【 သတင်းဆောင်းပါး 】 “ရွှေတိဂုံ တပေါင်းပွဲတော် (သို့မဟုတ်) ဒဏ္ဍာရီဖြစ်သွားတဲ့ ပွဲတော်ကြီး”

【 သတင်းဆောင်းပါး 】 “ရွှေတိဂုံ တပေါင်းပွဲတော် (သို့မဟုတ်) ဒဏ္ဍာရီဖြစ်သွားတဲ့ ပွဲတော်ကြီး”

တပေါင်းလရောက်ပြီ။တပေါင်းလအငွေ့အသက်နဲ့အတူ မြန်မာလူမျိုးတွေ စိတ်ထဲ ပထမဆုံးတွေးမိလိုက်ကြသည်က တပေါင်းပွဲနှင့် ဘုရားပွဲတွေ။

တပေါင်းလကား မြန်မာ့တစ်ဆယ့်နှစ်လရာသီထဲ ထူးခြားတဲ့ နေ့ရက်များ၊ ပွဲတော်များ၊ ရာသီဥတုရဲ့ သာယာလှပမှုများနဲ့ ပြည့်နှက်နေတဲ့ ထူးခြားတဲ့လ။ဘာသာရေးအရလည်း နေ့ထူးနေမြတ်ဖြစ်တဲ့ တပေါင်းလပြည့်နေ့မှာ မြန်မာပြည်အနှံ့အပြား စေတီ၊ ပုထိုးတွေရဲ့ ဘုရားပွဲတော်ကို ကျင်းပပြုလုပ်လေ့ရှိကြတာပါ။

တပေါင်းလထဲ ဘုရားပွဲတော်ကျင်းပသည့် ထင်ရှားသည့် ဘုရားပုထိုး စေတီများထဲမှာ ရမည်းသင်းမြို့ နယ်၊ မြင်းနားကျေးရွာအနီး သမိုင်းဝင် ရွှေမြင်တင်တောင်တော်မြတ်ကြီး၊ မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်မြတ်ကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့နယ်ရှိ ကလိန်အောင် ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်၊ မွန်ပြည်နယ် လမိုင်းဘုရားပွဲ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်မှာရှိတဲ့ ဘော်ကြိုဘုရားပွဲ၊ ပင်းတယ ရွှေဥမင်ဘုရားပွဲတော်တို့က အထင်အရှားပါဘဲ။

ဒီထဲမှာ ကမ္ဘာ့အံ့ဘွယ်စာရင်းထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ ရွှေတိဂုံဘုရားပွဲတော်လည်း တပေါင်းလဘုရားပွဲထဲ စည်ကားခမ်းနားမှုက ထိပ်ဆုံးကပါ။ရှေးခေတ်အဆက်ဆက်မှ ပြီးခဲ့သည့် ဆယ်စုနှစ် သုံးစုမတိုင်မီ ၁၉၈၇ ခုနှစ်အထိပါဘဲ။

ရွှေတိဂုံဆိုသည်မှာ ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီဖြစ်ပြီး ဖိနပ်တော်မှ စိန်ဖူးတော်ထိ ဉာဏ်တော် ၃၂၆-ပေ ရှိကာ ရန်ကုန်မြို့ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသလို  စေတီအစ ရွှေတိဂုံက” ဟု ဆိုရိုးစမှတ်ပြုခဲ့ရတဲ့ ကမ္ဘာ့အစောဦးဆုံး စေတီပုထိုးဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်ကို တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်က အကြောင်းပြုပြီး တည်ထားခဲ့တာပါ။မဇ္ဈိမဒေသသို့ ကုန်သွယ်သွားတဲ့ ကုန်သည်ညီနောင်ကို ဘဝဟောင်းက ဆွေမျိုးတော်ခဲ့တဲ့ ရုက္ခစိုးနတ်ရဲ့ စေ့ဆော်တိုက်တွန်းလို့ ဘုရားပွင့်ကြောင်းသိကာ လင်းလွန်းပင်ရင်း သီတင်းသုံးနေသည့် မြတ်စွာဘုရားရှင်ကို ကုန်သည်ညီနောင်က မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ်တို့နှင့် လှူဒါန်းပူဇော်ခဲ့ပါတယ်။ထို့နောက် ဘုရားရှင်ကိုယ်စား ထာဝရ ကိုးကွယ်ဆည်းကပ် ပူဇော်နိုင်ရန် လျှောက်ထားခဲ့ရာမှာ  ဘုရားရှင်က ဆံတော်မြတ် (၈) ဆူအား ကုန်သည်ညီနောင်တို့ကို ပေးသနားတော်မူခဲ့လို့ ထိုဆံတော် (၈) ဆူကို သင်္ဘောဖြင့် ဥက္ကလာပတိုင်းပြည်သို့ ပင့်ဆောင်ခဲ့တာပါ။

