【 နိုင်ငံတကာဆောင်းပါး 】ကိုဗစ်-၁၉ ကူးစက်ခံရမှုက ဘာတွေ ထိခိုက်စေသလဲ

【 နိုင်ငံတကာဆောင်းပါး 】ကိုဗစ်-၁၉ ကူးစက်ခံရမှုက ဘာတွေ ထိခိုက်စေသလဲ

ရေရှည်ခံစားရသော ကိုဗစ်-၁၉ ကို မကြာခင်ဖြစ်လာမယ့် အမျိုးသားကျန်းမာရေးကပ်ဆိုး ဟု တချို့ကတော့ ခေါ်ကြပြီး တချို့ကလည်း ကပ်ရောဂါပြီးနောက် နောက်ထပ်ကပ်ရောဂါတစ်ခုဟု ဆိုကြပါတယ်။ ဒါပေမယ့် ရေရှည်ကိုဗစ်-၁၉ ဟာ လူဘယ်နှယောက်လောက် ထိခိုက်တယ်ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ သူတို့ဟာ ဘယ်လောက်အထိ ထိခိုက်မှုများရှိမလဲ၊ ပြီးတော့ ဒါတွေက အလုပ်အကိုင်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အခင်းအကျင်းများကို မည်သို့ပြောင်းလဲနိုင်မလဲဆိုတာပါပဲ။ ဒီမူဝါဒလေ့လာမှုဟာ ကျွန်တော်တို့ သိထားပြီးသော အကြောင်းအရာများနှင့် မေးခွန်းများကိုပြန်လည်စီစစ်ပြီး အလုပ်အကိုင်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ဘယ်လို အကျိုးသက်ရောက်သလဲဆိုတာကို လေ့လာထားပါတယ်။

ရေရှည်ခံစားရသော ကိုဗစ်-၁၉ ကြောင့် ဘယ်သူတွေ အဓိက ထိခိုက်နစ်နာသလဲ ပြီးတော့ ရေရှည်ခံစားနေရသော ရောဂါ၏ အကျိုးအဆက်များကို ဘယ်လို လျှော့ချနိုင်မလဲ ဆိုတာကိုလည်း လေ့လာထားပါတယ်။ ကာကွယ်ဆေးနှင့် ကိုဗစ်-၁၉ ကို ခုခံနိုင်သော ကိုယ်ခံစွမ်းအားဟာ အသစ်ပြန့်ပွားနေသော BA.5 ကိုဗစ်-၁၉ ကူးစက်ခံရပါက ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုများကနေ ကာကွယ်ပေးပါတယ်။ သို့သော်လည်း ကြာရှည်ခံစားရသော ကိုဗစ်-၁၉ အတွက် ဒါတွေဟာ အကျုံးဝင်သလားဆိုတာ မသိရသေးပါဘူး။ VA health system ၏ လေ့လာတွေ့ရှိချက်အရ ကိုဗစ်-၁၉ ကူးစက်ခံရတိုင်း ကိုဗစ်-၁၉ ကြာရှည်ခံစားနိုင်သည့် အန္တရာယ်ဟာ ပိုပြီး ကြီးမားလာကြောင်း လေ့လာတွေ့ရှိထားပါတယ်။

ရေရှည်ကိုဗစ်-၁၉ ဟာ လက္ခဏာပျောက်လာတက်ပြီး အမေရိကန်နိုင်ငံတစ်ခုတည်းတွင်ပင် လူပေါင်း ၁၀ ကနေ ၃၃ သန်း အထိ ရေရှည်ကိုဗစ်-၁၉ ရှိသောသူများကနေ ထပ်မံကူးစက်နိုင်ပါတယ်။ ရေရှည်ကိုဗစ်ဟာ ကိုဗစ်-၁၉ ကြောင့် ဖျားနာခြင်း တစ်ခုတည်းကိုသာ ဖြစ်ပေါ်စေတာမဟုတ်ပါဘူး၊ ဒါပေမယ့် ကဏ္ဍကြီးမားပြီး ယခင်က ခံစားခဲ့ဖူးသော ရောဂါများလည်း ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ပိုမိုဆိုးရွားလာနိုင်ကြောင်း CDC က ပြောပါတယ်။ ရေရှည်ကိုဗစ် ခံစားသူများဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ဆိုင်ရာ ကျန်းမာရေးထိခိုက်ခံရပြီး ထိုထဲတွင် မောပန်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုကျပ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ မူမမှန်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် စိတ်ကျန်းမာရေး ချို့ယွင်းခြင်းများ အစရှိသော အရာများကိုလည်း ရင်ဆိုင်ကြရပါတယ်။ ထို့ကြောင့် ရေရှည်ကိုဗစ် ရောဂါခံစားမှုကို ကုသရန် စံချိန်စံနှုန်း အတိအကျ ဆိုတာမရှိပါဘူး။ လေ့လာတွေ့ရှိချက်အရ အလုပ်လုပ်နေသော အရွယ်ရောက်သောသူများတွင် ရေရှည်ကိုဗစ်ရောဂါ ခံစားမှု ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းနှင့် ၃၃ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဆိုပါတယ်။ ထို့ကြောင့် လူပေါင်း ၁၀၀ သန်းတွင် အရွယ်ရောက် အလုပ်သမားများတွင် ရေရှည်ကိုဗစ် ရောဂါကူးစက်ခံရသည်ဆိုပါက ထိုပမာဏဟာ ၁၀ ကနေ ၃၃ သန်းအထိ ရှိပါတယ်။

