【 သတင်းဆောင်းပါး 】 ခါတော်မီ သြင်္ကန်စီးပွား

【 သတင်းဆောင်းပါး 】 ခါတော်မီ သြင်္ကန်စီးပွား

နှစ်စဉ် ဧပြီလထဲရောက်တဲ့အခါ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်တဲ့ အတာသြင်္ကန် ရေသဘင်ပွဲတော်ကို ကျင်းပရင်း နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။ထူးခြားဆန်းပြားကာ ပျော်ရွှင်ဖွယ်ရာကောင်းလှတဲ့ သြင်္ကန်ပွဲတော်ဟာ ရှေးဘုရင်မင်းတွေ လက်ထက်ကနေ ခေတ်အဆက်ဆက် ခေတ်ကာလပြောင်းလာတာနဲ့အတူ ရေပက်ဆော့ကစားသူတွေနဲ့ ရေပက်ခံလည်ပတ်သူတွေရဲ့ကြားမှာ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းတစ်ခုသဖွယ် အသုံးချကာ လုပ်ကိုင်သူတွေလည်း ရှိလာခဲ့ပါတယ်။

လူများများလာဖို့ အပြိုင်ဆွယ်နေကြတဲ့ မဏ္ဍပ်တွေ

သြင်္ကန်မဏ္ဍပ်တွေနဲ့ ပတ်သက်ရင် ကုမ္ပဏီ၊ လုပ်ငန်းတွေက တာဝန်ယူလုပ်ကိုင်နေကြတဲ့ ရေကစားမဏ္ဍပ်တွေဟာ အများအပြားရှိကြပါတယ်။အရင်ခေတ်ကဆိုရင် စီးပွားရေးမဏ္ဍပ်လို့ ခေါ်ကြသော ကုမ္ပဏီ၊ လုပ်ငန်းတွေရဲ့ အဆိုပါရေကစားမဏ္ဍပ်တွေ များပြားပေမယ့် အခုကာလမှာတော့ လျော့ပါးလာခဲ့ကြပါတယ်။သို့သော်လည်း ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ မိသားစုရေကစားမဏ္ဍပ်တွေ တည်ဆောက်ရင်း ပြင်ပမှ ရေစားလိုသူတွေအတွက် စီးပွားရေးတစ်ရပ်သဖွယ် ဝန်ဆောင်ကာ ရေကစားလက်မှတ် ရောင်းချနေတဲ့ ဈေးကွက်အခြေအနေတွေကတော့ ပုံစံအမျိုးမျိုးနဲ့ ရှင်သန်နေကြဆဲ ဖြစ်ပါတယ်။

စီးပွားရေးမဏ္ဍပ်တွေ နည်းပါးသွားတာကလည်း အစိုးရသစ် စတက်တဲ့နှစ်မှာ စီးပွားရေးမဏ္ဍပ်တွေကို ခွင့်မပြုခဲ့ဘူး၊ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ပြန်လည်ခွင့်ပြုပေးလာပေမယ့် ရင်းနှီးရမယ့် စရိတ်တွေကြောင့် လုပ်ကိုင်သူတွေ နည်းပါးလာတာကြောင့်လည်း ဖြစ်ပါတယ်” လို့ စီးပွားဖြစ် ရေကစားမဏ္ဍပ်ဆောက်ကာ ဝန်ဆောင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိန်းစိုး က ပြောပါတယ်။

စီးပွားရေးအရ လုပ်ကိုင်မယ့် မဏ္ဍပ်တစ်ခု တည်ဆောက်ဖို့ဆိုတာ ဆောက်လုပ်မယ့် နေရာ၊ မြေငှားရမ်းခ၊ ရေကစားသူတွေအတွက် ဝန်ဆောင်မှုတွေ၊ အထွေထွေကုန်ကျစရိတ်တွေ အပါအဝင် အနည်းဆုံးငွေကျပ် သိန်းရာဂဏန်းချီကာ ရင်းနှီးထားရလေ့ရှိကြောင်း၊ ရင်းနှီးလုပ်ကိုင်ပြီး တွက်ချေမကိုက်တဲ့ အခြေအနေတွေဖြစ်မှာကို စိုးရိမ်တာတွေလည်းရှိသလို ရင်းနှီးမြှုပ်နှံရတဲ့ ငွေပမာဏများပြားတာကြောင့်လည်း လုပ်ကိုင်သူတွေ လျော့နည်းလာတာတွေ ရှိပါတယ်။

“ကန်တော်ကြီးပတ်လမ်းမှာ လုပ်ခွင့်မပြုတော့ထဲက စီးပွားရေးမဏ္ဍပ်တွေဟာ လျော့လာတယ်လို့ မြင်တယ်၊ ဘာလို့လဲဆိုတော့ ဟိုတစ်စဒီတစ်စ ဆောက်ရမှာကြောင့်လည်း ဖြစ်ပါတယ်၊ အရင်ခေတ်လို စည်ကားမှုလျော့လာတာတွေလည်း ပါတာပေါ့၊ ဒီကြားထဲ ကျွန်တော်တို့လို မဏ္ဍပ်ဝန်ဆောင်မှု လုပ်ကိုင်သူတွေဟာ လက်မှတ်ရောင်းစဉ်မှာ ဘာပါမယ်ညာပါမယ်လို့ပြောပြီး ပြောတဲ့အတိုင်း လုပ်မပေးနိုင်ရင် နောက်နှစ်လုပ်ကိုင်ဖို့ရာ အဆင်မပြေတော့ဘူး၊ ကိုယ့်ဆီကို ရေကစားမယ့် Customer တွေ များများစားစားမလာတော့ဘူး၊ အဲ့ဒီတော့ ဖျော်ဖြေရေးရော၊ ရေကစားသူတွေအတွက် စားဖို့သောက်ဖို့တွေအတွက်လည်း စီစဉ်ပြီး အပြိုင်အဆိုင်နဲ့ လက်မှတ်ရောင်းချနေရတာပေါ့” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ရန်ကုန်မြို့က ကန်တော်ကြီးပတ်လမ်းမှာ မဏ္ဍပ်တစ်ခုအရှေ့ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်တစ်ခု ကြုံပြီးတဲ့နောက်မှာ နောက်ပိုင်းကျင်းပတဲ့ ရေကစားမဏ္ဍပ်တွေကို အဲ့ဒီပတ်လမ်းမှာ ခွင့်ပြုမပေးတော့ဘဲ သုဝဏ္ဏကွင်းမှ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ အင်းစိန်လမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ပြည်လမ်း၊ ဘုရင့်နောင်လမ်း စတဲ့ လမ်းမကြီးတွေဘက်မှာ လျှောက်လွှာလက်ခံကာ နေရာချပေးတာတွေကို လုပ်ဆောင်လာကြပါတယ်။