ဥက္ကလာပတိုင်းပြည်မှာ ဆံတော်ရှစ်ဆူကို စေတီတော်အဖြစ် တည်ထားကိုးကွယ်ရန် နေရာရှာရာမှာ သိဂုၤတ္တရကုန်းတော်ကို ရှာတွေ့ပြီး ရွှေတိဂုံစေတီတော်ကို တည်ထားခဲ့တာပါ။ထိုသို့စေတီတည်ရာမှာ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တွေ အလွယ်တကူ မဖျက်ဆီးနိုင်ရန် ကုန်းတော်အလယ်တည့်တည့်မှာ “ဇောက် ၄၀၄ တောင်၊ အနံ ၄၄ တောင် ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးပြီး ဆူးလေနတ်ကြီးထံမှ ရရှိသော ကကုဿန် မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်၊ ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်၊ ဒက္ခိဏမည်သော သင်္ကန်းကျွန်း ကျိုက္ကဆံနတ်ကြီးထံမှ ရရှိသည့် ကဿပ မြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်နဲ့ တဖုဿ နှင့် ဘလ္လိက ညီနောင် တို့ထံမှ ရရှိသော ဂေါတမ မြတ်စွာဘုရားရှင်၏ ဆံတော်မြတ် (၈) ဆူတို့ကို  မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်းလပြည့်နေ့မှာ ကျောက်ဖျာ အခင်းအကာပြုလုပ်ပြီး ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့ တာပါ။ဒါကြောင့် တပေါင်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော် အချိန်အခါလည်း ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ရွှေတိဂုံ တပေါင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ရှေးမြန်မာမင်းများခေတ်မှာ  စာဆိုတော် နဝဒေး က ရှေးမြန်မာမင်းများလက်ထက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့  ရွှေတိဂုံ တပေါင်းပွဲတော်အကြောင်းကို “တပေါင်းသော်ကား၊ ဆံတော်ဒဂုံ၊ တက်ကြတုံ၏၊ ပည်းပုံများဖြင်၊ သဘင်နှစ်ကြောင်း၊ လှေပေါင်းလှည်းက၊ တုပဆင်ယင်၊ မမြင်စဖူး၊ တင့်လွန်ကျူးမျှ၊ စုံပူးမကွာ၊ သို့သောခါသည်” လို့ စပ်ဆိုရေးသားခဲ့ပါတယ်။

ခေတ်သစ် အလယ်တန်းသင်ရိုးကျောင်းသုံး မြန်မာစာသင်ရိုးမှာ ရှေးခေတ်အခါက ရွှေတိဂုံ တပေါင်းပွဲတော်ကို ရှေးမြန်မာကြီးတွေ ဝေးလံတဲ့အရပ်ကနေ လှည်းယာဉ်များနဲ့ စုဖွဲ့ကာ လာရောက်ဆင်နွဲကြပုံက နောင်လာနောက်သားတွေအတွက်  တမ်းတလွမ်းဆွတ်ဖွယ် ထည့်သွင်းသင်ကြားခဲ့ပါတယ်။

စေတီတော်တည်ရှိရာ သိဂုၤတ္တရတောင်ကုန်း ပတ်လည်တစ်ဝိုက် မြေနေရာလွတ်တွေမှာ ဝါးတဲ၊ သက်ငယ်ပျစ်တွေနဲ့ လုပ်ထားတဲ့  ဆိုင်ခန်း၊ ဆိုင်ကျင်း၊ ဈေးဆိုင်ခန်းများ၊ ပြခန်းတွေ စတဲ့ တဲတန်းတွေထိုးကာ အငြိမ့်ပွဲတွေ၊ ဇာတ်ပွဲ၊ ကြည့်ချင်ပွဲတွေ ခေတ်အဆက်ဆက် ရွှေတိဂုံဘုရားပွဲတော် ကျင်းပခဲ့ပါတယ်။

ဒီဘုရားပတ်လည် ဆိုင်ခန်းတွေမှာ မြန်မာပြည် အလယ်ပိုင်း မိုးခေါင်ရေရှား အရပ်ဒေသများ၊ မြန်မာပြည် မြောက်ဘက် တောင်တန်းဒေသများ၊ မြန်မာပြည် အောက်ပိုင်းဒေသများ၊ မြန်မာ တောင်ဘက် အညာဒေသများက ထွက်သော ပစ္စည်းများဖြစ်သည့် ကြိမ်၊ ဝါးနှင့် ထန်းတို့ဖြင့်လုပ်သော ခြင်း၊ ဖျာ၊ လင်ပန်းနှင့် သေတ္တာများ၊ ကူရှင်နှင့် မွေ့ယာတွေဖြည့်ဖို့ ဝါဂွမ်းများနဲ့ လက်လုပ်ထည်များဖြစ်သော ချည်စောင်၊ ကောဇောနှင့် လွယ်အိတ်များ၊ စက္ကူနှင့်လုပ်တဲ့ ဖိုးသူတော်၊ မင်းသား၊ မင်းသမီး၊ ဇော်ဂျီ၊ ဆင်၊ မြင်း၊ ဘီလူးရုပ်များ၊ အရုပ်အမျိုးမျိုးနှင့် စဉ့်ထည်များဖြစ်သည့် ရေနွေးအိုး၊ ပန်းအိုး၊ ဆေးလိပ်ပြာခွက်များ၊ ယွန်းထည်ပစ္စည်းအစရှိသော အမျိုးမျိုး အဖုံဖုံတို့ကို လာရောက်ခင်းကျင်းပြသ ရောင်းချကြပါတယ်။

ပွဲဈေးတန်းတစ်လျှောက် မြန်မာ့သရေစာမျိုးစုံကို စုံအောင်မြည်းစမ်းကြည့်နိုင်သလို ပုဇွန်တောင်ချောင်းဝထိပ်မှာ နှစ် ၄၀၀ ကျော် နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးက ဒီလိုတပေါင်းလပြည့်နေ့မှာ ပုဇွန်တုပ်ကွေး တစ်စွန်းတစ်စပေါ်ပြီး ရွှေတိဂုံဘုရားကို ညအခါဖူးမြင်တတ်တယ်ဆိုတဲ့ ဒဏ္ဍာရီတွေနဲ့ ရွှေတိဂုံတပေါင်းပွဲက ပွဲကြိုက်တဲ့၊ အတိတ်တဘောင်တွေ  ယုံစားလွန်းတဲ့ မြန်မာလူမျိုးတွေအတွက် ခေတ်အဆက်ဆက် စွဲဆောင်အားကြီးလွန်းခဲ့ပါတယ်။

