【 ခရီးသွားကဏ္ဍ 】 ရန်ကုန်နဲ့ အလှမ်းမဝေးတဲ့ ချောင်းသာကမ်းခြေ

【 ခရီးသွားကဏ္ဍ 】 ရန်ကုန်နဲ့ အလှမ်းမဝေးတဲ့ ချောင်းသာကမ်းခြေ

ယခုပွင့်လင်းရာသီဖြစ်တဲ့ မတ်လရဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေနဲ့ နေ့ကြီး၊ အခါကြီးဖြစ်တဲ့ အစိုးရရုံးပိတ်ရက်တွေမှာ ခရီးတိုလေးအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းမှာရှိတဲ့ ချောင်းသာကမ်းခြေသို့ မိသားစုလိုက်သော် လည်းကောင်း၊ သူငယ်ချင်းမိတ်ဆွေများဖြင့် အစုအဖွဲ့လိုက်သော် လည်းကောင်း အပန်းဖြေ အလည်အပတ်ခရီး ထွက်ကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားလို့နေပါတယ်။

အဆိုပါ အစိုးရရုံးပိတ်ရက်တွေမှာ ခရီးတို ပြည်တွင်းဘုရားဖူးခရီးတွေ ထွက်ခွာကြသလို ရန်ကုန်နဲ့ အလှမ်းမဝေးတဲ့ ချောင်းသာ၊ ငွေဆောင်၊ လက်ခုပ်ကုန်း အစရှိတဲ့ ကမ်းခြေဒေသတွေကို အပန်းဖြေထွက်သူတွေလည်းရှိခဲ့ပြီး ရန်ကုန်နဲ့ မဝေးလှတဲ့ ချောင်းသာကမ်းခြေသို့လည်း သွားရောက်အပန်းဖြေကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေနဲ့ များပြားစည်ကားလျက်ရှိတာကို တွေ့မြင်ခဲ့ရပါတယ်။

ချောင်းသာကမ်းခြေဆိုတာ ရန်ကုန်မြို့ကနေ သွားမယ်ဆိုပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ ကမ်းခြေဒေသလေးတစ်ခုဖြစ်သလို ရန်ကုန်မြို့နဲ့ မိုင် ၁၅ဝ ခန့်သာ ကွာဝေးပြီး ရန်ကုန် - ပုသိမ် ကားလမ်းမကြီးအတိုင်း အချိန်အားဖြင့် ငါးနာရီခန့်သာ သွားရတဲ့အတွက် သွားလာရတာလည်း အချိန်ကုန်သက်သာပြီး လူသိများထင်ရှားလှတဲ့ အပန်းဖြေကမ်းခြေ ဒေသလေးတစ်ခု ဖြစ်ပါတယ်။ဒါ့အပြင် ချောင်းသာကမ်းခြေ အပြန်မှာ ပုသိမ်မြို့သို့ ဝင်ရောက်လည်ပတ်နိုင်သလို သမိုင်းဝင် ပုသိမ် ရွှေမော်ဓောစေတီတော်ကြီးကိုလည်း ဝင်ရောက်ဖူးမြော်နိုင်ပါသေးတယ်။ထို့အတူ ဒေသထွက် မြန်မာ့ရိုးရာ ပုသိမ်ထီးလေးတွေနဲ့ နာမည်ကျော် ပုသိမ်ဟာလဝါနဲ့ သရက်တောထိုးမုန့်တွေကိုလည်း အိမ်အပြန်လက်ဆောင်အဖြစ် ဝယ်ယူလို့ရပါတယ်။

ကမ်းခြေအနေအထားနှင့် လည်ပတ်စရာနေရာများ

ချောင်းသာကမ်းခြေဆိုတာ ပုသိမ်မြို့က ဆိုပါကလည်း နေ့ချင်းပြန် သွားလို့ကောင်းတဲ့ အပန်းဖြေစရာ နေရာတစ်ခုဖြစ်သလို ကမ်းခြေကိုရောက်တာနဲ့ လေအေးတွေတိုက်ပြီး လေကအရမ်းလတ်ဆတ်ပါတယ်။ချောင်းသာအဝင်မှာ စစချင်းမြင်တွေ့လိုက်ရတဲ့ ရေပြာပြာပင်လယ်ကျယ်ကြီးကတော့ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေရဲ့ နှလုံးသားကို ဖမ်းစားလို့နေပါတယ်။နောက်ထပ် ထူးခြားတာတစ်ခုက နေပူချိန်လဲ လေအေးပဲတိုက်တဲ့အတွက် ကမ်းခြေကို လာရောက်အပန်းဖြေကြတဲ့သူတွေအတွက် စိတ်အပန်းပြေမှုတစ်ခုကိုတော့ ရရှိမှာဖြစ်ပါတယ်။အဲ့ဒီအချက်ကိုလည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားအများစုက ကြိုက်နှစ်သက်ကြပါတယ်။သဲသောင်ဖြူလွလွပေါ်မှာထိုင်၊ အုန်းရေသောက်၊ ပုဇွန်ကင်စားပြီး တဝုန်းဝုန်းရိုက်ခတ်နေတဲ့ လှိုင်းပုတ်သံတွေကို နားထောင်ပြီး ရေပြာပြာပင်လယ်ကြီးကို ငေးကြည့်ရတဲ့ ခံစားချက်က မြင်ရသူအဖို့ ရင်ထဲမှာ ကြည်နူးသာယာမှုတွေ ဖြစ်မိစေတာ အမှန်ပါဘဲ။