ရေကစားမဏ္ဍပ်တွေရဲ့ လက်မှတ်ခနှုန်းတွေဟာ ဒီနှစ်မှာတော့ တစ်ရက်ကို ၁၀၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်ကြား ဝန်ဆောင်မှုအပေါ် မူတည်ကာ ရောင်းချနေကြပြီး စားစရာသောက်စရာ၊ DJ ဖျော်ဖြေမှုတွေ ပါဝင်သလို တစ်ချို့သောမဏ္ဍပ်တွေမှာတော့ အိမ်အရောက် ကားအကြိုအပို့ ဝန်ဆောင်မှုတွေ ပါဝင်ကာ တစ်ရက်ကို ငွေကျပ် ၃၀၀၀၀ လောက် အနည်းဆုံးကျသင့်တဲ့ လက်မှတ်တွေလည်း ယခု ဧပြီလဆန်းလောက်ကတည်းက အပြိုင်အဆိုင် ရောင်းချလာကြပါတယ်။သို့ပေမယ့် အခုနှစ်မှာတော့ မဏ္ဍပ်လျှောက်ထားလာတဲ့ အခြေအနေတွေက နည်းလာခဲ့ပါတယ်။

ဖြစ်ထွန်းလာတဲ့ ဈေးကွက်အခွင့်အလမ်းတွေ

သြင်္ကန်ပွဲတော်နဲ့အတူ အသင့်စား အစားအစာ ဝန်ဆောင်လုပ်ကိုင်သူတွေအတွက် ဈေးကွက်အခွင့်အလမ်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။သြင်္ကန်ကာလမှာ လည်ပတ်သူတွေကလည်း ချက်ပြုတ်တာမျိုး မလုပ်တော့ဘဲ အသင့်စားသောက်နိုင်တဲ့ အစားအစာ ဝန်ဆောင်သူတွေဆီကနေ အော်ဒါမှာယူတာတွေရှိသလို အများဆုံးအော်ဒါမှာကြတာက ရေကစားမဏ္ဍပ်တွေကနေ ဖြစ်တယ်လို့ အသင့်စားသောက်နိုင်သော ထမင်းဟင်း ဝန်ဆောင်ရောင်းချနေတဲ့ ဒေါ်နီလာ က ပြောပြပါတယ်။

အသင့်စားနိုင်တဲ့ ထမင်းနဲ့ဟင်း Lunch box တစ်ဗူးလျှင် ငွေကျပ် ၁၂၀၀ လောက်ဖြင့် အော်ဒါပေးကာ လုပ်ကိုင်နေပြီး သာမန်အားဖြင့်တော့ စားလို့လောက်ငှတဲ့ အခြေအနေမျိုးတွေ ရှိတာကြောင့် အော်ဒါမှာယူသူတွေဟာ တစ်ဖွဲ့ကို ဗူး ၅၀ ကျော်စီ အနည်းဆုံးမှာယူလာကြတာ ဖြစ်ပါတယ်။အဲ့ဒီလိုရောင်းချကာ ဝန်ဆောင်ပြင်ဆင်သူတွေရှိသလို သြင်္ကန်ကာလ လည်ပတ်သူတွေအတွက်လည်း ကားငှားရမ်းဝန်ဆောင်ဖို့ ပြင်ဆင်ထားသူတွေလည်း ရှိပါတယ်။လက်ရှိမှာ မြို့သစ်ရပ်ကွက်တွေဆီကို အောက်ဆိုက်ကားအဖြစ် ပြေးဆွဲနေတဲ့ လိုက်ထရပ်ကားတွေဟာ သြင်္ကန်လည်ပတ်ဖို့ အငှားလိုက်လေ့ရှိကြပြီး တစ်ရက်ငှားရမ်းခအနေနဲ့ ငွေကျပ် ၁၅၀၀၀၀ ကနေ ၂၀၀၀၀၀ လောက်အထိ ရှိနေပါတယ်။တစ်နှစ်မှ တစ်ခါလောက်သာ လည်ပတ်ပျော်ပါးရတာကြောင့်လည်း မြင့်မားတဲ့ ဈေးနှုန်းတွေကို နှမြောတာမျိုးမရှိဘဲ လည်ပတ်ဖို့ပြင်ဆင်သူတွေ၊ မဏ္ဍပ်ထိုင်ဖို့ လက်မှတ်ဝယ်ယူထားသူတွေလည်း များစွာရှိနေကြပါတယ်။