ရှေးမြန်မာမင်းများလက်ထက်မှ ကိုလိုနီခေတ်၊ ကိုလိုနီခေတ်မှ စစ်ကြိုခေတ်၊ စစ်ကြိုခေတ်မှ ပြည်တွင်းစစ်ခေတ်၊ ပြည်တွင်းစစ်ခေတ်မှ ပါလီမန်ဒီမိုကရေစီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်မှ တော်လှန်ရေးကောင်စီခေတ်၊ တော်လှန်ရေးကောင်စီခေတ်မှ မဆလခေတ်ထိ မည်သို့ပင် ခေတ်စနစ်ဆိုး ကြုံစေကာမှု မဖြစ်ဖြစ်အောင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြတဲ့ ရွှေတိဂုံတပေါင်းပွဲတော်မှာ စစ်အစိုးရခေတ် ၁၉၈၈ မှစကာ သာမန်တရားပွဲ၊ ဆွမ်းဆန်လောင်းလှူပွဲဖြင့်သာ တပေါင်းပွဲတော်မည်ကာမတ္တဖြစ်ခဲ့ရတာ ယခုထိပါဘဲ။

၁၉၈၈ ခုနှစ် မတိုင်ခင် ကာလအထိ ရွှေတိဂုံဘုရားပွဲဟာ အလွန်တရာ စည်ကားခဲ့ပြီး နေ့ရောညပါ အလွန်တရာ စည်ကားခဲ့ပါတယ်။ရွှေတိဂုံစေတီ တပေါင်းပွဲတော်ကို ၁၉၈၇ ခုနှစ်မှာ နောက်ဆုံး ကျင်းပခဲ့ပြီး ယင်းမတိုင်မီအထိ အဆိုပါပွဲတော်၌ ဗလာဇာတ်၊ ဗလာအငြိမ့်၊ မြန်မာ့ယဉ်ကျေးမှု အနုပညာများသာမက ခေတ်ပေါ်ဂီတဖျော်ဖြေပွဲများကို ရွှေတိဂုံစေတီ ခြေတော်ရင်း၌ စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြတာ အဆိုပါ ခေတ်ကာလကို သိမှီခဲ့သူတွေ သတိရနေကြမှာ ဖြစ်ပါတယ်။

ဒီကာလကို သိမီဖြတ်သန်းခဲ့သူ လှိုင်မြို့နယ်နေ အသက် ၆၆ နှစ်အရွယ် ဦးစန်းဝင်း ကတော့ “ အဲ့တုန်းက ငါတို့လည်း ဘုရားပွဲကို ခဏခဏရောက်ခဲ့တယ်။မနက်ပိုင်းဆိုရင်လည်း ဘုရားမှာ ခြေချစရာကိုမရှိအောင် အရမ်းစည်တာ။ညဘက်တွေဆိုရင်လည်း ဇာတ်ပွဲတွေက အပြိုင်ကကြတယ်။မှတ်မိသလောက်ဆိုရင် ရွှေမန်းသဘင်တို့၊ တွံတေးသိန်းတန်တို့ ဇာတ်အဖွဲ့တွေ လာကကြတယ်။ဝင်းဦး တို့လည်း လာကကြတယ်။စတိတ်ရှိုးပွဲတွေ၊ ဗလာဇာတ်တွေလည်း ပါတယ်” လို့ ဆိုပါတယ်။

ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ ကတော့ ရွှေတိဂုံ တပေါင်းပွဲတော်ကို ရှေးယခင်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်ကာလအတွင်း ဘုရားအောက်ဘက် ပစ္စယံတစ်ပတ်လည်လုံး ဈေးဆိုင်ခန်းတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။

“တပေါင်းပွဲတော်ဆိုတာ ဘုရားပွဲပါပဲ၊ အစဉ်အလာတွေအရ နှစ်စဉ်နှစ်တိုင်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပခဲ့ တာပါ၊ အဘတို့ သိသလောက်ဆိုရင် ဟိုးလွန်ခဲ့တဲ့ ၁၈ ရာစုအကုန် ၁၉ ရာစုထဲမှာ အထိကို စည်စည်ကားကားဖြစ်အောင် လုပ်ခဲ့ကြပါတယ်၊ အဲ့ဒီတုန်းက တော်တော်လေးလည်း စည်ခဲ့တယ်၊ ဈေးဆိုင်တွေဆိုရင် အောက်ဘက်ပစ္စယံ ပတ်လမ်းတစ်လျှောက် မုခ်လေးခု အကုန်လုံးမှာ အပြည့်ပါ၊ မုခ်လေးခုစလုံးရဲ့ အောက်ခြေပတ်ပတ်လည်မှာ ဈေးဆိုင်တွေ၊ ကလေးကစားတဲ့ ချားရဟတ်တွေ အပါအဝင် တော်တော်လေး စည်ကားခဲ့ပါတယ်၊ ဈေးဆိုင်တွေဟာ ဘယ်လောက်များလဲဆိုရင် ဘုရားတစ်ပတ်ကားလမ်းရှိတဲ့ အောက်ဘက်ပစ္စယံ တစ်ပတ်လုံးမှာ အပြည့်ပဲ” လို့ သူ့ရဲ့ကြုံတွေ့ခဲ့ဖူတဲ့ ရွှေတိဂုံတပေါင်းပွဲတော် အကြောင်းကို ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေ က ပြန်လည်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ရွှေတိဂုံ တပေါင်းပွဲတော်ကို ထိုခေတ်အခါက အလွန်စည်ကားစွာ ကျင်းပခဲ့သော်လည်း ပွဲတော်လာရောက်သူများ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွားမှုများ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒီဘက်နောက်ပိုင်းခေတ်မှတော့ လူစည်ကားမှာ လူစုမိမှာကြောက်တဲ့ အာဏာပိုင်တွေက လုံခြုံရေး အကြောင်းပြပြီး တပေါင်းပွဲတော်ကို ဆရာတော်၊ သံဃာတော်များနှင့် ဘာသာရေးဝတ်အသင်းများက ပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းတို့နဲ့ ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်အဖြစ် ပြီးခဲ့တဲ့  စစ်အစိုးရလက်ထက်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်အထိ ဘာသာရေးသက်သက် ကျင်းပခဲ့ကြတာပါ။

