【 နိုင်ငံတကာဆောင်းပါး 】နှေးကွေးစွာ မျောက်ကျောက်ရောဂါတုံ့ပြန်မှုက အမေရိကန်ကျန်းမာရေးဝန်ထမ်းများ ပင်ပန်းနေပြီဆိုတာကို အချက်ပြနေ

【 နိုင်ငံတကာဆောင်းပါး 】နှေးကွေးစွာ မျောက်ကျောက်ရောဂါတုံ့ပြန်မှုက  အမေရိကန်ကျန်းမာရေးဝန်ထမ်းများ ပင်ပန်းနေပြီဆိုတာကို အချက်ပြနေ

အမေရိကန်နိုင်ငံတစ်ဝှမ်းကို ပြန့်ပျံ့နေပြီဖြစ်တဲ့ မျောက်ကျောက်ရောဂါကို အမေရိကန်နိုင်ငံကတော့ အ လွန်နှေးကွေးစွာသာ တုံ့ပြန်နေပါတယ်။ နယူးယောက်မြို့တစ်မြို့တည်းမှာပဲ မျောက်ကျောက်ရောဂါကူး စက်ခံ ထား ရပေါင်း ၁၀၀၀ ကျော်ရှိပြီး  ဒီလို ရောဂါပြန့်နှံ့နေမှုဟာ ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လောက်အထိ ရိုက်နှက်ခံနေရသလဲဆိုတာကို ပြသနေကြောင်း ဆိုကြပါတယ်။

ဖြစ်ခဲလေ့ရှိသော ဒီအာဖရိက ဗိုင်းရပ်စ်ဖြစ်တဲ့ မျောက်ကျောက်ရောဂါဟာ အမေရိကန်နိုင်ငံ၏ ကျန်းမာ ရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးနေတဲ့  မြို့၊ ကောင်တီ၊ ပြည်နယ် များတွင်ရှိသော အေဂျင်စီများကို ထိခိုက် လာပြီဖြစ်ပါတယ်။

“ကံမကောင်းစွာပဲ၊ နှောင့်နှေးနှေးကွေးတဲ့ လုပ်ရပ်တွေကြောင့် မျောက်ကျောက်ဟာ လိင်တူချစ်သူ အသိုင်းအဝိုင်းအတွင်းသာမက လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကြားမှာပါ ပြန့်နှံ့သွားခဲ့ပြီး။ ဒီရောဂါဖြစ်ပွားမှု ဟာအမေရိကတွင် ပြည်သူ့ကျန်းမာရေးအကြပ်အတည်းဖြစ်လာနေပါပြီ။ ကျွန်တော်တို့ ပြည်နယ်နဲ့ ဒေသအ ဆင့်မှာ တော့ စနစ်မကျတဲ့ အခြေအနေမှာပဲ ရှိနေဆဲပါ” ဟု National Coalition of STD Directors ဖြစ်တဲ့ ဒေးဗစ်ဟာဗေက ပြောပါတယ်။

စနစ်မကျသော အခြေအနေဆိုတာ ကျွမ်းကျင်သူများကတော့ ကိုဗစ်-၁၉ ကြောင့် အမေရိကန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အခင်းအကျင်း ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို ထောက်ပြနေကြပါတယ်။ တစ် ချို့သော ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများဟာ ပြည်သူများ မကြိုက်ခဲ့သော နှာခေါင်းစည်းနှင့် ကာကွယ် ဆေးထိုးခြင်းဆိုင်ရာ မူဝါဒများကြောင့် နိုင်ငံရေးအရ တိုက်ခိုက်ခံခဲ့ရတာတွေလည်း ရှိပါတယ်။

နိုင်ငံတစ်ဝှမ်းတွင် ပြည်သူ့ကျန်းမာရေးအရာရှိများအား နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အလုပ်ထုတ်ခြင်း သို့မဟုတ် အလွန်ပင်ပန်းခြင့် အစရှိသော အကြောင်းအရာများကြောင့် အလုပ်ထွက်သွားသောသူများစွာရှိပါတယ်။ ကူးစက်နိုင်သော ရောဂါများဖြစ်တဲ့ တီဘီရောဂါ သို့မဟုတ် ကာကွယ်ဆေးထိုရန် ဆေးခန်းများကို ယခင်က အချိန်ပေးပြီး ကုသမှုများ ပြုလုပ်နိုင်သော်လည်း ဒီလိုဝန်ဆောင်မှုများအားလုံးကို ကိုဗစ်-၁၉ အတွက် အသုံးပြုလိုက်ရသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဟာ တိုးတက်မှုမရှိပဲ ရှိခဲ့ပါတယ်။

လိင်ဆက်ဆံမှုကနေ ကူးစက်သော ရောဂါများ၏ အခြေအနေကလည်း တိုးတက်မှုမရှိခဲ့ပါဘူး၊ ထိုဌာန၏ ဝန်ထမ်းများနှင့် အခြားသော အရင်းအမြစ်များကို ကိုဗစ်-၁၉ အတွက်သာ အသုံးပြုခဲ့ရပါတယ်။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကောင်းမွန်မှုမရှိခဲ့သော ဒီလိုအဖွဲ့အစည်းများ၏ အခြေအနေဟာ ပိုဆိုးရွားလာခဲ့ပါတယ်။