တစ်ချို့ကတော့ သြင်္ကန်ကာလမှာ တရားစခန်းတွေဝင်ဖို့ ပြင်ဆင်နေတာတွေရှိသလို ဒုလ္လပရဟန်းခံဖို့ စီစဉ်သူတွေလည်း ရှိပါတယ်။လွန်ခဲ့တဲ့နှစ်ကနေ စတင်ကာ သြင်္ကန်ပိတ်ရက်တွေကို လျှော့ချပြီး တစ်နှစ်တာအတွင်းက တခြားသောပိတ်ရက်တွေမှာ ခွဲကာသတ်မှတ်ခဲ့တာကြောင့် သြင်္ကန်ပိတ်ရက်ဟာ အရင်လိုများပြားခဲ့တာ မဟုတ်ပေမယ့် စနေ၊ တနင်္ဂနွေလို ရက်တွေက ထိပ်ပိတ်နောက်ပိတ် ဖြစ်ခဲ့တာကြောင့် ပိတ်ရက်တွေ များခဲ့ပါတယ်။ဒီနှစ်မှာတော့ သြင်္ကန်အကြိုနေ့နဲ့ အကျနေ့တွေဟာ စနေ၊ တနင်္ဂနွေ ရက်တွေ ပါဝင်နေတာကြောင့် ပိတ်ရက်ဟာ နည်းပါးခဲ့တဲ့အတွက် သြင်္ကန်ကာလထဲမှာ ရက်တိုအပန်းဖြေခရီး သွားလာနေတာတွေ များပြားနေတယ်လို့လည်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီ မန်နေဂျာ ကိုပြည့်ဖြိုး က ပြောပါတယ်။

သြင်္ကန်ကာလကိုမှီပြီး အခန်းခဈေးနှုန်းတွေ မတန်တဆမြင့်တာတွေ၊ မိမိတို့ရဲ့ ဇာတိနယ်ကိုပြန်ဖို့ ပြင်ဆင်သူတွေအတွက် ကားလက်မှတ်ခ ကြီးမြင့်တာတွေ၊ လက်မှတ်မရတာတွေက နှစ်စဉ်ကြုံရတဲ့ အခြေအနေဖြစ်သလို စည်းမျဉ်းစည်းကမ်း အမျိုးမျိုးထုတ်ကာ လုပ်ကိုင်နေပေမယ့် လုပ်ငန်းရှင်တစ်ချို့ရဲ့ လက်တစ်လုံးခြား လုပ်ကိုင်မှုတွေကြားမှာ ထိရောက်တဲ့ အခြေအနေမျိုး မရှိသေးတာ တွေ့ရပါတယ်။

တစ်နှစ်ထက်တစ်နှစ် မြင့်မားလာတဲ့ ကုန်ကျစရိတ်တွေကြောင့် လည်ပတ်တဲ့သူတွေဟာလည်း အရင်လို သိပ်မများတော့ပေမယ့် လမ်းလျှောက်သြင်္ကန်တွေ စီစဉ်ပေးလာတာကြောင့်လည်း လည်ပတ်သူတွေအတွက် ကုန်ကျစရိတ် မရှိသလောက်နည်းပါးတဲ့ လမ်းလျှောက်သြင်္ကန် ကျင်းပရာ နေရာတွေမှာ တိုးမပေါက်အောင် စည်ကားခဲ့တာဖြစ်ပါတယ်။

“လမ်းလျှောက်သြင်္ကန်တွေ ပိုပိုပြီးများလာတာဟာ အများကြီးကောင်းလာတယ်၊ သြင်္ကန်ကို စည်ကားတဲ့ အခြေအနေမျိုးတစ်ခုလို့ မြင်ပါတယ်၊ မဏ္ဍပ်ဆောက်ဖို့က အခုမြေငှားရမ်းခတွေ ကြီးမြင့်တာကြောင့်လည်း လက်မှတ်ခတွေ ကြီးမြင့်လာသလို လည်မယ့်သူတွေအဖို့လည်း စရိတ်စကတွေမြင့်တော့ သိပ်ပြီးလည်ပတ်တာတွေ မလုပ်ကြတော့ သြင်္ကန်ဟာ ခြောက်ကပ်ကပ်ဖြစ်လာပေမယ့် လမ်းလျှောက်သြင်္ကန်တွေရှိတဲ့ နေရာကို သွားတာကြောင့်လည်း အဲ့ဒီလိုနေရာတွေမှာ တိုးမပေါက်အောင် စည်ကားလာတာ ဖြစ်တယ်လို့ မြင်တယ်” လို့ ဦးသိန်းစိုး က ပြောပါတယ်။

ကျန်ရစ်ခဲ့တော့မယ့် သြင်္ကန်သမိုင်းတွေ

မြန်မာနှစ်သစ်ကူးကာလနဲ့အတူ ကုန်လွန်ကျန်ရစ်ေတော့မယ့် သြင်္ကန်ရက်တွေမှာ မလိုလားအပ်တဲ့အန္တရာယ် မကြုံရအောင် သက်ဆိုင်ရာ ဌာနဆိုင်ရာ အသီးသီးဟာ စီမံချက်တွေ ချမှတ်ကာ ဆောင်ရွက်လို့လာခဲ့ကြပါတယ်။သြင်္ကန်ကာလမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက်လည်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းကနေ နေ့စဉ် လူအင်အား ၁၂၀၀ လောက် အသုံးချကာ ရန်ကုန်မြို့ရဲ့ စည်ကားတဲ့နေရာတွေမှာ စောင့်ကြပ်ရင်း တာဝန်ထမ်းဆောင်ပေးဖို့ စီစဉ်နေတာတွေရှိသလို မလိုလားအပ်တဲ့ အမှုအခင်းတွေ ကြုံလာပါက အချိန်မီထိန်းသိမ်းနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကနေ တာဝန်ခွဲဝေချတာတွေနဲ့ စီမံလာကြပါတယ်။လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် သြင်္ကန်ကာလထဲမှာဆိုရင် ယာဉ်မတော်တဆမှု ၃၅၇ မှု ဖြစ်ပွားကာ သေဆုံးသူ ၁၃၉ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၇၅၉ ဦး ရှိခဲ့သလို ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာတော့ ထိခိုက်သေဆုံးတဲ့ ဖြစ်ရပ်တွေ များပြားခဲ့တာ ဖြစ်ပါတယ်။