ရေလှိုင်းစီးရင်း၊ ကမ်းခြေမှာ စက်ဘီးစီးရင်း အလှဓာတ်ပုံရိုက်ကြသူများ၊ ရေဆော့ကစားသူများ၊ Banana boat စီးကြသူများနဲ့ ယခု စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ စည်ကားလို့နေသလို ချောင်းသာကမ်းခြေနဲ့ မနီးမဝေးမှာရှိတဲ့ သဲဖြူကျွန်း၊ ကျောက်မောင်နှမနဲ့ ချောင်းသာဆင်စခန်း အပါအဝင် ချောင်းသာကျေးရွာကြီးအတွင်းမှာရှိတဲ့ ငါးမွေးမြူရေးလုပ်ငန်းတွေကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။လေ့လာသူတွေအဖို့လည်း ဒေသန္တရ ဗဟုသုတများစွာကိုလည်း ရစေတာတော့ အမှန်ပါ။ဒါ့အပြင် ချောင်းသာရွာကြီးရဲ့ ပင်လယ်ကမ်းခြေက တံငါသည်ဘဝတွေကို လေ့လာနိုင်သလို အချိန်ရတဲ့ ခရီးသွားဧည့်သည်တွေအဖို့ကလည်း ချောင်းသာကမ်းခြေကနေ အချိန်နှစ်နာရီခန့်သာ သွားရတဲ့ ငွေဆောင်ကမ်းခြေသို့ ကားနဲ့တစ်ဖုံ၊ ဆိုင်ကယ်နဲ့တစ်မျိုး သွားရောက်လည်ပတ်လို့ ရနိုင်ပါသေးတယ်။

ဒါ့အပြင် ကျောက်မောင်နှမကမ်းခြေမှာလည်း လေးဘီးဆိုင်ကယ်ဘဲဖြစ်ဖြစ်၊ စက်ဘီးဘဲဖြစ်ဖြစ် ဌားရမ်းစီးနင်းနိုင်သလို မြင်းစီးဝါသနာပါသူတွေအတွက်ကလည်း ပင်လယ်ပြင်ကြီးကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးတွေနဲ့အတူ အပျော်တမ်းမြင်းစီးရင်း ချောင်းသာကမ်းခြေရဲ့ အလှတရားကို ခံစားနိုင်ပါသေးတယ်။

တည်းခိုစရာနှင့် သွားလာရေး

သို့ပေမယ့် ချောင်းသာကမ်းခြေက လူသိများထင်ရှားလှတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး လာရောက်လည်ပတ် အပန်းဖြေကြတဲ့သူတွေ များပြားတဲ့ ဒေသတစ်ခုဖြစ်တာမို့ ပွင့်လင်းရာသီ၊ ခရီးသွားရာသီ အပါအဝင် အခါကြီး၊ ရက်ကြီးတွေမှာ သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ဟိုတယ်၊ တည်းခိုခန်းတွေကို ကြိုတင်ချိတ်ဆက် ဘိုကင်တင်ပြီးမှ သွားရောက်တာကလည်း ခရီးသွားဧည့်သည်တွေအဖို့ ပိုမိုအဆင်ပြေကြမှာ ဖြစ်ပါတယ်။ကမ်းခြေတစ်လျှောက် ဟိုတယ်တွေများစွာရှိသလို ချောင်းသာအဝင် ကားလမ်းမကြီးဘေး တစ်ဘက်ခြမ်းမှာရှိတဲ့ ဟိုတယ်၊ မော်တယ်နဲ့ တည်းခိုခန်းတွေမှာလည်း တည်းခိုလို့ရနိုင်ပါတယ်။ဒါမှမဟုတ် ဒေသခံရွာသားတွေရဲ့ ဘဝတွေနဲ့ ကမ်းခြေကျေးရွာလေးတွေရဲ့ လူနေမှုပုံစံ ဓလေ့စရိုက်လေးတွေကို လေ့လာချင်တယ်ဆိုရင်တော့ ချောင်းသာရွာကြီးထဲက အဖိုးနှုန်းချိုသာတဲ့ တည်းခိုစရာ နေအိမ်များမှာလည်း တည်းခိုလို့ရနိုင်ပါတယ်။တည်းခိုခဈေးနှုန်းတွေကလည်း လူအနည်းအများအလိုက်အပေါ် မူတည်ပြီး သောင်းဂဏန်းတန် တည်းခိုစရာ နေရာတွေကနေစလို့ သိန်းဂဏန်းတန် ဟိုတယ်ကြီးတွေအထိရှိတဲ့ ကမ်းခြေဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ချောင်းသာကမ်းခြေဒေသရဲ့ ဧည်သည့်အဝင် အများဆုံးကာလကတော့  မြန်မာ့ရိုးရာ သြင်္ကန်ပွဲတော်ကာလပဲ ဖြစ်ပါတယ်။ထိုကာလမှာ သွားရောက်လည်ပတ် အပန်းဖြေမယ်ဆိုရင်တော့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေအနေနဲ့ တည်းခို၊ နားနေစရာ ဟိုတယ်၊ မိုတယ်တွေကို ကြိုတင်ချိတ်ဆက်သွားကြဖို့လည်း လိုအပ်ပါတယ်။

