်လုံးလေးထဲမှာ ထန်းညက်ခဲကလေးများ ထည့်ပြုတ်ကာ ရေပေါ် ပေါ်လာတဲ့ မုန့်လုံးရေပေါ်ကို အုန်းသီးနိုင်းခြင်းနဲ့ စားရခြင်းပါ။ထိုအစားအစာက သြင်္ကန်ကာလ၏ အမှတ်သင်္ကေတ အစားအစာလည်း ဖြစ်ပါတယ်။
နောက်တစ်ခုက သြင်္ကန်တွင် သြင်္ကန်ထမင်း ချက်စားကြခြင်း ဖြစ်ပါတယ်။သြင်္ကန်ထမင်း ဆိုသည်မှာ “ပျားဖယောင်းနံ့စွဲအောင် အခိုးသတ်ထားသည့်အိုးတွင် ဆန်ကို ထည့်ကာ ရေခန်းချက်ပြီးလျှင် ရိုးရိုးရေ သို့မဟုတ် ဖယောင်းနံ့ရရှိအောင် လုပ်ထားသည့် ရေနှင့် စိမ်ထားသော ထမင်း” ကို ငါးခြောက်ကြော်၊ အချဉ်သုတ်၊ ငရုတ်သီးစိမ်းတို့နှင့် စားသုံးကြခြင်း ဖြစ်ပါတယ်။ထိုဓလေ့ကို ယခုအခါ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်ဘက်တွင်သာ တွင်ကျယ်စွာ တွေ့နိုင်ရပါတော့တယ်။

သြင်္ကန်ကာလမှာ အများအားဖြင့် ၄ ရက်သာဖြစ်ပြီး မွန်ပြည်နယ်တွင် နှစ်ဆန်းတစ်ရက်နေ့မှ စကာ ရေပက်ကြသည့် ဓလေ့ထုံးတမ်းလည်းရှိသည်။ထို့အတူ ရခိုင်လူမျိုးများက သြင်္ကန်ကာလဖြစ်သည့် အကြိုမှ နှစ်ဆန်းတစ်ရက်အတွင်း နံသာသွေးပွဲတော် ကျင်းပကြသလို လောင်းလှေထဲတွင် ရေထည့်ကာ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်စွာ ရေကစားကြသည်။

သြင်္ကန်အတက် ကာလအပြီး နောက်တစ်ရက်ဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်တွင် ရပ်ထဲရွာထဲမှာ အပျို လူငယ်လူရွယ်များကို စုကာ ဘုရားစေတီ ကျောင်းကန်များတွင် ရေသပ္ပာယ်ခြင်း၊ ရင်ပြင်နှင့် ကျောင်းများ ဆေးကြောခြင်း၊ ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများကို ခြေသည်းလက်သည်းများ ညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ နံ့သာဆီများ လိမ်းပေးခြင်းများကို ဆောင်ရွက်လေ့ ရှိကြပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ ညနေတွင် သြင်္ကန်ကာလတွင်း ခုနှစ်နေ့နံပန်းများ ထိုးထည့်ထားသည့် အတာအိုးကို ခုနှစ်နေ့နံပန်းများ အသစ်ပြန်လည်လဲလှယ်ကာ ပရိတ်အိုးအဖြစ် လမ်းလေးခွဆုံများတွင် ပြုလုပ်သည့် ရပ်ရွာအန္တရာယ်ကင်း ပရိတ်ရွတ်ဆိုပွဲသို့ ပို့ဆောင်ကာ သံဃာတော်များ ပရိတ်ရွတ်ဖတ်ပြီးပါက နေအိမ်သို့ ပရိတ်အိုးကို ပြန်သယ်ကြရသည့် ဓလေ့ရှိပါတယ်။ထိုဓလေ့မှာ တဖြေးဖြေးပျောက်ကွယ်စ ပြုလာသလို သြင်္ကန်မှာ ရိုးရာထုံးတမ်းဓလေ့ပျောက်ကာ မူးရူးပျော်ပါးသည့် က်သို့ ကူးပြောင်းလာခဲ့တာကြာပြီ ဖြစ်ပါတယ်။

