【 နိုင်ငံတကာဆောင်းပါး 】Belt and Road တိုးတက်မှုနှင့် အနာဂတ်သက်ရောက်မှု

【 နိုင်ငံတကာဆောင်းပါး 】Belt and Road တိုးတက်မှုနှင့် အနာဂတ်သက်ရောက်မှု

လာမယ့်နှစ်ဟာ BRI စီမံကိန်းစတင်ခဲ့သော ၁၀ နှစ်ပြည့်အထိမ်းအမှတ် ဖြစ်ပါတယ်။ ပေကျင်းရဲ့ နိုင်ငံတကာ အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းမှုကြောင့် တရုတ်ကုမ္ပဏီများဟာ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးဇုန်များအတွက် ကန်ဒေါ်လာ ၄၃ ဘီလီယံခန့်ကို ရင်းနှီးမြှုပ်နှံလာခဲ့ကြပါတယ်။ စီမံကိန်းဟာ စျေးကွက်ထိုးဖောက်နိုင်ခွင့်ကို အထောက်အပံ့ဖြစ်စေပြီး၊ တရုတ်နိုင်ငံအတွင်း ငွေကြေးမဟုတ်သော ရင်းနှီးမြှုပ်နှံမှုများကိုလည်း BRI အဖွဲ့ဝင်နိုင်ငံများတွင် တန်ဖိုး ကန်ဒေါ်လာ ၁၄၀ ဘီလီယံ ကျော်အထိ ရှိလာစေပါတယ်။

နိုင်ငံတကာ အခြေခံအဆောက်အဦး တိုးတက်စေရန်အတွက် ရေရှည်လိုအပ်ချက်ရှိနေပါတယ်။ နိုင်ငံတကာတွင် အခြေခံအဆောက်အဦးတိုးတက်မှု ကွာဟမှုကို လျှော့ချနိုင်ရန်အတွက် စိန်ခေါ်မှုများဟာ အထူး သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ BRI စီမံကိန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တိုးတက်မှုစွမ်းရည်ကို ဆက်လက်လုပ်ဆောင်နိုင်ရန် လိုအပ်သော ငွေကြေးကို ပံ့ပိုးပေးပါတယ်။ ပြီးတော့ စျေးကွက်များ ပိုမိုနီးကပ်လာရန် စီးပွားရေး ရေရှည်တည်ငြိမ်မှုကိုလည်း အထောက်အပံ့ပေးပါတယ်။

၂၀၂၂ ခုနှစ်ဟာ BRI စီမံကိန်းနှင့်  အခြားသော နိုင်ငံများအတွက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ခိုင်မာသော ဖွံ့ဖြိုးတိုးတက်ရေးဖြစ်လာရန် ဆော်ဩခဲ့သော နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဒီဂျစ်တယ်စီးပွားရေး တိုးတက်မှုအသစ်အဖြစ် Saudi Vision 2030 ကိုလည်း Master Plan on ASEAN Connectivity 2025 နဲ့အတူတူ စတင်နိုင်ခဲ့ပြီး ဒေသခံများ၏ လူမှုဘဝတိုးတက်ရေးအတွက် BRI အဖွဲ့ဝင်နိုင်ငံများဟာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများအတွက် ကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့ပါတယ်။

နှစ်ဘက်အကျိုးရှိသော ပူးပေါင်းလိုမှုကြောင့် ပေကျင်းဟာ မိတ်ဖက်နိုင်ငံများနဲ့အတူ တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ပြီး နိုင်ငံတိုင်း၏ လုပ်ပိုင်ခွင့်ကိုလည်း လေးစားကြောင်းကို ဖော်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသားတိုးတက်ရေးရည်မှန်းချက်များနဲ့အတူ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု နည်းလမ်းအသစ်များကို ရှာဖွေနေပါတယ်။ ဒီလို နိုင်ငံတကာစီးပွားရေး ကျဆင်းမှုအကြား စီမံကိန်းအပေါ် ယုံကြည်မှု မြင့်တက်လာခြင်းဟာ BRI ရဲ့ တိုးတက်မှုဟာ အနာဂတ်တွင် ကဏ္ဍပေါင်းစုံတွင် အကျိုးဆက်များစွာ ရှိလာမည်ဖြစ်ကြောင်းကို ပြသနေပါတယ်။

ကုန်သွယ်ရေးအရှိန်မြှင့်ရာတွင်လည်း ဒီစီမံကိန်းဟာ အထောက်အကူများစွာပြုပါတယ်။ တရုတ်နိုင်ငံရဲ့ BRI စီမံကိန်း မိတ်ဖွဲ့နိုင်ငံများနဲ့ ကုန်သွယ်မှုဟာ ဒီနှစ် ၁၁ လ အတွင်းမှာပဲ ၂၀.၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါတယ်၊ ထို့ကြောင့် လာမယ့်နှစ်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်းကို ပြသနေတာလည်း ဖြစ်ပါတယ်။ ဖိအားများသော်လည်း ကောင်းသော အရာများလည်း ဖြစ်လာနိုင်ခြေများပြီး ၂၀၂၃ မှာလည်း ဖိအားများဟာ ဆက်လက်တည်ရှိနိုင်ခြေများပါတယ်။

