【 နိုင်ငံတကာဆောင်းပါး 】ပေကျင်းမြို့မှ သမိုင်းဝင်ပြတိုက်များ ၂

【 နိုင်ငံတကာဆောင်းပါး 】ပေကျင်းမြို့မှ သမိုင်းဝင်ပြတိုက်များ ၂ 

တရုတ်မြို့တော်ပြတိုက်

တရုတ်နိုင်ငံမှာ ပြည်တွင်းပြည်ပခရီးသွား များစွာသွားရောက်လေ့လာကြပြီး  ခေတ်မီနည်းပညာတွေနဲ့ ပြသထား တဲ့နောက်ထပ် ပြတိုက်တစ်ခုရှိပါတယ်။  အဲဒီပြတိုက်ကတော့ တရုတ်မြို့တော်ပြတိုက် (Capital Museum) ဖြစ်ပါ တယ် ။အဆိုပါပြတိုက်ကို  ၁၉၈၁ ခုနှစ်မှာ စတင်ဖွင့်လှစ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်မြို့တော်ပြတိုက်ဆိုတဲ့ နာမည်အတိုင်းပဲ  ပေကျင်းမြို့ရဲ့ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်တွေ နဲ့ ပေကျင်း မြို့ သမိုင်းကြောင်းကို ပြည်တွင်းပြည်ပက ခရီးသွားတွေ တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်အောင် ခင်း ကျင်းပြသ ဆောင်ရွက်ပေးထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ပြတိုက်အတွင်း အထင်ရှားဆုံး ပြသထားတဲ့ ရှေးဟောင်း ပစ္စည်းကတော့ ၁၉၇၄ ခုနှစ်က ပေကျင်းမှာ တူးဖော် ရရှိ တဲ့ ကျိုးမင်းဆက်ခေတ်က ကြေးဝါးနဲ့ပြုလုပ် ထားတဲ့ ခြေထောက်သုံးခုပါတဲ့ အိုးကြီးဖြစ်ပါတယ်။ အဲဒီ ကြေးဝါအိုး ကြီးက နှစ်ပေါင်း ၃ဝဝဝ ကျော်သက်တမ်းရှိပြီ ဖြစ်ပြီး အမြင့်က  ၆၂ စင်တီမီတာအမြင့်ရှိပါတယ်။ အလေးချိန်က ၄၁, ၅ ကီလိုဂရမ်အထိ အလေးချိန်ရှိပါတယ်။

အဲ့ဒီအိုးကြီးကို ပြည်တွင်းပြည်က ခရီးသွားတွေလာရောက်ကြည့်ရှုသူ အထူးများပြားပြီး  ပေကျင်းမြို့ ရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်ပစ္စည်း တစ်ခုဖြစ်ပါတယ်။ ပြတိုက်အတွင်း  ပေကျင်းမြို့ သမိုင်းကြောင်းကို လေ့လာရာမှာ ရှေးယခင် ပေကျင်းမြို့ ပြည်သူလူထုတွေရဲ့ သက်ဝင်လှုပ်ရှားနေတဲ့သွားလာ နေထိုင်မှု ပုံရိပ်မှတ် တမ်းတွေနဲ့အတူ ပေကျင်းရဲ့ နဂိုမူလမြို့ပြ အဆောက်အဦးပုံစံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

ဒါအပြင် ပေကျင်း မြို့ ဖွံ့ဖြိုးတိုးတက်အောင် ခေတ်အဆက်ဆက်  ပြုပြင်ပြောင်းလဲဆောင်ရွက် ခဲ့ပုံတွေကို တစ် နေရာတည်းမှာ လေ့ လာနိုင်ခွင့်ရမှာ ဖြစ်ပါတယ်။  အဆိုပါပြတိုက်ဟာ Xicheng ခရိုင်ထဲမှာရှိပြီး ၂၀၁၆ ခုနှစ်စာ ရင်းမှတ်တမ်းတွေအရ ပြည်တွင်းပြည်ပက လာရောက်လည်ပတ်သူ ၁၇ သိန်းနီးပါးထိ ရှိခဲ့တယ်လို့သိ ရပါတယ်။

အဲ့ဒီပြတိုက်ကို ပြည် တွင်းပြည်ပခရီးသွားတွေ ဝင်ရောက်လေ့လာလည်ပတ်မှုတွေများပေမယ့် မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာခွင့် ရအောင်စီစဉ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်အနုပညာပြတိုက်

တရုတ်နိုင်ငံ၊ပေကျင်းမြို့မှာရှိတဲ့ အလွန်ကြီးမားပြီး တရုတ်နိုင်ငံရဲ့ အနုပညာအမွေအနှစ်တွေခင်းကျင်း ပြသထားတဲ့ ပြတိုက်ကြီးတစ်ခုလည်း ရှိနေပါတယ်။အဲ့ဒီပြတိုက်ကတော့ တရုတ်အနုပညာပြတိုက်ဖြစ်ပြီး ယင်းပြ တိုက်ကို  ၁၉၅၈ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