သြင်္ကန်ကာလ ပိတ်ရက်တွေမှာ အနားယူသူတွေ များသလို အရောင်းဆိုင်တွေအနေနဲ့လည်း ပိတ်တဲ့ဆိုင်တွေ များပြားတတ်တာကြောင့် သြင်္ကန်ပိတ်ရက်တွေအတွက် ကြိုတင်ကာ ဈေးဝယ်ကြရင်း လက်လီလက္ကားဈေးတွေမှာ အခုရက်ပိုင်း စည်ကားနေတာတွေရှိပါတယ်။တစ်ချို့မှာတော့ သြင်္ကန်ကာလထဲမှာသာ ပေါ်ပင်စီးပွားရေးလိုမျိုး လုပ်ကိုင်ရင်း စားသောက်ဖွယ်ရာတွေကို မြင့်မားတဲ့နှုန်းတွေနဲ့ ရောင်းချဖို့ ပြင်ဆင်တာတွေ ရှိပါတယ်။ရာသီဥတုအနေနဲ့လည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုကာ အပူရှိန်ပြင်းလာတာကြောင့် သြင်္ကန်လည်ပတ်မယ့်သူတွေကို စိန်ခေါ်သလို ဖြစ်လို့နေပါတယ်။သြင်္ကန်ကာလထဲမှာ ဈေးနှုန်းကြီးမြင့်မှုတွေ၊ သွားလာရတဲ့ အခက်အခဲတွေ အပါအဝင် တန်းစီနေတဲ့ အခက်အခဲ အကြပ်အတည်းတွေကလည်း အခြေခံပြည်သူတွေရဲ့ကြားမှာ တစ်နှစ်ထက် တစ်နှစ် တိုးလာခဲ့ပါတယ်။ကုသိုလ်ရေးအတွက် ဒါနတွေ လုပ်ကြပေမယ့် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းအခြေအနေတွေကြောင့် လွန်ခဲ့သော ဆယ်စုနှစ်လောက်နဲ့ နှိုင်းယှဉ်ကြည့်ရင်တောင်မှ တဖြေးဖြေးနည်းပါးလာတာကို တွေ့လာရပါတယ်။

သြင်္ကန်ကို အမှီပြုပြီး စီးပွားရေးအခွင့်အလမ်း ကောင်းသူတွေရှိခဲ့သလို သြင်္ကန်မှာပျော်ပါးရင်း ဆုံးရှုံးရတဲ့ အဖြစ်တွေကလည်း များစွာရှိခဲ့ပါတယ်။ရိုးရာယဉ်ကျေးမှု အမွေတစ်ရပ်အဖြစ် လက်ဆင့်ကမ်းတည်ရှိနေတဲ့ ပွဲတော်ကနေ တစ်နှစ်ထက် တစ်နှစ် အပျော်ဘက်ကို ပြောင်းလာကြပြီး စီးပွားရေးဆန်ဆန်ဖြစ်လာတဲ့ အခြေအနေတွေကြောင့် သြင်္ကန်ယဉ်ကျေးမှုတွေ၊ သြင်္ကန်ရဲ့အနှစ်သာရတွေဟာ အနာဂတ် လူ့အဖွဲ့အစည်းကြားမှာ မှေးမှိန်မသွားအောင် ပြင်ဆင်နိုင်ဖို့သာမကဘဲ သမိုင်းကြောင်းကောင်းဖို့ ဖန်တီးနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ဇွဲမာန်
ဧပြီ - ၉

( Zawgyi )

ႏွစ္စဥ္ ဧၿပီလထဲေရာက္တဲ့အခါ ျမန္မာတို႔ရဲ႕ ႐ိုးရာယဥ္ေက်းမႈ ပြဲေတာ္တစ္ခုျဖစ္တဲ့ အတာၾသကၤန္ ေရသဘင္ပြဲေတာ္ကို က်င္းပရင္း ႏွစ္သစ္ကို ႀကိဳဆိုေလ့ရွိၾကပါတယ္။ထူးျခားဆန္းျပားကာ ေပ်ာ္႐ႊင္ဖြယ္ရာေကာင္းလွတဲ့ ၾသကၤန္ပြဲေတာ္ဟာ ေရွးဘုရင္မင္းေတြ လက္ထက္ကေန ေခတ္အဆက္ဆက္ ေခတ္ကာလေျပာင္းလာတာနဲ႔အတူ ေရပက္ေဆာ့ကစားသူေတြနဲ႔ ေရပက္ခံလည္ပတ္သူေတြရဲ႕ၾကားမွာ စီးပြားေရးလုပ္ငန္း အခြင့္အလမ္းတစ္ခုသဖြယ္ အသုံးခ်ကာ လုပ္ကိုင္သူေတြလည္း ရွိလာခဲ့ပါတယ္။