“၁၉၉၀ နောက်ပိုင်းမှာ လုံခြုံရေးမူဝါဒတွေအရ ခွင့်ပြုချက်တင်ရတာတို့ ဘာညာနဲ့ပေါ့ တင်းကြပ်တာတွေလည်း ရှိသလို ဘုရားပွဲလုပ်ပေမယ့် အရင်လို ဘယ်လိုခေါ်မလဲ တဖြေးဖြေးလျော့လာတယ် ခေါ်မှာပေါ့၊ ဟိုးအရင်ကလောက် ဇာတ်ရုံအကြီးကြီးတွေ သိပ်မရှိတော့ဘူးလေ၊ ၁၉၉၈ ပတ်ချာလည်လောက်မှာတော့ ဘုရားပွဲတော်ဟာ ပျော်ပွဲရွှင်ပွဲတွေကို တဖြေးဖြေးလျှော့ချလိုက်ပြီးတော့ ဘာသာရေးပွဲအနေနဲ့ပဲ လုပ်ခဲ့တယ်။ဒီကနေ့အထိလည်း ဘာသာရေးပွဲတော်အနေနဲ့ လုပ်ခဲ့တယ်” လို့ ဦးထွန်းအောင်ငွေ က ဆက်လက်ပြောကြားခဲ့ပါတယ်။

NLD အစိုးရ တက်ကာစမှာ ရွှေတိဂုံ တပေါင်းပွဲတော်ကို ယခင်လို ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေ ပြန်ကျင်းပဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့် အမြဲဇာတ်ပွဲတွေသွင်းခဲ့တဲ့ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်မှာ သိင်္ဂုတ္တရဥယျာဉ်တော် ပြုလုပ်ထားလို့ ယခင်ကဲ့သို့ ဇာတ်ပွဲများ၊ အငြိမ့်ပွဲများ ပြုလုပ်ဖို့ နေရာအခက်အခဲရှိနေတယ်ဆိုလို့ ယခုထိ ယခင်လိုစည်ကားဖို့က ဝေးနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ၂၆၀၇ နှစ်မြောက် တပေါင်းပွဲတော်ကို တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ ၁၀ ရက်တိုင်အောင် ကျင်းပပြုလုပ်လျှက်ရှိပြီး တပေါင်းလပြည့် နံနက် ၅ နာရီအချိန်မှာ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်မှာဖြစ်ပြီး နံနက် ၉ နာရီခွဲမှာ ပိတ်ပွဲအခမ်းအနားနဲ့ အလှူတော် ရေစက်ချပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် လှေ၊ လှည်းယာဉ်တို့ဖြင့် အများပြည်သူ လာရောက်ဆင်နွှဲခဲ့ကြတဲ့ ရွှေတိဂုံဘုရားပွဲတော်ဟာ ခေတ်ကာလရွှေ့လျှားလာမှုနဲ့အတူ အခြေအနေအရပ်ရပ်ကြောင့် ဘုရားပွဲတော် မကျင်းပနိုင်တော့တဲ့အတွက် တစ်ချိန်က ခမ်းနားတဲ့ ရွှေတိဂုံ တပေါင်းပွဲတော်ကို နောင်းလူတို့အဖို့ သက်ကြီးစကား သက်ငယ်ကြားဆိုသလို ဒဏ္ဍာရီသဖွယ် အမှတ်ရနေရတော့မှာပဲ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မတ် - ၁၉

( Zawgyi )

တေပါင္းလေရာက္ၿပီ။တေပါင္းလအေငြ႕အသက္နဲ႔အတူ ျမန္မာလူမ်ိဳးေတြ စိတ္ထဲ ပထမဆုံးေတြးမိလိုက္ၾကသည္က တေပါင္းပြဲႏွင့္ ဘုရားပြဲေတြ။

တေပါင္းလကား ျမန္မာ့တစ္ဆယ့္ႏွစ္လရာသီထဲ ထူးျခားတဲ့ ေန႔ရက္မ်ား၊ ပြဲေတာ္မ်ား၊ ရာသီဥတုရဲ႕ သာယာလွပမႈမ်ားနဲ႔ ျပည့္ႏွက္ေနတဲ့ ထူးျခားတဲ့လ။ဘာသာေရးအရလည္း ေန႔ထူးေနျမတ္ျဖစ္တဲ့ တေပါင္းလျပည့္ေန႔မွာ ျမန္မာျပည္အႏွံ႔အျပား ေစတီ၊ ပုထိုးေတြရဲ႕ ဘုရားပြဲေတာ္ကို က်င္းပျပဳလုပ္ေလ့ရွိၾကတာပါ။

တေပါင္းလထဲ ဘုရားပြဲေတာ္က်င္းပသည့္ ထင္ရွားသည့္ ဘုရားပုထိုး ေစတီမ်ားထဲမွာ ရမည္းသင္းၿမိဳ႕ နယ္၊ ျမင္းနားေက်း႐ြာအနီး သမိုင္းဝင္ ေ႐ႊျမင္တင္ေတာင္ေတာ္ျမတ္ႀကီး၊ ၿမိတ္ၿမိဳ႕ ေလးကြၽန္းဆီမီးေစတီေတာ္ျမတ္ႀကီး၊ ထားဝယ္ခ႐ိုင္၊ ကလိန္ေအာင္ၿမိဳ႕နယ္ရွိ ကလိန္ေအာင္ ဆုေတာင္းျပည့္ ဆံေတာ္ရွင္ေစတီေတာ္၊ မြန္ျပည္နယ္ လမိုင္းဘုရားပြဲ၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္မွာရွိတဲ့ ေဘာ္ႀကိဳဘုရားပြဲ၊ ပင္းတယ ေ႐ႊဥမင္ဘုရားပြဲေတာ္တို႔က အထင္အရွားပါဘဲ။

ဒီထဲမွာ ကမာၻ႔အံ့ဘြယ္စာရင္းထဲ တစ္ခုအပါအဝင္ျဖစ္တဲ့ ေ႐ႊတိဂုံဘုရားပြဲေတာ္လည္း တေပါင္းလဘုရားပြဲထဲ စည္ကားခမ္းနားမႈက ထိပ္ဆုံးကပါ။ေရွးေခတ္အဆက္ဆက္မွ ၿပီးခဲ့သည့္ ဆယ္စုႏွစ္ သုံးစုမတိုင္မီ ၁၉၈၇ ခုႏွစ္အထိပါဘဲ။