 ပြတိုက်ကို ပေကျင်းမြို့လယ်ကောင် Dongcheng ခရိုင်မှာ တည်ရှိပြီး ရှေးခေတ် ပန်းပုရုပ်တုများ၊ ရုပ်ကြွပန်း ချီများ၊ ပန်းချီကားချပ်များနဲ အနုပညာ လက်ရာ မြောက် တဲ့ ပစ္စည်းအမျိုးပေါင်းများစွာကို စုစည်းပြသထားတာ ဖြစ်ပါတယ်။

အဆိုပါ  တရုတ်အနုပညာပြတိုက်ဟာ ရှေး ခေတ် ပေကျင်းမြို့ ရဲ့ အကြီးဆုံးအဆောက်အဦ ၁၀ ခုစာရင်းထဲမှာ တစ်ခုပါဝင်ဖြစ်ပါတယ်။ Wekipedia မှာလည်း National Art Museum of China ဆိုပြီး  ရှာ လို့ရပါတယ်။

ဒါအပြင် ဒီပြတိုက်ထဲမှာ  ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ပန်းချီအနုပညာလက်ရာမြောက် နာမည်ကျော် ပစ္စည်းမျိုးစုံ ရှိနေတဲ့အတွက် ရှေးခေတ်အနုပညာလက်ရာတွေကို အသေးစိတ် လေ့လာမှတ်တမ်းတင်နိုင်ပါသေးတယ်။ အဆိုပါ ပြတိုက်ကိုလည်း ပြည်ပခရီးသွားဧည့်သည်တွေ ဝင်ရောက်လည်ပတ်မှုများပြီး  ပတ်စ်ပို့ပြပြီး အခမဲ့ ဝင်ရောက်လေ့ လာလည်ပတ်နိုင်ပါတယ်။

ပေကျင်းနက္ခတ်တာရာပြတိုက်

တရုတ်နိုင်ငံ၊ပေကျင်းမြို့မှာရှိတဲ့  လူသိများထင်ရှားတဲ့ ပြတိုက်တွေထဲမှာ ပြည်တွင်းပြည်ပခရီးသွားတွေ စိတ်ဝင် စားမှုမြင့်တက်နေတဲ့ နောက်ထပ်ပြတိုက်တစ်ခုကတော့  ပေကျင်းနက္ခတ်တာရာ ပြတိုက်ပဲဖြစ်ပါတယ်။

အဲ့ဒီပြ တိုက်ကိုတော့ ၁၉၅၇ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြတိုက်ဟောင်းနဲ့ ပြတိုက်သစ်နှစ်ခုရှိပါတယ်။ ပြတိုက် သစ်ကို ၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒီပြတိုက်ကိုသွားရောက်ပြီး  လေ့လာ နိုင်တာတွေကတော့  နက္ခတ် တာရာနဲ့ အာကာသဆိုင်ရာ အကြောင်းအရာ တွေ ပဲဖြစ်ပါတယ်။ ခေတ်မီနည်း ပညာတွေကို အသုံးပြုထားတဲ့ စက်ပစ္စည်းတွေနဲ့ အာကာသကို အရောင်အသွေး စုံစွာ စူးစမ်းလေ့လာနိုင်သလို အာကာသဆိုင်ရာ ဇာတ်လမ်း ပြကွက်များကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။

ပေကျင်းနက္ခတ်တာရာပြတိုက် က ပေကျင်းတိရစ္ဆာန်ဥယျာဉ်နဲ့ လည်း နီးတာမို့ နက္ခတ်တာရာပြတိုက်ကိုလေ့လာ ရင်း တိရစ္ဆာန်ဥယျာဉ်လည်း ဝင်ရောက်လည်ပတ်နိုင်ပါတယ်။

ပေကျင်းမြို့မှာရှိတဲ့  ပြတိုက်အများစုက  ရထားဘူတာရုံတွေရဲ့ အနီးမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ပေ ကျင်း မြို့ကိုရောက်ရောင် တရုတ်နိုင်ငံရဲ့ သမိုင်းကြောင်း၊ယဉ်ကျေးမှု အမွေအနှစ်တွေကို လွမ်းခြံလေ့လာသိရှိ နိုင် တဲ့အတွက် ပြည်ပခရီးသွားတွေဟာ ပေကျင်းမြို့ကိုရောက်ရင် အထက်ပါဖော်ပြတဲ့ ပြတိုက်တွေကို မဖြစ်မနေ သွား ရောက်လေ့လာကြတယ်လို့ သိရပါတယ်။

ကရင်လေး(အိမ်မဲ)