လူမ်ားမ်ားလာဖို႔ အၿပိဳင္ဆြယ္ေနၾကတဲ့ မ႑ပ္ေတြ

ၾသကၤန္မ႑ပ္ေတြနဲ႔ ပတ္သက္ရင္ ကုမၸဏီ၊ လုပ္ငန္းေတြက တာဝန္ယူလုပ္ကိုင္ေနၾကတဲ့ ေရကစားမ႑ပ္ေတြဟာ အမ်ားအျပားရွိၾကပါတယ္။အရင္ေခတ္ကဆိုရင္ စီးပြားေရးမ႑ပ္လို႔ ေခၚၾကေသာ ကုမၸဏီ၊ လုပ္ငန္းေတြရဲ႕ အဆိုပါေရကစားမ႑ပ္ေတြ မ်ားျပားေပမယ့္ အခုကာလမွာေတာ့ ေလ်ာ့ပါးလာခဲ့ၾကပါတယ္။သို႔ေသာ္လည္း ကုမၸဏီေတြ၊ လုပ္ငန္းရွင္ေတြအေနနဲ႔ မိသားစုေရကစားမ႑ပ္ေတြ တည္ေဆာက္ရင္း ျပင္ပမွ ေရစားလိုသူေတြအတြက္ စီးပြားေရးတစ္ရပ္သဖြယ္ ဝန္ေဆာင္ကာ ေရကစားလက္မွတ္ ေရာင္းခ်ေနတဲ့ ေဈးကြက္အေျခအေနေတြကေတာ့ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ရွင္သန္ေနၾကဆဲ ျဖစ္ပါတယ္။

စီးပြားေရးမ႑ပ္ေတြ နည္းပါးသြားတာကလည္း အစိုးရသစ္ စတက္တဲ့ႏွစ္မွာ စီးပြားေရးမ႑ပ္ေတြကို ခြင့္မျပဳခဲ့ဘူး၊ ဒါေပမဲ့ အခုေနာက္ပိုင္းမွာေတာ့ ျပန္လည္ခြင့္ျပဳေပးလာေပမယ့္ ရင္းႏွီးရမယ့္ စရိတ္ေတြေၾကာင့္ လုပ္ကိုင္သူေတြ နည္းပါးလာတာေၾကာင့္လည္း ျဖစ္ပါတယ္” လို႔ စီးပြားျဖစ္ ေရကစားမ႑ပ္ေဆာက္ကာ ဝန္ေဆာင္ေနတဲ့ လုပ္ငန္းရွင္တစ္ဦးျဖစ္သူ ဦးသိန္းစိုး က ေျပာပါတယ္။

စီးပြားေရးအရ လုပ္ကိုင္မယ့္ မ႑ပ္တစ္ခု တည္ေဆာက္ဖို႔ဆိုတာ ေဆာက္လုပ္မယ့္ ေနရာ၊ ေျမငွားရမ္းခ၊ ေရကစားသူေတြအတြက္ ဝန္ေဆာင္မႈေတြ၊ အေထြေထြကုန္က်စရိတ္ေတြ အပါအဝင္ အနည္းဆုံးေငြက်ပ္ သိန္းရာဂဏန္းခ်ီကာ ရင္းႏွီးထားရေလ့ရွိေၾကာင္း၊ ရင္းႏွီးလုပ္ကိုင္ၿပီး တြက္ေခ်မကိုက္တဲ့ အေျခအေနေတြျဖစ္မွာကို စိုးရိမ္တာေတြလည္းရွိသလို ရင္းႏွီးျမႇဳပ္ႏွံရတဲ့ ေငြပမာဏမ်ားျပားတာေၾကာင့္လည္း လုပ္ကိုင္သူေတြ ေလ်ာ့နည္းလာတာေတြ ရွိပါတယ္။

“ကန္ေတာ္ႀကီးပတ္လမ္းမွာ လုပ္ခြင့္မျပဳေတာ့ထဲက စီးပြားေရးမ႑ပ္ေတြဟာ ေလ်ာ့လာတယ္လို႔ ျမင္တယ္၊ ဘာလို႔လဲဆိုေတာ့ ဟိုတစ္စဒီတစ္စ ေဆာက္ရမွာေၾကာင့္လည္း ျဖစ္ပါတယ္၊ အရင္ေခတ္လို စည္ကားမႈေလ်ာ့လာတာေတြလည္း ပါတာေပါ့၊ ဒီၾကားထဲ ကြၽန္ေတာ္တို႔လို မ႑ပ္ဝန္ေဆာင္မႈ လုပ္ကိုင္သူေတြဟာ လက္မွတ္ေရာင္းစဥ္မွာ ဘာပါမယ္ညာပါမယ္လို႔ေျပာၿပီး ေျပာတဲ့အတိုင္း လုပ္မေပးႏိုင္ရင္ ေနာက္ႏွစ္လုပ္ကိုင္ဖို႔ရာ အဆင္မေျပေတာ့ဘူး၊ ကိုယ့္ဆီကို ေရကစားမယ့္ Customer ေတြ မ်ားမ်ားစားစားမလာေတာ့ဘူး၊ အဲ့ဒီေတာ့ ေဖ်ာ္ေျဖေရးေရာ၊ ေရကစားသူေတြအတြက္ စားဖို႔ေသာက္ဖို႔ေတြအတြက္လည္း စီစဥ္ၿပီး အၿပိဳင္အဆိုင္နဲ႔ လက္မွတ္ေရာင္းခ်ေနရတာေပါ့” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ရန္ကုန္ၿမိဳ႕က ကန္ေတာ္ႀကီးပတ္လမ္းမွာ မ႑ပ္တစ္ခုအေရွ႕ ဗုံးေပါက္ကြဲတဲ့ ျဖစ္စဥ္တစ္ခု ႀကဳံၿပီးတဲ့ေနာက္မွာ ေနာက္ပိုင္းက်င္းပတဲ့ ေရကစားမ႑ပ္ေတြကို အဲ့ဒီပတ္လမ္းမွာ ခြင့္ျပဳမေပးေတာ့ဘဲ သုဝဏၰကြင္းမွ ေဝဇယႏၲာလမ္း၊ ပါရမီလမ္း၊ အင္းစိန္လမ္း၊ က်ိဳက္ဝိုင္းဘုရားလမ္း၊ ျပည္လမ္း၊ ဘုရင့္ေနာင္လမ္း စတဲ့ လမ္းမႀကီးေတြဘက္မွာ ေလွ်ာက္လႊာလက္ခံကာ ေနရာခ်ေပးတာေတြကို လုပ္ေဆာင္လာၾကပါတယ္။