သွားလာဆက်သွယ်ရေးပိုင်းနဲ့ ပက်သက်လို့လည်း ချောင်းသာကမ်းခြေဆိုတာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ ကမ်းခြေဒေသတစ်ခု ဖြစ်သည့်အတွက် ခရီးသွား အိတ်စပတ်ယာဉ်ကြီးများဖြင့် သွားလာလို့ရသလို မိမိတို့ရဲ့ ကိုယ်ပိုင်ယာဉ်များဖြင့်လည်း သွားရောက်လည်ပတ်လို့ ရနိုင်ပါတယ်။ရန်ကုန်မြို့ကနေ ချောင်းသာကမ်းခြေဆိုပါက မိုင် ၁၅၀ ခန့်သာရှိတဲ့ လမ်းအတိုင်းအထွာမို့ ချောင်းသာ အသွား၊ အပြန် ခရီးသည်တင်ယာဉ် ကားခဈေးနှုန်းကလည်း အသွားအပြန်ဆိုပါက ကျပ် ၁၅၀၀၀ ကနေ ကျပ် ၁၈၀၀၀ ခန့်သာရှိပြီး သွားလာရတဲ့ ခရီးစရိတ်ကလည်း အဖိုးနှုန်းအားဖြင့် သက်သာတယ်လို့ ဆိုနိုင်ပါတယ်။ထို့အတူပါဘဲ ချောင်းသာကမ်းခြေကို သွားရောက်လည်ပတ်လိုတဲ့ ဘတ်ဂျက်သမားတွေအတွက်လည်း ခရီးသွားပတ်ကေ့ချ်တွေလည်းရှိနေပြီး တစ်ညအိပ် နှစ်ရက်ကို တစ်ဦးလျှင် ငွေကျပ် သုံးသောင်းခွဲကနေ လေးသောင်းခွဲအထိ ပတ်ကေ့ချ်ခရီးစဉ်တွေလည်း ရှိနေပါသေးတယ်။

ချောင်းသာကမ်းခြေ ဒေသအစားအစာ

"အစိုးရရုံးပိတ်ရက်တွေဆိုရင်တော့ ဧည့်သည်တွေ တော်တော်များများလာကြပါတယ်။ကလေးတွေ ကျောင်းစာမေးပွဲပြီးရင်တော့ ကမ်းခြေကိုလာလည်တဲ့ ဧည့်သည်က ပိုများမှာပေါ့လေ။အခုက ပွင့်လင်းရာသီဆိုတော့ ကမ်းခြေမှာ ခရီးသွားဧည့်သည်တွေနဲ့ မပြတ်ပါဘူး၊ အမြဲစည်ကားနေပါတယ်။ယခုဆိုရင် ချောင်းသာကမ်းခြေမှာ ဆင်စခန်းတွေလည်း ဖွင့်လိုက်တော့ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအတွက် လည်ပတ်စရာ နေရာတွေလည်း တိုးလာတာပေါ့။ဒေသခံတွေအတွက်လည်း အလုပ်အကိုင်တွေ မပြတ်ဘူးပေါ့။ဧည့်သည်တွေအနေနဲ့ကလည်း ပင်လယ်ကမ်းခြေဒေသ ဖြစ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကို စိတ်ကြိုက်ဝယ်ယူ စားသုံးလို့ရပါတယ်။" လို့ ချောင်းသာကမ်းခြေ ဒေသခံတစ်ဦးက ဆိုပါတယ်။