တန်ခူးလတွင် သြင်္ကန်ပွဲတော်ကို မြန်မာတစ်နိုင်ငံလုံး ဆင်နွှဲကြသလို မြန်မာ့ယဉ်ကျေးမှုနှင့် ဆက်စပ်နေသော လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတွေမှာလည်း ကျင်းပနေကြရာမှာ ကမ္ဘာတွင် ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခု ကမ္ဘာလှည့်ခရီးသည်များကြား ထင်ရှားနေသည်မှာ ကြာနေပြီလည်း ဖြစ်ပါတယ်။သို့သော် သရုပ်ပျက် သြင်္ကန်ပုံစံကိုသာ နှစ်စဉ် ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့တွင် တွေ့နေရသည်မှာ ကြာလှနေပြီ။

မြန်မာသြင်္ကန်ပွဲတော်ကို ရိုးရာဟန် ပြန်ထိန်းနေသော်လည်း ခေတ်နှင့်စနစ်အရ ယခင်လို ယဉ်ကျေးသည့် သြင်္ကန်အငွေ့အသက်ကို ပြန်မြင်တွေ့ရဖို့ မလွယ်တော့။ဒီထက် ရိုးရာထုံးတမ်းဓလေ့ မပျောက်သည့် သြင်္ကန်ကို မတွေ့ရဖို့သာ ဆုတောင်းနေရသည့် ခေတ်ကာလကို ရောက်မှန်းမသိ ရောက်နေပြီ ဖြစ်ပါသည်။

ရည်ညွှန်း -

၁။ မြန်မာအဘိဓာန်။
၂။ မြန်မာအဘိဓာန်အကျဉ်းချုပ်။
၃။ မြန်မာ့စွယ်စုံကျမ်း။

ဖြိုးဝေလှ
ဧပြီ - ၁၃

( Zawgyi )

အပူရွိန္ေၾကာင့္ ႏြမ္းနယ္ေနသည့္ ျမန္မာျပည္တစ္ဝန္းမွ ျပည္သူမ်ားလည္း ၾသကၤန္ေရေအး တစ္ဦးကိုတစ္ဦး ပက္ဖ်န္း၍ ေပ်ာ္႐ႊင္စြာျဖင့္ ေရသဘင္ပြဲေတာ္ကို ဆင္ႏႊဲၾကပါေတာ့မယ္။

ၾသကၤန္ႏွင့္ ပတ္သက္၍ ျမန္မာအဘိဓာန္တြင္ “ႏွစ္ေဟာင္းမွ ႏွစ္သစ္သို႔ ကူးေျပာင္းေသာကာလ ေရပက္ဖ်န္းသည့္ ႏွစ္သစ္ကူးပြဲေတာ္” ဟု ေဖာ္ျပထားၿပီး ျမန္မာအဘိဓာန္ အက်ဥ္းခ်ဳပ္တြင္ “ၾသကၤန္ဆိုသည္မွာ

(၁) ျမန္မာ့ဆယ္ႏွစ္လတြင္ ႏွစ္ေဟာင္းမွ ႏွစ္သစ္သို႔ ကူးေျပာင္းသည့္သမယ၊ တန္ခူး သို႔မဟုတ္ ကဆုန္လ

(၂) ႏွစ္သစ္ကူးေရျဖန္းပြဲဟု အနက္ဖြင့္ထားပါတယ္။

ျမန္မာ့စြယ္စုံက်မ္းတြင္ “ၾသကၤန္သည္ သကၤႏၲ ဟူေသာ ပါဠိပုဒ္မွလာသည့္ သကၠတရရစ္သံႏွင့္ ၾသကၤန္ဟူေသာ ျမန္မာစကား ျဖစ္ေပၚလာၿပီး သကၤႏၲ၏ အနက္မွာ ကူးေျပာင္းျခင္း၊ တစ္ေနရာမွ တစ္ေနရာသို႔ ေရာက္ရွိျခင္းဟူ၍ ျဖစ္သည္” ဟု ေရးသားေဖာ္ျပထားပါတယ္။