ေရကစားမ႑ပ္ေတြရဲ႕ လက္မွတ္ခႏႈန္းေတြဟာ ဒီႏွစ္မွာေတာ့ တစ္ရက္ကို ၁၀၀၀၀ က်ပ္ကေန ၁၈၀၀၀ က်ပ္ၾကား ဝန္ေဆာင္မႈအေပၚ မူတည္ကာ ေရာင္းခ်ေနၾကၿပီး စားစရာေသာက္စရာ၊ DJ ေဖ်ာ္ေျဖမႈေတြ ပါဝင္သလို တစ္ခ်ိဳ႕ေသာမ႑ပ္ေတြမွာေတာ့ အိမ္အေရာက္ ကားအႀကိဳအပို႔ ဝန္ေဆာင္မႈေတြ ပါဝင္ကာ တစ္ရက္ကို ေငြက်ပ္ ၃၀၀၀၀ ေလာက္ အနည္းဆုံးက်သင့္တဲ့ လက္မွတ္ေတြလည္း ယခု ဧၿပီလဆန္းေလာက္ကတည္းက အၿပိဳင္အဆိုင္ ေရာင္းခ်လာၾကပါတယ္။သို႔ေပမယ့္ အခုႏွစ္မွာေတာ့ မ႑ပ္ေလွ်ာက္ထားလာတဲ့ အေျခအေနေတြက နည္းလာခဲ့ပါတယ္။

ျဖစ္ထြန္းလာတဲ့ ေဈးကြက္အခြင့္အလမ္းေတြ

ၾသကၤန္ပြဲေတာ္နဲ႔အတူ အသင့္စား အစားအစာ ဝန္ေဆာင္လုပ္ကိုင္သူေတြအတြက္ ေဈးကြက္အခြင့္အလမ္းတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။ၾသကၤန္ကာလမွာ လည္ပတ္သူေတြကလည္း ခ်က္ျပဳတ္တာမ်ိဳး မလုပ္ေတာ့ဘဲ အသင့္စားေသာက္ႏိုင္တဲ့ အစားအစာ ဝန္ေဆာင္သူေတြဆီကေန ေအာ္ဒါမွာယူတာေတြရွိသလို အမ်ားဆုံးေအာ္ဒါမွာၾကတာက ေရကစားမ႑ပ္ေတြကေန ျဖစ္တယ္လို႔ အသင့္စားေသာက္ႏိုင္ေသာ ထမင္းဟင္း ဝန္ေဆာင္ေရာင္းခ်ေနတဲ့ ေဒၚနီလာ က ေျပာျပပါတယ္။

အသင့္စားႏိုင္တဲ့ ထမင္းနဲ႔ဟင္း Lunch box တစ္ဗူးလွ်င္ ေငြက်ပ္ ၁၂၀၀ ေလာက္ျဖင့္ ေအာ္ဒါေပးကာ လုပ္ကိုင္ေနၿပီး သာမန္အားျဖင့္ေတာ့ စားလို႔ေလာက္ငွတဲ့ အေျခအေနမ်ိဳးေတြ ရွိတာေၾကာင့္ ေအာ္ဒါမွာယူသူေတြဟာ တစ္ဖြဲ႕ကို ဗူး ၅၀ ေက်ာ္စီ အနည္းဆုံးမွာယူလာၾကတာ ျဖစ္ပါတယ္။အဲ့ဒီလိုေရာင္းခ်ကာ ဝန္ေဆာင္ျပင္ဆင္သူေတြရွိသလို ၾသကၤန္ကာလ လည္ပတ္သူေတြအတြက္လည္း ကားငွားရမ္းဝန္ေဆာင္ဖို႔ ျပင္ဆင္ထားသူေတြလည္း ရွိပါတယ္။လက္ရွိမွာ ၿမိဳ႕သစ္ရပ္ကြက္ေတြဆီကို ေအာက္ဆိုက္ကားအျဖစ္ ေျပးဆြဲေနတဲ့ လိုက္ထရပ္ကားေတြဟာ ၾသကၤန္လည္ပတ္ဖို႔ အငွားလိုက္ေလ့ရွိၾကၿပီး တစ္ရက္ငွားရမ္းခအေနနဲ႔ ေငြက်ပ္ ၁၅၀၀၀၀ ကေန ၂၀၀၀၀၀ ေလာက္အထိ ရွိေနပါတယ္။တစ္ႏွစ္မွ တစ္ခါေလာက္သာ လည္ပတ္ေပ်ာ္ပါးရတာေၾကာင့္လည္း ျမင့္မားတဲ့ ေဈးႏႈန္းေတြကို ႏွေျမာတာမ်ိဳးမရွိဘဲ လည္ပတ္ဖို႔ျပင္ဆင္သူေတြ၊ မ႑ပ္ထိုင္ဖို႔ လက္မွတ္ဝယ္ယူထားသူေတြလည္း မ်ားစြာရွိေနၾကပါတယ္။