မျောက်ကျောက်ရောဂါ ပြန့်ပွားလာသည်နှင့်အမျှ၊ သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်သော အစိုးရဟာ် တစ်ပတ်လျှင် 6,000 မှ 80,000 ခန့်အထိရှိသော စမ်းသပ်မှုပမာဏကို မြှင့်တင်ခြင်းဖြင့် တုံ့ပြန်ရန် ကြိုးပမ်းခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ယခုသီတင်းပတ်တွင် ကြေညာခဲ့ပါတယ်။ ပြီးတော့ အမေရိကန်ကလည်း မျောက်ကျောက်ရောဂါကို အမျိုးသားပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခြင်းဖြင့် ဒေသတွင်းအေဂျင်စီများထံ ထောက်ပံ့မှုများ ပိုမိုထုတ်ပေးနိုင်မည်ဖြစ်ပါတယ်။

“စနစ်က အလုပ်မဖြစ်တော့ဘူး၊ အလုပ်အရမ်းများတယ်၊ လစာနည်းတယ်၊ ဝန်ထမ်းမလုံလောက်ဘူး။ ကပ်ရောဂါကာလအတွင်း ကျွန်တော်တို့ကို ဒုက္ခပေးခဲ့သော တူညီသောပြဿနာများအားလုံးဟာ ကျွန်တော်တို့နှင့်အတူရှိနေဆဲဖြစ်ပြီး မပျောက်ကွယ်သွားသေးပါဘူး။ ဒါကို ပိုဆိုးလာစေတာက မျောက်ကျောက်ရောဂါနှင့် အခြားရောဂါများဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းအများစုဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ရှိလာခဲ့တယ်” ဟု National Association of County and City Health Officials တွင် အမှူဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော လော်ရီထရီမဲလ်ဖရီးမန်းက ပြောပါတယ်။

မျောက်ကျောက်ကို မည်သူမဆို ကူးစက်နိုင်သော်လည်း ဗိုင်းရပ်စ်ဟာ အမျိုးသားများနှင့် လိင်ဆက်ဆံသော အမျိုးသားများကို အဓိက ထိခိုက်စေပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးဆေးခန်းများဟာ ရောဂါဖြစ်ပွားမှုကို ရှေ့တန်းမှ တုံ့ပြန်ပေးလေ့ရှိပါတယ် ဘာကြောင့်လဲဆိုတော့ မျောက်ကျောက်ရောဂါသည် လိင်အင်္ဂါနှင့် စအိုတစ်ဝိုက်တွင် ဒဏ်ရာများရှိပါက၎င်း၏ရောဂါလက္ခဏာများကို ပြသနိုင်ပါတယ်။

မျောက်ကျောက် ရောဂါ စမ်းသပ်ခြင်းတွင် အရင်းအမြစ်များဟာ အကန့်အသတ်ဖြင့်သာ ရှိသောကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားလာပါတယ်။ အိမ်တွင် စစ်ဆေးနိုင်မှုမရှိသဖြင့် ရလဒ်များဟာ ရက်ပေါင်းများစွာ ကြာနိုင်ပါတယ်။ ဒါပေမယ့် မျောက်ကျောက်ရောဂါပြန့်ပွားမှုမြင့်တက်သော နေရာများတွင်နေထိုင်သောသူများဟာ ကာကွယ်ဆေးထိုးနိုင်ပြီး ထိုကာကွယ်ဆေးအပြင် TPOXX လို့ခေါ်တဲ့ ဆေးကုသမှုကိုခံယူနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးကို ရရှိဖို့ အရမ်းကိုခက်ခဲပါတယ် ဘာကြောင့်လဲဆိုတော့ ဒီဆေးကို အခြေအနေဆိုးရွားသောသူများအတွက်သာ အသုံးပြုခွင့်ပေးထားပြီး ဆေးရရှိရန် အဆင့်ဆင့် စာတင်နေရာသောကြောင့်ဖြစ်ပါတယ်။

ကျန်းမာရေးအာမခံမရှိသောလူများဟာ ကာကွယ်ဆေးနှင့် ဆေးဝါးနှစ်မျိုးလုံးကို လက်လှမ်းမီနိုင်ခြေမရှိပေ။ LGBTQ+ အသိုင်းအဝိုင်း 12.7% ခန့်ဟာ ယေဘူယျလူဦးရေ 11.4% နှင့် နှိုင်းယှဉ်ပါက ကျန်းမာရေးအာမခံ ကင်းမဲ့နေကြပါတယ်။ အကယ်၍ အာမခံရှိသော်လည်း အမေရိကန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် အခက်အခဲများရှိနေပါတယ်။

“ဒီမှာက တစ်ယောက်ကိုတစ်ယောက် အပြစ်တင်မှုပဲ များနေတယ်။ ကျွန်တော်တို့ နားလည်ထားသင့်တယ်၊ လွန်ခဲ့တဲ့  ၃ နှစ်ခန့်က ကိုဗစ်-၁၉ သင်ခန်းစာများကို ကြည့်ပြီး ဘာလုပ်ရမလဲဆိုတာ သိထားသင့်တယ်” ဟု လော်ရီထရီမဲလ်ဖရီးမန်းက ပြောပါတယ်။

 

Naing