ေ႐ႊတိဂုံဆိုသည္မွာ ကမာၻေပၚရွိ အျမင့္ဆုံး ဘုရားေစတီျဖစ္ၿပီး ဖိနပ္ေတာ္မွ စိန္ဖူးေတာ္ထိ ဉာဏ္ေတာ္ ၃၂၆-ေပ ရွိကာ ရန္ကုန္ၿမိဳ႕ သိဂၤုတၱရ ကုန္းေတာ္ေပၚတြင္ တည္ရွိသလို  ေစတီအစ ေ႐ႊတိဂုံက” ဟု ဆို႐ိုးစမွတ္ျပဳခဲ့ရတဲ့ ကမာၻ႔အေစာဦးဆုံး ေစတီပုထိုးျဖစ္ပါတယ္။

ေ႐ႊတိဂုံေစတီေတာ္ကို တပုႆ ႏွင့္ ဘလႅိက ကုန္သည္ညီေနာင္က အေၾကာင္းျပဳၿပီး တည္ထားခဲ့တာပါ။မဇၩိမေဒသသို႔ ကုန္သြယ္သြားတဲ့ ကုန္သည္ညီေနာင္ကို ဘဝေဟာင္းက ေဆြမ်ိဳးေတာ္ခဲ့တဲ့ ႐ုကၡစိုးနတ္ရဲ႕ ေစ့ေဆာ္တိုက္တြန္းလို႔ ဘုရားပြင့္ေၾကာင္းသိကာ လင္းလြန္းပင္ရင္း သီတင္းသုံးေနသည့္ ျမတ္စြာဘုရားရွင္ကို ကုန္သည္ညီေနာင္က မုန႔္ႂကြပ္ေၾကာ္၊ ပ်ားမုန႔္ထုပ္တို႔ႏွင့္ လႉဒါန္းပူေဇာ္ခဲ့ပါတယ္။ထို႔ေနာက္ ဘုရားရွင္ကိုယ္စား ထာဝရ ကိုးကြယ္ဆည္းကပ္ ပူေဇာ္ႏိုင္ရန္ ေလွ်ာက္ထားခဲ့ရာမွာ  ဘုရားရွင္က ဆံေတာ္ျမတ္ (၈) ဆူအား ကုန္သည္ညီေနာင္တို႔ကို ေပးသနားေတာ္မူခဲ့လို႔ ထိုဆံေတာ္ (၈) ဆူကို သေဘၤာျဖင့္ ဥကၠလာပတိုင္းျပည္သို႔ ပင့္ေဆာင္ခဲ့တာပါ။

ဥကၠလာပတိုင္းျပည္မွာ ဆံေတာ္ရွစ္ဆူကို ေစတီေတာ္အျဖစ္ တည္ထားကိုးကြယ္ရန္ ေနရာရွာရာမွာ သိဂုတၤၱရကုန္းေတာ္ကို ရွာေတြ႕ၿပီး ေ႐ႊတိဂုံေစတီေတာ္ကို တည္ထားခဲ့တာပါ။ထိုသို႔ေစတီတည္ရာမွာ ဗုဒၶျမတ္စြာတို႔၏ ဆံေတာ္ျမတ္၊ ဓာတ္ေတာ္ျမတ္ေတြ အလြယ္တကူ မဖ်က္ဆီးႏိုင္ရန္ ကုန္းေတာ္အလယ္တည့္တည့္မွာ “ေဇာက္ ၄၀၄ ေတာင္၊ အနံ ၄၄ ေတာင္ ရွိသည့္ ဥမင္လိုဏ္ေခါင္းတစ္ခုတူးၿပီး ဆူးေလနတ္ႀကီးထံမွ ရရွိေသာ ကကုႆန္ ျမတ္စြာဘုရားရွင္၏ ေတာင္ေဝွးေတာ္၊ ေရာဟဏီမည္ေသာ ဗိုလ္တေထာင္နတ္ႀကီးထံမွ ရရွိသည့္ ေကာဂမန ျမတ္စြာဘုရားရွင္၏ ေရစစ္ေတာ္၊ ဒကၡိဏမည္ေသာ သကၤန္းကြၽန္း က်ိဳကၠဆံနတ္ႀကီးထံမွ ရရွိသည့္ ကႆပ ျမတ္စြာဘုရားရွင္၏ ေရသႏုပ္သကၤန္းေတာ္ျမတ္နဲ႔ တဖုႆ ႏွင့္ ဘလႅိက ညီေနာင္ တို႔ထံမွ ရရွိေသာ ေဂါတမ ျမတ္စြာဘုရားရွင္၏ ဆံေတာ္ျမတ္ (၈) ဆူတို႔ကို  မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္၊ တေပါင္းလျပည့္ေန႔မွာ ေက်ာက္ဖ်ာ အခင္းအကာျပဳလုပ္ၿပီး ဌာပနာတိုက္ ထည့္သြင္းေတာ္မူခဲ့ တာပါ။ဒါေၾကာင့္ တေပါင္းလျပည့္ေန႔မွာ ေ႐ႊတိဂုံေစတီေတာ္ရဲ႕ ဗုဒၶပူဇနိယပြဲေတာ္ အခ်ိန္အခါလည္း ျဖစ္ပါတယ္။

ေခတ္အဆက္ဆက္ ေ႐ႊတိဂုံ တေပါင္းပြဲေတာ္ကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့ပါတယ္။ေရွးျမန္မာမင္းမ်ားေခတ္မွာ  စာဆိုေတာ္ နဝေဒး က ေရွးျမန္မာမင္းမ်ားလက္ထက္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပခဲ့တဲ့  ေ႐ႊတိဂုံ တေပါင္းပြဲေတာ္အေၾကာင္းကို “တေပါင္းေသာ္ကား၊ ဆံေတာ္ဒဂုံ၊ တက္ၾကတုံ၏၊ ပည္းပုံမ်ားျဖင္၊ သဘင္ႏွစ္ေၾကာင္း၊ ေလွေပါင္းလွည္းက၊ တုပဆင္ယင္၊ မျမင္စဖူး၊ တင့္လြန္က်ဴးမွ်၊ စုံပူးမကြာ၊ သို႔ေသာခါသည္” လို႔ စပ္ဆိုေရးသားခဲ့ပါတယ္။