ၾသကၤန္ႏွင့္ ပတ္သက္၍ ျမန္မာလူမ်ိဳးမ်ား နားလည္ထားသည္က “ၾသကၤန္ဆိုသည္ႏွင့္ ျမန္မာ့လေပါင္း ဆယ္ႏွစ္လတြင္ ႏွစ္ေဟာင္းမွ ႏွစ္သစ္သို႔ ကူးေျပာင္းသည့္ တန္ခူး သို႔မဟုတ္ ကဆုန္လတြင္ ျပဳလုပ္ေလ့ရွိသည့္ ႏွစ္သစ္ကူး ေရပက္ျဖန္းၾကသည့္ပြဲလို႔ သိထားၾကပါတယ္။

ၾသကၤန္ရဲ႕ မူလအစက ဟိႏၵဴဘာသာဝင္ေတြရဲ႕ ဘာသာေရးပြဲေတာ္တစ္ခုပဲ ျဖစ္ပါတယ္။တစ္ခါက ျဗဟၼာမင္းဟာ သိၾကားမင္းကို စစ္ရႈံးတဲ့အခါ သိၾကားမင္းဟာ စစ္ရႈံးခဲ့တဲ့ ျဗဟၼာမင္းရဲ႕ ဦးေခါင္းကိုျဖတ္ၿပီး ဆင္တစ္ေကာင္ရဲ႕ ဦးေခါင္းကို ျဗဟၼာမင္းရဲ႕ ခႏၶကိုယ္မွာ ျပန္တပ္ခဲ့ပါတယ္။ျဖတ္လိုက္တဲ့  ျဗဟၼာမင္းဦးေခါင္းဟာ အလြန္အင္မတန္ တန္ခိုးႀကီးလြန္းတဲ့အတြက္ ပင္လယ္ထဲခ်ရင္ ပင္လယ္ေရေတြ ခန္းေျခာက္သြားႏိုင္ပါတယ္။ပထဝီေျမႀကီးေပၚ တင္မယ္ဆိုရင္ ကမာၻေျမႀကီးဟာ အပိုင္းပိုင္းကြဲအက္ ေၾကမြသြားႏိုင္ပါတယ္။မိုးေပၚကို ပစ္တင္လိုက္မယ္ဆိုရင္ တစ္မိုးလုံး မီးေလာင္ကြၽမ္းသြားႏိုင္ပါတယ္။ဒါေၾကာင့္ သိၾကားမင္း ဘယ္မွထားမရတဲ့ ျဗဟၼာႀကီးဦးေခါင္းကို နတ္သမီးတစ္ပါးစီကို တစ္ႏွစ္တစ္ခါ အလွည့္က်စီကိုင္ထားရမယ္ဆိုၿပီး မိန႔္ေတာ္မူပါတယ္။
ဒီကေန ျဗဟၼာႀကီးဦးေခါင္း နတ္သမီး တစ္ပါးကေနတစ္ပါး လႊဲေျပာင္းတဲ့ အခ်ိန္အခါမွာ ေရေဆးတဲ့ ၾသကၤန္ပြဲေတာ္ကို ဆင္ႏြဲခဲ့ၾကပါတယ္။

