ဆင်အခြေပြုခရီးသွားလုပ်ငန်းအတွက် ပလင်း ကမ်းသာယာဆင်စခန်း မကြာမီဖွင့်လှစ်မည်

ဆင်အခြေပြုခရီးသွားလုပ်ငန်းအတွက် ပလင်း ကမ်းသာယာဆင်စခန်း မကြာမီဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုလင်း ကျေးရွာအနီးတွင် ဆင်အခြေပြုခရီးသွားလုပ်ငန်းအတွက် ပလင်းကမ်းသာယာ ဆင်စခန်းကို မကြာမီအချိန်တွင် ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းကို ညောင်ဦးမြို့မှ (၅)မိုင်အကွာ ညောင်ဦး-ပခုက္ကူ-မြင်းခြံလမ်းမကြီး၏ မြောက် ဘက် နှစ်ဖာလုံအကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထား ရှိမည်ဖြစ်ပြီး မြန်မာ့သစ် လုပ်ငန်းအနေဖြင့် ဆင်များအား စနစ် တကျ ထိန်းသိမ်းစောင့်ရှောက ်လျက်ရှိသည်ကို အများပြည်သူ နှင့် က္ဘာတစ်လွှားမှ လက်တွေ့သိမြင် လာပြီး ဆင်များကို ပူးပေါင်း ပါဝင်ထိန်းသိမ်းလာစေကာ ဆင်အခြေပြု ခရီးသွားလုပ်ငန်းကို အမှီပြု၍ အနီးဝန်းကျင်မှ ကျေးရွာပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများ တိုးတက်လာစေပြီး ဆင်များနှင့် အနီးကပ်ထိတွေ့ခွင့် ရရှိကာ ဆင်နှင့်ပတ်သတ်သောအသိပညာဗဟုသုတများရရှိစေရန်၊ဆင်များကို ချစ်ခင် မြတ်နိုးလာ စေရန်နှင့် ဌာနဝန်ထမ်းများအနေဖြင့် ဆင်များထိန်းသိမ်းစောင့်ရှောက် ရေးကဏ္ဍတွင်သာမက ခရီးသွားလုပ်ငန်းဖြင့် ပြည်သူကိုဝန်ဆောင် မှုပေးသော လုပ်ငန်း များတွင် သစ်လွင်သောစိတ်ကူးအကြံဉာဏ်ဖြင့် ကြံစည်လုပ်ကိုင်ဆောင်ရွက်လာစေ ကာ ပြည်တွင်း ပြည်ပခရီးသွား စိတ်အပန်းဖြေအနားယူ လည်ပတ်စရာနေရာတစ်ခု ဖြစ်ပေါ်လာစေရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ချင်းတွင်းဖောင်ဖွဲ့ရေးဒေသ၊ လက်ထောက်အထွေထွေမန်နေဂျာဦးအောင်ဌေးက ပြောပြသည်။

ပုဂံ-ညောင်ဦးဒေသသို့ လာရောက်လည်ပတ်သော ပြည်တွင်း ပြည်ပ ခရီးသွား များအနေဖြင့် ပုဂံ-ညောင်ဦးဒေသသည် အချိန်အခါမရွေး လာရောက်လည်ပတ် နိုင်သည့် နေရာဒေသဖြစ်သည်နှင့်အညီ ဆင်များ
ထားရှိမည့်တဲများ အခြေခံအဆောက် အအုံ စတင်ဆောက်လုပ်ခြင်း ဆောင်ရွက်ဆောက်လုပ်လျက်ရှိပြီး အညာဒေသ၏ သင်္ကေတများဖြစ် သည့် ထန်းလုံးများ၊ အမိုးအတွက် ထန်းရွက်များ အသုံးပြုသွား မည်ဖြစ် ကာ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဂံဒေသသည် ပူပြင်းခြောက်သွေ့သဖြင့် အပူဒဏ်ကြောင့် ဆင်များ အ္တရာယ် မဖြစ်စေရေးအတွက် ဆင်တင်းကုပ်တွင် ရေပိုက်ခေါင်းများ တပ်ဆင်ဖျန်းပေးခြင်း၊ အရိပ်ကောင်းသော သဘာဝသစ်ပင်ကြီးများ အောက်တွင် ထားရှိကာ ဆင်စီးချိန်၊ ဆင်ရေချချိန်၊ ဆင်ပြသချိန်များ စီစဉ်ဆောင်ရွက်ထားရှိပြီး ပုဂံညောင်ဦးဒေသတွင် ဆင်စာအတွက် သဘာဝအစာရရှိရန်ခက်ခဲကာ ဆင်စာအတွက် နေပီယာမြက် စိုက်ပျိုး၍ ဆောင်ရွက်လျက်ရှိပြီး ပုလင်းကျေးရွာတွင် နေပီယာမြက်စိုက်ပျိုးထား ရှိပြီး ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီပရဟိတဘုန်းတော်ကြီးကျောင်းတွင် ဆင်စာအတွက် နေပီယာမြက်များစိုက်ပျိုးလျက်ရှိကာ တောင်သူများသို့ နည်းပညာ နှင့် မြက်မျိုးများဖြန့်ဝေပေးပြီး ထွက်ရှိလာမည့်မြက်များက ိုတောင်သူများထံမှ ဝယ်ယူ၍ ဆင်များအား ကျွေးမွေးသွားမည်ဖြစ်သည်။ ဆင်တစ်ကောင်အတွက် တစ်ရက်လျှင် ဆင်စာ ပေါင် ၅ဝဝ x ၂၄ ကျပ် = ၁၂ဝဝဝ ကုန်ကျမည်ဖြစ်ပြီး ယခုအခါဆင်ယဉ် လေးကောင် ရောက်ရှိနေပြီး နှစ်ကောင်ထပ်ရောက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညောင်ဦးဖောင်ဖွဲ့ရေးနယ် ဦးမျိုးမင်းကို (လက်ထောက်မန်နေဂျာ)က ရှင်းပြသည်။