ေခတ္သစ္ အလယ္တန္းသင္႐ိုးေက်ာင္းသုံး ျမန္မာစာသင္႐ိုးမွာ ေရွးေခတ္အခါက ေ႐ႊတိဂုံ တေပါင္းပြဲေတာ္ကို ေရွးျမန္မာႀကီးေတြ ေဝးလံတဲ့အရပ္ကေန လွည္းယာဥ္မ်ားနဲ႔ စုဖြဲ႕ကာ လာေရာက္ဆင္ႏြဲၾကပုံက ေနာင္လာေနာက္သားေတြအတြက္  တမ္းတလြမ္းဆြတ္ဖြယ္ ထည့္သြင္းသင္ၾကားခဲ့ပါတယ္။

ေစတီေတာ္တည္ရွိရာ သိဂုတၤၱရေတာင္ကုန္း ပတ္လည္တစ္ဝိုက္ ေျမေနရာလြတ္ေတြမွာ ဝါးတဲ၊ သက္ငယ္ပ်စ္ေတြနဲ႔ လုပ္ထားတဲ့  ဆိုင္ခန္း၊ ဆိုင္က်င္း၊ ေဈးဆိုင္ခန္းမ်ား၊ ျပခန္းေတြ စတဲ့ တဲတန္းေတြထိုးကာ အၿငိမ့္ပြဲေတြ၊ ဇာတ္ပြဲ၊ ၾကည့္ခ်င္ပြဲေတြ ေခတ္အဆက္ဆက္ ေ႐ႊတိဂုံဘုရားပြဲေတာ္ က်င္းပခဲ့ပါတယ္။

ဒီဘုရားပတ္လည္ ဆိုင္ခန္းေတြမွာ ျမန္မာျပည္ အလယ္ပိုင္း မိုးေခါင္ေရရွား အရပ္ေဒသမ်ား၊ ျမန္မာျပည္ ေျမာက္ဘက္ ေတာင္တန္းေဒသမ်ား၊ ျမန္မာျပည္ ေအာက္ပိုင္းေဒသမ်ား၊ ျမန္မာ ေတာင္ဘက္ အညာေဒသမ်ားက ထြက္ေသာ ပစၥည္းမ်ားျဖစ္သည့္ ႀကိမ္၊ ဝါးႏွင့္ ထန္းတို႔ျဖင့္လုပ္ေသာ ျခင္း၊ ဖ်ာ၊ လင္ပန္းႏွင့္ ေသတၱာမ်ား၊ ကူရွင္ႏွင့္ ေမြ႕ယာေတြျဖည့္ဖို႔ ဝါဂြမ္းမ်ားနဲ႔ လက္လုပ္ထည္မ်ားျဖစ္ေသာ ခ်ည္ေစာင္၊ ေကာေဇာႏွင့္ လြယ္အိတ္မ်ား၊ စကၠဴႏွင့္လုပ္တဲ့ ဖိုးသူေတာ္၊ မင္းသား၊ မင္းသမီး၊ ေဇာ္ဂ်ီ၊ ဆင္၊ ျမင္း၊ ဘီလူး႐ုပ္မ်ား၊ အ႐ုပ္အမ်ိဳးမ်ိဳးႏွင့္ စဥ့္ထည္မ်ားျဖစ္သည့္ ေရေႏြးအိုး၊ ပန္းအိုး၊ ေဆးလိပ္ျပာခြက္မ်ား၊ ယြန္းထည္ပစၥည္းအစရွိေသာ အမ်ိဳးမ်ိဳး အဖုံဖုံတို႔ကို လာေရာက္ခင္းက်င္းျပသ ေရာင္းခ်ၾကပါတယ္။

ပြဲေဈးတန္းတစ္ေလွ်ာက္ ျမန္မာ့သေရစာမ်ိဳးစုံကို စုံေအာင္ျမည္းစမ္းၾကည့္ႏိုင္သလို ပုဇြန္ေတာင္ေခ်ာင္းဝထိပ္မွာ ႏွစ္ ၄၀၀ ေက်ာ္ နစ္ျမဳပ္ခဲ့တဲ့ ဓမၼေစတီေခါင္းေလာင္းႀကီးက ဒီလိုတေပါင္းလျပည့္ေန႔မွာ ပုဇြန္တုပ္ေကြး တစ္စြန္းတစ္စေပၚၿပီး ေ႐ႊတိဂုံဘုရားကို ညအခါဖူးျမင္တတ္တယ္ဆိုတဲ့ ဒ႑ာရီေတြနဲ႔ ေ႐ႊတိဂုံတေပါင္းပြဲက ပြဲႀကိဳက္တဲ့၊ အတိတ္တေဘာင္ေတြ  ယုံစားလြန္းတဲ့ ျမန္မာလူမ်ိဳးေတြအတြက္ ေခတ္အဆက္ဆက္ စြဲေဆာင္အားႀကီးလြန္းခဲ့ပါတယ္။