ၾသကၤန္ကို ပုဂံေခတ္မွာကတည္းက  စတင္ကစားေနခဲ့ၾကၿပီဆိုတာကို ပုဂံေခတ္ နံရံေဆးေရး ပန္းခ်ီကားေတြမွာ ေတြ႕ရတဲ့ အေထာက္အထားအရ သိရပါတယ္။ၾသကၤန္ဆိုတဲ့ စကားက ပါဋိစကားျဖစ္တဲ့ သကၤန ၱ ကေန ဆင္းသက္လာတာျဖစ္ၿပီး ကူးေျပာင္းျခင္းလို႔ အဓိပၸါယ္ရပါတယ္။ေလွသင္း အတြင္းဝန္မင္းက မိန္ရာသီမွ မိႆရာသီသို႔ တနဂၤေႏြၿဂိဳလ္ ကူးေျပာင္းျခင္းကို အစြဲျပဳၿပီး တာကူးလို႔ ေရးသားေၾကာင္းလည္း ဆိုထားပါတယ္။အတာ ဆိုသည္မွာ ေရွးျမန္မာစာေပတြင္  အခ်ိန္၊ ရာသီ၊ ႏွစ္တို႔ကို ေခၚေဝၚၿပီး ကူးမွာ ကူးေျပာင္းျခင္းလို႔ အဓိပၸါယ္ရပါတယ္။ေနာက္တစ္ခုက တန္ခူးလဆိုတာ ျမန္မာျပကၡဒိန္ရဲ႕ ပထမဆုံးလျဖစ္ၿပီး ျမန္မာႏွစ္သစ္ကို အစပ်ိဳးရာ လအစလည္းျဖစ္သည္။တန္ခူးလကို  တန္းခူးလို႔လည္း ေရးေလ့ရွိၿပီး ယခင္က ဒီရာသီခ်ိန္မွာ ထန္းခူးတဲ့ လျဖစ္လို႔ ထန္းခူးလကေန တန္းခူးလ ဒီကေန တန္ခူးလလို႔ ေ႐ြ႕ေလ်ာျဖစ္လာရတယ္လို႔ ယူဆမႈေတြလည္း ရွိပါတယ္။

တန္ခူးလမွာ ရာသီနကၡတ္အေနနဲ႔ ေကာင္းကင္မွာ စိၾတာၾကယ္ ထြန္းလင္းေတာက္ပတဲ့ အခ်ိန္အခါျဖစ္သလို တန္းခူးလမွာ ရာသီပန္းအေနနဲ႔ ပိေတာက္၊ ကံ့ေကာ္ႏွင့္ ရင္ခတ္ပန္းတို႔ ပြင့္ၾကပါတယ္။ဒီထဲမွာ ပိေတာက္ပန္းဟာ ျမန္မာ့႐ိုးရာ အတာၾသကၤန္ပြဲေတာ္ရဲ႕ အထိမ္းအမွတ္ပန္းျဖစ္သလို ျမန္မာအမ်ိဳးသမီးမ်ားရဲ႕ ျမန္မာအထိမ္းအမွတ္ပန္းပါ....။ျမန္မာအမ်ိဳးသမီးေတြအေနနဲ႔ ပိေတာက္ဟာ တစ္ႏွစ္မွ တစ္ခါသာ ပြင့္တဲ့ပန္းျဖစ္လို႔ အိမ္ေထာင္ဖက္ျဖစ္လာမယ့္သူအေပၚ သစၥာရွိပုံကို ရည္ၫႊန္းတဲ့အေနနဲ႔ ပိေတာက္နဲ႔ ႏႈိင္းယွဥ္ကာ စံထားဖြဲ႕ႏြဲ႕ တန္ဖိုးထားၾကပါတယ္။