ချောင်းသာကမ်းခြေမှာ နာမည်ကြီးတဲ့ ဒေသအစားအစာကတော့ ပုဇွန်ကင်၊ ပြည်ကြီးငါးသုပ်နဲ့ ဂဏန်းမဆလာချက်ပါ။ပင်လယ်စာနဲ့ ဂဏန်းဟင်းကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့ အထူးရှယ်ပါဘဲ။ကမ်းခြေဒေသ ဖြစ်သည့်အလျောက် ပင်လယ်စာတွေ ပေါတယ်လို့ ပြောလို့ရသလို ဒေသခံတွေရောင်းတဲ့ ဂဏန်းပိစိလေးတွေ ငါးကင်နဲ့ ပုစွန်ကင်တွေကိုလည်း စားသုံးနိုင်ပါတယ်။ကမ်းခြေမှာ အနားယူအပန်းဖြေရင်း ကမ်းခြေအနီးအနား ရွာလေးတွေကနေ လာရောက်ရောင်းချကြတဲ့ ငါးကင်၊ ရေခူသုပ်၊ ရေဘဝဲသုတ်၊ ကျောက်ပွင့်သုတ်၊ ငါးလေးကြော်၊ ပုဇွန်ထုတ်ကင် စတဲ့ ဒေသပင်လယ်စာတွေကိုလည်း စိတ်ကြိုက်ဝယ်ယူ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် ချောင်းသာကမ်းခြေ ရွာထဲမှာ ရောင်းချတဲ့ ဈေးဆိုင်တန်းတွေမှာလည်း လတ်လတ်ဆတ်ဆတ် ပင်လယ်စာတွေကို မိမိတို့စိတ်ကြိုက် ရွေးချယ်ဝယ်ယူ စားသုံးနိုင်ပါသေးတယ်။ထို့အတူ ကမ်းခြေတစ်လျှောက် ဒေသခံဈေးသည်တွေ လာရောက်ရောင်းချတဲ့ ငါးပိ၊ ငါးခြောက်နဲ့ အလှထား ကျောက်ပုဇွန်အခွံတွေကိုလည်း အိမ်အပြန် လက်ဆောင်အဖြစ် ဝယ်ယူလို့ရပါတယ်။

ပြောရရင် ချောင်းသာကမ်းခြေဆိုတာ ရန်ကုန်မြို့နဲ့ အလှမ်းမဝေးတဲ့ ဒေသတစ်ခုဖြစ်သည့်အတွက် ယခုလို အစိုးရရုံးပိတ်ရက်တိုလေးအတွင်းမှာဖြစ်ဖြစ်၊ ရုံးပိတ်ရက်ရှည်မှာပဲဖြစ်ဖြစ် မိမိတို့ရဲ့ အားလပ်ချိန်လေးမှာ မိသားစုနဲ့ပဲဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေနဲ့ပဲဖြစ်ေ စလာရောက်လည်ပတ် အပန်းဖြေကြဖို့ တိုက်တွန်းဖိတ်ခေါ်ရင်း ရှုစားလို့မကုန်တဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ချောင်းသာကမ်းခြေလေးကတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေနဲ့ စည်ကားလို့နေပါတော့တယ်။  

ပြေသိမ်း
မတ် - ၅

( Zawgyi )

ယခုပြင့္လင္းရာသီျဖစ္တဲ့ မတ္လရဲ႕ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္ေတြနဲ႔ ေန႔ႀကီး၊ အခါႀကီးျဖစ္တဲ့ အစိုးရ႐ုံးပိတ္ရက္ေတြမွာ ခရီးတိုေလးအျဖစ္ ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ေခ်ာင္းသာကမ္းေျခသို႔ မိသားစုလိုက္ေသာ္ လည္းေကာင္း၊ သူငယ္ခ်င္းမိတ္ေဆြမ်ားျဖင့္ အစုအဖြဲ႕လိုက္ေသာ္ လည္းေကာင္း အပန္းေျဖ အလည္အပတ္ခရီး ထြက္ၾကသည့္ ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည့္သည္ေတြနဲ႔ စည္ကားလို႔ေနပါတယ္။

