【 ပြည်တွင်း 】ကံပိုင်တည်နယ်စပ်ကုန်သွယ်မှု အရင်လေးနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော်ကျဆင်းသွားခဲ့

【 ပြည်တွင်း 】ကံပိုင်တည်နယ်စပ်ကုန်သွယ်မှု အရင်လေးနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၂၅၀  ကျော်ကျဆင်းသွားခဲ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် လက်ရှိကုန်သွယ်မှု အခြေအနေက ပြီးခဲ့တဲ့ လေးနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကျော်ကျဆင်းသွားခဲ့တယ်လို့ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဘဏ္ဍာနှစ်အလိုက် ထုတ်ပြန်ထားတဲ့ကုန်သွယ်ရေးစာရင်း နှိုင်းယှဉ်ချက်တွေအရ သိရပါတယ်။

“ အဓိက ပို့ကုန်သီးနှံလည်း မရှိတော့ ကုန်သွယ်မှု သိပ်မဖြစ်ဘူးပေါ့။ ဒီဘက်က အဓိက တစ်သျှူးငှက်ပျောပဲပို့တာ။ အခု တစ်သျှူးငှက်ပျောထွက်တဲ့ကာလဆိုတော့ အရောင်းအဝယ် နည်းနည်းပြန်သွက်နေပြီ။ အဓိက ငှက်ပျောကားတွေပဲပေါ့။  အရင်နှစ်တွေကတော့ နိုင်ငံရေးအခြေအနေလည်းကောင်းတော့  ကုန်သွယ်မှုသွက်တယ်။ အခုကတော့ အဆင်ပြေအောင် ထိန်းလုပ်နေရတာပေါ့။ ”လို့ ဝိုင်းမော်အခြေစိုက် အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိ ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ ရရှိထားတဲ့ ကုန်သွယ်မှု အချက်အလက်အရ  ပို့ကုန် ဒေါ်လာ ၇ ဒသမ ၅၈၇ သန်း၊ သွင်းကုန် ၁ ဒသမ ၀၉၅ သန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈ ဒသမ ၆၈၂ သန်းသာရှိခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေက  ဇန်နဝါရီလကုန်သွယ်မှုလျာထားချက် ဒေါ်လာသန်း ၂၀ အပေါ် ၄၂ ရာခိုင်နှုန်းသာဆောင်ရွက်နိုင်ခဲ့တဲ့အခြေအနေဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပါတယ် ။

၀၀၄

ဓာတ်ပုံ- လူမှုကွန်ရက်

ဝိုင်းမော်၊ မတ် ၂၂