ဒါ့အျပင္ ၾသကၤန္ေရကစားျခင္းဓေလ့ဟာ ပုဂံေခတ္မွာ ဝမ္းနည္းစရာအျဖစ္နဲ႔ တြဲၿပီးထင္ရွားခဲ့ပါေသးတယ္။ပုဂံေခတ္မွာ က်ီစားသန္လြန္းၿပီး အမ်က္ေဒါသႀကီးတဲ့ နရသီဟပေတ့မင္းဟာ  သူ႔အခ်စ္ဆုံး မိဖုရားေလး ေစာလုံ ကို က်ီစားတဲ့အေနနဲ႔ ဧရာဝတီျမစ္အတြင္း ၾသကၤန္ေရကစားရာမွာ ေရေတြမြန္းေအာင္ ဝိုင္းပက္ေစခဲ့ၿပီး စခဲ့လို႔ အရွက္ႀကီးၿပီး သိကၡာနဲ႔ျပည့္စုံတဲ့ မိဖုရားေလးဟာ သူ႔ကိုေမာင္းမေတြ အလုပ္သမားေတြက ဝိုင္းၿပီး ေရမြန္းေအာင္ ကာယိဣေျႏၵပ်က္ျပားေအာင္ ျပဳလုပ္ခဲ့တာကို ရွက္လြန္းလို႔ဘုရင္ကို ရန္ညိဳုးထားၿပီး စားေတာ္ပြဲမွာ အဆိပ္ခပ္ခဲ့ပါတယ္။ဒါကို ဘုရင္သိသြားတဲ့အခါ  မိဘုရား ေစာလုံ ကို ကြပ္မ်က္ခဲ့ပါတယ္။ဒီျဖစ္ရပ္က ၾသကၤန္နဲ႔ ပတ္သက္ၿပီး ထင္ရွားတဲ့ အမ်က္ေဒါသနဲ႔ ဆက္ႏြယ္တဲ့ ေႂကြကြဲစရာ ဇာတ္လမ္းေလးပါ။

ျမန္မာ့ဓေလ့ထုံးစံအယူအရ တန္ခူးလမွာ ႏွစ္ေဟာင္းက အညစ္အေၾကးေတြကို အတာေရအေမြးနံ႔သာတို႔ ေရာေႏွာကာ၊ ႏွစ္သစ္မွာ ေအာင္ျမင္ျခင္းအျဖာျဖာကို ရည္သန္လို႔ ေအာင္သေျပခက္ေလးေတြနဲ႔ တစ္ဦးကိုတစ္ဦး ေရပက္သန႔္စင္ စင္ၾကယ္ေစၿပီး ႏွစ္သစ္ကို ႀကိဳဆိုၾကတယ္လို႔ အယူရွိၾကပါတယ္။လူႀကီးမ်ားက ၾသကၤန္ႏွစ္ကူးအခါမွာ ကိုယ္၊ ႏႈတ္၊ ႏွလုံး သုံးပါး စင္ၾကယ္ေစရန္အလို႔ငွာ ဦးေခါင္းကို ေဆးေလွ်ာ္ၾကပါတယ္။ဒီအစဥ္အလာက ေရွးဘုရင္မ်ား လက္ထက္ကတည္းကျဖစ္ၿပီး ျမန္မာမင္းမ်ားစြာ ၾသကၤန္အႀကိဳေန႔ေရာက္ရင္ ယခု ေမာ္လၿမိဳင္မွာရွိတဲ့ မုတၱမေကြ႕က ေခါင္းေဆးကြၽန္းမွာ ေခါင္းေဆးမဂၤလာ ျပဳၾကပါတယ္။ဦးေခါင္းေဆး မဂၤလာေတာ္ကို ႀကီးမႉးက်င္းပၾကပါတယ္။ဒီမဂၤလာကို အတုယူၿပီး ေနာက္ပိုင္းမွာ  လူငယ္ေတြ၊ ရပ္ထဲ႐ြာထဲက ကာလသားေတြက  သက္ႀကီး႐ြယ္အိုေတြကို တေရာ္ကင္ပြန္းတို႔နဲ႔ ေခါင္းေလွ်ာ္ေပးျခင္း၊ လက္သည္း ေျခသည္း ညႇပ္ေပးျခင္းႏွင့္ သက္ႀကီးပူေဇာ္ပြဲမ်ားကို ၾသကၤန္ကာလအၿပီး ႏွစ္ဆန္းတစ္ရက္မွာ လက္ဆင့္ကမ္း က်င္းပခဲ့ၾကပါတယ္။