အဆိုပါ အစိုးရ႐ုံးပိတ္ရက္ေတြမွာ ခရီးတို ျပည္တြင္းဘုရားဖူးခရီးေတြ ထြက္ခြာၾကသလို ရန္ကုန္နဲ႔ အလွမ္းမေဝးတဲ့ ေခ်ာင္းသာ၊ ေငြေဆာင္၊ လက္ခုပ္ကုန္း အစရွိတဲ့ ကမ္းေျခေဒသေတြကို အပန္းေျဖထြက္သူေတြလည္းရွိခဲ့ၿပီး ရန္ကုန္နဲ႔ မေဝးလွတဲ့ ေခ်ာင္းသာကမ္းေျခသို႔လည္း သြားေရာက္အပန္းေျဖၾကသည့္ ျပည္တြင္း၊ ျပည္ပ ခရီးသြားေတြနဲ႔ မ်ားျပားစည္ကားလ်က္ရွိတာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ေခ်ာင္းသာကမ္းေျခဆိုတာ ရန္ကုန္ၿမိဳ႕ကေန သြားမယ္ဆိုပါက လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္တဲ့ ကမ္းေျခေဒသေလးတစ္ခုျဖစ္သလို ရန္ကုန္ၿမိဳ႕နဲ႔ မိုင္ ၁၅ဝ ခန႔္သာ ကြာေဝးၿပီး ရန္ကုန္ - ပုသိမ္ ကားလမ္းမႀကီးအတိုင္း အခ်ိန္အားျဖင့္ ငါးနာရီခန႔္သာ သြားရတဲ့အတြက္ သြားလာရတာလည္း အခ်ိန္ကုန္သက္သာၿပီး လူသိမ်ားထင္ရွားလွတဲ့ အပန္းေျဖကမ္းေျခ ေဒသေလးတစ္ခု ျဖစ္ပါတယ္။ဒါ့အျပင္ ေခ်ာင္းသာကမ္းေျခ အျပန္မွာ ပုသိမ္ၿမိဳ႕သို႔ ဝင္ေရာက္လည္ပတ္ႏိုင္သလို သမိုင္းဝင္ ပုသိမ္ ေ႐ႊေမာ္ေဓာေစတီေတာ္ႀကီးကိုလည္း ဝင္ေရာက္ဖူးေျမာ္ႏိုင္ပါေသးတယ္။ထို႔အတူ ေဒသထြက္ ျမန္မာ့႐ိုးရာ ပုသိမ္ထီးေလးေတြနဲ႔ နာမည္ေက်ာ္ ပုသိမ္ဟာလဝါနဲ႔ သရက္ေတာထိုးမုန႔္ေတြကိုလည္း အိမ္အျပန္လက္ေဆာင္အျဖစ္ ဝယ္ယူလို႔ရပါတယ္။

ကမ္းေျခအေနအထားႏွင့္ လည္ပတ္စရာေနရာမ်ား

ေခ်ာင္းသာကမ္းေျခဆိုတာ ပုသိမ္ၿမိဳ႕က ဆိုပါကလည္း ေန႔ခ်င္းျပန္ သြားလို႔ေကာင္းတဲ့ အပန္းေျဖစရာ ေနရာတစ္ခုျဖစ္သလို ကမ္းေျခကိုေရာက္တာနဲ႔ ေလေအးေတြတိုက္ၿပီး ေလကအရမ္းလတ္ဆတ္ပါတယ္။ေခ်ာင္းသာအဝင္မွာ စစခ်င္းျမင္ေတြ႕လိုက္ရတဲ့ ေရျပာျပာပင္လယ္က်ယ္ႀကီးကေတာ့ လာေရာက္လည္ပတ္ၾကတဲ့ ဧည့္သည္ေတြရဲ႕ ႏွလုံးသားကို ဖမ္းစားလို႔ေနပါတယ္။ေနာက္ထပ္ ထူးျခားတာတစ္ခုက ေနပူခ်ိန္လဲ ေလေအးပဲတိုက္တဲ့အတြက္ ကမ္းေျခကို လာေရာက္အပန္းေျဖၾကတဲ့သူေတြအတြက္ စိတ္အပန္းေျပမႈတစ္ခုကိုေတာ့ ရရွိမွာျဖစ္ပါတယ္။အဲ့ဒီအခ်က္ကိုလည္း ျပည္တြင္း၊ ျပည္ပ ခရီးသြားအမ်ားစုက ႀကိဳက္ႏွစ္သက္ၾကပါတယ္။သဲေသာင္ျဖဴလြလြေပၚမွာထိုင္၊ အုန္းေရေသာက္၊ ပုဇြန္ကင္စားၿပီး တဝုန္းဝုန္း႐ိုက္ခတ္ေနတဲ့ လႈိင္းပုတ္သံေတြကို နားေထာင္ၿပီး ေရျပာျပာပင္လယ္ႀကီးကို ေငးၾကည့္ရတဲ့ ခံစားခ်က္က ျမင္ရသူအဖို႔ ရင္ထဲမွာ ၾကည္ႏူးသာယာမႈေတြ ျဖစ္မိေစတာ အမွန္ပါဘဲ။