ပဏာမလေ့လာတွေ့ရှိချက်အရ ရေရှည်ကိုဗစ် ရောဂါခံစားမှုဟာ အလုပ်အကိုင်များပေါ် ကြီးမားသော ရိုက်ခတ်မှုဖြစ်စေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ စစ်တမ်းတစ်ခုတွင် ဖော်ပြချက်အရ ကိုဗစ်-၁၉ မတိုင်ခင်က အလုပ်လုပ်ခဲ့သော လူများဟာ ရေရှည်ကိုဗစ်ရောဂါ ခံစားပြီးနောက် ထက်ဝက်ကျော်ဟာ အလုပ်ထွက်ခြင်း သို့မဟုတ် အလုပ်လျှော့လုပ်လာကြကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ အဓိက အကြောင်းအရင်းကတော့ ရေရှည်ကိုဗစ်ကြောင့် မောပန်းခြင်း၊ ပင်ပန်းခြင်း သို့မဟုတ် အလုပ်ကို အာရုံမစိုက်နိုင်တော့ခြင်း  အစရှိသော အကြောင်းအရာများကြောင့် လူများဟာ အလုပ်လုပ်နိုင်မှုစွမ်းရည် ကန့်သတ်လာကြောင်း လေ့လာတွေ့ရှိထားပါတယ်။ စစ်တမ်းနှစ်ခုတွင် ဖော်ပြချက်အရ ရေရှည်ကိုဗစ်ရောဂါ ခံစားခင်တုန်းက အလုပ်လုပ်ခဲ့သောသူများ ၂၂ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းဟာ ခုတော့ အလုပ်မလုပ်တော့ကြောင်းဆိုပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက အရွယ်ရောက်သော အလုပ်သမား ၇ ရာခိုင်နှုန်းဟာ ရေရှည်ကိုဗစ်ရောဂါ ခံစားပြီးနောက် အလုပ်ထွက်ခဲ့ကြပါတယ်။ နောက်ထပ်လေ့လာချက်တစ်ခု၏ ဖော်ပြချက်အရ ကိုဗစ်-၁၉ ကြောင့် လစ်လတ်နေသော အလုပ်အကိုင်ပေါင်း ၁၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ဆိုပါတယ်။

ရေရှည်ကိုဗစ်ရောဂါခံစားမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ကြီးမားသော ပြောင်းလဲမှုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အရွယ်ရောက် အလုပ်သမား ၆၀ ရာခိုင်နှုန်းကျော်ဟာ သူတို့ရဲ့ ကျန်းမာရေးအာမခံကို အလုပ်ရှင်ကနေ တစ်ဆင့် ရယူကြသူများဖြစ်ကြပါတယ်။ ထို့ကြောင့် အလုပ်သမားများ အလုပ်ပြောင်းသွားသော အခါ သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် အများကြီး ထိရောက်မှုရှိပါတယ်။ အလုပ်မလုပ်နိုင်သောသူများဟာ အလုပ်လုပ်တုန်းက ရရှိခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးများကို ဆုံးရှုံးသွားသလို သူတို့လည်း ဝင်ငွေကိုလည်း ဆုံးရှုံးပါတယ်။

အရေးကြီးသော မေးခွန်းကတော့ မသန်စွမ်းများကို ပေးအပ်သော ထောက်ပံ့ကြေးတွင် ရေရှည်ကိုဗစ်ရောဂါကို ခံစားသူများလည်း ထည့်သွင်း ထောက်ပံ့မှုများ ပြုလုပ်မလားဆိုတာကလည်း စဉ်းစားစရာဖြစ်လာပါတယ်။ Department of Health and Human Services ၏ ဆုံးဖြတ်ချက်အရ American with Disabilities Act အောက်တွင် ရေရှည်ကိုဗစ်ရောဂါခံစားသူများဟာ ဒီရောဂါကြောင့် သာမန်လူတစ်ယောက်လို လှုပ်ရှားနိုင်ခြင်း မရှိပါက ထိုကဲ့သို့သောလူများကို မသန်စွမ်းစာရင်းသွင်းနိုင်ကြောင်း ဆိုပါတယ်။ ဒီလို သတ်မှတ်ချက်များ ပြုလုပ်နိုင်ကြောင်းဆိုကြသော်လည်း မသန်စွမ်း စာရင်းဝင်ရန် လူတစ်ယောက်ဟာ အလုပ်မလုပ်နိုင်တော့သောသူဖြစ်ရန် လိုအပ်ပြီး မကြာခင် သေဆုံးနိုင်သော ရောဂါခံစားသောသူဖြစ်ရန် လိုအပ်ပါတယ်။ ရေရှည်ကိုဗစ်ရောဂါ ခံစားသောသူများဟာ အလုပ်မလုပ်နိုင်တော့ပါက အစိုးရက ပေးအပ်သော မသန်စွမ်း ထောက်ပံ့ကြေးဟာ သူတို့အတွက် ရောဂါကနေ ပြန်လည်နာလန်ထူနိုင်ရန် လိုအပ်သော ကျန်းမာရေးထောက်ပံ့မှုများကို ရရှိစေနိုင်မည်ဖြစ်ပါတယ်။

Ref: kff.org/policy-watch: what-are-the-implications-of-long-covid-for-employment-and-health-coverage

Naing