ၾသကၤန္အခါကာလမွာ အိမ္တိုင္းလမ္းတိုင္း မ႑ပ္တိုင္း ေနရာတိုင္း စတုဒီသာ မ႑ပ္မ်ားနဲ႔ စည္ကားစြာ အလႉေပးကာ အယုတ္အလတ္ အျမတ္မေ႐ြး ဝင္ေရာက္စားသုံးႏိုင္ၾကပါတယ္။တန္ခူးလ သၾကန္ပြဲရဲ႕ ႐ိုးရာအစားအစာက မုန႔္လုံးေရေပၚ ျဖစ္ပါတယ္။ေကာက္ညႇင္းႏွင့္ ဆန္ ေရာႀကိတ္ထားတဲ့ မုန္ႏွစ္လုံးေလးထဲမွာ ထန္းညက္ခဲကေလးမ်ား ထည့္ျပဳတ္ကာ ေရေပၚ ေပၚလာတဲ့ မုန႔္လုံးေရေပၚကို အုန္းသီးႏိုင္းျခင္းနဲ႔ စားရျခင္းပါ။ထိုအစားအစာက ၾသကၤန္ကာလ၏ အမွတ္သေကၤတ အစားအစာလည္း ျဖစ္ပါတယ္။
ေနာက္တစ္ခုက ၾသကၤန္တြင္ ၾသကၤန္ထမင္း ခ်က္စားၾကျခင္း ျဖစ္ပါတယ္။ၾသကၤန္ထမင္း ဆိုသည္မွာ “ပ်ားဖေယာင္းနံ႔စြဲေအာင္ အခိုးသတ္ထားသည့္အိုးတြင္ ဆန္ကို ထည့္ကာ ေရခန္းခ်က္ၿပီးလွ်င္ ႐ိုး႐ိုးေရ သို႔မဟုတ္ ဖေယာင္းနံ႔ရရွိေအာင္ လုပ္ထားသည့္ ေရႏွင့္ စိမ္ထားေသာ ထမင္း” ကို ငါးေျခာက္ေၾကာ္၊ အခ်ဥ္သုတ္၊ င႐ုတ္သီးစိမ္းတို႔ႏွင့္ စားသုံးၾကျခင္း ျဖစ္ပါတယ္။ထိုဓေလ့ကို ယခုအခါ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ဘက္တြင္သာ တြင္က်ယ္စြာ ေတြ႕ႏိုင္ရပါေတာ့တယ္။

ၾသကၤန္ကာလမွာ အမ်ားအားျဖင့္ ၄ ရက္သာျဖစ္ၿပီး မြန္ျပည္နယ္တြင္ ႏွစ္ဆန္းတစ္ရက္ေန႔မွ စကာ ေရပက္ၾကသည့္ ဓေလ့ထုံးတမ္းလည္းရွိသည္။ထို႔အတူ ရခိုင္လူမ်ိဳးမ်ားက ၾသကၤန္ကာလျဖစ္သည့္ အႀကိဳမွ ႏွစ္ဆန္းတစ္ရက္အတြင္း နံသာေသြးပြဲေတာ္ က်င္းပၾကသလို ေလာင္းေလွထဲတြင္ ေရထည့္ကာ တစ္ဦးႏွင့္တစ္ဦး ခ်စ္ၾကည္စြာ ေရကစားၾကသည္။

ၾသကၤန္အတက္ ကာလအၿပီး ေနာက္တစ္ရက္ျဖစ္သည့္ ျမန္မာႏွစ္ဆန္းတစ္ရက္တြင္ ရပ္ထဲ႐ြာထဲမွာ အပ်ိဳ လူငယ္လူ႐ြယ္မ်ားကို စုကာ ဘုရားေစတီ ေက်ာင္းကန္မ်ားတြင္ ေရသပၸာယ္ျခင္း၊ ရင္ျပင္ႏွင့္ ေက်ာင္းမ်ား ေဆးေၾကာျခင္း၊ ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ားကို ေျခသည္းလက္သည္းမ်ား ညႇပ္ေပးျခင္း၊ ေခါင္းေလွ်ာ္ေပးျခင္း၊ နံ႔သာဆီမ်ား လိမ္းေပးျခင္းမ်ားကို ေဆာင္႐ြက္ေလ့ ရွိၾကပါတယ္။