ေရွးျမန္မာမင္းမ်ားလက္ထက္မွ ကိုလိုနီေခတ္၊ ကိုလိုနီေခတ္မွ စစ္ႀကိဳေခတ္၊ စစ္ႀကိဳေခတ္မွ ျပည္တြင္းစစ္ေခတ္၊ ျပည္တြင္းစစ္ေခတ္မွ ပါလီမန္ဒီမိုကေရစီေခတ္၊ ပါလီမန္ဒီမိုကေရစီေခတ္မွ ေတာ္လွန္ေရးေကာင္စီေခတ္၊ ေတာ္လွန္ေရးေကာင္စီေခတ္မွ မဆလေခတ္ထိ မည္သို႔ပင္ ေခတ္စနစ္ဆိုး ႀကဳံေစကာမႈ မျဖစ္ျဖစ္ေအာင္ ၿခိမ့္ၿခိမ့္သဲ က်င္းပခဲ့ၾကတဲ့ ေ႐ႊတိဂုံတေပါင္းပြဲေတာ္မွာ စစ္အစိုးရေခတ္ ၁၉၈၈ မွစကာ သာမန္တရားပြဲ၊ ဆြမ္းဆန္ေလာင္းလႉပြဲျဖင့္သာ တေပါင္းပြဲေတာ္မည္ကာမတၱျဖစ္ခဲ့ရတာ ယခုထိပါဘဲ။

၁၉၈၈ ခုႏွစ္ မတိုင္ခင္ ကာလအထိ ေ႐ႊတိဂုံဘုရားပြဲဟာ အလြန္တရာ စည္ကားခဲ့ၿပီး ေန႔ေရာညပါ အလြန္တရာ စည္ကားခဲ့ပါတယ္။ေ႐ႊတိဂုံေစတီ တေပါင္းပြဲေတာ္ကို ၁၉၈၇ ခုႏွစ္မွာ ေနာက္ဆုံး က်င္းပခဲ့ၿပီး ယင္းမတိုင္မီအထိ အဆိုပါပြဲေတာ္၌ ဗလာဇာတ္၊ ဗလာအၿငိမ့္၊ ျမန္မာ့ယဥ္ေက်းမႈ အႏုပညာမ်ားသာမက ေခတ္ေပၚဂီတေဖ်ာ္ေျဖပြဲမ်ားကို ေ႐ႊတိဂုံေစတီ ေျခေတာ္ရင္း၌ စည္ကားစြာ က်င္းပျပဳလုပ္ခဲ့ၾကတာ အဆိုပါ ေခတ္ကာလကို သိမွီခဲ့သူေတြ သတိရေနၾကမွာ ျဖစ္ပါတယ္။

ဒီကာလကို သိမီျဖတ္သန္းခဲ့သူ လႈိင္ၿမိဳ႕နယ္ေန အသက္ ၆၆ ႏွစ္အ႐ြယ္ ဦးစန္းဝင္း ကေတာ့ “ အဲ့တုန္းက ငါတို႔လည္း ဘုရားပြဲကို ခဏခဏေရာက္ခဲ့တယ္။မနက္ပိုင္းဆိုရင္လည္း ဘုရားမွာ ေျခခ်စရာကိုမရွိေအာင္ အရမ္းစည္တာ။ညဘက္ေတြဆိုရင္လည္း ဇာတ္ပြဲေတြက အၿပိဳင္ကၾကတယ္။မွတ္မိသေလာက္ဆိုရင္ ေ႐ႊမန္းသဘင္တို႔၊ တြံေတးသိန္းတန္တို႔ ဇာတ္အဖြဲ႕ေတြ လာကၾကတယ္။ဝင္းဦး တို႔လည္း လာကၾကတယ္။စတိတ္ရႈိးပြဲေတြ၊ ဗလာဇာတ္ေတြလည္း ပါတယ္” လို႔ ဆိုပါတယ္။

ေ႐ႊတိဂုံေစတီေတာ္ ႐ုံးအဖြဲ႕မႉး ဦးထြန္းေအာင္ေငြ ကေတာ့ ေ႐ႊတိဂုံ တေပါင္းပြဲေတာ္ကို ေရွးယခင္က စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ၿပီး ပြဲေတာ္ကာလအတြင္း ဘုရားေအာက္ဘက္ ပစၥယံတစ္ပတ္လည္လုံး ေဈးဆိုင္ခန္းေတြနဲ႔ ျပည့္ႏွက္ေနတယ္လို႔ ဆိုပါတယ္။

“တေပါင္းပြဲေတာ္ဆိုတာ ဘုရားပြဲပါပဲ၊ အစဥ္အလာေတြအရ ႏွစ္စဥ္ႏွစ္တိုင္းမွာ ေပ်ာ္ပြဲ႐ႊင္ပြဲေတြနဲ႔ က်င္းပခဲ့ တာပါ၊ အဘတို႔ သိသေလာက္ဆိုရင္ ဟိုးလြန္ခဲ့တဲ့ ၁၈ ရာစုအကုန္ ၁၉ ရာစုထဲမွာ အထိကို စည္စည္ကားကားျဖစ္ေအာင္ လုပ္ခဲ့ၾကပါတယ္၊ အဲ့ဒီတုန္းက ေတာ္ေတာ္ေလးလည္း စည္ခဲ့တယ္၊ ေဈးဆိုင္ေတြဆိုရင္ ေအာက္ဘက္ပစၥယံ ပတ္လမ္းတစ္ေလွ်ာက္ မုခ္ေလးခု အကုန္လုံးမွာ အျပည့္ပါ၊ မုခ္ေလးခုစလုံးရဲ႕ ေအာက္ေျခပတ္ပတ္လည္မွာ ေဈးဆိုင္ေတြ၊ ကေလးကစားတဲ့ ခ်ားရဟတ္ေတြ အပါအဝင္ ေတာ္ေတာ္ေလး စည္ကားခဲ့ပါတယ္၊ ေဈးဆိုင္ေတြဟာ ဘယ္ေလာက္မ်ားလဲဆိုရင္ ဘုရားတစ္ပတ္ကားလမ္းရွိတဲ့ ေအာက္ဘက္ပစၥယံ တစ္ပတ္လုံးမွာ အျပည့္ပဲ” လို႔ သူ႔ရဲ႕ႀကဳံေတြ႕ခဲ့ဖူတဲ့ ေ႐ႊတိဂုံတေပါင္းပြဲေတာ္ အေၾကာင္းကို ေ႐ႊတိဂုံေစတီေတာ္ ႐ုံးအဖြဲ႕မႉး ဦးထြန္းေအာင္ေငြ က ျပန္လည္ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ေ႐ႊတိဂုံ တေပါင္းပြဲေတာ္ကို ထိုေခတ္အခါက အလြန္စည္ကားစြာ က်င္းပခဲ့ေသာ္လည္း ပြဲေတာ္လာေရာက္သူမ်ား တစ္ဦးႏွင့္တစ္ဦး ခိုက္ရန္ျဖစ္ပြားမႈမ်ား မရွိခဲ့ဘူးလို႔လည္း ဆိုပါတယ္။