လာမယ့်နှစ်တွင် တရုတ်ဟာ တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် တတိယအကြိမ်မြောက် BRI ဖိုရမ်ကို ကျင်းပမည်ဖြစ်ပြီး ဒါဟာ နိုင်ငံတကာကို ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးပေးနိုင်မည့် အခွင့်ကောင်းလည်းဖြစ်ပြီး အနာဂတ်အတွက် BRI မိသားစု ရည်မှန်းချက်ခိုင်မာစေမည်ဖြစ်ပါတယ်။ နိုင်ငံတကာတွင် ကပ်ရောဂါ နှင့် ကြာရှည်လာပြီဖြစ်သော စီးပွားရေးကျဆင်းမှုများဟာ အရေးပါဆုံးသော အရာကို စွန့်လွှတ်မှုမှ BRI ကို ကာကွယ်မှုမပေးနိုင်ပါဘူး။

သံတမန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် မျှဝေသော အနာဂတ်ကို ကမ္ဘာကြီးအတွက် ကမ်းလှမ်းခြင်းအားဖြင့် BRI စီမံကိန်းဟာ နိုင်ငံပေါင်း ၁၅၀ ပါဝင်မှုဖြင့် ကြီးမားသော အုပ်စုကြီးဖြစ်လာပြီဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အဖွဲ့ဝင်နိုင်ငံအသစ် ၅ နိုင်ငံ ထပ်မံတိုးလာပါတယ်။ ထို့အပြင် ပူးပေါင်းပါဝင်နေသော နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၀ ကျော်လည်းရှိပြီး စီးပွားရေး ကျဆင်းနေသော နိုင်ငံတကာအတွက် အဖွဲ့ဝင်များအားလုံးအတွက် တစ်ဖွဲ့ရဲ့ လိုအပ်ချက်ကို နောက်တစ်ဖွဲ့က ဖြည့်ဆည်းပေးနိုင်ရန် အခွင့်အလမ်းများစွာ ရှိပါတယ်။

ဒီနှစ်အတွင်းက BRI စီမံကိန်းက ပံ့ပိုးပေးမှုကြောင့် ကုန်သွယ်ရေးအခြေခံသော တိုးတက်မှုဟာ တိုးတက်လာသော နိုင်ငံများအတွက် တွန်းအားတစ်ခုဖြစ်စေနိုင်ပါတယ်။ အရှေ့တောင်အာရှတစ်ခုတည်းတွင်လည်း BRI စီမံကိန်းဟာ စျေးကွက်များကို ချိတ်ဆက်ပေးပြီး ဒေသတွင်းစီးပွားရေး တံခါးဖွင့်ရေးအတွက် အလိုအလျောက် ပံ့ပိုးမှုများကို ပေးပါတယ်။ အားထုတ်မှုကောင်း‌ပြီး ပြုလွယ်ပြင်လွယ်ဖြစ်သော BRI စီမံကိန်း၏ အခြေခံအဆောက်အဦ ငွေကြေးထောက်ပံ့မှုများဟာ အဖွဲ့ဝင်နိုင်ငံများအတွက် အပြုသဘောနှင့် ခွန်အားဖြစ်လာစေပြီး ကုန်သွယ်ရေး ဆက်ဆံရေးတွင် နောက်ထပ်နည်းလမ်းများကိုလည်း ရှာဖွေပေးပါတယ်။

ဒီလို လုပ်ပိုင်ခွင့် ရရှိထားမှုကြောင့် BRI စီမံကိန်းရဲ့ ကတိကဝတ်များကိုလည်း တိုးဆောက်ရွက်စေနိုင်မည်ဖြစ်ပြီး လူမှုစီးပွားရေးနှင့် အထွေထွေတိုးတက်မှုကို ဖြစ်ပေါ်လာစေနိုင်ပြီး အထူးသဖြင့် လက်ရှိ ဆယ်စုနှစ် ကုန်တွင် အကျိုးကျေးဇူးများစွာကို ဖြစ်လာစေနိုင်မည်ဖြစ်ပါတယ်။ အကယ်၍ BRI စီမံကိန်းများအားလုံးကို အကောင်အထည်ဖော်နိုင်မည်ဆိုပါက နိုင်ငံတကာရဲ့ နှစ်စဉ် အထွေထွေလူမှုဘဝအတွက် ၂၀၃၀ ခုနှစ်တွင် ကန် ဒေါ်လာ ၁.၆ ထရီလီယံအထိ အကျိုးရှိလာစေမည်ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဂျီဒီပီ ၁.၃ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပါတယ်။ ထို့အပြင် ဝင်ငွေနည်းပါးသော မိသားစုများကနေ ဝင်ငွေအလယ်အလတ်ရှိသော မိသားစုများ အတွက်လည်း အကျိုးရှိစေမည်ဖြစ်ပါတယ်။

Naing

Ref:CMG|Belt and Road: Progress and future impact