ႏွစ္ဆန္းတစ္ရက္ေန႔ ညေနတြင္ ၾသကၤန္ကာလတြင္း ခုႏွစ္ေန႔နံပန္းမ်ား ထိုးထည့္ထားသည့္ အတာအိုးကို ခုႏွစ္ေန႔နံပန္းမ်ား အသစ္ျပန္လည္လဲလွယ္ကာ ပရိတ္အိုးအျဖစ္ လမ္းေလးခြဆုံမ်ားတြင္ ျပဳလုပ္သည့္ ရပ္႐ြာအႏၲရာယ္ကင္း ပရိတ္႐ြတ္ဆိုပြဲသို႔ ပို႔ေဆာင္ကာ သံဃာေတာ္မ်ား ပရိတ္႐ြတ္ဖတ္ၿပီးပါက ေနအိမ္သို႔ ပရိတ္အိုးကို ျပန္သယ္ၾကရသည့္ ဓေလ့ရွိပါတယ္။ထိုဓေလ့မွာ တေျဖးေျဖးေပ်ာက္ကြယ္စ ျပဳလာသလို ၾသကၤန္မွာ ႐ိုးရာထုံးတမ္းဓေလ့ေပ်ာက္ကာ မူး႐ူးေပ်ာ္ပါးသည့္ က္သို႔ ကူးေျပာင္းလာခဲ့တာၾကာၿပီ ျဖစ္ပါတယ္။

တန္ခူးလတြင္ ၾသကၤန္ပြဲေတာ္ကို ျမန္မာတစ္ႏိုင္ငံလုံး ဆင္ႏႊဲၾကသလို ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဆက္စပ္ေနေသာ လာအို၊ ကေမာၻဒီးယားနဲ႔ ထိုင္းႏိုင္ငံေတြမွာလည္း က်င္းပေနၾကရာမွာ ကမာၻတြင္ ထင္ရွားသည့္ ႐ိုးရာပြဲေတာ္တစ္ခု ကမာၻလွည့္ခရီးသည္မ်ားၾကား ထင္ရွားေနသည္မွာ ၾကာေနၿပီလည္း ျဖစ္ပါတယ္။သို႔ေသာ္ သ႐ုပ္ပ်က္ ၾသကၤန္ပုံစံကိုသာ ႏွစ္စဥ္ ထိုင္း၊ ျမန္မာ၊ လာအို၊ ကေမာၻဒီးယားတို႔တြင္ ေတြ႕ေနရသည္မွာ ၾကာလွေနၿပီ။

ျမန္မာၾသကၤန္ပြဲေတာ္ကို ႐ိုးရာဟန္ ျပန္ထိန္းေနေသာ္လည္း ေခတ္ႏွင့္စနစ္အရ ယခင္လို ယဥ္ေက်းသည့္ ၾသကၤန္အေငြ႕အသက္ကို ျပန္ျမင္ေတြ႕ရဖို႔ မလြယ္ေတာ့။ဒီထက္ ႐ိုးရာထုံးတမ္းဓေလ့ မေပ်ာက္သည့္ ၾသကၤန္ကို မေတြ႕ရဖို႔သာ ဆုေတာင္းေနရသည့္ ေခတ္ကာလကို ေရာက္မွန္းမသိ ေရာက္ေနၿပီ ျဖစ္ပါသည္။

ရည္ၫႊန္း -

၁။ ျမန္မာအဘိဓာန္။
၂။ ျမန္မာအဘိဓာန္အက်ဥ္းခ်ဳပ္။
၃။ ျမန္မာ့စြယ္စုံက်မ္း။

ၿဖိဳးေဝလွ
ဧၿပီ - ၁၃