ေရလႈိင္းစီးရင္း၊ ကမ္းေျခမွာ စက္ဘီးစီးရင္း အလွဓာတ္ပုံ႐ိုက္ၾကသူမ်ား၊ ေရေဆာ့ကစားသူမ်ား၊ Banana boat စီးၾကသူမ်ားနဲ႔ ယခု စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္မွာ စည္ကားလို႔ေနသလို ေခ်ာင္းသာကမ္းေျခနဲ႔ မနီးမေဝးမွာရွိတဲ့ သဲျဖဴကြၽန္း၊ ေက်ာက္ေမာင္ႏွမနဲ႔ ေခ်ာင္းသာဆင္စခန္း အပါအဝင္ ေခ်ာင္းသာေက်း႐ြာႀကီးအတြင္းမွာရွိတဲ့ ငါးေမြးျမဴေရးလုပ္ငန္းေတြကိုလည္း သြားေရာက္ေလ့လာႏိုင္ပါတယ္။ေလ့လာသူေတြအဖို႔လည္း ေဒသႏၲရ ဗဟုသုတမ်ားစြာကိုလည္း ရေစတာေတာ့ အမွန္ပါ။ဒါ့အျပင္ ေခ်ာင္းသာ႐ြာႀကီးရဲ႕ ပင္လယ္ကမ္းေျခက တံငါသည္ဘဝေတြကို ေလ့လာႏိုင္သလို အခ်ိန္ရတဲ့ ခရီးသြားဧည့္သည္ေတြအဖို႔ကလည္း ေခ်ာင္းသာကမ္းေျခကေန အခ်ိန္ႏွစ္နာရီခန႔္သာ သြားရတဲ့ ေငြေဆာင္ကမ္းေျခသို႔ ကားနဲ႔တစ္ဖုံ၊ ဆိုင္ကယ္နဲ႔တစ္မ်ိဳး သြားေရာက္လည္ပတ္လို႔ ရႏိုင္ပါေသးတယ္။

ဒါ့အျပင္ ေက်ာက္ေမာင္ႏွမကမ္းေျခမွာလည္း ေလးဘီးဆိုင္ကယ္ဘဲျဖစ္ျဖစ္၊ စက္ဘီးဘဲျဖစ္ျဖစ္ ဌားရမ္းစီးနင္းႏိုင္သလို ျမင္းစီးဝါသနာပါသူေတြအတြက္ကလည္း ပင္လယ္ျပင္ႀကီးကို ျဖတ္သန္းတိုက္ခတ္လာတဲ့ ေလႏုေအးေတြနဲ႔အတူ အေပ်ာ္တမ္းျမင္းစီးရင္း ေခ်ာင္းသာကမ္းေျခရဲ႕ အလွတရားကို ခံစားႏိုင္ပါေသးတယ္။

တည္းခိုစရာႏွင့္ သြားလာေရး

သို႔ေပမယ့္ ေခ်ာင္းသာကမ္းေျခက လူသိမ်ားထင္ရွားလွတဲ့ ကမ္းေျခတစ္ခုျဖစ္ၿပီး လာေရာက္လည္ပတ္ အပန္းေျဖၾကတဲ့သူေတြ မ်ားျပားတဲ့ ေဒသတစ္ခုျဖစ္တာမို႔ ပြင့္လင္းရာသီ၊ ခရီးသြားရာသီ အပါအဝင္ အခါႀကီး၊ ရက္ႀကီးေတြမွာ သြားေရာက္လည္ပတ္မယ္ဆိုရင္ေတာ့ ဟိုတယ္၊ တည္းခိုခန္းေတြကို ႀကိဳတင္ခ်ိတ္ဆက္ ဘိုကင္တင္ၿပီးမွ သြားေရာက္တာကလည္း ခရီးသြားဧည့္သည္ေတြအဖို႔ ပိုမိုအဆင္ေျပၾကမွာ ျဖစ္ပါတယ္။ကမ္းေျခတစ္ေလွ်ာက္ ဟိုတယ္ေတြမ်ားစြာရွိသလို ေခ်ာင္းသာအဝင္ ကားလမ္းမႀကီးေဘး တစ္ဘက္ျခမ္းမွာရွိတဲ့ ဟိုတယ္၊ ေမာ္တယ္နဲ႔ တည္းခိုခန္းေတြမွာလည္း တည္းခိုလို႔ရႏိုင္ပါတယ္။ဒါမွမဟုတ္ ေဒသခံ႐ြာသားေတြရဲ႕ ဘဝေတြနဲ႔ ကမ္းေျခေက်း႐ြာေလးေတြရဲ႕ လူေနမႈပုံစံ ဓေလ့စ႐ိုက္ေလးေတြကို ေလ့လာခ်င္တယ္ဆိုရင္ေတာ့ ေခ်ာင္းသာ႐ြာႀကီးထဲက အဖိုးႏႈန္းခ်ိဳသာတဲ့ တည္းခိုစရာ ေနအိမ္မ်ားမွာလည္း တည္းခိုလို႔ရႏိုင္ပါတယ္။တည္းခိုခေဈးႏႈန္းေတြကလည္း လူအနည္းအမ်ားအလိုက္အေပၚ မူတည္ၿပီး ေသာင္းဂဏန္းတန္ တည္းခိုစရာ ေနရာေတြကေနစလို႔ သိန္းဂဏန္းတန္ ဟိုတယ္ႀကီးေတြအထိရွိတဲ့ ကမ္းေျခေဒသတစ္ခုလည္း ျဖစ္ပါတယ္။