တစ္ခ်ိဳ႕ကေတာ့ ၾသကၤန္ကာလမွာ တရားစခန္းေတြဝင္ဖို႔ ျပင္ဆင္ေနတာေတြရွိသလို ဒုလႅပရဟန္းခံဖို႔ စီစဥ္သူေတြလည္း ရွိပါတယ္။လြန္ခဲ့တဲ့ႏွစ္ကေန စတင္ကာ ၾသကၤန္ပိတ္ရက္ေတြကို ေလွ်ာ့ခ်ၿပီး တစ္ႏွစ္တာအတြင္းက တျခားေသာပိတ္ရက္ေတြမွာ ခြဲကာသတ္မွတ္ခဲ့တာေၾကာင့္ ၾသကၤန္ပိတ္ရက္ဟာ အရင္လိုမ်ားျပားခဲ့တာ မဟုတ္ေပမယ့္ စေန၊ တနဂၤေႏြလို ရက္ေတြက ထိပ္ပိတ္ေနာက္ပိတ္ ျဖစ္ခဲ့တာေၾကာင့္ ပိတ္ရက္ေတြ မ်ားခဲ့ပါတယ္။ဒီႏွစ္မွာေတာ့ ၾသကၤန္အႀကိဳေန႔နဲ႔ အက်ေန႔ေတြဟာ စေန၊ တနဂၤေႏြ ရက္ေတြ ပါဝင္ေနတာေၾကာင့္ ပိတ္ရက္ဟာ နည္းပါးခဲ့တဲ့အတြက္ ၾသကၤန္ကာလထဲမွာ ရက္တိုအပန္းေျဖခရီး သြားလာေနတာေတြ မ်ားျပားေနတယ္လို႔လည္း ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းကုမၸဏီ မန္ေနဂ်ာ ကိုျပည့္ၿဖိဳး က ေျပာပါတယ္။

ၾသကၤန္ကာလကိုမွီၿပီး အခန္းခေဈးႏႈန္းေတြ မတန္တဆျမင့္တာေတြ၊ မိမိတို႔ရဲ႕ ဇာတိနယ္ကိုျပန္ဖို႔ ျပင္ဆင္သူေတြအတြက္ ကားလက္မွတ္ခ ႀကီးျမင့္တာေတြ၊ လက္မွတ္မရတာေတြက ႏွစ္စဥ္ႀကဳံရတဲ့ အေျခအေနျဖစ္သလို စည္းမ်ဥ္းစည္းကမ္း အမ်ိဳးမ်ိဳးထုတ္ကာ လုပ္ကိုင္ေနေပမယ့္ လုပ္ငန္းရွင္တစ္ခ်ိဳ႕ရဲ႕ လက္တစ္လုံးျခား လုပ္ကိုင္မႈေတြၾကားမွာ ထိေရာက္တဲ့ အေျခအေနမ်ိဳး မရွိေသးတာ ေတြ႕ရပါတယ္။

တစ္ႏွစ္ထက္တစ္ႏွစ္ ျမင့္မားလာတဲ့ ကုန္က်စရိတ္ေတြေၾကာင့္ လည္ပတ္တဲ့သူေတြဟာလည္း အရင္လို သိပ္မမ်ားေတာ့ေပမယ့္ လမ္းေလွ်ာက္ၾသကၤန္ေတြ စီစဥ္ေပးလာတာေၾကာင့္လည္း လည္ပတ္သူေတြအတြက္ ကုန္က်စရိတ္ မရွိသေလာက္နည္းပါးတဲ့ လမ္းေလွ်ာက္ၾသကၤန္ က်င္းပရာ ေနရာေတြမွာ တိုးမေပါက္ေအာင္ စည္ကားခဲ့တာျဖစ္ပါတယ္။

“လမ္းေလွ်ာက္ၾသကၤန္ေတြ ပိုပိုၿပီးမ်ားလာတာဟာ အမ်ားႀကီးေကာင္းလာတယ္၊ ၾသကၤန္ကို စည္ကားတဲ့ အေျခအေနမ်ိဳးတစ္ခုလို႔ ျမင္ပါတယ္၊ မ႑ပ္ေဆာက္ဖို႔က အခုေျမငွားရမ္းခေတြ ႀကီးျမင့္တာေၾကာင့္လည္း လက္မွတ္ခေတြ ႀကီးျမင့္လာသလို လည္မယ့္သူေတြအဖို႔လည္း စရိတ္စကေတြျမင့္ေတာ့ သိပ္ၿပီးလည္ပတ္တာေတြ မလုပ္ၾကေတာ့ ၾသကၤန္ဟာ ေျခာက္ကပ္ကပ္ျဖစ္လာေပမယ့္ လမ္းေလွ်ာက္ၾသကၤန္ေတြရွိတဲ့ ေနရာကို သြားတာေၾကာင့္လည္း အဲ့ဒီလိုေနရာေတြမွာ တိုးမေပါက္ေအာင္ စည္ကားလာတာ ျဖစ္တယ္လို႔ ျမင္တယ္” လို႔ ဦးသိန္းစိုး က ေျပာပါတယ္။