ဒီဘက္ေနာက္ပိုင္းေခတ္မွေတာ့ လူစည္ကားမွာ လူစုမိမွာေၾကာက္တဲ့ အာဏာပိုင္ေတြက လုံၿခဳံေရး အေၾကာင္းျပၿပီး တေပါင္းပြဲေတာ္ကို ဆရာေတာ္၊ သံဃာေတာ္မ်ားႏွင့္ ဘာသာေရးဝတ္အသင္းမ်ားက ပ႒ာန္း႐ြတ္ဖတ္ျခင္း၊ ဆြမ္းဆန္စိမ္းေလာင္းလႉျခင္း၊ လႉဖြယ္ပစၥည္းမ်ား လႉဒါန္းျခင္းတို႔နဲ႔ ေ႐ႊတိဂုံေစတီေတာ္ တေပါင္းပြဲေတာ္အျဖစ္ ၿပီးခဲ့တဲ့  စစ္အစိုးရလက္ထက္ႏွင့္ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္အထိ ဘာသာေရးသက္သက္ က်င္းပခဲ့ၾကတာပါ။

“၁၉၉၀ ေနာက္ပိုင္းမွာ လုံၿခဳံေရးမူဝါဒေတြအရ ခြင့္ျပဳခ်က္တင္ရတာတို႔ ဘာညာနဲ႔ေပါ့ တင္းၾကပ္တာေတြလည္း ရွိသလို ဘုရားပြဲလုပ္ေပမယ့္ အရင္လို ဘယ္လိုေခၚမလဲ တေျဖးေျဖးေလ်ာ့လာတယ္ ေခၚမွာေပါ့၊ ဟိုးအရင္ကေလာက္ ဇာတ္႐ုံအႀကီးႀကီးေတြ သိပ္မရွိေတာ့ဘူးေလ၊ ၁၉၉၈ ပတ္ခ်ာလည္ေလာက္မွာေတာ့ ဘုရားပြဲေတာ္ဟာ ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို တေျဖးေျဖးေလွ်ာ့ခ်လိုက္ၿပီးေတာ့ ဘာသာေရးပြဲအေနနဲ႔ပဲ လုပ္ခဲ့တယ္။ဒီကေန႔အထိလည္း ဘာသာေရးပြဲေတာ္အေနနဲ႔ လုပ္ခဲ့တယ္” လို႔ ဦးထြန္းေအာင္ေငြ က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

NLD အစိုးရ တက္ကာစမွာ ေ႐ႊတိဂုံ တေပါင္းပြဲေတာ္ကို ယခင္လို ဇာတ္ပြဲ၊ အၿငိမ့္ပြဲေတြ ျပန္က်င္းပဖို႔ ေတာင္းဆိုမႈေတြ ရွိခဲ့ေပမယ့္ အၿမဲဇာတ္ပြဲေတြသြင္းခဲ့တဲ့ ေ႐ႊတိဂုံေစတီေတာ္ အေနာက္ဘက္မုခ္မွာ သိဂၤုတၱရဥယ်ာဥ္ေတာ္ ျပဳလုပ္ထားလို႔ ယခင္ကဲ့သို႔ ဇာတ္ပြဲမ်ား၊ အၿငိမ့္ပြဲမ်ား ျပဳလုပ္ဖို႔ ေနရာအခက္အခဲရွိေနတယ္ဆိုလို႔ ယခုထိ ယခင္လိုစည္ကားဖို႔က ေဝးေနဆဲ ျဖစ္ပါတယ္။

လက္ရွိမွာ ေ႐ႊတိဂုံေစတီေတာ္ႀကီးရဲ႕ ၂၆၀၇ ႏွစ္ေျမာက္ တေပါင္းပြဲေတာ္ကို တေပါင္းလဆန္း ၆ ရက္မွ တေပါင္းလျပည့္ေန႔အထိ ၁၀ ရက္တိုင္ေအာင္ က်င္းပျပဳလုပ္လွ်က္ရွိၿပီး တေပါင္းလျပည့္ နံနက္ ၅ နာရီအခ်ိန္မွာ ဆြမ္းေတာ္ႀကီး ဆက္ကပ္လႉဒါန္းျခင္းမ်ား ျပဳလုပ္မွာျဖစ္ၿပီး နံနက္ ၉ နာရီခြဲမွာ ပိတ္ပြဲအခမ္းအနားနဲ႔ အလႉေတာ္ ေရစက္ခ်ပြဲကို က်င္းပျပဳလုပ္မွာ ျဖစ္ပါတယ္။

ေခတ္အဆက္ဆက္ ေလွ၊ လွည္းယာဥ္တို႔ျဖင့္ အမ်ားျပည္သူ လာေရာက္ဆင္ႏႊဲခဲ့ၾကတဲ့ ေ႐ႊတိဂုံဘုရားပြဲေတာ္ဟာ ေခတ္ကာလေ႐ႊ႕လွ်ားလာမႈနဲ႔အတူ အေျခအေနအရပ္ရပ္ေၾကာင့္ ဘုရားပြဲေတာ္ မက်င္းပႏိုင္ေတာ့တဲ့အတြက္ တစ္ခ်ိန္က ခမ္းနားတဲ့ ေ႐ႊတိဂုံ တေပါင္းပြဲေတာ္ကို ေနာင္းလူတို႔အဖို႔ သက္ႀကီးစကား သက္ငယ္ၾကားဆိုသလို ဒ႑ာရီသဖြယ္ အမွတ္ရေနရေတာ့မွာပဲ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
မတ္ - ၁၉