ေခ်ာင္းသာကမ္းေျခေဒသရဲ႕ ဧည္သည့္အဝင္ အမ်ားဆုံးကာလကေတာ့  ျမန္မာ့႐ိုးရာ ၾသကၤန္ပြဲေတာ္ကာလပဲ ျဖစ္ပါတယ္။ထိုကာလမွာ သြားေရာက္လည္ပတ္ အပန္းေျဖမယ္ဆိုရင္ေတာ့ ျပည္တြင္း၊ ျပည္ပ ဧည့္သည္ေတြအေနနဲ႔ တည္းခို၊ နားေနစရာ ဟိုတယ္၊ မိုတယ္ေတြကို ႀကိဳတင္ခ်ိတ္ဆက္သြားၾကဖို႔လည္း လိုအပ္ပါတယ္။

သြားလာဆက္သြယ္ေရးပိုင္းနဲ႔ ပက္သက္လို႔လည္း ေခ်ာင္းသာကမ္းေျခဆိုတာ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္တဲ့ ကမ္းေျခေဒသတစ္ခု ျဖစ္သည့္အတြက္ ခရီးသြား အိတ္စပတ္ယာဥ္ႀကီးမ်ားျဖင့္ သြားလာလို႔ရသလို မိမိတို႔ရဲ႕ ကိုယ္ပိုင္ယာဥ္မ်ားျဖင့္လည္း သြားေရာက္လည္ပတ္လို႔ ရႏိုင္ပါတယ္။ရန္ကုန္ၿမိဳ႕ကေန ေခ်ာင္းသာကမ္းေျခဆိုပါက မိုင္ ၁၅၀ ခန႔္သာရွိတဲ့ လမ္းအတိုင္းအထြာမို႔ ေခ်ာင္းသာ အသြား၊ အျပန္ ခရီးသည္တင္ယာဥ္ ကားခေဈးႏႈန္းကလည္း အသြားအျပန္ဆိုပါက က်ပ္ ၁၅၀၀၀ ကေန က်ပ္ ၁၈၀၀၀ ခန႔္သာရွိၿပီး သြားလာရတဲ့ ခရီးစရိတ္ကလည္း အဖိုးႏႈန္းအားျဖင့္ သက္သာတယ္လို႔ ဆိုႏိုင္ပါတယ္။ထို႔အတူပါဘဲ ေခ်ာင္းသာကမ္းေျခကို သြားေရာက္လည္ပတ္လိုတဲ့ ဘတ္ဂ်က္သမားေတြအတြက္လည္း ခရီးသြားပတ္ေက့ခ်္ေတြလည္းရွိေနၿပီး တစ္ညအိပ္ ႏွစ္ရက္ကို တစ္ဦးလွ်င္ ေငြက်ပ္ သုံးေသာင္းခြဲကေန ေလးေသာင္းခြဲအထိ ပတ္ေက့ခ်္ခရီးစဥ္ေတြလည္း ရွိေနပါေသးတယ္။

ေခ်ာင္းသာကမ္းေျခ ေဒသအစားအစာ

"အစိုးရ႐ုံးပိတ္ရက္ေတြဆိုရင္ေတာ့ ဧည့္သည္ေတြ ေတာ္ေတာ္မ်ားမ်ားလာၾကပါတယ္။ကေလးေတြ ေက်ာင္းစာေမးပြဲၿပီးရင္ေတာ့ ကမ္းေျခကိုလာလည္တဲ့ ဧည့္သည္က ပိုမ်ားမွာေပါ့ေလ။အခုက ပြင့္လင္းရာသီဆိုေတာ့ ကမ္းေျခမွာ ခရီးသြားဧည့္သည္ေတြနဲ႔ မျပတ္ပါဘူး၊ အၿမဲစည္ကားေနပါတယ္။ယခုဆိုရင္ ေခ်ာင္းသာကမ္းေျခမွာ ဆင္စခန္းေတြလည္း ဖြင့္လိုက္ေတာ့ လာေရာက္လည္ပတ္တဲ့ ဧည့္သည္ေတြအတြက္ လည္ပတ္စရာ ေနရာေတြလည္း တိုးလာတာေပါ့။ေဒသခံေတြအတြက္လည္း အလုပ္အကိုင္ေတြ မျပတ္ဘူးေပါ့။ဧည့္သည္ေတြအေနနဲ႔ကလည္း ပင္လယ္ကမ္းေျခေဒသ ျဖစ္တဲ့အတြက္ လတ္လတ္ဆတ္ဆတ္ ပင္လယ္စာေတြကို စိတ္ႀကိဳက္ဝယ္ယူ စားသုံးလို႔ရပါတယ္။" လို႔ ေခ်ာင္းသာကမ္းေျခ ေဒသခံတစ္ဦးက ဆိုပါတယ္။