က်န္ရစ္ခဲ့ေတာ့မယ့္ ၾသကၤန္သမိုင္းေတြ

ျမန္မာႏွစ္သစ္ကူးကာလနဲ႔အတူ ကုန္လြန္က်န္ရစ္ေေတာ့မယ့္ ၾသကၤန္ရက္ေတြမွာ မလိုလားအပ္တဲ့အႏၲရာယ္ မႀကဳံရေအာင္ သက္ဆိုင္ရာ ဌာနဆိုင္ရာ အသီးသီးဟာ စီမံခ်က္ေတြ ခ်မွတ္ကာ ေဆာင္႐ြက္လို႔လာခဲ့ၾကပါတယ္။ၾသကၤန္ကာလမွာ က်န္းမာေရးေစာင့္ေရွာက္မႈေတြအတြက္လည္း ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအသင္းကေန ေန႔စဥ္ လူအင္အား ၁၂၀၀ ေလာက္ အသုံးခ်ကာ ရန္ကုန္ၿမိဳ႕ရဲ႕ စည္ကားတဲ့ေနရာေတြမွာ ေစာင့္ၾကပ္ရင္း တာဝန္ထမ္းေဆာင္ေပးဖို႔ စီစဥ္ေနတာေတြရွိသလို မလိုလားအပ္တဲ့ အမႈအခင္းေတြ ႀကဳံလာပါက အခ်ိန္မီထိန္းသိမ္းႏိုင္ဖို႔အတြက္လည္း သက္ဆိုင္ရာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကေန တာဝန္ခြဲေဝခ်တာေတြနဲ႔ စီမံလာၾကပါတယ္။လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ၾသကၤန္ကာလထဲမွာဆိုရင္ ယာဥ္မေတာ္တဆမႈ ၃၅၇ မႈ ျဖစ္ပြားကာ ေသဆုံးသူ ၁၃၉ ဦး ရွိခဲ့ၿပီး ဒဏ္ရာရသူ ၇၅၉ ဦး ရွိခဲ့သလို ပဲခူးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးတို႔မွာေတာ့ ထိခိုက္ေသဆုံးတဲ့ ျဖစ္ရပ္ေတြ မ်ားျပားခဲ့တာ ျဖစ္ပါတယ္။

ၾသကၤန္ကာလ ပိတ္ရက္ေတြမွာ အနားယူသူေတြ မ်ားသလို အေရာင္းဆိုင္ေတြအေနနဲ႔လည္း ပိတ္တဲ့ဆိုင္ေတြ မ်ားျပားတတ္တာေၾကာင့္ ၾသကၤန္ပိတ္ရက္ေတြအတြက္ ႀကိဳတင္ကာ ေဈးဝယ္ၾကရင္း လက္လီလကၠားေဈးေတြမွာ အခုရက္ပိုင္း စည္ကားေနတာေတြရွိပါတယ္။တစ္ခ်ိဳ႕မွာေတာ့ ၾသကၤန္ကာလထဲမွာသာ ေပၚပင္စီးပြားေရးလိုမ်ိဳး လုပ္ကိုင္ရင္း စားေသာက္ဖြယ္ရာေတြကို ျမင့္မားတဲ့ႏႈန္းေတြနဲ႔ ေရာင္းခ်ဖို႔ ျပင္ဆင္တာေတြ ရွိပါတယ္။ရာသီဥတုအေနနဲ႔လည္း တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုကာ အပူရွိန္ျပင္းလာတာေၾကာင့္ ၾသကၤန္လည္ပတ္မယ့္သူေတြကို စိန္ေခၚသလို ျဖစ္လို႔ေနပါတယ္။ၾသကၤန္ကာလထဲမွာ ေဈးႏႈန္းႀကီးျမင့္မႈေတြ၊ သြားလာရတဲ့ အခက္အခဲေတြ အပါအဝင္ တန္းစီေနတဲ့ အခက္အခဲ အၾကပ္အတည္းေတြကလည္း အေျခခံျပည္သူေတြရဲ႕ၾကားမွာ တစ္ႏွစ္ထက္ တစ္ႏွစ္ တိုးလာခဲ့ပါတယ္။ကုသိုလ္ေရးအတြက္ ဒါနေတြ လုပ္ၾကေပမယ့္ ျမင့္တက္လာတဲ့ ကုန္ေဈးႏႈန္းအေျခအေနေတြေၾကာင့္ လြန္ခဲ့ေသာ ဆယ္စုႏွစ္ေလာက္နဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ေတာင္မွ တေျဖးေျဖးနည္းပါးလာတာကို ေတြ႕လာရပါတယ္။

ၾသကၤန္ကို အမွီျပဳၿပီး စီးပြားေရးအခြင့္အလမ္း ေကာင္းသူေတြရွိခဲ့သလို ၾသကၤန္မွာေပ်ာ္ပါးရင္း ဆုံးရႈံးရတဲ့ အျဖစ္ေတြကလည္း မ်ားစြာရွိခဲ့ပါတယ္။႐ိုးရာယဥ္ေက်းမႈ အေမြတစ္ရပ္အျဖစ္ လက္ဆင့္ကမ္းတည္ရွိေနတဲ့ ပြဲေတာ္ကေန တစ္ႏွစ္ထက္ တစ္ႏွစ္ အေပ်ာ္ဘက္ကို ေျပာင္းလာၾကၿပီး စီးပြားေရးဆန္ဆန္ျဖစ္လာတဲ့ အေျခအေနေတြေၾကာင့္ ၾသကၤန္ယဥ္ေက်းမႈေတြ၊ ၾသကၤန္ရဲ႕အႏွစ္သာရေတြဟာ အနာဂတ္ လူ႔အဖြဲ႕အစည္းၾကားမွာ ေမွးမွိန္မသြားေအာင္ ျပင္ဆင္ႏိုင္ဖို႔သာမကဘဲ သမိုင္းေၾကာင္းေကာင္းဖို႔ ဖန္တီးႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။

ဇြဲမာန္
ဧၿပီ - ၉