ေခ်ာင္းသာကမ္းေျခမွာ နာမည္ႀကီးတဲ့ ေဒသအစားအစာကေတာ့ ပုဇြန္ကင္၊ ျပည္ႀကီးငါးသုပ္နဲ႔ ဂဏန္းမဆလာခ်က္ပါ။ပင္လယ္စာနဲ႔ ဂဏန္းဟင္းကို ႀကိဳက္ႏွစ္သက္တဲ့သူေတြအတြက္ကေတာ့ အထူးရွယ္ပါဘဲ။ကမ္းေျခေဒသ ျဖစ္သည့္အေလ်ာက္ ပင္လယ္စာေတြ ေပါတယ္လို႔ ေျပာလို႔ရသလို ေဒသခံေတြေရာင္းတဲ့ ဂဏန္းပိစိေလးေတြ ငါးကင္နဲ႔ ပုစြန္ကင္ေတြကိုလည္း စားသုံးႏိုင္ပါတယ္။ကမ္းေျခမွာ အနားယူအပန္းေျဖရင္း ကမ္းေျခအနီးအနား ႐ြာေလးေတြကေန လာေရာက္ေရာင္းခ်ၾကတဲ့ ငါးကင္၊ ေရခူသုပ္၊ ေရဘဝဲသုတ္၊ ေက်ာက္ပြင့္သုတ္၊ ငါးေလးေၾကာ္၊ ပုဇြန္ထုတ္ကင္ စတဲ့ ေဒသပင္လယ္စာေတြကိုလည္း စိတ္ႀကိဳက္ဝယ္ယူ သုံးေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ဒါ့အျပင္ ေခ်ာင္းသာကမ္းေျခ ႐ြာထဲမွာ ေရာင္းခ်တဲ့ ေဈးဆိုင္တန္းေတြမွာလည္း လတ္လတ္ဆတ္ဆတ္ ပင္လယ္စာေတြကို မိမိတို႔စိတ္ႀကိဳက္ ေ႐ြးခ်ယ္ဝယ္ယူ စားသုံးႏိုင္ပါေသးတယ္။ထို႔အတူ ကမ္းေျခတစ္ေလွ်ာက္ ေဒသခံေဈးသည္ေတြ လာေရာက္ေရာင္းခ်တဲ့ ငါးပိ၊ ငါးေျခာက္နဲ႔ အလွထား ေက်ာက္ပုဇြန္အခြံေတြကိုလည္း အိမ္အျပန္ လက္ေဆာင္အျဖစ္ ဝယ္ယူလို႔ရပါတယ္။

ေျပာရရင္ ေခ်ာင္းသာကမ္းေျခဆိုတာ ရန္ကုန္ၿမိဳ႕နဲ႔ အလွမ္းမေဝးတဲ့ ေဒသတစ္ခုျဖစ္သည့္အတြက္ ယခုလို အစိုးရ႐ုံးပိတ္ရက္တိုေလးအတြင္းမွာျဖစ္ျဖစ္၊ ႐ုံးပိတ္ရက္ရွည္မွာပဲျဖစ္ျဖစ္ မိမိတို႔ရဲ႕ အားလပ္ခ်ိန္ေလးမွာ မိသားစုနဲ႔ပဲျဖစ္ေစ၊ သူငယ္ခ်င္းအေပါင္းအသင္း မိတ္ေဆြေတြနဲ႔ပဲျဖစ္ေ စလာေရာက္လည္ပတ္ အပန္းေျဖၾကဖို႔ တိုက္တြန္းဖိတ္ေခၚရင္း ရႈစားလို႔မကုန္တဲ့ သဘာဝအလွတရားေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေခ်ာင္းသာကမ္းေျခေလးကေတာ့ ျပည္တြင္း၊ ျပည္ပ ခရီးသြားေတြနဲ႔ စည္ကားလို႔ေနပါေတာ့တယ္။  

ေျပသိမ္း
မတ္ - ၅